ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စတင် ဖိတ်ခေါ်ခဲ့သူဟာ စစ်တပ်ဘက်က ဖြစ်တယ်လို့ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးပြီး ဒီအကြောင်းကို သိရှိသူ က ဧရာဝတီကို ပြန်ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ KIA က စစ်တပ်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီသတင်းဟာ ကွဲလွဲနေတဲ့ အကြောင်း ကချင် လွတ်လပ်ရေး ကောင်စီ (KIC) ရဲ့ ဒုတိယ ဥက္ကဋ္ဌ (၁) ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော် ကိုယ်တိုင် လူမှုကွန်ရက်ကတဆင့် ထွက်ရှင်းတာ တွေ့ရပါတယ်။
နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော် ထွက်ရှင်းတာဟာ တော်လှန်ရေးကို ထိခိုက်နိုင်တဲ့ အခြေအနေကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












