• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းသစ် ဘာကြောင့် အတားအဆီးတွေ ဖြစ်နေလဲ

by ကျော်သောင်း
30 June 2025
in ဆောင်းပါး
A A
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းသစ် ဘာကြောင့် အတားအဆီးတွေ ဖြစ်နေလဲ

လက်ရှိ ရခိုင်ပြည် ကုန်စည်စီးဆင်းမှုမှာ မီဇိုရမ်- ပလက်၀ လမ်းကြောင်းဟာ အရေးပါတဲ့ ကုန်သွယ်ရေး လမ်းကြောင်းသစ်ဖြစ်နေပါတယ် (ဧရာဝတီ)

3.9k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေတဲ့ သတင်းတွေအားလုံး ဖတ်မိကြမှာပါ။ ဒီလို ဖြစ်နေတာဟာ လမ်းခရီး၊ ရာသီဥတု၊ နယ်စပ်လုံခြုံရေး စတာတွေကြောင့်လို့ အကြမ်းဖျင်း ထင်မြင်ကြမှာဖြစ်ပေမယ့် ဒီထက်နက်ရှိုင်းတဲ့ အကြောင်းအရင်းတွေနောက်ကွယ်မှာ ရှိနေပါတယ်။

အဓိကတော့ အိန္ဒိယ- ရခိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်လိုက် ပိတ်လိုက်လုပ်နေတာဟာ ဘာကြောင့်လဲ၊ ဘယ်သူတွေ ပတ်သက်နေလဲ၊ ဘာကိုလိုချင်နေလဲဆိုတာကို သိဖို့လိုမယ်ထင်ပါတယ်။

လက်ရှိ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့လွဲရင် တပြည်နယ်လုံး သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA)ဟာ မြို့ပြအုပ်ချုပ်ရေး ကို ပိုပီပြင်စေဖို့ စစ်ဒေသကနေ ခရိုင်တွေသတ်မှတ်ကာ ပြောင်းလဲလုပ်ဆောင်နေတာကို တွေ့ရပေမယ် ဒေသတွင်းမှာ တော့ အခြေခံစားသောက်ကုန်တွေကတော့ ဈေးမြင့်နေပါတယ်။

ဒီလိုဈေးနှုန်းမြင့်တက်မှုတွေဟာ ရခိုင်ပြည်နယ်လို စစ်ဖြစ်နေတဲ့ ဒေသတွေတင်မကပါဘူး စစ်ကောင်စီအုပ်ချုပ်ရာ ဒေသတွေမှာလည်း စစ်ပွဲနဲ့ အတူ ကုန်ဈေးနှုန်းက အဆမတန်တက်နေတာပါ။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
212

ရခိုင်ဒေသရဲ့ ဒီကနေ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းကိုကြည့်ရင် ဆန်(ပေါ်ဆန်းမွှေး) တအိတ်ကို ၁၂၀,၀၀၀ ကျပ်၊ စားဆီ (ပဲဆီ) တပိဿာကို ၂၇,၀၀၀ ကျပ်၊ အိန္ဒိယစားဆီ တလီတာကို ၁၁,၀၀၀ ကျပ်၊ ကြက်သွန်နီ တပိဿာကို ၂၁,၀၀၀ ကျပ်၊ ငရုတ်သီးခြောက် တပိဿာကို ၂၀,၀၀၀ ကျပ်၊ စက်သုံးဆီ တလီတာကို (92- အောက်တိန်း) ၁၄,၀၀၀ ကျပ်၊ အိန္ဒိယဆီ တလီတာကို (၁၃,၀၀၀) ကျပ် ရှိပါတယ်။

ရခိုင်ပြည်ရဲ့ ကုန်သွယ်ရေးလမ်းသစ်တွေ

အရင်ကတော့ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပန်းတောင်း-တောင်ကုတ်-ကျောက်ဖြူလမ်းနဲ့ ဧရာဝတီ-ငသိုင်းချောင်း-ဂွ လမ်းတွေကနေ အခြေခံစားသောက်ကုန်၊ အဝတ်အထည်နဲ့လိုသမျှ ပစ္စည်းကို ပြည်မကနေတင် သွင်းခဲ့ပြီး အိမ်ဆောက် ပစ္စည်းတွေနဲ့ အခြား စက်ပစ္စည်း တွေကို ပင်လယ်လမ်းကြောင်းကနေ ကုန်သင်္ဘောကြီးတွေနဲ့ စစ်တွေကတဆင့် ဝင်ပါ တယ်။

ဒါပေမယ့် ရခိုင်ပြည်သူတွေဟာ ပုံမှန်ကုန်သွယ်ရေးလမ်း ပိတ်ဆို့ခံထားရပြီး အဓိက လိုအပ်နေတဲ့ အခြေခံကုန်ပစ္စည်း တွေ ဒေသတွင်းကို အလွယ်တကူ မရောက်နိုင်တာ ကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှု ဒဏ်တွေခံနေရပြီး ရခိုင်ပြည် စီးပွားရေး ခေါင်းမထူနိုင် ဖြစ်နေရပါတယ်။

အာရက္ခတပ်တော် (AA)ကလည်း ဒေသနေပြည်သူတွေ အသက်ရှူချောင်ဖို့ ကုန်သွယ်ရေးကို ဘက်ပေါင်းစုံက ကြိုးစား နေရာ ဒီကနေ့မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေး၊ အိန္ဒိယနယ်စပ်ကုန်သွယ်ရေး၊ တခြားသော ပြည်မနဲ့ ဆက်သွယ်တဲ့ လမ်းကြောင်းသစ်တွေကနေ ကုန်သွယ်မှုတွေ လုပ်နေပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ဘက်ခြမ်းကို တွေ့ရစဉ်

ဒီအထဲက အိန္ဒိယ- ရခိုင်ပြည်ကုန်သွယ်ရေးလမ်းကြောင်းကတော့ ပိတ်လိုက်ဖွင့်လိုက်နဲ့ ဖြစ်နေတာကြာပါပြီ။ ဒီလို ဖြစ်ရတဲ့ အခြေခံ အကြောင်းအရင်းတွေကိုကြည့်ရင် စိတ်ဝင်စားစရာပါ။ အိန္ဒိယနဲ့ ဘယ်လမ်းက ကုန်သွယ်ကြသလဲဆိုတော့ မီဇိုရမ်- ပလက်ဝလမ်းကြောင်းကပါပဲ။

ဒီအကြောင်းအရာတွေ နားလည်ဖို့ ကနဦး နယ်မြေဒေသ ပထဝီဝင်၊ အိန္ဒိယအာဏာပိုင်တွေနဲ့ နယ်စပ်အရေးသဘော တရား၊ ချင်းတော်လှန် ရေး ပတ်သက်မှု၊ ဒေသခံ စီးပွားရေးသမားတွေ အမြင်နဲ့ အခြားအချက်လက်တွေကို ထည့်သွင်း တွက်ချက်မှသာ ဖြစ်မှာပါ။

မီဇိုရမ်ပြည်နယ် ပထဝီ

မီဇိုရမ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တည်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ် ကီလိုမီတာ ၇၂၂ (၄၄၉ မိုင်) ထိစပ်ပါတယ်။ ပြည်နယ်တခုလုံးဟာ တောင်ကုန်း တောင်တန်းများပြီး တောင် ပေါ်ဒေသနေ မီဇိုလူမျိုး ချင်းအနွယ်တူ မရာ၊ လိုင်၊ မီဇို၊ ကူကီး၊ ဇိုစတဲ့ မျိုးနွယ်စုဝင်တွေ နေထိုင်တာပါ။

အိုက်ဇောမြို့ဟာ ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။ ခရိုင် ၁၁ ခုနဲ့အတူ အကြီးဆုံးမြို့ ၁၁ မြို့ရှိပါတယ်။ အိုက်ဇောခရိုင်၊ လွန်းလေခရိုင်၊ ကျမ်းဖိုင်းခရိုင်၊ ဆိုင်းဟခရိုင်၊ ကော်လားဆစ်ခရိုင်၊ ဆယ်ရ်ချစ်ခရိုင်၊ လောင်တလိုင်ခရိုင်၊ ဆိုင်းသွားလ်ခရိုင်၊ ခေါဇောလ်ခရိုင်၊ နှာထျာလ်ခရိုင်တို့ ဖြစ်ပါတယ်။

အဲဒီထဲမှာ ပလက်ဝနဲ့ နယ်စပ်မျဉ်းထိစပ်တာကတော့ လောင်တလိုင်ခရိုင်နဲ့ ဆိုင်းဟခရိုင်တို့ ဖြစ်ပါတယ်။ ဒီခရိုင် နှစ်ခုလုံး ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပါတယ်။ လောင်တလိုင်ခရိုင်ဟာ လိုင်မျိုးနွယ်စုတွေများပြီး၊ ဆိုင်းဟခရိုင်ဟာ မရာ လူမျိုး အများဆုံး နေထိုင်ပါတယ်။ ဒါကြောင့် အကြမ်းအားဖြင့် နားလည်ရမှာက လောင်တလိုင်နဲ့ ဆိုင်းဟခရိုင် နှစ်ခုလုံးဟာ ချင်းမျိုးနွယ်တူ အိန္ဒိယနိုင်ငံသား မီဇိုမျိုးနွယ်စုတွေ ဖြစ်တယ်ဆိုတာပါ။

အာဏာပိုင်တွေနဲ့ နိုင်ငံရေး သဘောတရား

အိန္ဒိယ- ရခိုင်နယ်စပ်ကုန်သွယ်ရေးလမ်း ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကို အဖြေရှာတဲ့အခါ အိန္ဒိယအာဏာပိုင်တွေရဲ့ နိုင်ငံရေး သဘောတရားကိုလည်း အနည်းကျဉ်းတော့ သိထားရမှာပါ။

အဓိက မီဇိုရမ်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်ကြပြီးတော့ ကျေးရွာလူကြီး သို့မဟုတ် ဒေသအကြီးအကဲ ဟာ လူ့အဖွဲ့အစည်းမှာ ဩဇာကြီးကြပါတယ်။ တနည်းအားဖြင့် ဒေသတွင်း သမ္မတတဦးနှယ်အခွင့် အာဏာရှိကြတာပါ။

တခါ အိန္ဒိယနိုင်ငံဟာ ဖက်ဒရယ်နိုင်ငံဖြစ်ပြီးတော့ ဒီမိုကရေစီကို အထူးအလေးပေးပါတယ်။ ဖက်ဒရယ်ဆိုပေမယ့်လည်း ဗဟိုအစိုးရ၊ ဖက်ဒရယ်အစိုးရအောက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရှိတာကြောင့် အုပ်ချုပ်ပုံစနစ်ဟာ တခုတည်း ပုံသေကားချ တသမတ်တည်း မှတ်လို့မရပါဘူး။

တခါတလေ အချို့ကိစ္စတွေဟာ ဗဟိုအစိုးရ ယန္တရားအောက်မှာ အလုပ်လုပ်တဲ့ ပုံစံကလည်း နှေးကွေးတတ်တာပါ။ ဆိုလိုတာက နိုင်ငံတကာရေးရာ သို့မဟုတ် ပြင်ပအဖွဲ့အစည်း ဆက်ဆံရေးကိစ္စတွေမှာ နိုင်ငံရေးသမားတွေက ဆုံးဖြတ် ချက်ကို အချိန်ဆွဲထားတတ်ပါတယ်။ ဒါကတော့ အားသာချက်၊ အားနည်းချက်တွေနဲ့ ပတ်ဝန်းကျင်အခြေအနေပါ။

မချောမွေ့တဲ့ လမ်းကြောင်းသစ်

ပြီးခဲ့တဲ့ မေလ တတိယအပတ်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ပလက်ဝကတဆင့် ရခိုင်ပြည်နယ်ဆီ အဓိက အခြေခံ စားသောက်ကုန်တင်သွင်းနေတဲ့ လောင်တလိုင်- ပလက်ဝ နယ်စပ်လမ်းကြောင်းကို ဒေသအာဏာပိုင်တို့က ပိတ်ပင်လိုက်ပါတယ်။ အဓိက အကြောင်းပြချက်ကတော့ အိန္ဒိယ- ပါကစ္စတန်အရေးအခင်းကို အကြောင်းပြပြီး လောင်တလိုင်က ပိတ်လိုက်တာပါ။ ဒါပေမယ့် မေ ၂၀ ရက်မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ဘက်ခြမ်းကို တွေ့ရစဉ်

ဒါတွေကတော့ မဆန်းတော့ပါဘူး။၂၀၂၄ မေလနဲ့ ဇွန်လကလည်း လောင်တလိုင်ခရိုင် ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) က ဒီလမ်းကြောင်းကို အကြိမ်ကြိမ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။ လိုင်လူငယ်တွေဟာ ရခိုင်ကုန်သည်တွေရဲ့ ကုန်ပစ္စည်းတွေကို ဖျက်ဆီးတာတွေ၊ စက်သုံးဆီပေပါတွေ သိမ်းဆည်းတာတွေကို ဆက်တိုက်လုပ်ခဲ့ကြတာပါ။

“ဒီလိုပိတ်ရတဲ့ ပထမဆုံးအကြောင်းရင်းကတော့ AA နဲ့ ချင်းညီနောင်တွေက မတူပီကို သိမ်းဖို့ကြိုးစားနေတာကြောင့်” လို့ CYLA အဖွဲ့ ဥက္ကဋ္ဌက ဧရာဝတီသတင်းဌာနကို ၂၀၂၄ ဇူလိုင် ၅ ရက်မှာ ပြောခဲ့ပါတယ်။

လောင်တလိုင် CYLA အဖွဲ့ဟာ ဒေသတွင်း ဩဇာရှိပေမယ့် အရပ်ဘက်အဖွဲ့သာ ဖြစ်ပါတယ်။ တကယ်တော့ မတူပီကို ချင်းညီနောင်နဲ့ AA ပူးပေါင်းပြီး မသိမ်းရ၊ သဘောမတူဘူး ဆိုတဲ့အကြောင်းပြချက်ဖြစ်ပါတယ်။ အဲဒီတုန်းက လိုင်လူငယ် တွေဟာ AA အရာရှိတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် AA ခေါင်းဆောင်တွေကတော့ မီဇိုရမ်အာဏာပိုင် အကြီးအကဲတွေနဲ့သာ တွေ့ဆုံစကားပြောတယ်လို့ သိခဲ့ပါတယ်။

အခြားတဖက်မှာလည်း ဒီလိုင်လူငယ် အဖွဲ့ဟာ ချင်းအမျိုးသားတပ်ဦး (CNF)/ CNA ကို ထောက်ခံသူတွေဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ CNF ရဲ့ ပြိုင်ဘက် ချင်းညီနောင် (CB) အဖွဲ့ AA နဲ့ ဆက်ဆံရေး အဆင်ပြေတာကို ကြည့်မရသူတွေ ရှိနေလို့ပါ။

လက်ရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေမှာ မတူညီတဲ့ မူဝါဒတွေကြောင့် ဒီနေ့ ချင်းပြည်မှာ စစ်ကောင်စီကို ဖယ်ထားရင် CNF နဲ့ CB ဆိုပြီး တော်လှန်ရေးအစိုးရ နှစ်ရပ် စင်ပြိုင်အုပ်ချုပ်နေတယ် လို့ နားလည် နိုင်ပါတယ်။

ချင်းပြည်ကောင်စီ (ချင်းလဲန်းကောင်စီ) ကို CNF က ဦးဆောင်ပြီး ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ကို ချင်းညီနောင်အဖွဲ့ (Chin Brotherhood- CB) က ဦးဆောင်ပါတယ်။ ဒီနေ့မှာတော့ ချင်းပြည်နယ်မှာ မြို့နယ် ၉ ခုရှိတဲ့အထဲ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်နဲ့ ဖလမ်းမြို့နယ်တို့ကို CB က သိမ်းထားနိုင်ပါတယ်။

မတူပီမြို့ သိမ်းတိုက်ပွဲမှာ ချင်းညီနောင် CB ဘက်ကနေ AA ဝင်တိုက်ပေးတာကို CNF က လုံးဝမလိုလားကြောင်း ဆလိုင်းထက်နီက ထုတ်ပြောခဲ့ပါသေးတာကြောင့် ရခိုင်ပြည်သို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မချောမွေ့ ဖို့၊ အဟန့်အတားတွေဖြစ်စေဖို့ အခြေအနေက မကြာခဏရှိတတ်တယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။

တားဆီးလို့ မရနိုင်

အခက်ခဲမျိုးစုံ ကြုံနေရပေမယ့်လည်း ဒီကုန်သွယ်ရေးလမ်းကြောင်းဟာ တကယ်တော့ တားဆီးလို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒေသခံ စီးပွားရေးသမားတွေ ကုန်သွယ်လမ်းကြောင်း ပိတ်တာကို လုံးဝ မလိုလားပါဘူး။

ရခိုင်ကုန်သည်တွေရဲ့ ပြောစကားအရ အရင်တုန်းက လောင်တလိုင်မြို့ထဲ ကုန်စုံဆိုင်တဆိုင်ရဲ့ တနေ့ရောင်းရငွေဟာ ရူပီး ထောင်ဂဏန်း သောင်းဂဏန်းသာရှိရာကနေ ရခိုင်စစ်ပွဲရလာဒ်ကြောင့် အခုအချိန်မှာတော့ ပျမ်းမျှအားဖြင့် ရူပီးသိန်း သောင်းချီပြီး ရောင်းရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒေသခံ ဆိုင်တွေဟာ အိန္ဒိယပြည်မကြီး ကုမ္ပဏီတွေကနေ ကုန်ပစ္စည်းတွေတိုက်ရိုက် မှာယူရတဲ့ အနေအထားရှိနေတာပါ။

ဒါ့ပြင် ကုန်ကားအစီးရေ ၂၀၀ ခန့်ဟာ နေ့စဉ်ပြေးဆွဲနေရတယ်လို့ ဆိုပါတယ်။ အရင်တုန်းက ကုန်ကားတွေဟာ မြို့ပတ်ပြီး ရေရောင်းတာလောက်ပဲ အလုပ်ကနေ ဒီကနေ့မှာတော့ ကုန်တင်ကုန်ချ အလုပ်သမားတွေနဲ့ ကုန်ကားတွေလည်း နေ့စဉ် ဝင်ငွေ ကောင်းတယ်လို့ ပြောကြပါတယ်။

ဆိုလိုတာက ဒေသနေပြည်သူတွေ အလုပ်အကိုင်သစ်တွေနဲ့ စီးပွားရေး အဆင်ပြေ လည်ပတ်လာနိုင်တယ်လို့ ပြောပါတယ်။ ရခိုင်ကုန်သည်တွေဟာ မီဇိုရမ်ပြည် အဓိက လောင်တလိုင်မှာ နေ့စဉ် ရာနဲ့ချီရှိနေပြီး တရက်ကို ရူပီ သိန်းပေါင်းသောင်းနဲ့ ချီ ပစ္စည်းဝယ်နေကြတာပါ။

ရခိုင်ဘက်ခြမ်း ကျောက်တော်မြို့ (Arakan Princess Media)

ဒါတွေကို ဒေသခံ စီးပွားရေးသမားတွေ၊ ကုန်သည်တွေက သဘောတွေ့ပါတယ်။ တခါ လမ်းကြောင်းပိတ်ခဲ့တဲ့ လောင် လူငယ်တွေရဲ့ အုပ်ထိန်းသူတွေဟာ စီးပွားရေးသမားတွေဖြစ်တာကြောင့် ဒီလူငယ်တွေရဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဆိုင်းဟမြို့ကတော့ မရာလူမျိုးများတာကြောင့် AA နဲ့ မဟာမိတ်တွေပါ။ ချင်းညီနောင်အဖွဲ့မှာ မရာတပ်ပါ ဝင်ပြီး AA က အကူအညီအထောက်အပံ့နဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖော်ခဲ့တာပါ။ ဒါကြောင့် ဆိုင်းဟမြို့က ကုန်သွယ်ရတာ အဆင်ပြေပေမယ့် လောင်တလိုင်ကတော့ အဆင်မပြေမှုတွေ မကြာခဏ ကြုံနေရတာပါ။

ဒီလမ်းကြောင်းကို ခဏဏပိတ်နေတာဟာ ဗဟို ဖက်ဒရယ်အစိုးရကနေ လုပ်နေတာ မဟုတ်ပါဘူး။ လောင်တလိုင်က ပိတ်ဆို့နေတာပါ။ ဒါကို AA က မီဇိုရမ်ပြည်နယ် အရာရှိအကြီးအကဲတွေနဲ့ ဆွေးနွေးပြီး ပြန်ဖွင့်ပေးနေရတာပါ။

ဒါပေမယ့် တခါတရံ ဒီမိုကရေစီနိုင်ငံဖြစ်တာကြောင့် တဦးဖွဲ့အပေါ်လည်း လုပ်ပိုင်ခွင့်ပေးထားလို့ လမ်းခရီးနှောင့်နှေးမှုတွေ ဖြစ်တာကို သတိထားရမှာပါ။ အိန္ဒိယ ဗဟိုဖက်ဒရယ်အစိုးရကတော့ ကုလားတန်စီမံကိန်း လည်ပတ်ဖို့ဟာ AA နဲ့ တိုက်ရိုက် သက်ဆိုင်တာကြောင့် စီးပွားရေး အခွင့်လမ်းတွေနဲ့ ရှေ့အနာဂတ်ကို သိထားလို့ ဖွင့်ပေးနေတာပါ။ မီဇိုရမ်ပြည်ဝန်ကြီး ချုပ်ကိုယ်တိုင် AA ဟာ ရန်သူ မဟုတ်ဘူးလို့ ပြောဖူးပါတယ်။

လမ်းကြောင်းတွေ

ကုန်သွယ်ရေး လမ်းကြောင်းတွေကတော့ နွေရာသီမှာ မြန်ဆန်ပြီး မိုးတွင်းရာသီမှာတော့ ကြန့်ကြာတတ်ပါတယ်။ အဓိကတော့ အိန္ဒိယဖက်မှာ လမ်းကောင်းပေမယ့် ပလက်ဝမြို့နယ်နဲ့ နယ်စပ်တွေမှာ လမ်းကြမ်းပါတယ်။

အဓိက ပင်မလမ်းကြောင်းကြီးကတော့ ပလက်ဝ- ရှင်းလက်ဝ- အိန္ဒိယ- လောင်တလိုင်- ဆိုင်းဟပဲ ဖြစ်ပါတယ်။ ဒီ အထဲမှာ ရှင်းလက်ဝ- ရွှေလိုက်ဝ- အိန္ဒိယ- ခိုင်ကေးရွာ (Khai Khy)- လောင်းပုတ် (Lungpuk)လမ်း၊ ရှင်းလက်ဝ- လောင်းမချူး (Lungmasu) လမ်း၊ ချင်းလက်ဝ- တွိတင်းလမ်း၊ မြိတ်ဝ- လိုင်တလန်လမ်းတို့ အဓိက လမ်းကြောင်းတွေ ဖြစ်ပါတယ်။

နောက်တခါ မီဇိုရမ်၊ ဇူရမ်ပူ- ပလက်ဝ အဝေးပြေးလမ်းမကြီးပေါ်က ဇိုးချောင်းဝ အိန္ဒိယ/ ရွှေလိုင်ဝ လမ်းကြောင်းလည်း ရှိပါသေးတယ်။

ကုလားတန်စီမံကိန်းလမ်းကြောင်းမှာတော့ မီဇိုရမ်ပြည်နယ် ဇိုရမ်ပူကနေ ပလက်ဝ စက်ပစ်ပြင်ကျေးရွာအထိကို ကုန်းလမ်းအတိုင်း ကုန်သွယ်မှု ရှိပါတယ်။ ဒါပေမယ့် ပလက်ဝမြို့နယ်ထဲမှာ လမ်းကြမ်းအဆင့်ဖြစ်နေသေးတာကြောင့် လမ်းခရီး ကြမ်းတမ်းလှပါတယ်။ အဲဒီလမ်းဟာ စက်ပစ်ပြင်ကျေးရွာနဲ့ မီးဇာကတဆင့် ကုလားတန်မြစ်ကြောအတိုင်း ရခိုင်ပြည်နယ် ကျောက်တော်မှာဆုံပြီးတော့ ရခိုင်ပြည်အနှံ့ ကုန်ပစ္စည်းတွေ ဖြန့်ချိတာလည်း ဖြစ်ပါတယ်။

လတ်တလော AA ရဲ့ ကုန်သွယ်ရေး

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်တွေ စတင်ခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလက စပြီး ရခိုင်ပြည်နဲ့ ပြည်မ (ဗမာပြည်) အဓိက အသက်သွေးကြောကုန်သွယ်ရေး လမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားလိုက်တာပါ။ AA ဟာ ရပ်တန့်နေတဲ့ စီးပွားရေးတွေ ပုံမှန်လည်ပတ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဝါရင့်စီးပွားရေး လုပ်ငန်းရှင်တွေကို စုစည်းပြီးတော့ ရခိုင် ကုန်သည်ကြီးများအသင်းကို ဖွဲ့စည်းထားပါတယ်။ ဒီအသင်းဟာ ပြည်တွင်းစီးပွားရေး၊ ကုန်သွယ်ရေး အားကောင်းလာဖို့နဲ့ ကုန်ဈေးနှုန်းတွေကို ထိန်းညှိပေးဖို့ ရည်ရွယ်ဖွဲ့ထားတာပါ။ ဒါပေမယ့် ရည်မှန်းချက်တွေက ထင်သလောက်တော့ မလွယ်ကူသေးဘူးလို့ ကုန်သည်ကြီးတဦးက ပြောပါတယ်။

၂၀၂၀ ခုနှစ် ကိုဗစ်ကာလအတွင်း တွေ့ရသည့် စစ်တွေမြို့မ ဈေးကြီး (ဧရာဝတီ)

အာရက္ခတပ်တော်ကတော့ ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ လုံခြုံရေး၊ စစ်ဆေးရေးဂိတ်တွေချပြီးတော့ ကုန်သွယ်ရေး ပုံမှန်လည်ပတ်ဖို့ လုပ်ပေးတာ ရှိပါတယ်။ ကုန်သည်တွေရဲ့ ပြောစကားအရ ဝယ်လာတဲ့ ကုန်ပစ္စည်းတန်ဖိုးထဲက ၃ ရာခိုင်နှုန်း ကို အာရက္ခတပ်တော်ဆီမှာ အခွန်ဆောင်ရတယ်လို့ ဆိုပါတယ်။ ကုန်သည် တဦးချင်းစီရဲ့ ကုန်ပစ္စည်းတန်ဖိုး ကြည့်ပြီးတော့ အခွန်ဆောင်လက်မှတ်ဖြတ်ပြီးရင် ဂိတ်အဆင့်ဆင့်ကို တရားဝင် ဖြတ်သွားလို့ရပါပြီ။

နောက်တခုကတော့ ရခိုင်- ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးအကြောင်းကိုလည်း အနည်းငယ်ပြောပါရစေ။ ရက္ခိုင်ပြည်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မောင်တော ကညင်ချောင်းစီးပွားရေးဇုန်ကနေ ကုန်သွယ်ရေးတွေ စနေပြီ။

ဒါပေမယ့် ဒီခရီးလမ်းဟာလည်း ရှောရှောရှူရှူ ပုံမှန်တော့ မဟုတ်လှပါဘူး။ အဖုအထစ်တွေ ရှိနေဆဲပါ။ အဓိကတော့ ရခိုင်ရေပိုင်နက်ထဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စက်လှေတွေဟာ တရားမဝင် ငါးခိုးဖမ်းနေတာကို AA မကြာခဏ ဖမ်းဆီးနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သဘောမတွေ့ပါဘူး။ ဒီအချက်ကို ကြည့်ပြီးတော့ တခါတလေ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကညင်ချောင်း စီးပွားရေးဇုန်ကနေ ကုန်သွယ်မှုတွေကို ရပ်တန့်မှု လုပ်တတ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ဒါပေမယ့် မောင်တောဒေသမှာတော့ ကုန်သွယ်ရေးလမ်းကြောင်းဟာ ဒီတလမ်းတည်း မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ် – တောင်ပြိုလက်ဝဲ- ကြိမ်ချောင်း- မောင်တောလမ်း၊ ဘင်္ဂလားဒေ့ရှ်- ဗန္ဓုလ- ကြိမ်ချောင်း- မောင်တောလမ်းတို့နေ ကုန်သွယ်နေတာလည်း ရှိပါတယ်။

အကျိုးအမြတ် ဆက်နွယ်မှု

ဒီကနေ့ ရခိုင်ပြည်စီးပွားရေးဟာ ဝိုင်းပတ်ပိတ်ဆို့ခံထားရတဲ့ အောက်မှာရှိနေတဲ့ အခြေအနေလို့ ပြောရမှာပါ။ အာရက္ခပြည် ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ စီးပွားရေး၊ ကုန်သွယ်စီးဆင်းမှု ပိတ်ဆို့မှုကို ခံနေရပါတယ်။ ရတဲ့နည်းလမ်းနဲ့ ကြိုးစားပြီး ကုန်သွယ်ရေးလမ်းကြောင်းသစ်တွေ ရှာကြံနေတဲ့ အဆင့်သာ ရှိနေတာပါ။ အပေါ်က အကြောင်းအရာတွေကို ကြည့်ရင် ရခိုင်ပြည်ကုန်သွယ်ရေးဟာ အဆင်မပြေမှုတွေ ပြည့်နှက်နေဆဲပါ။

တခါ အိန္ဒိယ ကုန်သွယ်ရေးကို ပြန်သွားရအောင်ပါ။ နှစ်နိုင်ငံကုန်သွယ်ဆိုတာ နှစ်ဖက်အကျိုးအမြတ်တွေ ကိုယ်စီ ရှိကြပါ တယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေစေတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဖို့ကြိုးစားနေရင် အိန္ဒိယ ဗဟိုအစိုးရရဲ့ အရှေ့မျှော် ပင်လယ်ထွက်ပေါက် တနည်းအားဖြင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (ကုလားတန်စီမံကိန်း) အပေါ်လည်း အကျိုးသက်ရောက်မှု ရှိမှာပါ။ ဆိုလိုတာက ဒေါ်လာ ဘီလီယံချီ အကုန်ကျခံထားတဲ့ စီမံကိန်းကြီး လည်ပတ်နိုင်ရေးဟာ AA နဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ ဖြစ်ပါတယ်။

ဒါကြောင့် အိန္ဒိယ- ရခိုင် ကုန်သွယ်မှုလမ်းကြောင်းပေါ်မှာ အနှောင့်အယှက်တွေ ဆက်လက်ရှိနေရင် နှစ်ဖက်စလုံးအတွက် အနုတ်လက္ခဏာပြနေမှာပါ။ ဒါ့ပြင် အခုကုန်သွယ်နေတဲ့ လမ်းကြောင်းတွေသာ လမ်းခရီး ဖြောင့်တန်းပြီး၊ သုံးရာသီသွားလို့ ရတဲ့လမ်းကြောင်း တရားဝင် အနေအထားတခုရောက်ခဲ့ရင် ပိုပြီးအဆင်ပြေမယ်လို့ ကုန်သည်တွေက သုံးသပ်နေကြ ပါတယ်။

ဒါကြောင့် အခွင့်အလမ်းသစ်တွေနဲ့ အကျိုးအမြတ်ရနေတဲ့၊ ထပ်လည်း ရလာနိုင်တဲ့ အခြေခံ စီးပွားရေး လမ်းကြောင်းဟာ နောက်ထပ်လည်း ပိတ်လိုက်၊ ဖွင့်လိုက်ရှိနေဦးမှာလို့ ကုန်သည်တွေက သုံးသပ်နေကြကြောင်းပါ။

ကျော်သောင်းသည် ရခိုင်ပြည် နိုင်ငံရေး စီးပွားရေး လူမှုရေးလေ့လာနေသူ တဦးဖြစ်သည်။

You may also like these stories:

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

မြန်မာနိုင်ငံအနောက်ပိုင်း ပကတိအခြေအနေကို အိန္ဒိယ စ နားလည်လာပြီလား

ကုလားတန်စီမံကိန်း အိန္ဒိယအပြောင်းအလဲ ကန်ထရိုက်များအတွက် စိန်ခေါ်မှုဖြစ်လာ

အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

အိန္ဒိယ အထက်လွှတ်တော်အဖွဲ့ ရက္ခိုင့်တပ်တော်နှင့် လာရောက်ဆွေးနွေး

Your Thoughts …
Tags: AACBCNFကုန်သွယ်ရေးမီဇိုရမ်ပြည်နယ်ရခိုင်ပြည်နယ်လောင်တလိုင်အိန္ဒိယ
ကျော်သောင်း

ကျော်သောင်း

ကျော်သောင်းသည် ရခိုင်ပြည် နိုင်ငံရေး စီးပွားရေး လူမှုရေးလေ့လာနေသူ တဦးဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
အစ္စရေး-အီရန်စစ်ပွဲအပေါ် တရုတ်အမြင်

အစ္စရေး-အီရန်စစ်ပွဲအပေါ် တရုတ်အမြင်

စစ်ခေါင်းဆောင် ဘူရာတီယာကို ဘာကြောင့်သွားသလဲ (ရုပ်/သံ)

စစ်ခေါင်းဆောင် ဘူရာတီယာကို ဘာကြောင့်သွားသလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved