တိုင်းပြည်ကို ၂၆နှစ်ကြာ ဓားမိုး သေနတ်ပြ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ကြီး ဦးနေဝင်းဆိုရင် သေလွန်တဲ့အခါ လိုက်ပါပို့ ဆောင်သူ အနည်းငယ်နဲ့ နောက်ဆုံးခရီးကို လူမသိသူမသိ သွားခဲ့ရတာက သာဓက ပြယုဂ်တခုပါ။
ဒီလိုပဲ နိုင်ငံတော်ဈာပနဆိုကာ ခမ်းခမ်းနားနားလုပ်ပေမယ့် ယာယီသမ္မတ ဦးမြင့်ဆွေ၊ နအဖစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ရဲ့ နောက်ဆုံးခရီးတွေကို ကြည့်ရင် သူတို့ စစ်အုပ်စု တစုတည်းနဲ့သာ ပြီးစီးသွားကြတာကို တွေ့မြင်ခဲ့ရပါတယ်။ တကယ်တော့ နိုင်ငံတော်ဈာပနဆိုတာ ရာထူးအာဏာတွေရှိရုံနဲ့ မရပါဘူး။ ပြည်သူလူထု ပူးပေါင်းပါဝင်မှု မရှိရင် ဒီဈာပနကို နိုင်ငံတော်အဆင့်လို့ မခေါ်ထိုက်ပါဘူး။
ပြည်သူလူထု လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဈာပနတွေဆိုရင်တော့ ဘယ်လောက်ပဲ အတားအဆီး အကန့် အသတ် ရှိပါစေ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြည်သူတွေ ဂုဏ်ပြုကြတယ်ဆိုတာ အတိတ်ဖြစ်ရပ်တွေက သက်သေပြပြီး ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ကဗျာဆရာ မောင်စိမ်းနီရဲ့ စကားကို ယူငင်သုံးစွဲရရင်တော့ “ပြည်သူချစ်ရင် ကမ္ဗည်းတင်တယ်” ဆိုတာပါပဲ။ ။
#မြန်မာ #ဧရာဝတီ #နိုင်ငံတော်ဈာပန #ဦးမြင့်ဆွေ #ဗိုလ်ချုပ်အောင်ဆန်း #ဦးသန့် #သခင်ကိုတော်မှိုင်း #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













