မြန်မာစစ်တပ်က ကျင်းပမယ့်ရွေးကောက်ပွဲကို လက်မခံကြောင်း နယူးဇီလန်အစိုးရအနေနဲ့ ထုတ်ပြန်ဖို့ အတည်ပြုဆုံးဖြတ်လိုက်တယ်လို့ နယူးဇီလန် လွှတ်တော်အစည်းအဝေးက ထုတ်ပြန်လိုက်ပါတယ်။
အလုပ်သမားပါတီက လွှတ်တော်ကိုယ်စားလှယ် Phil Twyford နဲ့ အစိမ်းရောင်ပါတီက Teanau Tuiono တို့က နယူးဇီလန်အစိုးရအနေနဲ့ ကြေညာချက် ထုတ်ပြန်ဖို့ အဆိုတင်သွင်း ရာမှာ ကန့်ကွက်သူ မရှိတာကြောင့် နိုဝင်ဘာလ ၅ ရက်နေ့က အတည်ပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ ကိုယ့်ကိုယ်ကို အရပ်သားအစိုးရဆိုပြီး ပြသဖို့နဲ့ နိုင်ငံတကာက တရားဝင်သဘောတူအောင် လှည့်ဖြားဖို့ ကြိုးစားနေတဲ့ လိမ်ညာမှု၊ လှုပ်ရှားမှု တခုသာ ဖြစ်တယ်လို့လည်း အလုပ်သမားပါတီရဲ့လွှတ်တော်ကိုယ်စားလှယ် Phil Twyford က ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













