ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှာရှိတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၂၂ ဦးထိရှိသွားပြီဖြစ်တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေး အဖွဲ့က ဧရာဝတီကိုပြောပါတယ်။
သရက်တပင်ကျေးရွာမှာရှိတဲ့ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းကို စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁ နာရီလောက်မှာ စစ်တပ်ကလေကြောင်းကတဆင့် ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသား ၂၂ ဦးသေဆုံးပြီး ၂၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရထားတယ်လို့ သိရပါတယ်။ ဒဏ်ရာရထားသူတွေထဲကမှ ၉ ဦးဟာ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













