စင်ပေါ်မှာ ညစ်ညမ်းစကားတွေပြောဆိုကာ ကွန်ဒုံးတွေ ဖြန့်ဝေခဲ့လို့ဆိုပြီး အဆိုတော် Wink ၊ ပွဲစီစဉ် သူတွေ အပါအဝင် ၁၆ ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ Eastern Yangon Eventpark မှာ နိုဝင်ဘာ ၂ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ Overflow Music Festival ဖျော်ဖြေပွဲမှာ အဆိုတော် Wink (ခေါ်) ရဲဝင့်အောင် (ခေါ်) ဗလ က ဦးဆောင်ပြီး သီဆိုကခုန်နေချိန် ညစ်ညမ်းစကားတွေပြောဆိုကာ ကွန်ဒုံးတွေကို ကြဲချခဲ့တာပါ။
အဲ့ဒီလုပ်ရပ်ကို စစ်တပ်ထောက်ခံသူတွေနဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်ပြောဆိုမှုတွေ များပြားလာပြီးနောက် စစ်တပ်က ညစ်ညမ်းစကား ပြောဆိုတဲ့ အဆိုတော်အပြင် ပွဲစီစဉ်သူတွေ၊ စင်ပေါ်မှာ ပါဝင်သီဆိုကခုန်သူတွေနဲ့ ရိုက်ကူးသူတွေကို ပါမချန် ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။













