စစ်တပ်အာဏာသိမ်းလိုက်ချိန်ကစပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ ပျောက်ဆုံးနေသလို သတင်းမီဒီယာတွေ အပေါ်ယုံကြည်မှုဟာလည်း ဝေဝါးမှုတွေရှိနေတဲ့ အခြေအနေကို ရောက်ရှိနေတာပါ။
တိုင်းပြည်တပြည်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး ၃ ရပ် ကို ထိန်းကျောင်းတဲ့ သတင်းမီဒီယာဟာ စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့ တင်စားမှုတွေရှိခဲ့တာပါ။
သတင်းတွေဟာ ပြည်သူတွေစားသုံးတာအပြင် ပြုပြင်ပြောင်းလဲရေးကိုလဲ ရိုက်ခတ်မှုရှိဖို့ လိုအပ်တယ်လို့ မြန်မာနောင်း သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကဆိုလိုက်ပါတယ်။
မြန်မာနောင်းကို ဘာရည်ရွယ်ချက်နဲ့ထူထောင်ခဲ့တာလဲ၊ ဖော်ပြခဲ့တဲ့ သတင်းတွေရဲ့ ရိုက်ခတ်မှုတွေ၊ လက်ရှိ မြန်မာသတင်းမီဒီယာအခြေအနေတွနဲ့ပတ်သက်ပြီး မြန်မာနောင်း သတင်းဌာနကို ပူးတွဲတည်ထောင်သူတဦးလဲဖြစ် အယ်ဒီတာချုပ်လဲဖြစ်တဲ့ ကိုဆွေဝင်းကို ဧရာဝတီ အယ်ဒီတာ ကိုရဲနည်က တွေ့ဆုံမေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #မြန်မာနောင်း #သတင်းမီဒီယာ #စုံစမ်းဖော်ထုတ်သတင်း #ကိုဆွေဝင်း #အင်းဝ #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













