တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်တပ်က ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၄ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။
စစ်တပ်ဟာ မိုးကုတ်မြို့ကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဩဂုတ်လ ပထမ နှစ်ပတ်အတွင်းမှာတင် သေဆုံးသူ ၄၀ ကျော်ရှိနေပါပြီ။
လာမယ့် ဩဂုတ်လ ၂၀ ရက်နေ့မှာ TNLA နဲ့ စစ်တပ်တို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး တရုတ်အစိုးရဟာ မြောက်ပိုင်းမဟာမိတ်မြန်မာ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ပတ်သက်ရင်တော့ နှုတ်ဆိတ်နေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













