မြဝတီက ကရင်လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့အင်အားကို ကြီးလာစေပြီး ထိန်းချုပ်ရာဒေသတွေကို ကျယ်ပြန့်လာစေတဲ့ ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ ကြီးမားလှတဲ့ ဖုန်းခေါ် ငွေလိမ်စင်တာတွေကို တကယ်ပိတ်သိမ်းဖို့ စိတ်ဆုံးဖြတ်လိုက်ကြပြီလား။ တရုတ်ရဲ့ အကြီးအကျယ် ဖိအားပေးမှုအောက်မှာ ထိုင်းနဲ့ မြန်မာစစ်ကောင်စီကရော ဒီရာဇဝတ်ဂိုဏ်းတွေကို တကယ် အရေးယူစေဖို့ လုံလောက်တဲ့ စိတ်ဆန္ဒတွေ ရှိနေလားဆိုတဲ့ မေးခွန်းတွေကို အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က မြန်မာနိုင်ငံ ဒါရိုက်တာဖြစ်သူ ဂျေဆင်တာဝါက ဧရာဝတီရဲ့ အကြီးတန်းအယ်ဒီတာ ရဲနည်နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဖြေကြားထားပါတယ်။
ဂျေဆင်တာဝါဟာ မြန်မာ-ထိုင်းနယ်စပ်တကြောက ဒီရာဇဝတ်မှုလုပ်ငန်းတွေကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာနေတဲ့ ဝါရင့်သုတေသီတဦး ဖြစ်ပါတယ်။
မေး။ ။ လွန်ခဲ့တဲ့ ရက်တွေအတွင်း အံ့အားသင့်စရာ အဖြစ်အပျက်တွေကို ကျနော်တို့ မြင်ခဲ့ရတယ်။ ကရင်လက်နက်ကိုင်အဖွဲ့တွေက သူတို့နယ်မြေအတွင်းက တရုတ်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့နဲ့ လူကုန်ကူးခံရသူတွေကို ပြန်လွှတ်ပေးဖို့ တိုက်ရိုက်အရေးယူဆောင်ရွက်နေတာ တွေ့ခဲ့ရပါတယ်။ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီး လျူကျုံရီ ထိုင်းဘက်ကနေ မြဝတီကို ကူးသွားပြီး ကရင်နယ်ခြားစောင့်တပ်တွေ ကယ်ထုတ်လာသူတွေနဲ့ သွားတွေ့ခဲ့တယ် ဆိုတော့ အပြောင်းအလဲ ကြီးကြီးမားမားကို ကျနော်တို့ မြင်နေရတာလား။
ဖြေ။ ။ ကျနော်တို့ အကြီးအကျယ် ပြောင်းလဲမှုတွေကို မြင်တွေ့နေတာပါ။ တရုတ်ရဲအရာရှိကြီးတယောက်ဟာ အချိန်အခါမရွေး နယ်စပ်ဒေသကို ဆင်းလာ၊ နယ်စပ်ကို ကိုယ်တိုင်ဖြတ်ပြီး လူလိမ်စင်တာတွေကို သွားရောက်သုံးသပ်တာက မကြားဖူး မတွေ့ဖူးတဲ့အရာပါ။ တရုတ်က ပြီးခဲ့တဲ့နှစ်မှာ လူလိမ်စင်တာတွေက သူ့နိုင်ငံသားတွေ ပြန်ပို့ရေးမှာ ပါဝင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုလိုအဆင့်မြင့်တဲ့ လုပ်ဆောင်မှုက အခုမှ အသစ်ဖြစ်လာတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အခြေအနေက အထူးရှင်းလင်းလာပါတယ်။ အဲဒီဒေသအတွင်း ဖြစ်ပျက်နေတာတွေဟာ ထိန်းမထားနိုင်တဲ့ အဆင့်ကို ရောက်လာပါပြီ။ လူလိမ်စီးပွားရေးက မြန်မာနိုင်ငံနယ်စပ်တကြောက စစ်ပွဲဇုန်မှာ အဓိကစီးပွားရေး ဖြစ်လာခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အခြေအနေက အထူးရှင်းလင်းလာပါတယ်။ အဲဒီဒေသအတွင်း ဖြစ်ပျက်နေတာတွေဟာ ထိန်းမထားနိုင်တဲ့ အဆင့်ကို ရောက်လာပါပြီ။ လူလိမ်စီးပွားရေးက မြန်မာနိုင်ငံနယ်စပ်တကြောက စစ်ပွဲဇုန်မှာ အဓိကစီးပွားရေး ဖြစ်လာခဲ့ပါတယ်။
မာဖီးယားအဖွဲ့တွေက နေ့စဉ်နဲ့အမျှ အစွမ်းထက်လာပြီး ပြစ်မှုအမျိုးမျိုးမှာ ပိုမိုရဲတင်းလာကြတယ်။ လူအုပ်စု အသစ်တွေကို လူကုန်ကူးဖို့ ပစ်မှတ်ထားလာတာမျိုးတွေက ထိန်းမထားနိုင်လောက်အောင် ရောက်လာပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံအတွက် အမျိုးသားလုံခြုံရေးအပေါ် အထူးသက်ရောက်မှုဖြစ်လာသလို စီးပွားရေးကိုပါ ထိခိုက်စေပါတယ်။ နိုင်ငံ ဂုဏ်သိက္ခာလည်း ထိခိုက်မှုတွေ ရှိလာပါတယ်။
တရုတ်အတွက်လည်း တူတူပါ။ တရုတ်ရာဇဝတ်အဖွဲ့တွေက အခြေချနေထိုင်နိုင်သွားပြီး မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ပေါင်းသင်းနေလာပြီး တရုတ်နိုင်ငံသားတွေကို လူကုန်ကူးမှုနဲ့ လိမ်လည်မှုတွေမှာ တိုက်ရိုက်ပစ်မှတ်ထားတဲ့ အနေအထားကို ရောက်လာပါတယ်။
အထူးသဖြင့် ဒီကိစ္စမှာ ဝမ်ရှင်း လူကုန်ကူးမှု ဖြစ်ရပ်က အထူးအရေးပါပါတယ်။ လူကုန်ကူးမှုနည်းသစ်တခုကို အသုံးပြုပြီး ပိုမိုစီမံထားပါတယ်။ ယခင်ကတော့ အွန်လိုင်းမှာ အလုပ်လစာမြင့်ကြော်ငြာတွေနဲ့ လူတွေ ဆွဲခေါ်တာမျိုးတွေဖြစ်တာပါ။ ဒါပေမယ့် ဒီကိစ္စမှာတော့ ရုပ်ရှင်လုပ်ငန်းနယ်ပယ်မှာ အတွေ့အကြုံရှိသူတဦးက သူ့ကိုယ်ပိုင်ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြုပြီး တရုတ်ပရော်ဖက်ရှင်နယ်အများအပြားကို တိုက်ရိုက်ပစ်မှတ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ မြဝတီကို လူကုန်ကူးခံရလို့ လူအတော်များများ ထပ်ရောက်လာခဲ့ကြပါတယ်။

အဲ့ဒီကိစ္စ ထွက်ပေါ်လာချိန်မှာ တရုတ်ရဲနဲ့ တရုတ်တရားရုံးတွေ အတွက် အလွန်အရေးကြီးတဲ့အချိန်မှာ ဖြစ်နေခဲ့ပါတယ်။ ဝမ်ရှင်း လူကုန်ကူးမှုသတင်း ထွက်မလာခင်မှာပဲ တရုတ်တရားရုံးက ကိုးကန့်နယ်ခြားစောင့်တပ်နဲ့ ဆက်စပ်တဲ့ ပြစ်မှုကိစ္စတွေကို စတင်စီရင်မယ်လို့ ကြေညာပါတယ်။
ဒီကိစ္စမှာ မြီမိသားစုဝင်တွေဖြစ်တဲ့ မြီကော်ဖျင်နဲ့ တခြားသူတွေပါ ပါဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ တရုတ်နိုင်ငံသားတွေကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့ပါတယ်။ တရုတ်တရားရုံးက အဲဒီကိစ္စကို စတင်စီရင်မယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
တရုတ်ရဲတပ်ဖွဲ့က လူလိမ်အဖွဲ့တွေကို နှိမ်နင်းနိုင်ခဲ့တာ ပြသတဲ့ မှတ်တမ်းရုပ်ရှင်တခုကိုလည်း တရုတ်မီဒီယာ CCTV က ပြခဲ့ပါတယ်။ သူတို့မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး လူလိမ်အဖွဲ့တွေကို အဆုံးသတ်နိုင်ခဲ့တယ်လို့ ပြသထားပေမယ့် အဲ့ဒီရုပ်ရှင်ထွက်ပြီး မကြာခင်မှာပဲ တကယ်အဆုံးသတ်နိုင်ခဲ့တာ မဟုတ်ကြောင်း ပြသလာပါတယ်။
အမှန်တကယ်တော့ လူလိမ်အဖွဲ့တွေက ယခင်ထက် ပိုမိုအစွမ်းထက်လာပြီး ပြစ်မှုသစ်တွေပါ ကျူးလွန်လာကြပါတယ်။ အဲဒါကြောင့်လည်း တရုတ်နဲ့ ထိုင်းနိုင်ငံတို့က အလွန်သိသိသာသာ တုံ့ပြန်လာခဲ့ကြပါတယ်။ ယခုအချိန်မှာ လူကုန်ကူးမှုနဲ့ ပတ်သက်နေတဲ့ လူတွေ၊ တာဝန်ရှိသူတွေအပေါ် အလွန်ကြီးမားတဲ့ ဖိအားတွေ ကျရောက်လာပါတယ်။
အမှန်တကယ်တော့ လူလိမ်အဖွဲ့တွေက ယခင်ထက် ပိုမိုအစွမ်းထက်လာပြီး ပြစ်မှုသစ်တွေပါ ကျူးလွန်လာကြပါတယ်။ အဲဒါကြောင့်လည်း တရုတ်နဲ့ ထိုင်းနိုင်ငံတို့က အလွန်သိသိသာသာ တုံ့ပြန်လာခဲ့ကြပါတယ်။ ယခုအချိန်မှာ လူကုန်ကူးမှုနဲ့ ပတ်သက်နေတဲ့ လူတွေ၊ တာဝန်ရှိသူတွေအပေါ် အလွန်ကြီးမားတဲ့ ဖိအားတွေ ကျရောက်လာပါတယ်။
ဒီကိစ္စအပေါ် မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့်တပ် ဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (Karen BGF) က အဓိကတာဝန် ရှိပါတယ်။ သူတို့က ၂၀၁၇ ခုနှစ်ကတည်းက နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့တွေကို မြဝတီဒေသထဲကို ခေါ်သွင်းခဲ့တာကိုး။
မေး။ ။ မင်းသားဝမ်ရှင်းအမှုကို အရင်းတည်ပြီး ဝန်ကြီးချုပ် ပေတောင်တန်ရဲ့ ထိုင်းအစိုးရဟာ ထိုင်း-မြန်မာနယ်စပ်က မြဝတီ၊ တာချီလိတ်နဲ့ ဘုရားသုံးဆူကို လျှပ်စစ်မီးဖြတ်တယ်။ လောင်စာဆီနဲ့ အင်တာနက်ပါ ဖြတ်တယ်။ နယ်စပ်လုံခြုံရေး တင်းကျပ်တယ်။ လာဘ်စားမှုတိုက်ဖျက်တယ်ဆိုပြီး ခရိုင်ရဲမှူးကြီးတဦးနဲ့ အခြားရဲမင်းကြီးတဦးကို ရာထူးချတယ်။ နောက်ဆုံး စောချစ်သူနဲ့ တပ်မှူး နောက် ၂ ဦးကို လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်း ထုတ်ဖို့ လုပ်လာတယ်။ ဆိုတော့ ထိုင်းအစိုးရရဲ့ ကိုင်တွယ်ပုံကို ခင်ဗျား ဘယ်လိုမြင်လဲ။
ဖြေ။ ။ ဒီအချိန်မှာ နိုင်ငံရေးဆန္ဒ ကြီးကြီးမားမားနဲ့ ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်နေတယ်လို့ မြင်ရပါတယ်။ ၂၀၂၄ ခုနှစ်မှာ မီး ဖြတ်တောက်မှု၊ အင်တာနက် ဖြတ်တောက်မှုတွေ ကြေညာခဲ့ပေမယ့် နည်းနည်းလောက်သာ လိုက်နာခဲ့ပါတယ်။ တပတ်ကြာပြီးနောက် ရာဇဝတ်ဂိုဏ်းတွေက အခြားရင်းမြစ်တွေ၊ အင်တာနက်ရင်းမြစ်အသစ်တွေ သုံးပြီး မြန်မာဘက်မှာ ဆက်သွယ်ရေးတာဝါတိုင် အရေအတွက် တိုးလာတာတွေ မြင်ရပါတယ်။
Mytel တိုင်တွေ ပိုများလာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က လုပ်ရပ်တွေကို နယ်စပ်စောင့်တပ်ဖွဲ့နဲ့ လူလိမ်အဖွဲ့တွေက အခြေခံအားဖြင့် ဂရုမစိုက်ခဲ့ကြပါဘူး။ နယ်စပ်စောင့်တပ်ဖွဲ့က ရာဇဝတ်မှုတွေကို ပြန်သန့်ရှင်းအောင် ကြိုးစားပြတဲ့အနေနဲ့ ငွေလိမ်လုပ်ငန်းတွေ ထွက်သွားဆိုတဲ့ ဆိုင်းပုတ်တွေ တင်ခဲ့ကြပေမယ့် ထွက်သွားတာမဟုတ်ဘဲ ပိုမို များလာခဲ့ကြပါတယ်။
ရာဇဝတ်ဂိုဏ်းတွေကို မောင်းထုတ်ဖို့ မလုပ်ဘဲ အထူးသဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ နယ်စပ်စောင့်တပ်ဖွဲ့ခေါင်းဆောင်က ရွှေကုက္ကိုက ယထိုက် ခေါင်းဆောင်တဦး ပြန်လာစေဖို့ ဆုတောင်းပွဲပြုလုပ်ခဲ့တယ်။ ရာဇဝတ်ဂိုဏ်းတွေကို မောင်းထုတ်ဖို့ မလုပ်ဘဲ ဝတ်ပြုဆုတောင်းကြတာ ခင်ဗျား မြင်နိုင်တာပဲ။
ဆိုတော့ ရာဇဝတ်ကောင်တွေ ပိုခေါ်သွင်းလာတယ်။ ရာဇဝတ်မှုတွေအကြောင်း ဖော်ထုတ်ကိုင်တွယ်ဖို့ နယ်ခြားစောင့်တပ်က အမှန်တကယ် မရည်ရွယ်ဘူး။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတော့ ဒါက အဓိက စီးပွားရေးကိုး။ နယ်ခြားစောင့်တပ်အတွက် အဓိက ဝင်ငွေရလမ်းကြီးကိုး။ ဒါကြောင့် ဒီတခေါက်မှာတော့ ပိုမို အရေးကြီးတဲ့ လုံခြုံရေးအရင်းအမြစ်တွေ ဘန်ကောက်က ထပ်မံ ပို့ဆောင်လာတာတွေ တွေ့ရပါတယ်။
၂၀၁၇ ခုနှစ်က စပြီး ရာဇဝတ်ဂိုဏ်းတွေ ဒေသထဲ ဝင်လာတာ ခုချိန်ထိဆိုတာ ခင်ဗျားသိတာပဲ။ နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ မြန်မာဘက်ခြမ်းမှာ တရုတ်မာဖီးယားအဖွဲ့တွေက လုံခြုံရေး အားကောင်းဖို့ အကြီးအကျယ်လုပ်တယ်။ လက်နက်တွေ တပ်ဆင်ပြီး လူသစ်တွေ စုဆောင်းခဲ့ကြတယ်။ အဆောက်အဦတွေ အားလုံးမှာလည်း လုံခြုံရေးချထားတယ်။ ထိုင်းဘက်မှာတော့ လှုပ်ရှားမှု သိပ်မရှိခဲ့ဘူး။ နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ တခြား မာဖီးယားအဖွဲ့တွေဟာ ငွေလိမ်ဂိုဏ်းတွေကို အကာအကွယ်ပေးပြီး လုံခြုံရေးအရင်းအမြစ်တွေ မလုံလောက်တဲ့ ထိုင်းနိုင်ငံကို အမြဲ အသုံးချခဲ့ကြပါတယ်။
ဒီဟာက ကမ္ဘာတဝှမ်းက နိုင်ငံအများအပြား ထိခိုက်နစ်နာဖို့ ဖြစ်လာပါတယ်။ ယခု လုပ်နေတဲ့ နှိမ်နင်းမှုတွေမှာတော့ နိုင်ငံရေး ဆုံးဖြတ်ချက်က ပိုပြီး အဆင့်မြင့်လာတာ ကျနော်တို့ မြင်နိုင်ပါတယ်။ ထိုင်းနိုင်ငံကလည်း ဒီအရေးနဲ့ ပတ်သက်တဲ့ အခြား သံတမန်အသိုင်းအဝိုင်းကို ကူညီဖို့ တောင်းဆိုလာပါတယ်။
မြဝတီ၊ ဘုရားသုံးဆူအနီးတဝိုက်နဲ့ တခြား အနီးဝန်းကျင်မှာ လူကုန်ကူးခံရတဲ့ နိုင်ငံပေါင်း ဒါဇင်ပေါင်းများစွာက လူကုန်ကူးခံရသူတွေကို အကူအညီပေးဖို့ ထိုင်းနိုင်ငံက တရုတ်ရဲအရာရှိတွေသာမက သံတမန်အသိုင်းအဝန်းတွေ ဝင်လာဖို့ ဖိတ်ခေါ်နေတာကြောင့် အာရုံစိုက်မှု ပိုရှိလာပါပြီ။
မြဝတီ၊ ဘုရားသုံးဆူအနီးတဝိုက်နဲ့ တခြား အနီးဝန်းကျင်မှာ လူကုန်ကူးခံရတဲ့ နိုင်ငံပေါင်း ဒါဇင်ပေါင်းများစွာက လူကုန်ကူးခံရသူတွေကို အကူအညီပေးဖို့ ထိုင်းနိုင်ငံက တရုတ်ရဲအရာရှိတွေသာမက သံတမန်အသိုင်းအဝန်းတွေ ဝင်လာဖို့ ဖိတ်ခေါ်နေတာကြောင့် အာရုံစိုက်မှု ပိုရှိလာပါပြီ။

ဒီတော့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပုံရတယ်။ ခင်ဗျား ပြောသလို ထိုင်းက ဖမ်းဝရမ်းထုတ်ဖို့ ပြင်နေတယ် မဟုတ်လား။ ဒါဟာ ထိုင်းရဲတွေဘက်က တော်တော်လေး ရဲရင့်တဲ့ လုပ်ရပ်လို့ ကျနော်ထင်ပါတယ်။
ဒါက နယ်ခြားစောင့်တပ်အပေါ် ထိုင်းနိုင်ငံအနေနဲ့ သြဇာ ပိုလွှမ်းစေပါတယ်။ အခုလက်ရှိအချိန်မှာ ခြံဝင်းကြီးတွေထဲက သူတွေ အများအပြား လွှတ်ပေးနေတာကို ရုတ်တရက် မြင်လိုက်ရပြီ။ ဒါက ဖမ်းဝရမ်းထုတ်တာနဲ့ ဆက်စပ်နေတာကိုး။ နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေက အခု ဖမ်းဝရမ်းထုတ်တာကို ရှောင်ဖို့ ကြိုးစားနေကြပုံပါ။ အခု ကရင်နယ်ခြားစောင့်တပ် ဖြစ်နေတာကို ကြည့်ရင် ကိုးကန့်နယ်ခြားစောင့်တပ်တုန်းက ဖြစ်ပျက်ခဲ့တာတွေနဲ့ အတူတူပဲလို့ ခင်ဗျား မြင်လာမယ်။
၂၀၂၃ ခုနှစ် အဆုံးပိုင်းလောက်မှာ ကိုးကန့်နယ်ခြားစောင့်တပ်ထဲက ထိပ်တန်းခေါင်းဆောင် ၁၀ ယောက်ကို ပစ်မှတ်ထားပြီး ဖမ်းဝရမ်းထုတ်ခဲ့တာ သတိထားမိတယ် မဟုတ်လား။ အဲဒါကြောင့် ကိုးကန့်နယ်မြေအတွင်း လိမ်လည်မှုအင်ပါယာဟာ သိသိသာသာ ပြိုကွဲသွားခဲ့တယ်။ ထိပ်တန်းခေါင်းဆောင် ၄ ယောက်က အကြီးစား အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်နေဆဲပေမယ့် အဲဒီကိုးကန့်အဖွဲ့ကို MNDAA က ထိန်းချုပ်လာတဲ့အခါမှာ ဖြိုခွဲနိုင်ခဲ့ပါတယ်။ ဒါကြောင့် ထိုင်းက ဖမ်းဝရမ်းထုတ်တာဟာ ပိုပြီး ရဲရင့်တဲ့ လှုပ်ရှားမှုတခုကို ဖြစ်စေပြီး ပိုပြီး စနစ်တကျ ဖြိုခွင်းနိုင်မယ့် အခွင့်အလမ်းတခု ဖြစ်လာနိုင်တယ်ဆိုတာ တွေးမိပါတယ်။
မေး။ ။ တရုတ်အကြောင်း ပြောကြရအောင်။ တရုတ်နိုင်ငံက ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့သလို ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေကိုလည်း ဖမ်းချင်နေသလား။ အင်အားချိနဲ့နေတဲ့ မြန်မာစစ်ကောင်စီက ဖမ်းပေးနိုင်မှာ မဟုတ်တော့ ထိုင်းက ဖမ်းပေးဖို့ ကျုံးသွင်းနေတာလား။
ဖြေ။ ။ ကျနော်ထင်တာက တရုတ်အမြင်ကနေ ကြည့်တဲ့အခါ တရုတ်အစိုးရက ထိုင်းနိုင်ငံရဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းနေတဲ့အကြောင်းကို တရားဝင်အဖြစ် မှတ်ချက်မပေးသေးပေမယ့် တရုတ်မီဒီယာတွေမှာတော့ ထုတ်ပြန်နေတာတွေ တွေ့ရပါတယ်။ ဥပမာ Phoenix News မှာလည်း ထိုင်း DSI က ကြေညာခဲ့တဲ့ နောက်ပိုင်းမှာ ခန့်မှန်းချက်တွေနဲ့အတူ မြဝတီမှာ ရာဇဝတ်ဂိုဏ်းတွေကို နယ်ခြားစောင့်တပ်က ဘယ်လိုကာကွယ်ပေးတယ်ဆိုတာ အသေးစိတ်ဖော်ပြထားပါတယ်။
တရုတ် အစိုးရပိုင် မီဒီယာတွေမှာတောင် ဒီသတင်းတွေ ထွက်လာတာက တရုတ်အစိုးရဟာ အနည်းဆုံး ဖမ်းဝရမ်းထုတ်ဖို့ အထောက်အပံ့ မပေးဘူးဆိုတာ မဟုတ်ဘူးလို့ ပြသနေတာဖြစ်ပါတယ်။ တရုတ် အစိုးရပိုင် မီဒီယာတွေက DKBA နဲ့ BGF တို့ရဲ့ ကျားဖြန့်တွေ ထွက်သွားဖို့ နှိုးဆော်တာတွေကို ရယ်မောဖွယ် တင်ပြထားတာတောင် တွေ့ရပါတယ်။
ကျနော် မှတ်မိတဲ့ တရုတ်အစိုးရပိုင် မီဒီယာတခုက သတင်းတခုမှာဆို ရာဇဝတ်ဂိုဏ်းတွေကို အကာအကွယ်ပေးနေသူတွေက အခုအခါ တရားဥပဒေ ဘက်တော်သားအဖြစ် ပေါ်ထွက်လာပြီလို့ ရေးတယ်။ ပြက်ရယ်ပြုထားတဲ့ ခေါင်းကြီးသတင်းတပုဒ်ပေါ့ဗျာ။ နောက်ဆုံးတော့ ကိုးကန့်ကိစ္စမှာ ဖမ်းဝရမ်းထုတ်လိုက်တာနဲ့ မြန်မာစစ်တပ်က အဲဒါကို တုံ့ပြန်ဖို့ တော်တော်ခက်သွားတယ်။ တရုတ်က မြန်မာစစ်တပ်ကို လက်လွှဲပေးဖို့ ဖိအားတွေ အများကြီးပေးတယ်၊ ဒါတောင် အဲဒီ ကိုးကန့်နယ်ခြားစောင့် မျိုးနွယ်စုတခုစီရဲ့ သားတွေထဲက အနည်းဆုံးတယောက်စီကို လွတ်ငြိမ်းပေးလိုက်တယ်။
သူတို့ဟာ လွတ်မြောက်နေဆဲ ဒါမှမဟုတ် ပယ်ဆောက်ချိန်ရဲ့ အမှုတခုမှာဆို ဖမ်းဝရမ်းထုတ်ဖို့ ပစ်မှတ်ထားတာတောင် မရှိခဲ့ဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်ရဲ့ဖိအားပေးမှုတွေကြားက လွတ်မြောက်အောင် စွမ်းဆောင်နိုင်တဲ့သူတချို့ ရှိတယ်ဆိုတာပဲ။
အခု ထိုင်းမှာ ဖမ်းဝရမ်းထုတ်မယ် အနေအထားမှာ ရှိနေရင် မြန်မာစစ်တပ်က သူတို့ကို လျစ်လျူရှုဖို့ ရွေးချယ်နိုင်မယ် ထင်ပါတယ်။ အဲဒီသူတွေကို လက်လွှဲမပေးဖို့ သူတို့ ရွေးချယ်နိုင်တယ်။ နယ်ခြားစောင့်တပ်ခေါင်းဆောင်တွေအတွက် ထိုင်းနယ်စပ်ကို လိုအပ်တာမို့ ဒီဖမ်းဝရမ်းက သူတို့ကို နယ်စပ်ဖြတ်ကျော်ခွင့် အခြေခံအားဖြင့် ဖြတ်တောက်ပစ်မယ်။
တချိန်ချိန်မှာတော့ အင်တာပိုလ်ကို ပုံမှန်အစည်းအဝေးမှာ ပါဝင်ဖို့ ပိုဖြစ်လာနိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါဟာ မြန်မာစစ်တပ်နဲ့ ထိုင်းအစိုးရကြားမှာ တင်းမာမှုသစ်တွေ ဖြစ်လာနိုင်မယ်လို့ ကျနော် မြင်တယ်။
တချိန်ချိန်မှာတော့ အင်တာပိုလ်ကို ပုံမှန်အစည်းအဝေးမှာ ပါဝင်ဖို့ ပိုဖြစ်လာနိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါဟာ မြန်မာစစ်တပ်နဲ့ ထိုင်းအစိုးရကြားမှာ တင်းမာမှုသစ်တွေ ဖြစ်လာနိုင်မယ်လို့ ကျနော် မြင်တယ်။
အဲဒီတော့ ဖမ်းဝရမ်းထုတ်လိုက်ရင် ဘယ်လို သက်ရောက်မှုတွေ ရှိမယ်ထင်လဲ ဆိုတော့ ဒီသုံးပါတီကြား ဆက်ဆံရေးမှာ သက်ရောက်မှုတွေ ရှိမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်အထိ မြင်ခဲ့ရသလောက် တရုတ်ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လို့ ထိုင်းဘက်က ကြေငြာလိုက်ရင်၊ တရုတ်ကလည်း ဖိအားတချို့ ပေးလိုက်ရင်၊ မြန်မာဘက်က လက်ပြောင်းလွှဲအပ်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ ဗျူဟာက ၂၀၂၃ နဲ့ ၂၀၂၄ ကြားမှာ ပြောင်းသွားတာ တော်တော်ရှင်းတယ်။ ၂၀၂၃ ခုနှစ်မှာတုန်းက မြန်မာစစ်တပ်က ရာဇဝတ်မှု နှိမ်နင်းပေးဖို့ တောင်းဆိုတဲ့ ဗျူဟာကို သုံးပြီး ဖိအားတွေ အများကြီး ပေးခဲ့တယ်။
၂၀၂၄ ခုနှစ်မှာတော့ တရုတ်တွေဟာ မုန့်ထက် တုတ်ကို ပိုအသုံးများတဲ့ နည်းဗျူဟာကို ပြောင်းသုံးပါတယ်။ မြန်မာနိုင်ငံထဲ တရုတ်ရဲတွေကို ပို့ပေးပြီး နေရာချထားနိုင်ခဲ့ကြတယ်။ တဖက်မှာလည်း အွန်လိုင်း ငွေလိမ်မှု နှိမ်နင်းတာတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ကို တရားဝင် ချီးမြှောက်မှု အများအပြားပေးခဲ့တယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်မှာ မြန်မာစစ်တပ်ရဲ့ ကိုကန့်နယ်ခြားစောင့်တပ်က မြီ မိသားစုနဲ့ ဂိုဏ်းခေါင်းဆောင်တွေကို တရုတ်နိုင်ငံက စပြီးကြားနာတဲ့အချိန် မိနစ် ၂၀ လောက်ရှည်တဲ့ မှတ်တမ်းရုပ်ရှင် ထုတ်လွှင့်ပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံသားတွေ အားလုံးကို လွတ်လာတာရယ်၊ ကိုးကန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနိုင်တာရယ်ကြောင့် မြန်မာစစ်တပ်ကို ချီးကျူးထားပါတယ်။

ဒါက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကျနော် ထင်ပါတယ်။ ဆိုလိုတာက MNDAA က အဲဒီ လိမ်လည်မှုစင်တာတွေကို အမြစ်ပြတ်ချေမှုန်းပစ်တဲ့ အဓိကပါတီဖြစ်ပေမဲ့ ဒီမှတ်တမ်းရုပ်ရှင်မှာ ဘယ်မှာမှ ခရက်ဒစ်မပေးပါဘူး။ ဒါကြောင့် ၂၀၂၄ ခုနှစ် တလျှောက်လုံး တရုတ်ရဲ့ မဟာဗျူဟာက မြန်မာစစ်တပ်ကို တရားဝင်ဖြစ်အောင် လုပ်ဖို့နဲ့ ဖိအားတချို့ကို လျှော့ချဖို့ ဘယ်လို့ပြောင်းသွားတာလဲဆိုတာ စိတ်ဝင်စားစရာလို့ ထင်ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာစစ်တပ်ဆီကနေ တရုတ်ရဲတွေ တိုက်ရိုက်ဝင်ရောက်ခွင့်ရဖို့ ကြိုးစားနေတော့တာပါပဲ။
မေး။ ။ စစ်ကောင်စီကလည်း ကရင်ပြည်နယ်ထဲကို ဝင်မယ့် လောင်စာဆီတွေကို ပိတ်ပြီး ကရင်နယ်ခြားစောင့်တပ်ကို ဖိအားပေးနေတယ်။ အခု ထိုင်းက ကရင်နယ်ခြားစောင့်တပ်တွေ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ပိတ်ဆို့ဖိအားပေးတာကို ထောက်ခံ ပူးပေါင်း ဆောင်ရွက်တဲ့ သဘောလား။ ကရင်နယ်ခြားစောင့်တပ်ဟာ စစ်တပ်လက်အောက်ခံ ဆိုပေမယ့် မြဝတီမြို့နယ်ကို အဓိက ထိန်းချုပ်သူဆိုတော့ စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ် ဆက်ဆံရေး ရှေ့ဆက် ဘာဖြစ်မလဲ။
ဖြေ။ ။ အခုအချိန်မှာတော့ ထိုင်းနိုင်ငံဟာ ဒီကိစ္စအပေါ် အလွန်စိုးရိမ်နေပြီး ဒီပြဿနာကို ဖြေရှင်းဖို့ တာဝန်ယူဆောင်ရွက်ချင်တဲ့အကြောင်း ပုံမှန်အသံထွက်နေတယ်လို့ ပြောလို့ရပါတယ်။ တရုတ်နိုင်ငံလည်း ထိုင်းနဲ့ တူညီတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်ဆိုတာ မြင်တွေ့နိုင်ပါတယ်။ ဥပမာ တရုတ်ရဲတပ်ဖွဲ့ အကြီးအကဲချုပ် လျုကျုန်ယီ ထိုင်းနိုင်ငံကို ရောက်လာခဲ့ပြီး မြန်မာနိုင်ငံမှာလည်း မြန်မာစစ်ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါကြောင့် နှစ်ဖက်လုံးက ဖိအားပေးမှုတွေ၊ အပြန်အလှန်ဆောင်ရွက်တာတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေပါပဲ။
မြန်မာစစ်တပ်ဟာလည်း ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တွေကနေ တချို့ သင်ခန်းစာတွေ ယူထားတာ တွေ့ရပါတယ်။ ဒေသတွင်းဥပဒေအဖွဲ့အစည်းတွေ ပူးပေါင်းဖြေရှင်းဖို့ လုပ်ဆောင်တဲ့အပေါ်မှာ မြန်မာက အားနည်းနေတယ်လို့ အမြင်မခံချင်ဘူး။
အများပြည်သူရှေ့မှာ ပုံဖော်ဖို့ ရည်ရွယ်ပြီး နယ်ခြားစောင့်တပ်ကို ဖိအားပေးဖူးပေမယ့် တကယ်တမ်း အများစုကတော့ ဟန်ပြရုံပါပဲ။ နောက်ဆုံးမှာတော့ နယ်ခြားစောင့်တပ်ဟာ မြန်မာစစ်တပ်ကို အမြီးနင်းထားလိုက်နိုင်ပါပြီ။ အခု မြဝတီမှာ စစ်တပ်က အရမ်းနည်းနေတဲ့အတွက်လည်း အခြေအနေက အဲဒီအတိုင်း ဖြစ်နေပါတယ်။
အများပြည်သူရှေ့မှာ ပုံဖော်ဖို့ ရည်ရွယ်ပြီး နယ်ခြားစောင့်တပ်ကို ဖိအားပေးဖူးပေမယ့် တကယ်တမ်း အများစုကတော့ ဟန်ပြရုံပါပဲ။ နောက်ဆုံးမှာတော့ နယ်ခြားစောင့်တပ်ဟာ မြန်မာစစ်တပ်ကို အမြီးနင်းထားလိုက်နိုင်ပါပြီ။ အခု မြဝတီမှာ စစ်တပ်က အရမ်းနည်းနေတဲ့အတွက်လည်း အခြေအနေက အဲဒီအတိုင်း ဖြစ်နေပါတယ်။
၂၀၂၄ ခုနှစ်အစောပိုင်းမှာ မြန်မာစစ်တပ်ဟာ မြဝတီဒေသမှာ အလွန်ကြီးမားတဲ့ ရှုံးနိမ့်မှုတခု ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာ မြင်ခဲ့ဖူးကြမှာပါ။ KNLA ဦးဆောင်တဲ့ စစ်ဆင်ရေးတခုကြောင့် မြဝတီက စစ်တပ်ဟာ ဆုတ်ခွာခဲ့ရပြီး အဲဒီစခန်းကို ပြန်ယူဖို့ စစ်ကြောင်းတကြောင်း ပြန်စေလွှတ်ခဲ့ပါတယ်။ KNLA က သူတို့ဒေသကို ကာကွယ်ဖို့ ကြိုးစားရာမှာ အဲဒီစခန်းက ပြန်ရွှေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ နယ်ခြားစောင့်တပ်က စခန်းကို ပြန်သိမ်းယူပြီး မြန်မာအလံကို ပြန်ထောင်ပေးခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ KNLA ကို လှည့်ဖျားမှုတခုပဲဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေက မြန်မာစစ်တပ်အတွက် ဒီပြဿနာကို ဖြေရှင်းဖို့ အလွန်ခက်ခဲနေကြောင်းပြသပါတယ်။ ဘယ်ကိစ္စဖြစ်ဖြစ် နယ်ခြားစောင့်တပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ တရုတ်နဲ့ ထိုင်းတို့က မြန်မာစစ်တပ်ကို ညွှန်ကြားလိုက်ကြပေမယ့် မာဖီးယားအဖွဲ့တွေကို တိုက်ဖျက်ဖို့ လုံလောက်တဲ့ အစွမ်းမရှိပါဘူး။
ဒါ့အပြင် မြန်မာစစ်တပ်က အကျိုးစီးပွားတွေပါ ပါဝင်နေပါသေးတယ်။ ဒါ့ကြောင့် မာဖီးယားအဖွဲ့တွေ ကျဆုံးရင် နယ်ခြားစောင့်တပ်လည်း မတည်တံ့တော့ဘူး၊ နယ်ခြားစောင့်တပ် ကျရှုံးရင် မြန်မာစစ်တပ်ဟာ အဲ့ဒီဒေသ အားလုံးကို လက်လွှတ်လိုက်ရမယ်ဆိုတာ ရှင်းပါတယ်။
မြန်မာစစ်တပ်ဟာ အခုအချိန်မှာ တရုတ်ကို ကူရမလား၊ ထိုင်းကိုလည်း ပြဿနာတွေ ဖြေရှင်းဖို့ ကူရမလားဆိုတာ စဉ်းစားနေနိုင်ပါတယ်။ မြဝတီကို ခြေကုတ်ပြန်ယူဖို့၊ ပြန်ရရှိဖို့ ကြိုးစားနေတဲ့ ရည်ရွယ်ချက်တောင် ဖြစ်နိုင်ပါတယ်။
ဥပမာပေးရရင် မြန်မာစစ်တပ်က နယ်ခြားစောင့်တပ်နဲ့ DKBA ကို လူကုန်ကူးမှုတွေမှာ ဖမ်းမိထားတဲ့ လူတွေကို ဦးစွာ မြန်မာစစ်တပ်ဘက်ကို လွှဲပေးဖို့ တောင်းဆိုပါတယ်။ နောက်မှ ထိုင်းဘက်အာဏာပိုင်တွေကို အဲ့ဒီလူတွေ ပြန်လွှဲပေးမယ်ဆိုတဲ့ စီစဉ်ပါတယ်။
ဒီလိုလုပ်ရပ်တွေက မြန်မာစစ်တပ်ဟာ အခုဖြစ်ပွားနေတဲ့ အရှုပ်ထုပ်တွေ၊ ပြဿနာတွေကို အရင်းတည်ပြီး ပြီး မြဝတီနဲ့ ကရင်နယ်ခြားဒေသထဲ ပြန်ဝင်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။ ဆိုတော့ ဒါတွေဟာ စစ်တပ်က အခြေအနေအပေါ် တွက်ချက် သုံးသပ်မှုတွေထဲက တစိတ်တပိုင်းလည်း ဖြစ်နိုင်ပါတယ်။
မေး။ ။ ကရင်နယ်ခြားစောင့်တပ် (BGF) က အခု မြန်မာ၊ ထိုင်း၊ တရုတ်တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးကို လိုက်နာပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်။ ကျနော်တို့ သူ့ကို ယုံရမလား။
ဖြေ။ ။ ဒီအချိန်ထိ သူ့ကို ဘာကြောင့် ယုံသင့်တာလဲဆိုတာ မေးချင်တယ်။ မနှစ်ကပဲ လူသိများတဲ့ ဘုတ်ပြားကြီးတွေမှာ ဒီပြဿနာကို ၂၀၂၄ အောက်တိုဘာလ ၃၁ ရက်မှာ အဆုံးသတ်မယ်လို့ ပြောတာ အလုပ်မဖြစ်ခဲ့ဘူး မဟုတ်လား။ စောချစ်သူက ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တွေ အားလုံးကို တကယ်လက်မခံချင်ဘူးလားဆိုတာ မေးစရာပါ။ သူ တက်တက်ကြွကြွ ပါဝင်တည်ဆောက်ခဲ့တဲ့ လိမ်လည်မှုစင်တာတွေကို တကယ်ဖျက်ချင်တာလားဆိုတာ မသေချာပါဘူး။

ဒီအရာတွေက စတင်ခဲ့တဲ့အချိန်ဟာ ၂၀၁၆ ဒီဇင်ဘာလ။ အဲ့ဒီအချိန်ကတည်းက စောချစ်သူဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့က ဖိတ်ကြားမှုနဲ့ပဲ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တွေ မြန်မာ-ထိုင်းနယ်စပ်ဒေသကို ဝင်လာခဲ့ကြတာ။ ဒီလောက်ကတည်းက စတင်ခဲ့တာပါ။
ပြီးတော့ ခင်ဗျားမြင်ခဲ့သလို တရုတ်နိုင်ငံကနေ အန္တရာယ်ကြီးပြီး စနစ်တကျ ညှိနှိုင်းထားတဲ့ ရာဇဝတ်အဖွဲ့တွေ အများကြီးက တဖွဲ့ပြီး တဖွဲ့ နယ်စပ်ဒေသတွေကို ဝင်လာခဲ့ကြတယ်။ အဲ့ဒီဒေသတွေမှာ ငွေလိမ်စင်တာကြီးတွေ တည်ဆောက်ပြီး စီးပွားရှာခဲ့ကြတယ်။
ဒါက စောချစ်သူဦးဆောင်တဲ့ နယ်ခြားစောင့်တပ်အဖွဲ့ရဲ့ အကြီးစား စီးပွားရေးပဲ။ သူတို့ တည်ဆောက်ထားတာက တခုတည်းသော တရားမဝင် စီးပွားရေးကြီးပါ။ အဲ့ဒါကို တကယ်ဖျက်လိုက်ရင် ဘာဖြစ်မလဲ။ အတိုင်းအတာအားဖြင့် နယ်ခြားစောင့်တပ်ဟာ ကိုယ့်ကိုယ်ကို ဖျက်သိမ်းလိုက်သလိုပဲဖြစ်သွားမှာပဲ။
ဒါက စောချစ်သူဦးဆောင်တဲ့ နယ်ခြားစောင့်တပ်အဖွဲ့ရဲ့ အကြီးစား စီးပွားရေးပဲ။ သူတို့ တည်ဆောက်ထားတာက တခုတည်းသော တရားမဝင် စီးပွားရေးကြီးပါ။ အဲ့ဒါကို တကယ်ဖျက်လိုက်ရင် ဘာဖြစ်မလဲ။ အတိုင်းအတာအားဖြင့် နယ်ခြားစောင့်တပ်ဟာ ကိုယ့်ကိုယ်ကို ဖျက်သိမ်းလိုက်သလိုပဲဖြစ်သွားမှာပဲ။
ဒါကြောင့် အခုအချိန်မှာ ဖြစ်နေတာတွေကို စနစ်တကျဖြေရှင်းမှုတွေ ဘာမှ မဖြစ်သေးပါဘူး။ ပြီးတော့ ငွေလိမ်လည်စင်တာတွေ အတွင်းကနေ ပို့တဲ့ မက်ဆေ့ချ်တွေလည်း ထွက်လာနေတယ်။ ဥပမာ ဒီနေ့မနက် KKPark ကနေ ရာဇဝတ်အဖွဲ့တွေအကြား စကားပြောဖလှယ်မှုတွေ ပေါက်ကြားလာတယ်။ အဲ့ဒီမှာ “အခု စစ်ဆေးမှုတွေက စစ်ဆေးမှုတွေသက်သက်ပဲ၊ အခြား ဘာမှ မဟုတ်ဘူး” ဆိုပြီး ပြောနေကြတယ်။
စစ်ဆေးရေးလုပ်တဲ့သူတွေက တို့ဗိုလ်ချုပ်ရဲ့လူတွေမို့လို့ ဒီမှာ လွန်လွန်ကဲကဲ ဘာမှလုပ်မှာ မဟုတ်ဘူးလို့ ပြောနေကြတယ်။ သူတို့တွေက နယ်ခြားစောင့်တပ်က လူတွေနဲ့ ဆက်စပ်နေတယ်။ ငွေလိမ်ဂိုဏ်း တွေကိုစနစ်တကျလျော့ပါးအောင် သူတို့ ဘာမှလုပ်မှာ မဟုတ်ဘူး။ အဲဒါက လုပ်ပွဲဆိုတာကို ခင်ဗျားလည်း သိတယ် ဟုတ်။
ပြောချင်တာက အထဲမှာ လူတွေ အများကြီးရှိနေသေးတယ်။ မြဝတီ တခုတည်းတင် လူတသိန်းကျော် ရှိတယ်လို့ အဲဒီကို သွားကြည့်ခဲ့တဲ့ တရုတ် ရဲအရာရှိတယောက်က ပြောတယ်။ သူ ဒီလို ထုတ်ပြောတာကို ကြည့်ရင် လက်ရှိ ဖြစ်ပျက်နေတဲ့ အတိုင်းအတာ ဘယ်လောက်ကြီးသလဲ သိနိုင်ပါတယ်။
ပြောချင်တာက အထဲမှာ လူတွေ အများကြီးရှိနေသေးတယ်။ မြဝတီ တခုတည်းတင် လူတသိန်းကျော် ရှိတယ်လို့ အဲဒီကို သွားကြည့်ခဲ့တဲ့ တရုတ် ရဲအရာရှိတယောက်က ပြောတယ်။ သူ ဒီလို ထုတ်ပြောတာကို ကြည့်ရင် လက်ရှိ ဖြစ်ပျက်နေတဲ့ အတိုင်းအတာ ဘယ်လောက်ကြီးသလဲ သိနိုင်ပါတယ်။ ဒီတော့ နယ်ခြားစောင့်တပ် ပြောနေတဲ့ လူ တထောင် ဒါမှမဟုတ် ၂,၀၀၀ ကျော်ဆိုတာ တရုတ်ရဲက အခု လူသိရှင်ကြားထုတ်ပြောတဲ့ တသိန်းဆိုတာထက် အများကြီး ကွာခြားတယ် ဆိုတာပဲ။
မေး။ ။ ထိုင်းအစိုးရက အမေရိကန်အစိုးရကို ဒီလုပ်ငန်းစဉ်မှာ ပူးပေါင်းဖို့ ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းတပုဒ် ကျနော် တွေ့လိုက်တယ်။ ဒီရာဇဝတ်မှုတွေက အမေရိကန်အတွက် ဘယ်လောက်ထိအန္တရာယ်ဖြစ်နေတာလဲ။ ထရမ့်အစိုးရက ဘယ်လောက်စိုးရိမ်သင့်သလဲ၊ ဒီပြဿနာကို ဖြေရှင်းဖို့ ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ။
ဖြေ။ ။ ဒီပြဿနာက အမေရိကန်ပြည်သူတွေအတွက်ပဲ မကဘူး၊ အမေရိကန် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေမှာပါ ပိုပြီး စိုးရိမ်ပူပန်မှုတခုဖြစ်လာပြီ။ တခြားနိုင်ငံတွေမှာပါ အလားတူပဲ။ FBI ထုတ်ပြန်တဲ့ တရားဝင်အစီရင်ခံစာတွေမှာ ဒီလို အွန်လိုင်းလှည့်ဖြားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေဟာ ဒေါ်လာ ၅ ဘီလီယံကျော်နေပြီလို့ ပြထားတယ်။ တကယ်လို့ မဖော်ပြထားတဲ့ ဆုံးရှုံးမှုတွေပါ တွက်မယ်ဆိုရင်တော့ ဒေါ်လာ တဆယ်ဘီလီယံကျော်နိုင်တယ်လို့ ခန့်မှန်းကြတယ်။ ဒါက အမေရိကန်အတွက်ပဲ ဖြစ်ပါတယ်။
ခင်ဗျားသိတဲ့အတိုင်း တရုတ်နိုင်ငံက ရာဇဝတ်ဂိုဏ်းတွေကို တရုတ်အစိုးရက အရေးယူတယ်။ အခု တရုတ်အစိုးရက တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားသူတွေအပေါ် ပိုအရေးယူတာတွေမြင်ရတယ်။ ဒီလို တရုတ်အစိုးရက ပိုမိုပါဝင်လာတဲ့အခါ နိုင်ငံတကာ လုံခြုံရေးအပေါ် ပိုဩဇာကြီးလာတယ်။ ဒါပေမယ့် လူလိမ်ဂိုဏ်းတွေက တခြားနိုင်ငံတွေကို ပစ်မှတ်ပြောင်းလာကြတယ်။ ဒါကြောင့် အမေရိကန်ပြည်သူတွေ ပိုမိုပစ်မှတ်ထားလာတယ်၊ ဥရောပသားတွေပါ ထိခိုက်လာတယ်။ တခြားနိုင်ငံတွေကလည်း အတူတူပဲ။ ဒါကလည်း ထပ်စိုးရိမ်စရာ တခုပါ။
ဒါက fentanyl (ဖန်တနိုင်း) ပြဿနာနဲ့ အနည်းငယ် ဆင်တူတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်ဘက်မှာ ဒီအွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်နေတဲ့လူတွေကို ပြန်စစ်ဖို့ ထောက်လှမ်းရေးသတင်းအချက်အလက် အတော်များများရှိပေမယ့် ဒါကို အမေရိကန်နဲ့ တခြားနိုင်ငံတွေကို သေချာ မမျှဝေဘူး။ ဆုံးရှုံးနစ်နာမှုတွေ လျော့ပါးသွားအောင် ပူးတွဲ အရေးယူမှုတွေကလည်း မကျယ်ပြန့်ဘူး။ ဒီရာဇဝတ်ဂိုဏ်းတွေဟာ မူလက တရုတ်နိုင်ငံကနေ ထွက်ပေါ်လာတယ်ဆိုတာ မမေ့သင့်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖို့ဆိုရင် နယ်စပ်တွေကျော်ပြီး ဥပဒေစိုးမိုးရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုလာတယ်။ ထိုင်းကလည်း ဒီပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံအများအပြားနဲ့ မဟာမိတ်ဖော်ဖို့ ကြိုးစားနေတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ နိုင်ငံပေါင်း ၃၀ ကနေ ၄၀ ဝန်းကျင်ထိက လူတွေကို ပြန်ပို့ဖို့ လိုလာတဲ့အတွက်ပဲ။
အမှန်ပဲ၊ သူတို့ကို ဘယ်သူက ကာကွယ်ပေးနေလဲဆိုတာ ဒီမှာတခါ ပြန်မေးရမှာပါ။ မြန်မာ့စစ်တပ်ရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ပဲလေ။ ဒါကြောင့် ပြဿနာက တော်တော်စိတ်ရှုပ်စရာကောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖို့ဆိုရင် နယ်စပ်တွေကျော်ပြီး ဥပဒေစိုးမိုးရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုလာတယ်။ ထိုင်းကလည်း ဒီပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံအများအပြားနဲ့ မဟာမိတ်ဖော်ဖို့ ကြိုးစားနေတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ နိုင်ငံပေါင်း ၃၀ ကနေ ၄၀ ဝန်းကျင်ထိက လူတွေကို ပြန်ပို့ဖို့ လိုလာတဲ့အတွက်ပဲ။
နောက်ပြီး ထွက်လာတဲ့ လူတွေကိုကြည့်လိုက်ရင် တကယ်ကို ကမ္ဘာ့ နိုင်ငံပေါင်းများစွာက လူတွေပါဝင်နေတယ်။ ထိုင်းအစိုးရအနေနဲ့လည်း သံတမန်တွေကို ပိုစည်းရုံးဖို့ လိုလာတယ်။ ထိုင်းမှာ သံရုံးမထားတဲ့နိုင်ငံတွေကိုတောင် ဆက်သွယ်ပြီး ငွေလိမ်စင်တာတွေက လူတွေကို ပြန်ပို့ဖို့ လိုတယ်။ ဒါပေမယ့် ဒီပြဿနာကို ပိုကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖို့ဆိုရင် ကမ္ဘာအနှံ့အပြားက နိုင်ငံတွေ လက်တွဲပြီး အချက်အလက်မျှဝေဖို့၊ အရင်းအမြစ်တွေ ပူးပေါင်းအသုံးချဖို့ လိုတယ်။ ဒါမှသာ ဒီရာဇဝတ်ဂိုဏ်းတွေ တခြားနေရာကို ပြောင်းရွှေ့သွားတာ တားဆီးနိုင်မယ်။
အခုလည်း အပြောင်းအရွှေ့တွေ ရှိနေလားဆိုတော့ ရှိနေပြီ။ ကျနော်တို့မြင်နေကြတာက ရာဇဝတ်ဂိုဏ်းတွေ အခုတလောမှာတင် အခြားနေရာတွေကို ပြောင်းရွှေ့လာနေပြီ။ သူတို့က ရှေ့ပြေးအဖြစ် ကွဲပြားတဲ့ အခြေစိုက်စင်တာတွေ တခြားဒေသတွေမှာ တည်ဆောက်ပြီးထားပြီ။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကအထိ ပိုမိုကျယ်ပြန့်လာနေတယ်။
မြဝတီမှာ ဖမ်းဆီးမှုတွေရှိလာရင် သူတို့က ကမ္ဘောဒီးယားလို နောက်ထပ် နိုင်ငံတွေကို ပြောင်းသွားနိုင်တယ်။ ဒီလိုဟာက အရင်ကတည်းက ထပ်ခါတလဲလဲ ဖြစ်နေခဲ့တာ၊ ပြဿနာက အခု ဘယ်လိုဖြစ်လာတာလဲဆိုတော့ အရင်က ကိုးကန့်ဒေသကို လက်မလွှတ်ရခင်မှာကတည်းက မြန်မာစစ်တပ်ရဲ့ BGF ကာကွယ်မှုအောက်မှာ ရှိခဲ့ကြတယ်။ Operation 1027 ကြောင့် လောက်ကိုင်ကျသွားတဲ့အချိန်မှာ သူတို့အများစုက မြဝတီဘက်ကို ပြောင်းရွှေ့လာခဲ့ကြတာပဲ။

ထပ် ပြောချင်တာက ကိုးကန့် BGF တွေကိုယ်တိုင် ကရင်နယ်မြေတွေမှာ ကရင် BGF နဲ့ ပူးပေါင်းပြီး ငွေလိမ်စင်တာတွေ လာတည်ဆောက်ထားတာပါ။ သူတို့အနေနဲ့ မြန်မာ-ထိုင်းနယ်စပ်ပေါ် နေရာပြောင်းဖို့အတွက် တော်တော်လွယ်ကူခဲ့တယ်။ သူတို့က အခြေခံအဆောက်အအုံတွေကို နေရာအမျိုးမျိုးမှာ အပြီးအသတ် စီစဉ်ထားပြီးသားဖြစ်လို့ပဲ။
ဒါကြောင့် တခြားနိုင်ငံများစွာကလည်း ဒီလို နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်စေဖို့ နိုင်ငံစုံပါတဲ့ စနစ်တကျ လုပ်ထုံးလုပ်နည်းတွေ စဉ်းစားဖို့ လိုတယ်ဆိုတာ ထပ်မံဖော်ပြနေတယ်လို့ ထင်ပါတယ်။
မေး။ ။ နောက်ဆုံးမေးခွန်းပါ။ ASEAN ရဲ့ အခန်းကဏ္ဍပါ။ ဘာလို့လဲဆိုတော့ ဒီပြဿနာက ASEAN နိုင်ငံတွေမှာ ရှိနေတာလေ။ မလေးရှား၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားက လူတွေတောင် လှည့်ဖြားခံပြီး လူကုန်ကူးခံထားရတာ များတယ်။ ဒါပေမယ့် ASEAN က အသင်းအနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်တာ မမြင်ရသေးဘူး။ အခု လက်ရှိ ASEAN အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားက ဘာလုပ်သင့်လဲ၊ ဘယ်လိုအရေးယူမှုတွေ ဆောင်ရွက်နိုင်လဲ။
ဖြေ။ ။ ASEAN နိုင်ငံအချို့က ဒီပြဿနာတွေကို ဖြေရှင်းဖို့ တကယ်တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ ဥပမာဖော်ပြရမယ်ဆိုရင် ဖိလစ်ပိုင်က တနှစ်အတွင်း အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို ပိတ်ပင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီလောင်းကစားလုပ်ငန်းတွေဟာ ငွေလိမ်စင်တာတွေအတွက် အဖုံးအကွယ်အဖြစ် အသုံးပြုတာပါ။ ဖိလစ်ပိုင်က စနစ်တကျ ငွေလိမ်စင်တာတချို့ကို ဖမ်းဆီးဖျက်သိမ်းပြီး အခုတလောမှာလည်း ဆက်လက်တိုက်ဖျက်နေပါတယ်။
အဲဒီစင်တာတွေကနေ ပြောင်းရွှေ့လာတဲ့ လူတွေတချို့ဟာ ရွှေကုက္ကို ကနေ ပြန်ပြောင်းလာကြပြီး တချို့က ဖိလစ်ပိုင် နိုင်ငံအနှံ့ ပြန့်ကြဲသွားကြတယ်။ သူတို့က အွန်လိုင်းလှည့်ဖြားမှုတွေကို ဆက်လက်လုပ်ကိုင်နေဆဲပါ။ ဖိလစ်ပိုင်ကနေ ထွက်ပေါ်လာတဲ့ အစီရင်ခံစာတွေအရလည်း လူ ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ဝန်းကျင် ပါဝင်နေတယ်လို့ ဆိုကြပါတယ်။
ငွေလိမ်မှုတွေကြောင့် ထိခိုက်ရတဲ့ တခြားနိုင်ငံတွေထဲမှာတော့ စင်္ကာပူနဲ့ မလေးရှားလို နိုင်ငံတွေက ပိုမိုထိခိုက်နေတာ တွေ့ရပါတယ်။ သူတို့နိုင်ငံသားတွေ ငွေဆုံးရှုံးမှုများတာကြောင့် သူတို့နိုင်ငံသားတွေ ကာကွယ်ဖို့ ငွေလိမ်မှုတိုက်ဖျက်ရေးစင်တာတွေ ဖွင့်ထားပါတယ်။ စင်္ကာပူကလည်း ဒီအကြောင်းအရာမှာ ဦးဆောင်လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတခုပါ။ သူတို့က အွန်လိုင်း ငွေလိမ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ငွေဆုံးရှုံးမှုတွေ တော်တော်များများကို ပြန်လည်ရယူပေးနိုင်ခဲ့ပြီး စင်္ကာပူနိုင်ငံသားတွေအတွက် အန္တရာယ်လျော့ချပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် နိုင်ငံအချို့က ကိုယ်ပိုင်အဆင့်မှာ တကိုယ်တည်း ကြိုးစားဆောင်ရွက်နေကြပေမယ့် လုံးဝ အားလုံး ပူးပေါင်းထားတာတော့ မမြင်ရသေးပါဘူး။
ဒေသတွင်းမှာ တခြားနိုင်ငံအချို့ကလည်း ဒီပြဿနာကို လျစ်လျူရှုထားတယ်။ ဒါမှမဟုတ် သူတို့စီးပွားရေးကလည်း ဒီလူလိမ်တွေ နက်နက်ရှိုင်းရှိုင်းပါဝင်လာတဲ့အထိ လိုက်လျောပြောင်းလဲလာပြီး လိမ်လည်မှုစီးပွားရေး သို့မဟုတ် မတရားစီးပွားရေး ရှာစားလာကြတဲ့ထိ ဖြစ်လာနေတယ်လို့ပဲ ပြောရမယ်။ ကမ္ဘောဒီးယားက ဥပမာတခုပဲ။ မြန်မာစစ်တပ်ကလည်း အခုအချိန်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ စိတ်ပါဝင်စားမှု အနည်းငယ်ပဲ ရှိတယ်။
ဒေသတွင်းမှာ တခြားနိုင်ငံအချို့ကလည်း ဒီပြဿနာကို လျစ်လျူရှုထားတယ်။ ဒါမှမဟုတ် သူတို့စီးပွားရေးကလည်း ဒီလူလိမ်တွေ နက်နက်ရှိုင်းရှိုင်းပါဝင်လာတဲ့အထိ လိုက်လျောပြောင်းလဲလာပြီး လိမ်လည်မှုစီးပွားရေး သို့မဟုတ် မတရားစီးပွားရေး ရှာစားလာကြတဲ့ထိ ဖြစ်လာနေတယ်လို့ပဲ ပြောရမယ်။ ကမ္ဘောဒီးယားက ဥပမာတခုပဲ။ မြန်မာစစ်တပ်ကလည်း အခုအချိန်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ စိတ်ပါဝင်စားမှု အနည်းငယ်ပဲ ရှိတယ်။ အဲဒါကြောင့်ပဲ ပြဿနာကို ရှင်းဖို့ ASEAN အတွက် အတော်လေးခက်ခဲသွားပါတယ်။
ASEAN အနေနဲ့ မြန်မာပြည်တွင်းရေးကို ဖြေရှင်းဖို့ ကြိုးပမ်းတာနဲ့ အွန်လိုင်း ငွေလိမ်မှု ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတာမှာ ဆင်တူတဲ့ အချက်တွေ ရှိနေတယ်။ တချို့နိုင်ငံတွေက နိုင်ငံရေးဆန္ဒ ပိုပြီး ပြင်းပြတယ်၊ တခြားနိုင်ငံတွေကတော့ နည်းနည်းပဲ ရှိတယ်။ ဘယ်လိုနည်းနဲ့ တုံ့ပြန်ရမလဲဆိုတဲ့အပေါ်မှာ အမြင်ကွဲလွဲမှုတွေလည်း ရှိနေတယ်။
ဒါပေမယ့် မလေးရှားက လက်ရှိ ASEAN ဥက္ကဋ္ဌအဖြစ် တက်ကြွစွာ ဒီပြဿနာကို ထည့်သွင်းစဉ်းစားနေတယ်လို့ ပြောချင်ပါတယ်။ မလေးရှားက မလေးရှားနိုင်ငံသားတွေနဲ့ ASEAN က အခြားနိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ လိမ်လည်လှည့်ဖြားမှုတွေကို အရမ်းစိုးရိမ်နေတယ်။ သူတို့အနေနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ တနှစ်တာအတွင်း ဒီပြဿနာကို ASEAN က ပိုမို အရေးပေးစေဖို့ ကြိုးပမ်းနိုင်တယ်။ အထူးသဖြင့် သတင်းအချက်အလက် မျှဝေမှုမှာ ASEAN နိုင်ငံတွေအတွင်း တူညီတဲ့အမြင်ရှိသူများစွာ ပါဝင်ပံ့ပိုးလာနိုင်ပါတယ်။
You may also like these stories:
ကျားဖြန့်၊ အောက်ဆိုက်ဝင်ငွေနဲ့ အကျင့်ပျက် စစ်တပ်
ကိုးကန့်နယ်ခြားစောင့်တွေကို တရုတ် ရုံးတင်ပြီ
ကရင့်တော်လှန်ရေးသမားမှ ရာဇဝတ်ဂိုဏ်းချုပ်ဖြစ်လာသော စောချစ်သူ
ညှဉ်းပန်းရိုက်နှက်မှုများအကြောင်း ငွေလိမ်ဂိုဏ်းများမှ လွတ်မြောက်လာသူများ ပြော
ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း
BGF ခေါင်းဆောင်များ ဝရမ်းထုတ်ရေး ထိုင်း ရွှေ့ဆိုင်း














