အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်လပ်ရေးနေ့ ဖြစ်တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ နိုင်ငံအဖွဲ့အစည်းတချို့ နဲ့ စာသင်ကျောင်းတွေက ကျောင်းသူ၊ ကျောင်းသားတွေဟာ ဝါရှင်တန်ဒီစီမြို့၊ လွတ်လပ်ရေးကျောက်တိုင်အနီး အဓိက လမ်းမကြီးတွေကနေ သမ္မတအိမ်ဖြူတော်အထိချီတက်နေတာကို တွေ့ရတာပါ။
အင်္ဂလိပ် လက်အောက်ကနေ ၁၇၇၆ ခုနှစ်မှာ လွှတ်မြောက်ခဲ့တာကြောင့် ဒီနှစ်ဟာ အမေရိကန်တို့ရဲ့ ၂၄၉ နှစ်မြောက် လွှတ်လပ်ရေးနေ့ ဖြစ်ပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ကို နိုင်ငံတော်အားလပ်ရက်အဖြစ် ၁၈၇၀ ခုနှစ်မှာ စတင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #အမေရိကန် #လွတ်လပ်ရေးနေ့ #ဝါရှင်တန်ဒီစီ
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR