• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အစ္စရေး-အီရန်စစ်ပွဲအပေါ် တရုတ်အမြင်

by Miranda Jeyaretnam
30 June 2025
in ဆောင်းပါး
A A
အစ္စရေး-အီရန်စစ်ပွဲအပေါ် တရုတ်အမြင်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အီရန် ဘာသာရေးခေါင်ဆောင် အယာတိုလာ ခါမေနီ

2.4k
VIEWS
Share on FacebookShare on Twitter

အီရန်ကို အကြီးအကျယ် ဖျက်ဆီးသည့် စစ်ပွဲကို အီရန်၏ မိတ်ဆွေများ မနှစ်မြို့သော်လည်း ထိုမိတ်ဆွေများသည် အစ္စရေးကို တိုက်သည့်တိုက်ပွဲတွင် ပါဝင်ရန်နှင့် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အီရန် နျူကလီးယား အဆောက်အအုံများကို ဗုံးကြဲပြီးနောက် အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ရန်လည်း အသင့်မဖြစ်သေးပေ။

ထိုသို့ မတိုက်ကြဘဲ ရုရှားနှင့် တရုတ်က တင်းမာမှုလျှော့ချရန် တိုက်တွန်းပြီး တင်းမာမှု မြင့်မားသော ပဋိပက္ခကြောင့် တကမ္ဘာလုံးရိုက်ခတ်မည့် အန္တရာယ်များသော အကျိုးဆက်များကို အလေးထားပြောသည်။

RelatedPosts

မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

9 July 2025
908
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
1.2k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

9 July 2025
3.9k

“အရှေ့အလယ်ပိုင်း မတည်ငြိမ်ရင် ကမ္ဘာငြိမ်းချမ်းမှာ မဟုတ်ဘူး” ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇွန်လ ၁၉ ရက်နေ့တွင် ပြောသည်။ “ပဋိပက္ခ ပိုမိုတင်းမာလာရင် ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေသာမက ဒေသတွင်း နိုင်ငံတွေလည်း အကြီးအကျယ် ထိခိုက်ဆုံးရှုံးလိမ့်မယ်” ဟု ၎င်းကပြောသည်။

“အရှေ့အလယ်ပိုင်း မတည်ငြိမ်ရင် ကမ္ဘာငြိမ်းချမ်းမှာ မဟုတ်ဘူး” ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇွန်လ ၁၉ ရက်နေ့တွင် ပြောသည်။ “ပဋိပက္ခ ပိုမိုတင်းမာလာရင် ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေသာမက ဒေသတွင်း နိုင်ငံတွေလည်း အကြီးအကျယ် ထိခိုက်ဆုံးရှုံးလိမ့်မယ်” ဟု ၎င်းကပြောသည်။

“တင်းမာမှု မြင့်မားတဲ့ သံသရာကို တားဆီးပြီး စစ်ပွဲရဲ့ ရိုက်ခတ်မှုကို ပြတ်ပြတ်သားသား ရှောင်ရှားဖို့ စစ်ဖြစ်နေတဲ့နိုင်ငံတွေ၊ အထူးသဖြင့် အစ္စရေးက အမြန်ဆုံး အပစ်အခတ်ရပ်စဲသင့်တယ်” ဟုလည်း သမ္မတ ရှီကျင့်ဖျင်က ပြောသည်။

သမ္မတ ရှီကျင့်ဖျင်၏ မှတ်ချက်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဖုန်းဖြင့် ဆက်သွယ်စဉ် ထွက်ပေါ်လာပြီး ခေါင်းဆောင် နှစ်ဦးက အပစ်အခတ်ရပ်စဲရန် တောင်းဆိုကြသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တခုတွင် ဖော်ပြထားသည်။ အစ္စရေး၏ တိုက်ခိုက်မှုသည် ကမ္ဘာကို နျူကလီးယားကပ်ဘေးမှ လက်တကမ်းသို့ ပို့ဆောင်လိုက်သည်ဟု ရုရှားက သတိပေးပြီး အီရန်ကို တိုက်ခိုက်မှုအား ဆန့်ကျင်ရန် သမ္မတ ထရမ့်ကို တိုက်တွန်းသည်။

ကုလသမဂ္ဂ ပဋိညာဉ်နှင့် နိုင်ငံတကာဥပဒေ အခြားစံနှုန်းများကို ဆန့်ကျင်သည့် အစ္စရေး၏ လုပ်ရပ်ကို သမ္မတ ပူတင်နှင့် သမ္မတ ရှီကျင့်ဖျင်က အပြင်းအထန် ဆန့်ကျင်ကြောင်း ကရင်မလင်နန်းတော် အရာရှိ ယူရီ အူရှာကော့ဗ်က ပြောသည်။ ထိုပဋိပက္ခတွင် ကြားဝင်ရန် ပူတင်၏ အကြံပြုချက်ကို သမ္မတ ရှီကျင့်ဖျင်က အခိုင်အမာထောက်ခံကြောင်း ပြောသည်ဟု အူရှာကော့ဗ်က ပြောသည်။ သို့သော် ထိုကမ်းလှမ်းမှုကို ပယ်ချကြောင်း သမ္မတ ထရမ့်က ပြောသည်။

အီရန်ကို အမေရိကန် တိုက်ခိုက်မှုသည် ကုလသမဂ္ဂပဋိညာဉ်နှင့် နိုင်ငံတကာဥပဒေကို အပြင်းအထန် ချိုးဖောက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ဖူဆွန်က ပြောသည် / AFP

ရုရှားကဲ့သို့ပင် တရုတ်နိုင်ငံသည် အလားအလာရှိသော ငြိမ်းချမ်းရေးပွဲစားအဖြစ် နေရာယူနေသော်လည်း အစ္စရေးကို အတိတ်က ဝေဖန်မှုများ၊ အီရန်နှင့် အဆက်အသွယ်များကြောင့် အစ္စရေးက တရုတ်ကို ကြားနေညှိနှိုင်းသူအဖြစ် လက်ခံဖွယ်မရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ထိုပဋိပက္ခကို တရုတ်က လက်ရှိအချိန်အထိ မည်သို့ တုံ့ပြန်သည်နှင့် မည်သို့ အန္တရာယ်ကျရောက်စေနိုင်မည်ဟု တရုတ်နိုင်ငံက မြင်ကြောင်း အောက်တွင် ဖော်ပြလိုက်ပါသည်။

စကားအရ ထောက်ခံသော်လည်း ရုပ်ဝတ္ထု မထောက်ပံ့

“အီရန်က ကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေ မလိုအပ်ဘဲ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ ဂျက်တိုက်လေယာဉ်တွေလို ခိုင်မာတဲ့ အကူအညီတွေသာ လိုတယ်” ဟု အိတ်ဆက်တာ တက္ကသိုလ်မှ တရုတ်နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူ အန်ဒရီယာ ဂျီဆယ်လီက France 24 သို့ ပြောသည်။ သို့သော် တရုတ်က ကမ်းလှမ်းနိုင်သည်မှာ ကြေညာချက် ထုတ်ပြန်မှုများသာရှိကြောင်း ကျွမ်းကျင်သူများက TIME သို့ ပြောသည်။

တရုတ်၏ စစ်ရေးအကူအညီ ကင်းမဲ့ခြင်းသည် အံ့သြစရာမဟုတ်ကြောင်း ဂရိုနင်ဂန် တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေး လက်ထောက်ပါမောက္ခ ဝီလျှံ ဖစ်ဂူအာရိုအာက ပြောသည်။

တရုတ်နိုင်ငံသည် သမိုင်းကြောင်းအရ ဝင်ရောက်မစွက်ဖက်ရေးမူကို လိုက်နာပြီး ပြည်တွင်းပြဿနာများကိုသာ ပိုမိုအာရုံစိုက်ကာ ရှည်ကြာသော ပြည်ပ ပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းကို ရှောင်ရှားရန် ရည်ရွယ်သည်။ ယခုအစောပိုင်းတွင် တရုတ်နိုင်ငံသည် အိန္ဒိယနှင့် ပါကစ္စတန်ကို ချုပ်တည်းကြရန် အလားတူတောင်းဆိုသည်။ ပါကစ္စတန်သည် တရုတ်၏ အမာခံ မိတ်ဆွေဖြစ်သည်။

တရုတ်နိုင်ငံသည် သမိုင်းကြောင်းအရ ဝင်ရောက်မစွက်ဖက်ရေးမူကို လိုက်နာပြီး ပြည်တွင်းပြဿနာများကိုသာ ပိုမိုအာရုံစိုက်ကာ ရှည်ကြာသော ပြည်ပ ပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းကို ရှောင်ရှားရန် ရည်ရွယ်သည်။ ယခုအစောပိုင်းတွင် တရုတ်နိုင်ငံသည် အိန္ဒိယနှင့် ပါကစ္စတန်ကို ချုပ်တည်းကြရန် အလားတူတောင်းဆိုသည်။ ပါကစ္စတန်သည် တရုတ်၏ အမာခံ မိတ်ဆွေဖြစ်သည်။

ယူကရိန်းစစ်ပွဲတွင် ရုရှားကို အကြီးအကျယ် ထောက်ခံသည်ဟု စွပ်စွဲခံရသော်လည်း တရုတ်နိုင်ငံက ၎င်းသည် ရုရှားကို လက်နက် သို့မဟုတ် စစ်တပ် မကူညီ မထောက်ပံ့ကြောင်း အမြဲတမ်းပြောသည်။ (သို့သော် တရုတ်၏ ရုပ်ဝတ္ထုထောက်ပံ့မှုတွင် လက်နက်များပါဝင်သည်ဟု သတင်းများက ဖော်ပြကြသည်။)

တရုတ်က စစ်ရေးအကူအညီပေးသည့် မည်သည့် လက္ခဏာကိုမှ လက်ရှိအချိန်အထိ မတွေ့ရသေးကြောင်း အိမ်ဖြူတော်ပြန်ကြားရေးအရာရှိ ကယ်ရိုလိုင်း လိဗစ်က ဇွန်လ ၁၉ ရက်နေ့တွင် ပြောသည်။ တရုတ်က အီရန်သို့ပေးသည့် ရုပ်ဝတ္ထုပစ္စည်း အထောက်အထား လက်ရှိအချိန်အထိ မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ရူဘီရိုကလည်း ဇွန်လ ၂၂ ရက်နေ့တွင် Fox သတင်းဌာနသို့ ပြောသည်။

“တရုတ်နိုင်ငံသားတွေ အီရန်က ထွက်ခွာဖို့ ကြိုးစားတာကလွဲလို့ တရုတ်ပါဝင်ပတ်သက်တာ ဘာအထောက်အထားမှ မရှိဘူး” ဟု ဝန်ကြီး ရူဘီရိုက ပြောသည်။

ရုပ်ဝတ္ထုအစား စကားလုံးများသာ တရုတ်က ပေးသည်။

အီရန်ကို အမေရိကန် တိုက်ခိုက်မှုသည် ကုလသမဂ္ဂပဋိညာဉ်နှင့် နိုင်ငံတကာဥပဒေ၏ ရည်ရွယ်ချက်များနှင့်မူများ၊ အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အပြင်းအထန် ချိုးဖောက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ဖူဆွန်က ပြောသည်။

“နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ တရားမျှတမှုကို ဆုပ်ကိုင်ပြီး အခြေအနေအေးချမ်းပြီး ငြိမ်းရေးနဲ့တည်ငြိမ်မှု ထိန်းသိမ်းဖို့ ခိုင်မာတဲ့ အားထုတ်မှု လုပ်ရမယ်။ လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ထိန်းသိမ်းဖို့ အခြေခံတာဝန်ကို ထမ်းရမယ်။ အဓိကအကျပ်အတည်းနဲ့ ရင်ဆိုင်ရချိန်မှာ ရပ်ကြည့်နေလို့ မရဘူး” ဟုလည်း ၎င်းကပြောသည်။

တရုတ်၊ ရုရှားနှင့် ပါကစ္စတန်တို့သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ဆုံးဖြတ်ချက်မူကြမ်းတစောင် ပေးပို့ပြီး ဇွန်လ ၂၂ ရက်နေ့ အရေးပေါ်အစည်းအဝေး မတိုင်မီ ချက်ချင်း ခြွင်းချက်မရှိ အပစ်အခပ်ရပ်စဲရန် တောင်းဆိုသည်။ Reuters သတင်းဌာနက ကြည့်ရှုခဲ့သည့် ထိုဆုံးဖြတ်ချက်တွင် အမေရိကန် ပြည်ထောင်စု သို့မဟုတ် အစ္စရေးကို အမည်ဖော်ပြမထားသော်လည်း အီရန်နျူကလီးယား လုပ်ငန်းခွင်များနှင့် အဆောက်အအုံများအား တိုက်ခိုက်မှုကို ရှုတ်ချသည်။ ထိုမူကြမ်းကို အမေရိကန် ပြည်ထောင်စုက ဗီတိုအာဏာဖြင့် ပယ်ချဖွယ်ရှိသည်။

တရုတ်သည် အစ္စရေးကို ပြင်းထန်စွာ ဝေဖန်သည်ဟု ဖီဂူအာရိုအာက ပြောသည်။ ဇွန်လ ၂၀ ရက်နေ့တွင် အစ္စရေးက အီရန်ကို တိုက်ခိုက်ပြီးနောက် အီရန်နှင့် အစ္စရေး နိုင်ငံခြားရေးဝန်ကြီများသို့ သီးခြားစီ ဖုန်းဖြင့်ဆက်သွယ်ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ကို အစ္စရေး၏ ချိုးဖောက်မှုအား အတိအလင်းရှုတ်ချကြောင်း အလေးထားပြောသည်။

တရုတ်သည် အစ္စရေးကို ပြင်းထန်စွာ ဝေဖန်သည်ဟု ဖီဂူအာရိုအာက ပြောသည်။ ဇွန်လ ၂၀ ရက်နေ့တွင် အစ္စရေးက အီရန်ကို တိုက်ခိုက်ပြီးနောက် အီရန်နှင့် အစ္စရေး နိုင်ငံခြားရေးဝန်ကြီများသို့ သီးခြားစီ ဖုန်းဖြင့်ဆက်သွယ်ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အီရန်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ကို အစ္စရေး၏ ချိုးဖောက်မှုအား အတိအလင်းရှုတ်ချကြောင်း အလေးထားပြောသည်။

ပဋိပက္ခတွင် ပိုမို၍ အကြီးအကျယ် ပါဝင်ပတ်သက်ခြင်း မပြုရန်လည်း တရုတ်က အမေရိကန် ပြည်ထောင်စုကို လူသိရှင်ကြား အကြံပေးသည်။

“အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုအရှိန်မြှင့်တာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ မီးလောင်ရာလေပင့်တာ၊ ခြိမ်းခြောက်မှုသုံးတာ၊ ဖိအားပေးတာတွေက အခြေအနေကို တင်းမာမှုလျှော့ဖို့ အထောက်အကူမပြုဘဲ တင်းမာမှုပိုဆိုးပြီး ပဋိပက္ခကျယ်ပြန့်စေမယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဂွာကျာခွင်က ပြောသည်။

“ဒေသတွင်း အခြေအနေ ချောက်ကမ်းပါးအတွင်းကျပြီး ပိုမိုကြီးမားသော ကပ်ဆိုးဖြစ်မည်ကို တားဆီးရန် အပစ်အခတ်ရပ်စဲရေးကို အားပေးရန်နှင့် တွေ့ဆုံဆွေးနွေးရေးနှင့် စေ့စပ်ညှိနှိုင်းမှုသို့ ပြန်သွားရန်အတွက် လိုအပ်သော အခြေအနေများ ဖန်တီးရန် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် သြဇာကြီးမားသော အဓိက နိုင်ငံများသည် မျှတသော သဘောထားနှင့် တာဝန်သိသော အမြင်ကို ဆုပ်ကိုင်သင့်သည်” ဟု ဇွန်လ ၁၉ ရက်နေ့က တရုတ်နိုင်ငံပိုင်မီဒီယာ အယ်ဒီတာ့အာဘော်တွင် ရေးသားထားသည်။

တရုတ်၏ သံတမန်ရေးတုံ့ပြန်မှုသည် အရှိန်လျှော့ချရန်၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုနှင့် တင်းမာမှု အရှိန်လျှော့ချရန် ဦးစားပေးခြင်းကို ထင်ဟပ်သည်ဟု ဖစ်ဂူအာရိုအာက ပြောသည်။

သံတမန်ရေး အကန့်အသတ်များ

တရုတ်နိုင်ငံသည် နှစ်ပေါင်းများစွာအတွင်း အရှေ့အလယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် သြဇာနက်ရှိုင်းစေရန် ကြိုးစားနေပြီး ဒေသတွင်း သံတမန်ရေးကို အလွန်မြင့်မားသည့် အဆင့်များသို့ မြှင့်တင်လိုသည့် မျှော်လင့်ချက်များ ဖြစ်စေသည်ဟု ဖစ်ဂူအာရိုအာက ပြောသည်။

ထရမ့်လက်အောက်တွင် အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာ့အင်စတီကျူးရှင်းများ ဆုတ်ခွာနေချိန်၌ တရုတ်နိုင်ငံသည် ကမ္ဘာ့ခေါင်းဆောင်အဆင့်သို့ တက်လှမ်းရန်နှင့် ငြိမ်းချမ်းရေး ကြားဝင်သူဖြစ်ရန် ဆန္ဒကို ဖော်ပြနေသည်။ လွန်ခဲ့သောလကပင် တရုတ်နိုင်ငံသည် ကြားဝင်စေ့စပ်ရေး နိုင်ငံတကာအဖွဲ့အစည်း (IOMed) ကို ဟောင်ကောင်တွင် ထူထောင်သည်။ ထိုအဖွဲ့သည် အင်စတီကျူးရှင်းဆိုင်ရာ ကွာဟမှုကို ဖြည့်ဆည်းရန် အဆိုပြုသည့် အစိုးရချင်း အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဖြစ်သည်။

တရုတ်သည် ဆော်ဒီအာရေးဘီးယားနှင့် အီရန်အကြား သမိုင်းဝင်ငြိမ်းချမ်းရေးကို ၂၀၂၃ ခုနှစ်တွင် ကြားဝင်ဆောင်ရွက်ပေးခဲ့ခြင်းအတွက် အမွှမ်းတင်လိုသော်လည်း ယခုအခါတွင် တရုတ် ရင်ဆိုင်နေရသည့် ကိစ္စသည် များစွာပိုမိုခက်ခဲသည်။

ထိုပဋိပက္ခကို ဖြေရှင်းရေးအတွက် အပြုသဘောဆောင်သည့် အခန်းမှပါဝင်ရန် တရုတ်နိုင်ငံဘက်က အသင့်ရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြောင်း အီရန်၊ အစ္စရေးနှင့် ဖုန်းဖြင့်ဆက်သွယ်မှုကို နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသော်လည်း ဆော်ဒီအာရေးဘီးယားနှင့် အီရန်တို့နှင့် မတူဘဲ အစ္စရေးသည် ဖြေရှင်းမှု ညှိနှိုင်းခြင်းကို စိတ်မဝင်စားကြောင်း ဖော်ပြထားသည်ဟု ဖစ်ဂူအာရိုအာက ပြောသည်။

စားပွဲဝိုင်းသို့လာရန် အစ္စရေးက စိတ်ဝင်စားလျှင်ပင် တရုတ်သည် အီရန်နှင့်ဆက်ဆံရေးရှိခြင်း၊ ဂါဇာကိစ္စအပါအဝင် အစ္စရေးကို ဝေဖန်ခြင်းနှင့် အစ္စရေး၏ အကြီးမားဆုံးမဟာမိတ် အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့အာဏာပြိုင်ဆိုင်မှုကြောင့် ကြားနေ ဖြန်ဖြေသူအဖြစ် အမြင်ခံရဖွယ် မရှိပေ။

စားပွဲဝိုင်းသို့လာရန် အစ္စရေးက စိတ်ဝင်စားလျှင်ပင် တရုတ်သည် အီရန်နှင့်ဆက်ဆံရေးရှိခြင်း၊ ဂါဇာကိစ္စအပါအဝင် အစ္စရေးကို ဝေဖန်ခြင်းနှင့် အစ္စရေး၏ အကြီးမားဆုံးမဟာမိတ် အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့အာဏာပြိုင်ဆိုင်မှုကြောင့် ကြားနေ ဖြန်ဖြေသူအဖြစ် အမြင်ခံရဖွယ် မရှိပေ။

နှစ်ပေါင်းများစွာအတွင်း တရုတ်သည် အီရန်နှင့် ခိုင်မာသော စီးပွားရေးဆက်ဆံမှု ထူထောင်ထားပြီး အီရန်၏ အကြီးမားဆုံး ကုန်သွယ်ဖက်နှင့် ပို့ကုန်၊ အထူးသဖြင့် ရေနံဈေးကွက် ဖြစ်လာသည်။ အမေရိကန် ပြည်ထောင်စုက အီရန်ကို ပြင်းထန်သော စီးပွားရေးပိတ်ဆို့ အရေးယူထားသောကြောင့် ထိုရေနံတင်ပို့ခြင်းသည် အသက်သွေးကြောဖြစ်သည်။

အီရန်သည် BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အမေရိက) အဖွဲ့သို့ ၂၀၂၄ ခုနှစ်တွင် ဝင်ရောက်ပြီး တရုတ်နိုင်ငံက ထိုအဖွဲ့ကို အနောက်တိုင်းမျက်နှာမူသည့် စက်မှုထိပ်သီး ခုနစ်နိုင်ငံကို အစားထိုးရန် ထွန်းသစ်စအင်အားကြီးများ၏ အစုအဝေးဖြစ်သည်ဟု မြင်သည်။

ထို့ပြင် အီရန်သည် တရုတ် ကျောထောက်နောက်ခံပြု လုံခြုံရေးအဖွဲ့ဖြစ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သို့ ၂၀၂၃ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး နှစ်နိုင်ငံတို့သည် ၂၀၂၁ ခုနှစ်တွင် ၂၅ နှစ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည်။

တရုတ်သည် အစ္စရေးနှင့် စီးပွားရေးဆက်ဆံမှု ထူထောင်ထားသော်လည်း အစ္စရေး၏ လုပ်ရပ်များကို အကြီးအကျယ် သြဇာလွှမ်းမိုးနိုင်လောက်အောင် မနီးစပ်ကြောင်း ဖစ်ဂူအာရိုအာက ပြောသည်။ တရုတ်နိုင်ငံသည် အစ္စရေး၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံတို့သည် တီထွင်ဆန်းသစ်သော ကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၇ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးထားသည်။

တရုတ်နိုင်ငံသည် ကြားဝင်ဆောင်ရွက်ပေးသည့်နိုင်ငံ ဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး မေးသောအခါ တရုတ်နိုင်ငံဆိုင်ရာ အစ္စရေး သံအမတ် အယ်လီ ဘီလော့ဆာကော့စကီးက “အခုအဆင့်မှာ ကျနော်တို့က စစ်ဆင်ရေးကို အာရုံစိုက်နေတယ်။ ဒါဟာ အခုအချိန်မှာ ကျနော်တို့ရဲ့ အဓိကကိစ္စဖြစ်ပြီး ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကို စောင့်ကြည့်ဖို့လိုတယ်” ဟု ဇွန်လ ၁၈ ရက်နေ့တွင် South China Morning Post သို့ ပြောသည်။ သို့သော် အစ္စရေးသည် လက်ရှိလုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် တရုတ်နှင့် ဆက်လက်ဆွေးနွေးနေသည်ဟု ၎င်းကပြောသည်။

အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးရရန် မလုပ်ဆောင်နိုင်ခြင်းသည် ထိရောက်သော ငြိမ်းချမ်းရေးကြားဝင် ဆောင်ရွက်ပေးသူအဖြစ် ပုံဖော်ရန် တရုတ်၏ မကြာသေးမီက အားထုတ်မှုများကို အင်အားချိနဲ့စေနိုင်သည်။ အထူးသဖြင့် ယူကရိန်းက ၂၀၂၃ ခုနှစ်တွင် တရုတ်အဆိုပြုသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို ပယ်ချထားပြီး ဖြစ်သောကြောင့် ထိုအားထုတ်မှုကို အင်အားချိနဲ့စေသည်။

အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးရရန် မလုပ်ဆောင်နိုင်ခြင်းသည် ထိရောက်သော ငြိမ်းချမ်းရေးကြားဝင် ဆောင်ရွက်ပေးသူအဖြစ် ပုံဖော်ရန် တရုတ်၏ မကြာသေးမီက အားထုတ်မှုများကို အင်အားချိနဲ့စေနိုင်သည်။ အထူးသဖြင့် ယူကရိန်းက ၂၀၂၃ ခုနှစ်တွင် တရုတ်အဆိုပြုသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို ပယ်ချထားပြီး ဖြစ်သောကြောင့် ထိုအားထုတ်မှုကို အင်အားချိနဲ့စေသည်။

အီရန်အစိုးရ ကျဆုံးပါက တရုတ်က ကြားဝင်ဆောင်ရွက်ပေးသည့် ငြိမ်းချမ်းရေးသည် လုံးဝ ပျက်ဆီးသွားနိုင်ကြောင်း နော်ဝေနိုင်ငံ အာတိတ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ မတ် လန်တင်းက France 24 သတင်းဌာနသို့ ပြောသည်။

“ဒီပဋိပက္ခကိုယ်တိုင်က တရုတ်ရဲ့ သံတမန်ရေးကို ဘယ်လို ရိုက်ခတ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းဖို့ ခက်တယ်။ ပိုမိုကျယ်ပြန့်လာတဲ့ ပဋိပက္ခတခုဟာ တရုတ်ရဲ့ သံတမန်ရေး အားထုတ်မှုတွေကို ရှုပ်ထွေးစေမယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူး။ တရုတ်ရဲ့ သံတမန်ရေး အားထုတ်မှုတွေဟာ စီးပွားရေးတိုးတက်မှု ဘယ်လောက် လုပ်ပေးနိုင်တယ်ဆိုတဲ့အပေါ် မူတည်တယ်” ဟု ဖစ်ဂူအာရိုအာက ပြောသည်။

စီးပွားရေး စိုးရိမ်ပူပန်မှုများ

အီရန်-တရုတ် ကုန်သွယ်ရေး ချိန်ခွင်လျှာသည် တရုတ်အကြိုက် သြဇာလွှမ်းနေသော်လည်း တရုတ်သည် အရှေ့အလယ်ပိုင်း၏ ရေနံကို အကြီးအကျယ် မှီခိုနေရသည်။ အီရန်၏ ကုန်သွယ်မှု ၃ ပုံ ၁ ပုံသည် တရုတ်နှင့် ဖြစ်သော်လည်း တရုတ်၏ အီရန်နှင့် ကုန်သွယ်မှုသည် ၁ ရာခိုင်နှုန်းအောက်တွင်သာ ရှိသည်။

တရုတ်၏ ရေနံစိမ်းတင်သွင်းမှု ၄၀ ရာခိုင်နှုန်းကျော်သည် အရှေ့အလယ်ပိုင်းမှ လာသည်/ AFP

တရုတ်သည် လက်ရှိအချိန်အထိ အီရန်ရေနံများကို အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လတွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။ “အီရန်အစိုးရသည် အမေရိကန် မဟာမိတ်များကို တိုက်ခိုက်မှုများ၊ ကမ္ဘာတဝန်း အကြမ်းဖက်မှုများ၊ အခြား မတည်မငြိမ်ဖြစ်စေမည့် လုပ်ရပ်များကို ငွေကြေးထောက်ပံ့ရန် ထိုရောင်းချမှုများမှရသည့် ဝင်ငွေကို အသုံးပြုနေသည်” ဟု ထိုကြေညာချက်တွင် ဆက်လက်ဖော်ပြသည်။

တရုတ်နိုင်ငံသည် အစ္စရေးက အီရန် ရေနံအခြေခံ အဆောက်အအုံများကို ထပ်မံမတိုက်မီ ထိုပဋိပက္ခပြီးဆုံးပါက အကျိုးစီးပွားများစွာ ရှိသည်ဟု မြင်ကြောင်း အများပြည်သူပညာရေးနှင့်ပံ့ပိုးရေး မဟာမိတ်အဖွဲ့ Win Without War မှ အမှုဆောင်ဒါရိုက်တာ ဆာရာ ဟက်ဒေါစတီးက TIME သို့ ပြောသည်။

ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်သည် ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းရသည်။ အီရန်သည် ထိုရေလက်ကြားကို ပိတ်ရန် ယခင်ကလည်း ခြိမ်းခြောက်ခဲ့သည်။ အီရန်၏ နျူကလီးယားအဆောက်အအုံများ တိုက်ခိုက်ခံရပြီး ထိုရေလက်ကြားကို ပိတ်ရန် ပါလီမန်ဆုံးဖြတ်ချက်ကို ဇွန်လ ၂၂ ရက်နေ့က ချမှတ်သည်။ ထိုဆုံးဖြတ်သည် အီရန်၏ အမျိုးသားလုံခြုံရေးကောင်စီက ချရမည့် ဆုံးဖြတ်ချက်ဖြစ်သည်။

ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်းခန့်သည် ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းရသည်။ အီရန်သည် ထိုရေလက်ကြားကို ပိတ်ရန် ယခင်ကလည်း ခြိမ်းခြောက်ခဲ့သည်။ အီရန်၏ နျူကလီးယားအဆောက်အအုံများ တိုက်ခိုက်ခံရပြီး ထိုရေလက်ကြားကို ပိတ်ရန် ပါလီမန်ဆုံးဖြတ်ချက်ကို ဇွန်လ ၂၂ ရက်နေ့က ချမှတ်သည်။ ထိုဆုံးဖြတ်သည် အီရန်၏ အမျိုးသားလုံခြုံရေးကောင်စီက ချရမည့် ဆုံးဖြတ်ချက်ဖြစ်သည်။

ထိုသို့လုပ်ဆောင်ခြင်းသည် တရုတ်ကိုလည်း ထိခိုက်မည်ဖြစ်ပြီး တရုတ်၏ ရေနံစိမ်းတင်သွင်းမှု ၄၀ ရာခိုင်နှုန်းကျော်သည် အရှေ့အလယ်ပိုင်းမှ လာသည်။

တရုတ်နိုင်ငံအပေါ် ထိုပဋိပက္ခ၏ အကြီးမားဆုံး သက်ရောက်မှုသည် စွမ်းအင်တင်သွင်းမှုနှင့် ကုန်စည်ထုတ်လုပ်ရေးရေး ကွင်းဆက် လုံခြုံရေးအပေါ်တွင် ဖြစ်သည်ဟု ဖူတန် တက္ကသိုလ်၊ အရှေ့အလယ်ပိုင်း လေ့လာရေးဌာန ဒါရိုက်တာ ဆွန် ဒါဂန်က South China Morning Post သို့ ပြောသည်။

“တရုတ်သည် ထိုပဋိပက္ခကို ဆက်လက် ပြစ်တင်ရှုတ်ချသော်လည်း အစ္စရေး၊ ပင်လယ်ကွေ့နိုင်ငံများနှင့် ဆက်ဆံရေးကို ချိန်ညှိရန် ကြိုးစားပြီး တည်ငြိမ်သော စွမ်းအင်စီးဆင်းမှုကို အားပေးမည်ဖြစ်သည်” ဟု Bloomberg လေ့လာမှုအရ သိရသည်။

အထူးသဖြင့် ကုန်ဈေးနှုန်းများတက်ခြင်းသည် အမေရိကန် ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲ၊ ဆက်လက် ဖြစ်ပွားနေသည့် အိမ်ခြံမြေ အကျပ်အတည်းကြောင့် ဟန့်တားခံနေရပြီးဖြစ်သည့် တရုတ်၏ပြည်တွင်းစီးပွားရေး တိုးတက်မှုအတွက် စိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။

ထိုအပြန်အလှန်မှီခိုမှုသည် အမေရိကန် ပြည်ထောင်စုအတွက် အသုံးဝင်နိုင်သည်။ တရုတ်အစိုးရသည် ဟောမုဇ် ရေလက်ကြားကို အကြီးအကျယ် မှီခိုရသောကြောင့် ထိုရေလက်ကြားကို မပိတ်ရေး အီရန်ကို အကြံပေးရန် တိုက်တွန်းကြောင်း ဝန်ကြီး ရူဘီရိုက Fox News သို့ ဇွန်လ ၂၂ ရက်နေ့တွင် ပြောသည်။

တရုတ်သို့ အီရန် ရေနံပေးပို့မှု ပြတ်တောက်နိုင်သည့် အလားအလာနှင့် ပတ်သက်ပြီး မေးခွန်းတခုကို တုံ့ပြန်သည့်အဖြေတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဂွာကျာခွင်က ဒေသတွင် ဖရိုဖရဲအခြေအနေ ပိုမိုမဆိုးရွားစေရန် တင်းမာမှု အမြန်ဆုံးလျှော့ချရန် လိုအပ်ကြောင်း ထပ်လောင်းပြောကြားသည်။

(Time ပါ Miranda Jeyaretnam ၏ “If Middle East Is Unstable, World Will Not Be at Peace”: How China Views the Israel-Iran War ကို ဘာသာပြန်သည်။)

You may also like these stories:

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အမေရိကန်တိုက်ခိုက်မှုကြောင့် အီရန်နျူကလီးယားစက်ရုံတွေ ပျက် မပျက်

တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား

အယာတိုလာ ခါမေနီ ဘယ်ပုန်းနေလဲ

Your Thoughts …
Tags: ကုန်သွယ်ရေးကုလသမဂ္ဂစီးပွားရေးတရုတ်နိုင်ငံတကာဥပဒေနျူကလီးယားပိတ်ဆို့အရေးယူမှုယူရေနီယမ်ရင်းနှီးမြှုပ်နှံမှုရုရှားရေနံအစ္စရေးအပစ်အခတ်ရပ်စဲရေးအမေရိကန်အရှေ့အလယ်ပိုင်းအီရန်
Miranda Jeyaretnam

Miranda Jeyaretnam

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.3k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
စစ်ခေါင်းဆောင် ဘူရာတီယာကို ဘာကြောင့်သွားသလဲ (ရုပ်/သံ)

စစ်ခေါင်းဆောင် ဘူရာတီယာကို ဘာကြောင့်သွားသလဲ (ရုပ်/သံ)

နောင်ချိုမှာ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

နောင်ချိုမှာ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.3k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate