စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့တွေကို ဒေသခံ ပြည်သူတွေက ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။
NUG လက်အောက်ခံအဖွဲ့တွေဟာ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာမှာ ရွှေမျောတိုက်ဖို့ ဒေသခံပြည်သူတွေရဲ့ သဘောတူညီမှု မပါဘဲ ခွင့်ပြုလိုက်တာကြောင့် နိုဝင်ဘာလ ၈ ရက်နေ့က ဆန္ဒထုတ်ဖော်ပြသခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။
ဆန္ဒပြပွဲမှာ မင်းကင်းမြို့နယ် သင်တောကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ အုန္နဲဘုတ်ကျေးရွာအပြင် ဘင် ကျေးရွာနဲ့ အနောက်တော ကျေးရွာက ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။
ရွှေမျောတိုက်ဖို့ ပြင်ဆင်နေတာတွေ ရပ်တန့်ပေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ နဲ့ ၅ ရက်နေ့တွေမှာလည်း ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #PDF #ပကဖ #ပအဖ #NUG #မင်းကင်းမြို့နယ် #စစ်ကိုင်းတိုင်း #ရွှေမျှော #ဆန္ဒပြ #WhathappensInMyanmar













