စစ်တပ်က တပ်မတခုလုံး အသုံးပြုပြီး ထိုးစစ်ဆင်နေသည်ကို AA အား ထိုးစစ်ဆင်ရာတွင်သာ တွေ့ရ၏။ သို့သော် AA သည် ရန်သူ့ထိုးစစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ထားနိုင်သည်ကို တွေ့ရသည်။ သိမ်းပိုက်ထားသည့် စခန်းများ၊ မြို့များ လက်လွှတ်ဆုံးရှုံးရမှု လုံးဝမရှိသေးပေ။
သို့ဖြစ်ရာ စစ်တပ်၏ လေကြောင်းပစ်ကူကြောင့်၊ လက်နက်ကြီးပစ်ကူကြောင့်၊ ခေတ်မီဒရုန်းတိုက်ခိုက်မှုကြောင့် စသည့် မည်သည့်အကြောင်းပြချက်ကမှ AA အား အနိုင်ယူနိုင်ခြင်း မရှိပေ။ စစ်မြေပြင်များတွင် စစ်တပ်၏ ဒရုန်းများကိုပင် ပစ်ချသည်ကို တွေ့နေရသည်။
ဤအချက်သည် AA စနစ်ကျ လေ့ကျင့် စည်းရုံးစုဖွဲ့ထားနိုင်မှု၊ အမိန့်နာခံမှု အားကောင်းမှု၊ အခြေပြုစခန်းချရာ နေရာတိုင်းတွင် ကတုတ်ကျင်း၊ ဘန်ကာ၊ လိုဏ်ခေါင်းတူးရာတွင် မခိုမကပ်ဘဲ အပင်ပန်းခံနိုင်မှု၊ တိုက်ရည်ခိုက်ရည် ကောင်းမှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိရှိမှုတို့အပြင် ပြီးခဲ့သည့်ကာလများအတွင်း AA ၏ တိုက်စွမ်းရည်ကို ကိုယ်တွေ့ကြုံခဲ့ရသည့် စစ်တပ်၏ တုန်လှုပ်ခြောက်ခြားနေမှုများကြောင့်လည်း ဖြစ်သည်ဟု ဆိုရပါမည်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













