တရားမဝင် ငွေဘီလီယံပေါင်းများစွာနှင့် ပတ်သက်၍ ထိုင်းရဲအရာရှိ ၂၀၀ စုံစမ်းစစ်ဆေးခံနေရပြီး အများပြည်သူ ယုံကြည်မှုပြိုလဲကာ ထိုင်းထိပ်တန်းရဲအရာရှိများသည် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရသည်။
အွန်လိုင်းငွေလိမ်မှု အကျပ်အတည်း၊ တော်ဝင်ထိုင်းရဲတပ်ဖွဲ့၏ ကမ္ဘောဒီးယား တရားမဝင်ငွေကြေးနှင့် ပတ်သက်မှုတို့သည် အမျိုးသားနိုင်ငံရေးကို လွှမ်းမိုးနေသောကြောင့် တော်ဝင်ထိုင်းရဲတပ်ဖွဲ့အပေါ် ဖိအားမြင့်တက်နေသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ရဲဗိုလ်ချုပ် ကစ်တီရတ် ပန်ဖက်သည် အဓိကကျသည့် လွှတ်တော်ကော်မတီ ကြားနာမှုကို ရှောင်ရှားပြီး ကော်မတီဥက္ကဋ္ဌ မစ္စတာ ရန်စီမန်ရုန်းထံမှ ဗြောင်ကျသော ဝေဖန်မှုကို ခံရသည်။
တချိန်တည်းတွင် ထုတ်ပယ်ခံထားသည့် ဒုရဲချုပ်ဟောင်း ဆူရာချတ် ဟက်ပန်က သူ့ကို ၂၀၂၄ ခုနှစ်က ရာထူးမှ ဖယ်ရှားခဲ့သည့် ရဲတပ်ဖွဲ့အတွင်း အကျင့်ပျက်ခြစားသည့်အုပ်စုကို တိုက်ခိုက်မှု စတင်လိုက်ပြီး ရဲတပ်ဖွဲ့ခေါင်းဆောင်ပိုင်းနှင့် ဆိုက်ဘာရာဇဝတ်မှု မထိန်းချုပ်နိုင်မှုအပေါ် စုံစမ်းလေ့လာမှု ပိုမို ပြင်းထန်စေသည်။
အမျိုးသား ရဲကော်မရှင်နာ ရဲဗိုလ်ချုပ် ကစ်တီရတ် ပန်ဖက်သည် ဆူရာချတ် ဟက်ပန်နှင့် ပတ်သက်သည့် သတင်းထောက်များ၏ မေးခွန်းများကို ဖြေဆိုရန် နိုဝင်ဘာ ၆ ရက်နေ့တွင် ငြင်းဆန်သည်။ ထိုကိစ္စသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် အစိုးရအိမ်တော်၌ ဖြစ်ပွားသည်။ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ကစ်တီရတ် ပန်ဖက်သည် ထုတ်ပယ်ခံထားရသော ဆူရာချတ် ဟက်ပန်နှင့် ပတ်သက်သည့် မေးခွန်းများကို လက်မြှောက် ခေါင်းခါပြသွားသည်။
တော်ဝင်ထိုင်းရဲတပ်ဖွဲ့အတွင်း အဂတိလိုက်စားမှု စွပ်စွဲချက်သစ်များကြောင့် ဖိအားမြင့်မားနေစဉ် ထိုသို့ဖြစ်ခြင်းဖြစ်သည်။
“Big Joke” ဟု လူသိများသူ ဒုရဲချုပ်ဟောင်း ဆူရာချတ် ဟက်ပန်က ရဲတပ်ဖွဲ့၏ ဆိုက်ဘာဌာနခွဲသည် လောင်းကစား၊ ငွေလိမ်ကွန်ရက်များနှင့် ကြံရာပါဖြစ်သည်ဟု စွပ်စွဲလိုက်သည်။ သူ၏ ပြောဆိုချက်သည် နှစ်ပေါင်းများစွာအတွင်း အထိခိုက်ဆုံး အရှုပ်တော်ပုံတခုကို ပေါ်ထွက်လာစေသည်။
“Big Joke” ဟု လူသိများသူ ဒုရဲချုပ်ဟောင်း ဆူရာချတ် ဟက်ပန်က ရဲတပ်ဖွဲ့၏ ဆိုက်ဘာဌာနခွဲသည် လောင်းကစား၊ ငွေလိမ်ကွန်ရက်များနှင့် ကြံရာပါဖြစ်သည်ဟု စွပ်စွဲလိုက်သည်။ သူ၏ ပြောဆိုချက်သည် နှစ်ပေါင်းများစွာအတွင်း အထိခိုက်ဆုံး အရှုပ်တော်ပုံတခုကို ပေါ်ထွက်လာစေသည်။
စွပ်စွဲချက်များ ဆူရာချတ် ထပ်မံပြုလုပ်
ဆူရာချတ်ကို ကစ်တီရတ် ကြီးကြပ်သော စည်းကမ်းဆိုင်ရာ အမှုအပြီး လွန်ခဲ့သောနှစ်က ရာထူးမှ ဖယ်ရှားခဲ့သည်။ ထို့နောက် နည်းပညာရာဇဝတ်မှု တိုက်ဖျက်ရေးဌာနခွဲ (TCSD) မှ အဖွဲ့များသည် ဆိုက်ဘာရာဇဝတ်ဂိုဏ်းများကို အကာအကွယ်ပေးနေသည်ဟု အကြိမ်ကြိမ် စွပ်စွဲသည်။
ထိုဌာနခွဲသည် အထောက်အထား ကျယ်ကျယ်ပြန့်ပြန့်ရှိသော်လည်း အဓိကကျသည့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို တရားရုံးသို့ ပို့ဆောင်ရန် ပျက်ကွက်သည်ဟု ဒုတိယရဲချုပ်ဟောင်း ဆူရာချတ်က ပြောသည်။ နိုဝင်ဘာလ ၅ ရက်နေ့တွင် ဆူရာချတ်က ရှည်လျားသော Facebook ပို့စ်တခုတင်ပြီး သူ၏ မှတ်ချက်များကို ခုခံကာကွယ်သည်။
ဆူရာချတ်က နိုင်ငံ၏ အင်အား ၂၀၀,၀၀၀ ရှိသော ရဲတပ်ဖွဲ့ဝင်များကို စော်ကားခြင်း မဟုတ်ကြောင်း၊ သူ၏ဝေဖန်မှုသည် ဆိုက်ဘာဌာနခွဲနှင့်သာ သက်ဆိုင်ကြောင်း ပြောသည်။ ထို့ပြင် ရဲအရာရှိအချို့သည် တရားမဝင် လောင်းကစား ဝက်ဘ်ဆိုက်များနှင့် အွန်လိုင်းငွေလိမ်ကွန်ရက်များ ထွန်းကားခွင့် ပြုထားကြောင်းလည်း ပြောသည်။
ထို့ပြင် ရာဇဝတ်မှုများတွင် သက်သေခံချက်များကို ပြောင်းလဲပစ်ပြီး တရားစီရင်မှုကို အားနည်းစေသောကြောင့် စွဲချက်များကို ပယ်ချရသည်ဟုလည်း စွပ်စွဲသည်။ ထိုလုပ်ရပ်များသည် ရဲတပ်ဖွဲ့အပေါ် အများပြည်သူ ယုံကြည်မှု ပြိုလဲစေသည်ဟု ပြောသည်။ အကျင့်ပျက်ခြစားသည့် အရာရှိအုပ်စုငယ်တခုသည် ရဲဝတ်စုံဝတ် ရိုးသားသော အမျိုးသား၊ အမျိုးသမီးများ၏ ပုံရိပ်ကို စွန်းထင်းစေသည်ဟု သူက ဆိုသည်။
ထို Facebook ပို့စ်တွင်ပင် ဆူရာချတ်က ရဲတပ်မှူးအချို့သည် တာဝန်ခံမှုကို ရှောင်ရှားပြီး အကာအကွယ်အဖြစ် ပိုမိုကျယ်ပြန့်သော တပ်ဖွဲ့ကို အသုံးချနေသည်ဟု စွပ်စွဲသည်။ ရဲအနည်းငယ်၏ အပြုအမူသည် တပ်ဖွဲ့အတွင်း စိတ်ဓာတ်ကို ပျက်စီးစေကာ သဘောထားကွဲလွဲမှုများ ဖြစ်စေသည်ဟု ပြောသည်။ ရဲတပ်ဖွဲ့ဝင်များသည် ထုတ်ဖော်ပြောကြားရမည်ကို ကြောက်လန့်နေသည်ဟုလည်း ဆူရာချတ်က ပြောသည်။

ရဲတပ်ဖွဲ့က ရာဇဝတ်ဂိုဏ်းဟု ဒုရဲချုပ်ဟောင်း ပြော
သူ၏ ပြည်နယ် ဆောင်ခလာ အပါအဝင် ပြည်နယ်များတွင် စိတ်ပျက်မှု ကြီးထွားနေသည်ကို သူက ဖော်ပြသည်။ ထိုပြည်နယ်မှ ရဲများသည် စနစ်ဆိုင်ရာ မျက်နှာလိုက်မှုနှင့် အဆင့်မြင့်အရာရှိများ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေခြင်းကြောင့် စိတ်ပျက်နေကြောင်းလည်း ပြောသည်။
သူ၏ အဆိုအရ ထိုသို့သော အခြေအနေသည် နုတ်ထွက်မှုအရေအတွက် မြင့်မားစေသည်ဟု ဆိုသည်။ ဆူရာချတ်က တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ဆက်လက်ရှင်သန်စေလိုသောကြောင့် ထုတ်ဖော် ပြောကြားခြင်းဖြစ်ကြောင်း၊ သူသည် ရဲတပ်ဖွဲ့အတွက် ဆက်လက် ဂုဏ်ယူနေပြီး အကျင့်ပျက်ခြစားမှုကြောင့် ရဲတပ်ဖွဲ့ ပျက်စီးသွားသည်ကို မမြင်လိုကြောင်း ပြောသည်။
အရေးယူမှု ဆက်လက်ကင်းမဲ့နေခြင်းသည် ရဲတပ်ဖွဲ့ကို ကြီးမားသော ရာဇဝတ်အဖွဲ့အစည်းအဖြစ် ပြောင်းလဲလိမ့်မည်ဖြစ်ကြောင်း ဆူရာချတ်က ပြောသည်။ အချို့သော ရဲအရာရှိကွန်ရက်များသည် လောင်းကစားလုပ်ငန်းများမှ လစဉ် ဘတ်သန်း ၃၀၀ မှ ၄၀၀ အကြား ကောက်ခံနေကြောင်း ဆူရာချတ်က ပြောသည်။
သို့သော် အရေးယူမှု ဆက်လက်ကင်းမဲ့နေခြင်းသည် ရဲတပ်ဖွဲ့ကို ကြီးမားသော ရာဇဝတ်အဖွဲ့အစည်းအဖြစ် ပြောင်းလဲလိမ့်မည်ဖြစ်ကြောင်း ဆူရာချတ်က ပြောသည်။ အချို့သော ရဲအရာရှိကွန်ရက်များသည် လောင်းကစားလုပ်ငန်းများမှ လစဉ် ဘတ်သန်း ၃၀၀ မှ ၄၀၀ အကြား ကောက်ခံနေကြောင်း ဆူရာချတ်က ပြောသည်။
ထိုငွေကို အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ ထုတ်ယူနေကြောင်း၊ ထိုလုပ်ငန်းများ၏ အတိုင်းအတာသည် လူထုကို တုန်လှုပ်စေပြီး ထိုရဲတပ်ဖွဲ့ခွဲကို အခြားဝန်ကြီးဌာနများသို့ ပြောင်းပေးရန် တောင်းဆိုမှုများဖြစ်စေကြောင်းလည်း ပြောသည်။
ထို့နောက် အဆင့်မြင့်ခေါင်းဆောင်များသည် အောက်ခြေရဲတပ်ဖွဲ့ဝင်များကို ကာကွယ်ရန် ပျက်ကွက်နေကြောင်း၊ မည်သူမှ ရိုးသားစွာ လုပ်ကိုင်နေသည့် ရဲတပ်ဖွဲ့ဝင် ၂၀၀,၀၀၀ ၏ ဂုဏ်သတင်းကို ကာကွယ်ရန် မရပ်တည်ကြောင်း၊ အများအပြားသည် ရာထူးဆုံးရှုံးမှု သို့မဟုတ် နေရာပြောင်းခံရမည်ကို ကြောက်ရွံ့နေကြောင်းလည်း ပြောသည်။
စွဲချက်များကို ရဲအရာရှိ ၂၀၀ ရင်ဆိုင်ရမည်
‘ရဲတပ်ဖွဲ့ တိုင်ကြားမှုများ သုံးသပ်ရေးအဖွဲ့’ သို့ ၂၀၂၄ ခုနှစ်၊ မတ်လတွင် တင်သွင်းသည့် တိုင်ကြားမှု နောက်ပိုင်းတွင် ဆူရာချတ်၏ စွပ်စွဲချက်များ ထွက်ပေါ်လာသည်။ ထိုတိုင်ကြားမှုကြောင့် အောက်တိုဘာလကုန်တွင် ယခင် ရဲကော်မရှင်နာဟောင်း ဗိုလ်ချုပ်ကြီး တော်ဆက် ဆွတ်ဝီမိုလ်နှင့် အခြားရဲအရာရှိ ၂၀၀ ကို အကျင့်ပျက်ခြစားမှုနှင့် တရားမဝင်လုပ်ကိုင်မှုများအတွက် ဥပဒေအရ တာဝန်ခံရန် ညွှန်ကြားလိုက်သည်။
ထိုစဉ်က ဆူရာချတ်၏ ရှေ့နေများက ထိုစဉ်ကာလ အမျိုးသားရဲချုပ် ဗိုလ်ချုပ်ကြီး တော်ဆက်နှင့် အဆင့်မြင့် အရာရှိ ၂၀၀ ကို အကျင့်ပျက်ခြစားမှု၊ တရားမဝင်လုပ်ရပ်များဖြင့် စွပ်စွဲသည်။ အရေးပေါ် တုံ့ပြန်မှုအနေဖြင့် ထိုစဉ်က ဝန်ကြီးချုပ် ဆက်ထာ ထာဝီဆင်က စုံစမ်းစစ်ဆေးရန် ဆူရာချတ်နှင့် တော်ဆက်တို့ နှစ်ဦးလုံးကို ရာထူးမှ ဆိုင်းငံ့သည်။
နောက်တွင် ဝန်ကြီးချုပ်၏အဖွဲ့က အကျင့်ပျက်ခြစားမှုကို အတည်ပြုသော်လည်း အတွင်းပိုင်း အုပ်စုကွဲများကိုသာ အာရုံစိုက်သည်။ အဆင့်မြင့်အရာရှိများအကြား အားပြိုင်မှုများသည် စည်းကမ်းနှင့် အများပြည်သူ ယုံကြည်မှုကို ပျက်စီးစေသည်။ ထိုသို့သော တွေ့ရှိချက်များနောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး ကစ်တီရတ် ပန်ဖက်ကို ခေတ္တအမျိုးသားရဲချုပ်အဖြစ် အတည်ပြုပြီး နောင်တွင် ထိုရာထူးတွင် ခန့်အပ်လိုက်သည်။ ထို့နောက် ဗိုလ်ချုပ်ကြီး တော်ဆက် ဆွတ်ဝီမိုလ် ရဲချုပ် ခဏတာ ပြန်ဖြစ်ပြီး အငြိမ်းစားယူသည်။
ထို့နောက် မကြာမီ ဘန်ကောက်ရဲစခန်းတခုသည် ဆူရာချတ်ကို လောင်းကစားဝက်ဘ်ဆိုက် ငွေပေးချေမှုနှင့် ဆက်စပ်သောအမှုဖြင့် တရားစွဲသည်။ ထိုစွပ်စွဲချက်များကို သူက ငြင်းဆန်ပြီး ထိုစွပ်စွဲချက်များ အားလုံးသည် သူ့ကို ဖျက်ဆီးရန် အားထုတ်မှု အစိတ်အပိုင်းဟု ပြောသည်။
ရဲတပ်ဖွဲ့ ခေါင်းဆောင်ပိုင်းကို ပါလီမန်တွင် ထွက်ဆိုရန် တောင်းဆို
မည်သို့ဆိုစေ ကစ်တီရတ်အောက်မှ စည်းကမ်းထိန်းသိမ်းမှုအရ ဆူရာချတ်ကို ရာထူးမှဖယ်ရှားသည်။ တချိန်တည်းတွင် စနစ်ဆိုင်ရာ မသမာမှုများကို သတင်းများ ဆက်လက် ဖော်ပြနေ သည်။ အဆင့်မြင့်ရဲအရာရှိများသည် ရာဇဝတ်ဂိုဏ်းများထံမှ ငွေအမြောက်အများ ဆက်လက်ရယူနေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။
ထို့နောက်တွင် တက်ကြွလှုပ်ရှားသူ ရှေ့နေ အက်ချာရီယာက အဂတိလိုက်စားမှုကို အစပြန်ဖော်သည်။ ကျော်ကြားသည့် ဥပဒေလှုပ်ရှားသူ အက်ချာရီယာသည် ဗိုလ်ချုပ်ကြီး တော်ဆက်နှင့် ဆူရာချာတီ အငြင်းပွားမှုတွင် ဗိုလ်ချုပ်ကြီး တော်ဆက်ဘက်က အမှုလိုက်ခဲ့သူဖြစ်သည်။
အရှုပ်တော်ပုံများ ပျံ့နှံ့နေစဉ် အာရုံစိုက်မှုသည် ပါလီမန်သို့ ရောက်သွားသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်သူ့ပါတီ ပါလီမန်အမတ် မစ္စတာ ရန်စီမန်ရုမ်းက ပါလီမန် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေး၊ အမျိုးသား သေနင်္ဂဗျူဟာနှင့် အမျိုသားပြုပြင်ပြောင်းလဲရေး ကော်မတီရှေ့တွင် လာရောက်ထွက်ဆိုရန် ရဲချုပ်ကို ခေါ်ယူသည်။
အရှုပ်တော်ပုံများ ပျံ့နှံ့နေစဉ် အာရုံစိုက်မှုသည် ပါလီမန်သို့ ရောက်သွားသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်သူ့ပါတီ ပါလီမန်အမတ် မစ္စတာ ရန်စီမန်ရုမ်းက ပါလီမန် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေး၊ အမျိုးသား သေနင်္ဂဗျူဟာနှင့် အမျိုသားပြုပြင်ပြောင်းလဲရေး ကော်မတီရှေ့တွင် လာရောက်ထွက်ဆိုရန် ရဲချုပ်ကို ခေါ်ယူသည်။
ထိုကော်မတီသည် ရဲတပ်ဖွဲ့အတွင်း အဂတိလိုက်စားမှုများကို ဖော်ပြသည့် ဆူရာချတ်ထံမှ တရားဝင်စာ လက်ခံရရှိထားသည်ဟု ပြောသည်။

ရဲချုပ် ပါလီမန်သို့ ရောက်မလာ
ပါလီမန် အစည်းအဝေး နှစ်ကြိမ်ကျင်းပသည်။ နံနက်ခင်း အစည်းအဝေးသည် ရဲအရာရှိများကို ထိပါးနှောက်ယှက်မှုများအား အာရုံစိုက်သည်။ နေလယ်ခင်း အစည်းအဝေးသည် ရဲအရာရှိများကို ခန့်အပ်မှု၊ အဂတိလိုက်စားမှုနှင့် ဆက်စပ်မှုဖြစ်နိုင်ခြေကို စစ်ဆေးသည်။ အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် တရားမဝင်ငွေများ ပါဝင်သည့် ထိုကိစ္စကို စုံစမ်းစစ်ဆေးနေကြောင်း မစ္စတာ ရန်စီမန်က ပြောသည်။ ထိုစုံစမ်းစစ်ဆေးမှုသည် နိုင်ငံရေးခေါင်းဆောင်များအထိ ရောက်နိုင်ကြောင်းလည်း ပြောသည်။
သို့သော် ဗိုလ်ချုပ်ကြီး ကစ်တီရတ်သည် အစီအစဉ် အခက်အခဲကြောင့် အစည်းအဝေးတက်ရောက်ရန် ငြင်းဆန်သည်။ ဒုတိယရဲချုပ် ဗိုလ်ချုပ်ကြီး ကွန်ချိုင်း ကလိုက်လန်ကို သူ့ကိုယ်စား အစည်းအဝေးတက်စေသည်။ ကွန်ချိုင်းလည်း ထိုအစည်းအဝေး မတက်ပေ။ ထိုသို့ လာရောက် ထွက်ဆိုရန် ပျက်ကွက်ခြင်းသည် စွပ်စွဲချက်များကို ချေပရန် ခေါင်းဆောင်ပိုင်းက စိတ်အားထက်သန်မှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်သည်ဟု ပါလီမန်အမတ် ရန်စီမန်က ပြောသည်။
ထိုသို့ ဆက်လက် နှုတ်ဆိတ်နေခြင်းသည် အများပြည်သူ့သံသယကို နက်ရှိုင်းစေမည်ဟု သတင်းထောက်များကို သူက ပြောသည်။ “အချက်အလက်တွေကို ကျနော်တို့ မရှင်းရင် ထိခိုက်မှုကြီးထွားလာမယ်” ဟု ရန်စီမန်က ပြောသည်။ ရဲတပ်ဖွဲ့ဝင် ၂၀၀,၀၀၀ သည် ပွင့်လင်းမြင်သာမှုအတွက် အထက်အရာရှိများကို စောင့်ကြည့်နေသည်ဟုလည်း ၎င်းကပြောသည်။
ပါလီမန် စုံစမ်းစစ်ဆေးမှုကို ရဲတပ်ဖွဲ့ ရှောင်တိမ်းနေဟု ရန်စီမန် စွပ်စွဲ
ပါလီမန်သည် အချက်အလက်များရရန် ဥပဒေယန္တရားကို အသုံးပြုနေပြီး ရဲတပ်ဖွဲ့ကို တိုက်ခိုက်နေခြင်း မဟုတ်ကြောင်း၊ စွပ်စွဲသူနှင့် စွပ်စွဲခံရသူ နှစ်ဖက်လုံးသည် ပါလီမန်အမတ်များကို သက်သေအထောက်အထားများ တင်သွင်းခွင့်ရှိကြောင်း ပါလီမန်အမတ် ရန်စီမန်က ပြောသည်။ သို့သော် ရဲချုပ် ပျက်ကွက်ခြင်းသည် တိမ်းရှောင်ခြင်းဖြစ်သည်ဟု သူက ပြောသည်။ “ဒါဟာ ပြဿနာကနေ ထွက်ပြေးနေတာ မဟုတ်ရင် ဘာလဲ” ဟု မေးခွန်းထုတ်သည်။
“မသမာသောရဲများ” သြဇာတက်ပြီး ရိုးသားသောအရာရှိများကို ဘေးဖယ်ထားသည့် စနစ်တခုကို သူက ရည်ညွှန်းဖော်ပြသည်။ ထိုသို့ ရာထူးတက်စေခြင်းသည် အင်စတီကျူးရှင်းအတွင်း နက်ရှိုင်းသော အပြစ်အနာအဆာကို ဖော်ပြသည်ဟုလည်း သူကပြောသည်။
ဆူရာချတ်သည် ကျယ်ပြန့်သော အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှု ရှိစေကာမူ သူ့ကို အပြည့်အဝ မယုံကြည်ဟု ပါလီမန်အမတ် ရန်စီမန်က ပြောသည်။ မည်သည့်စွပ်စွဲချက်ကိုမဆို အထောက်အထားဖြင့် သက်သေပြရမည်ဟု သူက ပြောသည်။ သို့သော် ဆူရာချတ်၏ ဝေဖန်မှုများသည် ရဲတပ်ဖွဲ့အတွင်း စစ်မှန်သော ပြဿနာများကို ထင်ဟပ်သည်ဟုလည်း ပြောသည်။
ရဲဗိုလ်ချုပ် ပါဗင် ပေါင်ဆီရင်သည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရဲသော ရိုးသားသည့် အရာရှိတဦးဖြစ်ကြောင်း၊ ထိုသို့သော ရဲအရာရှိများ ရှိနေခြင်းသည် အဖွဲ့အစည်းတခုလုံး အဂတိ မလိုက်စားကြောင်း ပြသနေသည်ဟု ပါလီမန်အမတ် ရန်စီမန်က ပြောသည်။
ရဲတပ်ဖွဲ့ကို ပြုပြင်ရန်ဖိအား ထိုင်းအစိုးရရင်ဆိုင်ရ
ယုံကြည်မှု ပြန်လည်ထိန်းသိမ်းရန် ရေရှည်ပြုပြင်ပြောင်းလဲရေး မရှိမဖြစ်လိုကြောင်း ရန်စီမန်က ပြောသည်။ ပါလီမန်ကိုယ်စားလှယ်များထံ ရောက်နေပြီးဖြစ်သည့် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်များကို သူက ရည်ညွှန်းပြောဆိုသည်။ လက်ရှိစနစ်သည် မသမာမှုများကို အတားအဆီးမရှိ ကြီးထွားခွင့်ပေးထားသည်ဟုလည်း ပြောသည်။
သို့သော် ဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူ ဦးဆောင်သည့် အစိုးရအောက်တွင် အဓိက အပြောင်းအလဲ မမျှော်လင့်ကြောင်း၊ မည်သည့် စစ်မှန်သော အပြောင်းအလဲမဆိုကို နောက်တကြိမ် ရွေးကောက်ပွဲပြီးသည်အထိ စောင့်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
တော်ဝင်ထိုင်းရဲတပ်ဖွဲ့အတွင်း တင်းမာမှု ဆက်လက် မြင့်မားနေသည်။ ဆူရာချတ်က ရာဇဝတ်ဂိုဏ်းများသည် ရဲတပ်ဖွဲ့အဆင့်မြင့်အရာရှိများထံ ဆက်လက် ထိုးဖောက်နေကြောင်း ဆက်လက် စွပ်စွဲနေသည်။ ဆိုက်ဘာဌာနခွဲ၏ အရေးယူရန် ပျက်ကွက်မှုသည် တရားမဝင် လောင်းကစားနှင့် ငွေလိမ်ကွန်ရက်ကို အကာအကွယ်ပေးနေကြောင်း အမတ် ရန်စီမန်က ပြောသည်
တော်ဝင်ထိုင်းရဲတပ်ဖွဲ့အတွင်း တင်းမာမှု ဆက်လက် မြင့်မားနေသည်။ ဆူရာချတ်က ရာဇဝတ်ဂိုဏ်းများသည် ရဲတပ်ဖွဲ့အဆင့်မြင့်အရာရှိများထံ ဆက်လက် ထိုးဖောက်နေကြောင်း ဆက်လက် စွပ်စွဲနေသည်။ ဆိုက်ဘာဌာနခွဲ၏ အရေးယူရန် ပျက်ကွက်မှုသည် တရားမဝင် လောင်းကစားနှင့် ငွေလိမ်ကွန်ရက်ကို အကာအကွယ်ပေးနေကြောင်း အမတ် ရန်စီမန်က ပြောသည်။
တချိန်တည်းတွင် ရဲချုပ်သည် ဆက်လက် နှုတ်ဆိတ်နေသည်။ နိုဝင်ဘာလ ၆ ရက်နေ့က မေးခွန်းများကို ဖြေဆိုရန် ပျက်ကွက်ခြင်းသည် ဌာနတွင်းအကျပ်အတည်း အယူအဆများ ဖြစ်စေသည်။ အငြင်းပွားမှုသည် ယခုအခါ ရဲတပ်ဖွဲ့ကို ကျော်လွန်ပြီး ပါလီမန်နှင့် သတင်းလောကသို့ ရောက်နေသည်။

ရဲချုပ် နှုတ်ဆိတ်နေ
အွန်လိုင်းငွေလိမ်လုပ်ငန်းများကို လူထုစိုးရိမ်မှုလည်း ကြီးထွားနေသည်။ ထိုငွေလိမ်လုပ်ငန်းများသည် ထိုင်းကွန်ရက်နှင့် ငွေစာရင်းများသုံးကာ ကမ္ဘောဒီးယားမှ လုပ်ကိုင်နေသည်ဟု ယူဆရသည်။ ထိုသို့ နယ်စပ်ဖြတ်ကျော် မသမာမှုများသည် ထိုင်းနိုင်ငံသား သိန်းချီကို လိမ်လည်နေသည်ဟု အာဏာပိုင်များက ပြောသည်။
ကစ်တီရတ် နှင့် ဆူရာချတ် အကြား အငြင်းပွားမှုသည် ထိုင်းတရားဥပဒေစိုးမိုးရေးအတွင်း ပိုမို ကျယ်ပြန့်သော အကွဲအပြဲကို ဖော်ပြနေသည်။ တဖက်သည် အဂတိလိုက်စားမှုနှင့် ဖုံးကွယ်မှု စွပ်စွဲချက်များကို ရင်ဆိုင်နေရသည်။ အခြားတဖက်သည် အခွင့်အရေးနှင့် ကိုယ်ကျိုးစီးပွား စွပ်စွဲခံရကာ တရားရုံးတွင် ရာဇဝတ်မှုတခုကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။
သို့သော် အချက်အလက်များ ထင်ရှားသည်။ စုံစမ်းစစ်ဆေးမှု အများအပြား ဆက်လက်လုပ်နေသည်။ စွပ်စွဲမှုများတွင် လစဉ် ဘတ်သန်းရာချီ ငွေပေးချေမှုများ ပါဝင်သည်။ ပါလီမန်ကော်မတီများသည် ဖြေရှင်းချက်များ တောင်းခံနေသည်။ အရေးယူရန် အစိုးရအပေါ် ဖိအားမြင့်မားနေသည်။
လက်ရှိအချိန်အထိ ထိပ်တန်းအရာရှိများ နှုတ်ဆိတ်နေသည်။ ရဲချုပ်သည် ပါလီမန်အမတ်များရှေ့မှောက်သို့ လာရောက်မည့်အစီအစဉ်ကို ထုတ်ပြန်ခြင်း မရှိပေ။ ထိုစွပ်စွဲချက်များနှင့်ပတ်သက်ပြီး သူ၏ရုံးက မည်သည့် ကြေညာချက်မှ မထုတ်ပေ။
လူထု မယုံကြည်သည့် အကျပ်အတည်း ရင်ဆိုင်ရ
ဆူရာချတ်သည် အွန်လိုင်းတွင် ဆက်လက် ရေးသားပြီး မီဒီယာကို စကားပြောနေသည်။ သူသည် ရိုးသားသော ရဲအရာရှိများနှင့် ရဲတပ်ဖွဲ့၏ဂုဏ်သတင်းကို ကာကွယ်နေသည်ဟု ပြောသည်။ သူ၏ သမိုင်းသည် အွန်လိုင်းလောင်းကစားမှု စုံစမ်းစစ်ဆေးရေးအပါအဝင် အတိတ်က အမှုများကြောင့် စွန်းထင်းနေသည်ဟု သူ့ကို ဝေဖန်သူများက ပြောသည်။
ထိုသို့ အငြင်းပွားမှုများရှိသော်လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေသည်။ ရဲတပ်ဖွဲ့တိုင်ကြားမှု သုံးသပ်ရေးအဖွဲ့၊ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပါလီမန်ကော်မတီ အားလုံး ဆက်လက် စုံစမ်းစစ်ဆေးနေသည်။ တဖွဲ့စီသည် စနစ်ဆိုင်ရာ အမှားနှင့် ရဲတပ်ဖွဲ့အတွင်း အုပ်စုလိုက် အားပြိုင်မှု အထောက်အထားများကို ရှာဖွေနေသည်။
ယခုအထိ ရှင်းလင်းသော ဆုံးဖြတ်ချက် မထွက်သေးပေ။ တော်ဝင်ထိုင်းရဲသည် ဖိအားအောက်တွင် ဆက်လက် သွေးကွဲနေပြီး အပြင်းထန်ဆုံးသော ယုံကြည်မှုအကျပ်အတည်းကို ရင်ဆိုင်နေရသည်။ အများပြည်သူ ယုံကြည်မှု ဆက်လက်ကျဆင်းနေသည်။ နိုင်ငံရေးစောင့်ကြည့်ကြီးကြပ်မှု ပြင်းထန်လာနေသည်။ ထိပ်တန်းခေါင်းဆောင်များ၏ နှုတ်ဆိတ်မှု ဆက်လက်ဖြစ်နေသည်။
ယခုအထိ ရှင်းလင်းသော ဆုံးဖြတ်ချက် မထွက်သေးပေ။ တော်ဝင်ထိုင်းရဲသည် ဖိအားအောက်တွင် ဆက်လက် သွေးကွဲနေပြီး အပြင်းထန်ဆုံးသော ယုံကြည်မှုအကျပ်အတည်းကို ရင်ဆိုင်နေရသည်။ အများပြည်သူ ယုံကြည်မှု ဆက်လက်ကျဆင်းနေသည်။ နိုင်ငံရေးစောင့်ကြည့်ကြီးကြပ်မှု ပြင်းထန်လာနေသည်။ ထိပ်တန်းခေါင်းဆောင်များ၏ နှုတ်ဆိတ်မှု ဆက်လက်ဖြစ်နေသည်။
(Thai Examiner ပါ James Morris နှင့် Son Nguye ၏ Battle with scammers rages within Royal Thai Police as Big Joke continues fight against alleged corruption ကို ဘာသာပြန်သည်။)
You may also like these stories:
ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ
မြန်မာလုပ်သားတို့ ဘဏ်အကောင့်သုံး၍ အွန်လိုင်းလိမ်လည်မှုများ ထိုင်းရဲဖော်ထုတ်
ခရိုနီ ထွန်းမင်းလတ်နှင့် ပတ်သက်မှုမရှိဟု ထိုင်းလွှတ်တော်အမတ် ငြင်းဆို
ထိုင်းလွှတ်တော်အမတ်နဲ့ မြန်မာလက်နက်ပွဲစားတို့ရဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေး စစ်ကောင်စီကို အကျိုးပြု
မြန်မာ-ထိုင်းနယ်စပ်က ငွေလိမ်စင်တာတွေ အရှုပ်တော်ပုံ
မြဝတီကျားဖြန့်အရေး ထိုင်းကို စစ်ကောင်စီ အပြစ်ပုံ














