ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုင်ဆောင်ကြတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံစာအုပ် (CI) ကနေ သာမန်နိုင်ငံကူးလက်မှတ် PASSPORT FOR JOB (PJ) ပြောင်းလဲ လျှောက်ထားကြသူတွေကို တခြားနိုင်ငံကူးခွင့် ပိတ်ပင်လိုက်ပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့ကစပြီး ထိုင်းနိုင်ငံအတွက်သာအသုံးပြုရန် နိုင်ငံကူးလက်မှတ် (Passport for Thailand Only) ဆိုတဲ့ တံဆိပ်နှိပ်ထားတဲ့ နိုင်ငံကူးလက်မှတ်သာထုတ်ပေးတော့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်နဲ့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးဘက်က တစုံတရာ ကြိုတင် အသိကြေညာခြင်းမရှိခဲ့ဘဲ စာအုပ်ပြောင်းလဲလျောက်ထားသူတွေဟာ ဒီလိုတံဆိပ်နှိပ်ထားတဲ့ စာအုပ်တွေကိုလက်ဝယ်ရရှိမှသာ သိရှိကြုံတွေ့ လိုက်ကြရတာလို့ နိုင်ငံကူးလက်မှတ် လျှောက်ထားရေး အကျိုးဆောင် လုပ်ကိုင်ပေးသူတွေကပြောပါတယ်။
#မြန်မာ #ဧရာဝတီ #နိုင်ငံကူးလက်မှတ် #passports #WhathappensInMyanmar
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













