အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေအတွင်းမှာ ပြုလုပ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ DKBA ဘက်က ထုတ်ပြောလာပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင် DKBA ဗဟိုဌာနချုပ်မှာ ဇူလိုင်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင် ပြောလိုက်တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တနိုင်ငံလုံးကို လွှမ်းခြုံပြုလုပ်မယ့် ရွေးကောက်ပွဲ မဟုတ်သလို ပြည်သူ့ ဆန္ဒ အပြည်အဝ ပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့လည်း ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













