ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲမှာရှိတဲ့ အင်းတော်ကြီးကန်ဟာ ထူးခြားတဲ့ ဂေဟစနစ်တွေနဲ့ ဇီဝမျိုးကွဲကြွယ်ဝတဲ့အတွက် “ဇီဝအဝန်းနယ်မြေ” အဖြစ် UNESCO အဖွဲ့ကြီးက အသိအမှတ်ပြု ထားပါတယ်။
ဒီလို နိုင်ငံတကာက အသိအမှတ်ပြု တန်ဖိုးထားခံရတဲ့ သဘာဝရေကန်ကြီး ဟာ တရားမဝင် ရွှေတူးဖော်မှု လုပ်ကွက်တွေကနေစီးဆင်းလာတဲ့ ဆိုင်ရာနိုက်နဲ့ ပြဒါးရည်တွေကြောင့် အဆိပ်သင့်လာသလို ရေကန် တိမ်ကောမှုတွေ ဖြစ်လာပြီလို့ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေကပြောပါတယ်။
အင်းတော်ကြီးကန် ပတ်လည်မှာ ကျေးရွာပေါင်း ၁၃ ရွာရှိပြီး ဒီအထဲက ကျေးရွာ ၆ ရွာမှာ ရွှေတူးဖော်မှုတွေ ပြုလုပ်နေကြတာပါ။ အရင်က ဒီလောက် မဆိုးဝါးပေမယ့် ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ တိရစ္ဆာန်တွေအတွက် စားကျက်မြေ မကျန်လောက်တဲ့ အထိ အဆမတန် တူးဖော်နေကြတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













