အာဏာသိမ်း စစ်တပ်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ လေးကေ့ကော် မြို့သစ်ဘက်ကို စစ်မှုထမ်း သင်တန်းဆင်းတွေ ရာချီသုံးပြီး မြေပြင်က စစ်ကြောင်းထိုးနေသလို ဝေဟင်ကလည်း လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေပါတယ်။
အာဏာသိမ်းတပ်ဟာ လေးကေ့ကော်မြို့သစ်အနီးမှာ လက်နက်ကြီးကုန်းလို့ခေါ်တဲ့ စွယ်တော် ဗျူဟာကုန်းကို နေရာယူပြီး မြဝတီ-ဝေါလေ လမ်းကိုထိန်းချုပ်နိုင်ဖို့ အတွက် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
လက်ရှိမှာတော့ လေးကေ့ကော်မြို့သစ်ထဲဝင်ရောက်မယ့် စစ်ကော်မရှင်တပ်တွေမှာ ပြည်သူ့စစ်မှုထမ်းတွေ အများအပြား ပါဝင်နေပြီး တော်လှန်ရေးတပ်တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့် ကစဉ့်ကလျားဖြစ်နေတဲ့ အခြေအနေလို့စစ်ရေးအခြေအနေသိရှိသူတွေ က ပြောပြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













