တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာနေပါတယ်။
မိုးကုတ်မြို့နယ်ကို ဇူလိုင်လ တလထဲမှာပဲ လေကြောင်း ဗုံးကြဲမှု ၅ ကြိမ်လုပ်ခဲ့ပြီး အရပ်သား ပြည်သူ ၉ ဦး သေဆုံးခဲ့ကာ ၄၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ပတ္တမြားထွက်ရှိရာ ဒေသတခုဖြစ်တဲ့ မိုးကုတ်မြို့နယ်ကို အခုလို ဗုံးကြဲတိုက်ခိုက်နေတာဟာ တော်လှန်ရေးတပ်တွေရဲ့ အုပ်ချုပ်ရေး တည်ငြိမ်လာမှာနဲ့ စစ်အင်အား တောင့်တင်းလာမှာကို မလိုလားတာကြောင့်ဖြစ်တယ်လို့ စစ်ရေးသုတေသီက ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #မိုးကုတ် #TNLA #လေကြောင်းဗုံးကြဲ #ပတ္တမြားမြေ #အုပ်ချုပ်ရေး #စစ်အင်အား #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













