မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်ဟာ နေ့ညမပျက်၊ လျှပ်စစ်မီးရောင်တွေနဲ့ ပျားပန်းခတ်မျှ စည်ကားခဲ့တယ်ဆိုတာအတိတ်ဖြစ်ရပ်အနေနဲ့ ပြည်ဖုံးကားချခဲ့ရပါပြီ။
စစ်တပ် အာဏာသိမ်းပြီး လေးနှစ်ကျော်ကာလမှာတော့ ရန်ကုန်ဟာ ဒုစရိုက်မြို့တော် ၊ လုံခြုံမှုမရှိတဲ့အပြင် လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အရာရာကိုဖြေရှင်းနေရတဲ့ မြို့တော်၊ လူငယ်တွေ တစတစပျောက်ဆုံးနေတဲ့ မြို့တော်ကြီးဖြစ်နေပါပြီ။
ရန်ကုန်မြို့ခံတွေက လျှပ်စစ်မီးအလုံအလောက်မရတာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာ နဲ့ စစ်မှုထမ်းဥပဒေရဲ့နောက်ဆက်တွဲ ပြဿနာတွေကိုလည်း နေ့စဉ်နဲ့အမျှခံစားနေရတာဖြစ်ပါတယ်။ ဒါကြောင့်လူငယ်တွေဟာ တနည်းမဟုတ်တနည်းနဲ့ နိုင်ငံပြင်ပကိုထွက်ခွါဖို့ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ရန်ကုန်မြို့မှာ ဒုစရိုက်မှုတွေပေါများလာတာကိုငြင်းဆန်ထားပြီး ရန်ကုန်တိုင်းလိုအေးချမ်းတဲ့မြို့မရှိဘူးလို့ ဧရာဝတီကိုတုံ့ပြန်ပြောဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













