ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (DUSU) ရဲ့ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်ဟာအင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရစဉ် ၂၀၂၅ ခုနှစ်ဇူလိုင်လ ၂၀ ရက်နေ့မှာ သေဆုံးသွားခဲ့ရပါတယ်။
သူသေဆုံးတာ နဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန ဘက်ကနာတာရှည် အတက် ရောဂါကြောင့် ဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပေမယ့်ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ နဲ့နိုင်ငံရေးအသိုင်းအဝိုင်းကတော့ ဒါကိုလက်မခံကြပါဘူး။
ဒါကိုသိရနိုင်ဖို့ အတွက် ဧရာဝတီကရရှိထားတဲ့အင်းစိန်ထောင်တွင်းဆေးရုံ၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွေ မှာ၂၀၂၂ ခုနှစ် အတွင်းကုသမှုခံယူထားတဲ့ မဝတ်ရည်အောင်ရဲ့ဦးခေါင်းဓါတ်မှန်နဲ့ ဆေးမှတ်တမ်းအချို့ကို အခြေခံပြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ တွေနဲ့ အဖြေရှာထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













