• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

အတင်းအကျပ် စစ်သားစုဆောင်းသည့် စစ်ကောင်စီ နောက်လိုက်များ လုပ်ကြံသတ်ဖြတ်ခံရ

by ဧရာဝတီ
28 March 2024
in သတင်း
A A
အတင်းအကျပ် စစ်သားစုဆောင်းသည့် စစ်ကောင်စီ နောက်လိုက်များ လုပ်ကြံသတ်ဖြတ်ခံရ

မတ်လ တတိယပတ်အတွင်းက ရန်ကုန်တွင် စစ်မှုထမ်းဥပဒေကို လျှပ်တပြက် ဆန့်ကျင်ဆန္ဒပြနေစဉ် / Yangon Revolution Force

898
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတဝန်းမှ တော်လှန်ရေးအင်အားစုများသည် မကြာသေးမီက အကောင်အထည်ဖော်သည့် စစ်မှုမထမ်းမနေရ ဥပဒေအရ အရပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်းရန် ကြိုးစားသည့် စစ်ကောင်စီ နောက်လိုက် အနည်းဆုံး ၁၀ ဦးကို သတ်ဖြတ်ပြီး အခြားသူ ခုနစ်ဦးကို ကိုးရက်အတွင်း ဖမ်းဆီးခဲ့သည်။

တနိုင်ငံလုံးမှ တော်လှန်ရေးအင်အားစုများနှင့် စစ်မျက်နှာ အများအပြားတွင် အဆက်မပြတ် အကြီးအကျယ် ရှုံးနိမ့်နေသော စစ်တပ်တွင် လူအင်အားအကြီးအကျယ် မလုံမလောက်ဖြစ်နေခြင်းကို ပြန်လည် ဖြည့်တင်းရန် စစ်ကောင်စီသည် ထိုဥပဒေကို အလျင်အမြန် အကောင်အထည်ဖော်နေချိန်တွင် အတင်းအကျပ် စစ်သားစုဆောင်းမှုအား ဆန့်ကျင်မှုများ ဖြစ်ပေါ်နေသည်။

ထိုဥပဒေကို အကောင်အထည်ဖော်ချိန်မှ စတင်ပြီး မိသားစုစာရင်းများ ကောက်ခံရန်နှင့် စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အရွယ် အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသမီးများကို ရွေးချယ်ရန် စစ်ကောင်စီခန့် ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို တာဝန်ပေးထားသည်။

အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို မရပ်ပါက ပြင်းထန်သော အကျိုးဆက်များ ခံစားရမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ အပါအဝင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက သတိပေးထားသည်။

စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများသည် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၊ စီးပွားရေးမြို့တော် ရန်ကုန်နှင့် ဒုတိယအကြီးဆုံးမြို့တော် မန္တလေး အပါအဝင် နိုင်ငံတဝန်းမှ မြို့ကြီးများတွင် အတင်းအကျပ် စစ်သားစုဆောင်းနေသည်။ ၎င်းတို့သည် အတင်းအကျပ် စစ်သားစုဆောင်းခံရနိုင်ခြေ ရှိသူများထံမှ ငွေလည်း ညှစ်ကြသည်။ စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို တော်လှန်ရေး အင်အားစုများက လုပ်ကြံသတ်ဖြတ်မှုများ၊ ဖမ်းဆီးမှုများဖြင့် တုံ့ပြန်ကြသည်။

မတ်လ ၁၈ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ချင်း၊ ကချင်၊ မွန်၊ ရခိုင် ပြည်နယ်နှင့် မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းတို့တွင် အုပ်ချုပ်ရေးဝန်ထမ်းများ အပါအဝင် စစ်ကောင်စီက တာဝန်ခန့်အပ်သူ အနည်းဆုံး ၁၀ ဦး သတ်ဖြတ်ခံရပြီး အခြားသူ အနည်းဆုံး ခုနစ်ဦးကို တော်လှန်ရေး အင်အားစုများက ဖမ်းဆီးလိုက်ကြောင်း ဧရာဝတီက သိရသည်။

ကျေးရွာ သုံးခုတွင် လူငယ်များကို အတင်းအကျပ် စစ်သားစုဆောင်းသည့် စစ်ကောင်စီခန့် တောင်ကလေး ကျေးရွာအုပ်ချုပ်ရေးမှူးသစ် ဦးစန်းလွင်ကို ပစ်သတ်လိုက်ကြောင်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ ကျိုက်ထိုတော်လှန်ရေးတပ်ဖွဲ့ (KRF) က မတ်လ ၁၄ ရက်နေ့တွင် ကြေညာသည်။

ထိုတော်လှန်ရေး အင်အားစုက ထုတ်ပြန်သည့် ဗီဒီယိုတွင် ဆိုင်ကယ်စီးလာသည့် တော်လှန်ရေး တပ်ဖွဲ့ဝင် နှစ်ဦးအနက် တဦးက ဆိုက်ကယ်စီးလာသည့် စစ်ကောင်စီအုပ်ချုပ်ရေးမှူးအား ပစ်သတ်လိုက်ပုံကို ပြသထားသည်။

စစ်ကောင်စီ လိုလားသူများကိုလည်း တော်လှန်ရေး အင်အားစုများက ပစ်မှတ်ထားကြသည်။ မတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီလိုလားသည့် ဘုန်းကြီးကို ၎င်းတို့တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်။ စစ်ကောင်စီလိုလားသည့် ပျူစောထီးခေါင်းဆောင် ကော်ဖီဆိုင်ပိုင်ရှင် ဦးတင်ငြိမ်းကို သတ်ဖြတ်ရန် ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများက ကြေညာသည်။ သူသည် ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာမှ တော်လှန်ရေးအင်အားစုများ၏ သတင်းများ စုဆောင်းနေသည်ဟု ပြောကြသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အတင်းအကျပ် စစ်သားစုဆောင်းမှုတွင် ပါဝင်နေသည့် ရပ်ကွက်အုပ်ချုပ်ရေမှူးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့သည် / Kyaikhto Revolution Force

ထိုသို့ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားရာတွင် ဦးတင်ငြိမ်းသည် ဒဏ်ရာရသွားသော်လည်း လွတ်မြောက်သွားကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစုက ပြောသည်။ လုပ်ကြံလိုက်သည့် အထက်ပါ ဘုန်းကြီးသည် ပစ္စတိုတလက်ကိုင်ကာ အရပ်သားများကို ဖိနှိပ်သည်ဟု ပြောဆိုကြကြောင်း ထိုအဖွဲ့က ပြောသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဟန်လင်းကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် အောင်ကိုကိုအား သတ်ဖြတ်ခဲ့ကြောင်း Sky Force တော်လှန်ရေးတပ်ဖွဲ့က မတ်လ ၂၄ ရက်နေ့တွင် ကြေညာသည်။

အောင်ကိုကိုသည် အရပ်သားများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းအတွက် အမည်ဆိုးကျော်ကြားသူ ဖြစ်သည်။ သူသည် အတင်းအကျပ် စစ်သားစုဆောင်ရန်အတွက် အိမ်ထောင်စုစာရင်း ကောက်ခံစဉ် သတ်ဖြတ်ခံရသည်။ သူ့ထံမှ လက်နက်တလက်နှင့် ကျည်ကာအင်္ကျီတထည် သိမ်းဆည်းမိသည်ဟု Sky Force က ပြောသည်။

ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အမျိုးသမီးဝန်ထမ်း ဒေါ်မြမြငြိမ်းသည် စစ်တပ်အတွက် အတင်းအကျပ် စစ်သားစုဆောင်းပေးသောကြောင့် သူကို ၎င်းတို့အဖွဲ့နှင့် မဟာမိတ်များက ပစ်သတ်လိုက်ကြောင်း တော်လှန်ရေးအင်အားစု Flying Dragon Force က မတ်လ ၂၅ ရက်နေ့တွင် ကြေညာသည်။

ရွှေဘိုမှ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး နတ်နွယ်သည် စစ်တပ်အတွက် အတင်းအကျပ် စစ်သားစုဆောင်းသောကြောင့် လွန်ခဲ့သော မတ်လ ၂၂ ရက်နေ့က သတ်ဖြတ်ခဲ့ကြောင်းလည်း ထိုအဖွဲ့က ပြောသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ စစ်ကောင်စီ၏ စည်ပင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေးရုံးများမှ ဝန်ထမ်း ငါးဦးသည် အတင်းအကျပ် စစ်သားစုဆောင်မှု မလုပ်ရန် သတိပေးချက်ကို မလိုက်နာသောကြောင့် ၎င်းတို့ကို ဖမ်းဆီးခဲ့ကြောင်း ဇိုလန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့တွင် ကြေညာသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ စစ်ကောင်စီ၏ စည်ပင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အုပ်ချုပ်ရေးရုံးများမှ ဝန်ထမ်း ငါးဦးကို အတင်းအကျပ် စစ်သားစုဆောင်းမှုကြောင့် ဇိုလန်း PDF က ဖမ်းဆီးခဲ့သည် / PDF (Zoland)

အတင်းအကျပ် စစ်သားစုဆောင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး လောင်းလုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း တနင်္သာရီတိုင်းမှ နွေဦးပြောက်ကျား တော်လှန်ရေးအဖွဲ့က မီဒီယာသို့ ပြောသည်။

လွန်ခဲ့သော အပတ်တွင် စမ်းချောင်း ပင်မသပိတ်စစ်ကြောင်းသည် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့ မိသားစုဝင်များ၏ ဓာတ်ပုံများကို ထုတ်ပြန်ပြီး အတင်းအကျပ် စစ်သားစုဆောင်းရာတွင် ပါဝင်သောကြောင့် ပြင်းထန်သော အရေးယူမှု ခံရမည်ဖြစ်ကြောင်း သတိပေးသည်။

ထိုသို့ သတိပေးပြီးနောက် အုပ်ချုပ်ရေးမှူးအချို့သည် ပုန်းအောင်းနေကြပြီး အခြားသူများသည် ရာထူးမှ နုတ်ထွက်ရန် ကြိုးစားသည်ဟု အထက်ပါ တော်လှန်ရေး အင်အားစုက ပြောသည်။

ဧရာဝတီတိုင်းနှင့် မကွေးတိုင်းတွင် လူငယ် နှစ်ဦးသည် အတင်းအကျပ် စစ်သားစုဆောင်းခံရသောကြောင့် ကိုယ့်ကိုယ်ကို သတ်သေသည်ဟု သတင်းများတွင် ဖော်ပြသည်။

အတင်းအကျပ် စစ်မှုထမ်းရမည့် စာရင်းတွင် မြေးဖြစ်သူ ပါဝင်နေသည်ဆိုသည့် သတင်းကြောင့် တုန်လှုပ်ပြီး ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦးသည် လွန်ခဲ့သော မတ်လ ၂၀ ရက်နေ့တွင် တံတားပေါ်မှ ခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။

စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေတွင် ပြည်သူ ၁၄ သန်း အကျုံးဝင်သောကြောင့် မိဘများနှင့် လူငယ်များ စိုးရိမ်ပူပန်နေကြသည်။

အများအပြားသည် အရပ်သားများကို ရက်စက်ကြမ်းကြုတ်မှုအတွက် ရှုတ်ချခံရသည့် စစ်တပ်သို့ ဝင်ရောက်ရမည့်အစား နိုင်ငံမှ ထွက်ပြေးနေကြသည်။ အချို့သည် ပြည်သူ့ကာကွယ်ရေးတပ်များသို့ ဝင်ရောက်ခြင်း၊ အတင်းအကျပ် စစ်သားစုဆောင်းခံရခြင်းကို ရှောင်ရှားရန် စစ်ကောင်စီအရာရှိများ၏ ငွေညှစ်ခြင်း ခံနေရသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Resistance Groups Assassinate 10 Junta Officials Linked to Forced Conscription ကို ဘာသာပြန်သည်။)

You may also like these stories:

မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

စစ်မှုထမ်း စာရင်းကောက်သည့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရ

အုပ်ချုပ်ရေးမှူးများ လုပ်ပိုင်ခွင့် အလွဲသုံး၍ စစ်မှုထမ်းစာရင်းကောက်

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

စစ်မှုထမ်းဥပဒေကြောင့် စိတ်မပူတဲ့မိဘ မရှိဘူး

Your Thoughts …
Tags: PDFစစ်ကောင်စီစစ်မှုထမ်းဥပဒေစစ်အာဏာသိမ်းမှုတော်လှန်ရေးအင်အားစု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လိင်တူလက်ထပ်ခွင့် ဥပဒေ ထိုင်းအောက်လွှတ်တော် အတည်ပြု

လိင်တူလက်ထပ်ခွင့် ဥပဒေ ထိုင်းအောက်လွှတ်တော် အတည်ပြု

ပဋိပက္ခကြားက တက္ကသိုလ်ဝင်တန်း စာမေးပွဲ

ပဋိပက္ခကြားက တက္ကသိုလ်ဝင်တန်း စာမေးပွဲ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved