အာဏာသိမ်းစစ်အုပ်စုဟာ သူတို့ဦးဆောင်ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ပေးဖို့ ပြည်တွင်းနေ ဂီတနဲ့ ရုပ်ရှင်အနုပညာရှင်တွေကို ခြိမ်းခြောက်ပြီး အဓမ္မဖိအားပေး ခိုင်းစေနေပါတယ်။
ဒီအကြောင်း ဆိုရှယ်မီဒီယာမှာလည်း လူပြောများခဲ့ပါတယ်။ တချို့က နီးရာဓား ကြောက်ရတယ်လို့ ပြောကြသလို တချို့က ခိုင်းရာမလုပ်ချင်ရင် အဝေးထွက်ပြေးမှ ရမယ်လို့ ပြောကြတာတွေလည်း ရှိပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို လက်မခံပဲ စစ်အာဏာစက်အောက်မှာ မနေချင်လို့ တိုင်းပြည်က စွန့်ခွါခဲ့ကြတဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာကိုပေါက်ဟာလည်း တဦးအပါအဝင်ပါ။ အာဏာသိမ်းစစ်တပ်ရဲ့ အမှုဖွင့်၊ လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်းနေထိုင်နေရင်းကြားထဲက မသောက်မိသော မိုးခါးရေ၊ ရောင်နီလာရာလမ်းနဲ့ ပြုံးပြုံးလေး အမည်ရှိ ရုပ်ရှင်ကား ၃ ကားကို ရိုက်ကူးပြီး မြန်မာတွေများတဲ့ ပြည်ပနိုင်ငံတွေမှာ ရုံတင်ပြသနိုင်ခဲ့ပါတယ်။
လက်ရှိ အနုပညာရှင်တွေအပေါ် စစ်တပ်လုပ်နေတဲ့ အပြုအမှုအပေါ် သဘောထား၊ ခံယူချက်၊ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အနုပညာရှင်တွေနဲ့ပတ်သက်ပြီး ဒါရိုက်တာကိုပေါက်ကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













