• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ပစ စစ်သားတွေအကြောင်း တစေ့တစောင်း

by စွယ်တော်
13 November 2025
in သူ့အတွေး သူ့အမြင်
A A
ပစ စစ်သားတွေအကြောင်း တစေ့တစောင်း

စစ်မှုထမ်းဥပဒေအရ စုဆောင်းထားသည့် တပ်သားသစ်များကို စစ်ပစ္စည်းများ ဝေပေးစဉ် / Pro-junta Telegram channel

1.1k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်တပ်တွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် စစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဝင်ရောက်ခဲ့ကြပြီး သတ်မှတ်ကာလပြည့်သည့် စစ်မှုထမ်းဟောင်းများကို ကုမ္ပဏီများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် ထည့်ပေးရန် စီမံဆောင်ရွက်နေကြောင်း သတင်းများတွင် တွေ့လာရသည်။

အထူးသဖြင့် စစ်ကော်မရှင် (စကမ) ဝါဒဖြန့်မီဒီယာများတွင် ခေါင်းကြီးပိုင်းသတင်းအဖြစ် ဖော်ပြလာကြသည်။ ထိုသို့ အလုပ်အကိုင်ရှာဖွေပေးမည့်ကော်မတီတွင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ဥက္ကဋ္ဌအဖြစ် ခန့်ထားသည်ကိုလည်း တွေ့ရသည်။

တနည်းအားဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဝင်လာသူများကို အာမခံချက်ရှိမည်ဟု ဝါဒဖြန့်ခြင်းဟုသာ တွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေးတွင် စစ်ရှုံးခဲ့ပြီး အင်အားများစွာ ဆုံးရှုံးခဲ့သည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်တွင် လျော့နည်းသွားသည့် တိုက်ခိုက်ရေးအင်အားများကို ပြန်လည်ဖြည့်တင်းရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို မဖြစ်မနေ အသက်သွင်းခဲ့သည်။

ထိုဝါဒဖြန့်သတင်းများအရ ပြန်စဉ်းစားကြည့်မိသည့်အခါ စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း ကြေညာခဲ့ရသည့် အခြေအနေဆီသို့အတွေးက ဦးစွာရောက်သွားခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးတွင် စစ်ရှုံးခဲ့ပြီး အင်အားများစွာ ဆုံးရှုံးခဲ့သည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်တွင် လျော့နည်းသွားသည့် တိုက်ခိုက်ရေးအင်အားများကို ပြန်လည်ဖြည့်တင်းရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို မဖြစ်မနေ အသက်သွင်းခဲ့သည်ကို တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို တိုင်းပြည်ပုံမှန်အခြေအနေရှိနေချိန်မှ အသက်သွင်းမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ဖူးသည်။ သို့သော် စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် (ERO) များနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဖရိုဖရဲ စစ်ရှုံးပြီးချိန်တွင် ရှေ့စကားနှင့် နောက်စကားမညီဘဲ အသက်သွင်းခဲ့ခြင်း ဖြစ်သည်။ မင်း‌အောင်လှိုင်၏ တိုင်းပြည်အပေါ် တကယ် စေတနာမှန်၊ မမှန်ဆိုသည်ကို ထိုနေရာတွင် တွေ့နိုင်သည်။

ထိုသို့ စေတနာ မမှန်သည့် စစ်ဗိုလ်ချုပ်များသည် ယခုအခါ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်တပ်အတွင်း ဝင်ရောက်ခဲ့ပြီး စစ်သက် နှစ်နှစ်ပြည့်မြောက်သည့် စစ်မှုထမ်းခဲ့ရသူများအတွက် အလုပ်အကိုင် ရှာဖွေပေးပါမည်ဆိုသည်က ရယ်စရာဖြစ်စေပြန်သည်။

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
580
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.4k
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
5.9k

စစ်မှုထမ်းဥပဒေ အသက်ဝင်ကာစက စစ်တပ်ထောက်ခံသူအချို့၊ စစ်မှုထမ်းဟောင်း မိဘအချို့၏ တိုက်တွန်းချက်များအရရော ကိုယ်တိုင်က စစ်တပ်ထောက်ခံမှုအရပါ စစ်မှုထမ်းဥပဒေအရ စစ်တပ်တွင်း ဝင်ရောက်မှုများရှိခဲ့သည်။

သို့သော် နေရပ်ဇာတိနှင့် နီးစပ်ရာတပ်တွင်သာ တာဝန်ပေးပါမည်၊ နောက်တန်းတာဝန်သာ ပေးပါမည်ဟု ပြောဆိုစည်းရုံး စုဆောင်းခဲ့သည့် တပ်သားသစ်များကို ကတိအတိုင်း တာဝန်မပေးနိုင်သဖြင့် စစ်တပ်ထောက်ခံသူများပင် ယုံကြည်မှု ကျဆင်းလာခဲ့ကြသည်။

ထိုသို့ ကတိအတိုင်း တာဝန်မပေးနိုင်ရခြင်းမှာလည်း နေရာဒေသတိုင်းနီးနီး စစ်ဖြစ်နေပြီး စစ်တပ်ဘက်က အလူးအလဲခံနေရသဖြင့် ရသမျှ စစ်သည်အင်အားကို စစ်မြေပြင်သို့သာ ပို့ဆောင်နေရခြင်းကြောင့်ဖြစ်သည်။

စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် စစ်မတိုက်ရသည့် လက်ရုံးတပ်များတွင် နေထိုင်ခွင့်ရသူများဆိုပါက ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သားဖြစ်သူ ထက်ရဲနောင်နှင့် စစ်ကော်မရှင်ဝန်ကြီး ဦးကံဇော်၏သားတို့လို လူကြီးသားများနှင့် ပိုင်ရာဆိုင်ရာ အကပ်ကောင်းသူအချို့သာ ရှိသည်။

စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် စစ်မတိုက်ရသည့် လက်ရုံးတပ်များတွင် နေထိုင်ခွင့်ရသူများဆိုပါက ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သားဖြစ်သူ ထက်ရဲနောင်နှင့် စစ်ကော်မရှင်ဝန်ကြီး ဦးကံဇော်၏သားတို့လို လူကြီးသားများနှင့် ပိုင်ရာဆိုင်ရာ အကပ်ကောင်းသူအချို့သာ ရှိသည်။

စစ်တပ်အတွင်း သာမန် ဝင်ရောက်ခဲ့သူများဖြစ်စေ၊ အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ရသူများဖြစ်စေ တိုက်ပွဲပြင်းထန်သည့် စစ်မြေပြင်တွင် ရောက်ရှိနေကြသည့် ခြေလျင်/ခြေမြန်တပ်ရင်းများသို့သာ ပို့ဆောင်ခြင်း ခံခဲ့ကြရသည်။

ထို့ကြောင့် ကာလကြာလာသည်နှင့်အမျှ စစ်တပ်ထောက်ခံသူများပင်လျှင် စစ်တပ်တွင်း ဝင်ရောက်မှု မရှိသလောက် ဖြစ်သွားခဲ့ရသည်။ နောက်ဆုံး စစ်တပ်တွင်း ဝင်ရောက်မည့်သူ မရှိသလောက်ဖြစ်သွားသဖြင့် အတင်းအဓမ္မ လူသစ်စုဆောင်းမှုလည်း အဆမတန် မြင့်တက်လာခဲ့တော့သည်။

ထို့သို့ဖြင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ကြရသူများသာ ပြည်သူ့စစ်မှုထမ်း (ပစ) အဖြစ် စစ်တပ်အတွင်း ရောက်လာကြသဖြင့် ပစများအနေနှင့် စစ်တပ်အတွင်း၌ သံသယဖြင့် ဆက်ဆံခံရသူများ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြသည်။

စစ်မှုထမ်းဥပဒေကြောင့် စုဆောင်းခံရသည့် ၁/၂၀၂၄ သင်တန်းသားသစ်များ

သံသယဖြစ်စရာ ပစများကို အနီးကပ် ထိန်းချုပ်ကွပ်ကဲရန်အတွက်ကလည်း စစ်တပ်တွင်း၌ လုံလောက်သည့် အင်အားရှိမနေပေ။ စစ်ရှုံးမှုများကြောင့် မူလရှိနှင့်ပြီး အခြားအဆင့် စစ်သားဟောင်းများ၏ အင်အားမှာ အဆမတန်လျော့ကျခဲ့၍ ဖြစ်သည်။

ထို့ကြောင့် နောက်ရောက်လာသည့် ပစများကို အဆင့်အလိုက် ကွပ်ကဲအုပ်ချုပ်ရန်အတွက် ပြန်တမ်းဝင် မဟုတ်သည့် အကြပ်ကြီးအဆင့်နှင့် အကြပ်အဆင့် စသည့် စစ်သားဟောင်းများ လုံလောက်မှု မရှိပေ။

ဤသို့ဖြင့် ခြေလျင်/ခြေမြန် တပ်ရင်းများတွင် ဖွဲ့စည်းပုံအရစု ဖွဲ့ရသည့်အခါ တပ်စိတ်တစိတ်တွင် စစ်သား ၁၀ ယောက်ရှိရာ တပ်စိတ်မှူး တပ်ကြပ်အဆင့် မရှိသဖြင့် ဒုတပ်စိတ်မှူး ဒုတပ်ကြပ်က ဦးစီနေရသည့်သဘောကို တွေ့ရသည်။

အတင်းအကျပ် စုဆောင်းခံထားရသူများဖြစ်သဖြင့် လစ်သည်နှင့် ထွက်ပြေးရန် ပြင်နေကြသောကြောင့် အိပ်သည့်အချိန်တွင် ပစများ ထွက်မပြေးအောင် စစ်သားဟောင်းများကို ကင်းအဖြစ် အစောင့်ထားရသည်အထိပင်

ဒုတပ်စိတ်မှူး ဒုတပ်ကြပ်အဆင့်က ပစ ကိုးယောက်လောက်ကို နိုင်နင်းအောင် အုပ်ချုပ်နိုင်ရန်မှာ အလွန်ခက်သည်။ အတင်းအကျပ် စုဆောင်းခံထားရသူများဖြစ်သဖြင့် လစ်သည်နှင့် ထွက်ပြေးရန် ပြင်နေကြသောကြောင့် အိပ်သည့်အချိန်တွင် ပစများ ထွက်မပြေးအောင် စစ်သားဟောင်းများကို ကင်းအဖြစ် အစောင့်ထားရသည်အထိပင်ဖြစ်ကြောင်း သိရသည်။

ပေါက်ကြားလာသည့် သတင်းများအရ စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းများတွင်ပင်လျှင် ထိတ်တုံးခတ်ပြီး စစ်သင်တန်းတက်ခိုင်းနေသည်ကို တွေ့ရသည်။

မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်းဖြစ်သည့် အမှတ် ၄ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်းတက်ရန် ငြင်းဆန်သည့် လူငယ်ငါးယောက်ကို သင်တန်းအိပ်ဆောင်အတွင်း ထိတ်တုံးခတ်ထားသည့်ဓာတ်ပုံများ မီဒီယာတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။

ဖြစ်စဉ်ကို လေ့လာကြည့်သည့်အခါ စစ်မှုထမ်းသင်တန်းသားအရေအတွက် ပြည့်မီအောင် ပေါ်တာဆွဲလာပြီး သင်တန်းကျောင်းသို့ ပို့သည်။ သင်တန်းကျောင်းကလည်း အထက်ဌာနများအလိုကျ သူတို့လက်ထဲ ရောက်လာသည့် အင်အားလျော့သွားခြင်း မရှိအောင် ရသည့်နည်းဖြင့် သားသမီးချင်း ကိုယ်ချင်း မစာမနာလုပ်ခြင်းဟု ယူဆရသည်။

ထို ပစများနှင့်ပတ်သက်၍ ရှေ့တန်းစစ်ဆင်ရေးတွင် တွေ့ကြုံရသည့်ကိစ္စများကို မီဒီယာ အသီးသီးကလည်း ဖော်ပြလျက်ရှိသည်။ ထိုဖော်ပြချက်များအရ အချုပ်အနှောင်ဖြင့် စစ်သင်တန်းတက်ခဲ့ရသည့် ပစများသည် ရှေ့တန်းစစ်ဆင်ရေးနယ်မြေများတွင် စတေးခံများသဖွယ် စစ်တိုက်ခိုင်းခြင်းကို ခံရလျက်ရှိကြောင်း တွေ့ရပြန်သည်။

လတ်တလော ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်း တန်ပြန် ထိုးစစ်ဆင်နေကြောင်း စစ်တပ်ဘက်က ဝါဒဖြန်နေ့သည့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်၌ နယ်မြေရှင်းနေသည့် စစ်ကော်မရှင်စစ်ကြောင်းများတွင် ပစများကို အဓိကအသုံးပြုလျက်ရှိကြောင်း တွေ့ရသည်။

မိုင်းကွင်း၊ သတ်ကွင်းများကို ဖြတ်သည့်အခါ ပစများကို ရှေ့မှတက်ခိုင်းပြီး ဒဏ်ရာရသည့်အခါလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ မပေးကြောင်း တွေ့ရသည်။

ထို့ပြင် ပစများကို အရန် ခဲယမ်း အများအပြား ထမ်းပိုးသယ်ဆောင်ခိုင်းခြင်း၊ လုံလောက်သည့် ကျွေးမွေးမှု မရှိခြင်းနှင့် ကျောပိုးအိတ်တွင် ပစများ ထည့်လာသည့် အရန် ရိက္ခာများကို မူလရှိနှင့်သည့် သန္ဓေအခြားအဆင့် စစ်သားများက ခိုးယူကြ၊ စားသောက်ကြခြင်းများကိုလည်း တွေ့ရသည်။

ထို့ပြင် ပစများကို အရန် ခဲယမ်း အများအပြား ထမ်းပိုးသယ်ဆောင်ခိုင်းခြင်း၊ လုံလောက်သည့် ကျွေးမွေးမှု မရှိခြင်းနှင့် ကျောပိုးအိတ်တွင် ပစများ ထည့်လာသည့် အရန် ရိက္ခာများကို မူလရှိနှင့်သည့် သန္ဓေအခြားအဆင့် စစ်သားများက ခိုးယူကြ၊ စားသောက်ကြခြင်းများကိုလည်း တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း အာဏာသိမ်းစစ်တပ်က အဓမ္မ စစ်သားစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားသစ်များကို လူသားဒိုင်းသဖွယ် ရှေ့တန်းတွင် အသေခံခိုင်းနေကြောင်း၊ ဖမ်းမိသည့် စစ်သုံ့ပန်းများသည်လည်း အသိစိတ်ကင်းမဲ့သည်အထိ မူးယစ်ဆေးဝါးသုံးစွဲထားကြသူများ ပါဝင်နေသည်ကို တွေ့ရကြောင်း ပြောဆိုထားသည်။

ရန်ကုန်တွင် အတင်းအကျပ် စစ်သားစုဆောင်းခံရသူ အများစုကို တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူရှိ အမှတ် ၁ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်စဉ် / Hmine Wai

တကယ်လည်း စစ်တပ်အတွင်းတွင် ပစများကို သံသယဖြင့် စောင့်ကြည့်ထိန်းချုပ်သလို တဖက်ကလည်း မူးယစ်ဆေးဝါးနှင့် အရက်သောက်သုံးမှုများကို ခွင့်ပြုပေးထားကြောင်း တွေ့ရသည်။

အထူးသဖြင့် နတ်ရေကန်စခန်း စစ်မျက်နှာတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများ ရှိကြောင်း စစ်ကော်မရှင်တပ်မှ အလင်းဝင်လာကြသူများ၊ ထွက်ပြေးလာကြသူများထံက သိရသည်။

အနှစ်ချုပ် သုံးသပ်ရမည်ဆိုပါက စစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဝင်ရောက်ခဲ့ကြပြီး သတ်မှတ်ကာလပြည့်သည့် စစ်မှုထမ်းဟောင်းများကို ကုမ္ပဏီများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် ထည့်ပေးရန် စီမံဆောင်ရွက်နေသည်ဆိုသော်လည်း စစ်တပ်တွင်း၌ ပစများ အဆင်ပြေပြေ တာဝန်ထမ်းဆောင်နေကြသည်ကိုမူ မတွေ့ရပေ။

အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းခံရခြင်း၊ အတင်းအကျပ် အချုပ်အနှောင်ဖြင့် သင်တန်းတက်စေခြင်းနှင့် ရှေ့တန်းစစ်ဆင်ရေးများတွင်လည်း လူသားဒိုင်းဆန်ဆန် စတေးခံခိုင်းထားသည်ကို တွေ့ရသည်။ ထိုသို့ ပစများအနေဖြင့် စစ်အာဏာရှင်အတွက် စတေးခံပေးဆပ်နေရမှုများကို ဖုံးကွယ်လို၍သာ အလုပ်အကိုင်ရရှိပြီး ဘဝအာမခံချက်ရှိသယောင် ဆောင်ရွက်နေကြသည်ဟု မြင်ရသည်။

နေ့စဉ်နှင့်အမျှ ထိခိုက်ဒဏ်ရာရ၊ သေဆုံးနေရသည့် ပစ အရေအတွက် များစွာရှိနေသဖြင့် သတ်မှတ် စစ်မှုထမ်းကာလ နှစ်နှစ်ပြည့်၍ ပြန်ထွက်ခွင့်ရသည့်အခါ မိဘများ နေရာရရေး ဝင်လာသည့် လူကြီးသားများမှလွဲလျှင် အကောင်းအတိုင်း ပြန်ထွက်နိုင်သူ ရှားပါးဖွယ်ရှိနေသည်။

နေ့စဉ်နှင့်အမျှ ထိခိုက်ဒဏ်ရာရ၊ သေဆုံးနေရသည့် ပစ အရေအတွက် များစွာရှိနေသဖြင့် သတ်မှတ် စစ်မှုထမ်းကာလ နှစ်နှစ်ပြည့်၍ ပြန်ထွက်ခွင့်ရသည့်အခါ မိဘများ နေရာရရေး ဝင်လာသည့် လူကြီးသားများမှလွဲလျှင် အကောင်းအတိုင်း ပြန်ထွက်နိုင်သူ ရှားပါးဖွယ်ရှိနေသည်။

ထို့ကြောင့် အရေအတွက် နည်းနည်းလောက်သာ အကောင်းအတိုင်း ပြန်ထွက်ခွင့် ရလာကြမည့် စစ်မှုထမ်းဟောင်း အချို့အတွက် ကော်မတီများဖွဲ့ပြီး တခမ်းတနား လုပ်စရာပင် လိုမည်မထင်ပေ။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

အတင်းအကျပ် စစ်သားစုဆောင်းမှု တနှစ်အတွင်း ဖြစ်စဉ်မှတ်တမ်း

စစ်သားစုဆောင်းမှုကြောင့် ရန်ကုန်နှင့် မန္တလေးတွင် မှောင်သည်နှင့် လူသူ ခြောက်ကပ်

ရွှေ့ပြောင်းလုပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်း

ပရမ်းပတာ စစ်သားစုဆောင်းမှုက စစ်ကောင်စီ အင်အားချိနဲ့နေကြောင်း ပြသ

သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ

အတင်းအကျပ် စစ်သားစုဆောင်းသည့် စစ်ကောင်စီ နောက်လိုက်များ လုပ်ကြံသတ်ဖြတ်ခံရ

Your Thoughts …
Tags: NUGSliderစစ်ကော်မရှင်စစ်မှုထမ်းဥပဒေလူသားဒိုင်းအတင်းအကျပ် စစ်သားစုဆောင်းမှု
စွယ်တော်

စွယ်တော်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
“ချစ်ခြင်းများစွာဖြင့်” မော်စကိုမှ နေပြည်တော်သို့ လက်နက်ရောင်းပေးနေသည်

"ချစ်ခြင်းများစွာဖြင့်" မော်စကိုမှ နေပြည်တော်သို့ လက်နက်ရောင်းပေးနေသည်

အဂတိလိုက်စားမှု အပြန်အလှန် စွပ်စွဲချက်များကြောင့် ထိုင်းရဲတပ်ဖွဲ့အတွင်း ပဋိပက္ခ ပြင်းထန်

အဂတိလိုက်စားမှု အပြန်အလှန် စွပ်စွဲချက်များကြောင့် ထိုင်းရဲတပ်ဖွဲ့အတွင်း ပဋိပက္ခ ပြင်းထန်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved