ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကော်မရှင်က ဆန္ဒပြပွဲတွေကို ဖော်ဆောင်ပြီး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ကြံစည်ဖန်တီးနေတယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဧရာဝတီကို ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲ၊ မိုင်းပန်၊ ခိုလမ်၊ ကွန်ဟိန်း စတဲ့မြို့တွေမှာ ဩဂုတ်လ ၁၈ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့တာပါ။
ဆန္ဒပြပွဲတွေဟာ RCSS၊ ရှမ်းတိုင်းရင်းသားတွေနဲ့ TNLA၊ MNDAA တို့အကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားလာအောင် စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက ဆိုပါတယ်။
ဒါ့အပြင် TNLA နဲ့ MNDAA တို့သိမ်းပိုက်ထားတဲ့ နေရာတွေ ပြန်ရရှိရေး တရုတ်ကို ပြသဖို့အတွက် စစ်ကော်မရှင် အနေနဲ့ ကြံစည်တာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း တွေ့ရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













