အမေရိကန်နိုင်ငံ၊ ဘတ်ဖဲလိုးမြို့မှ မြန်မာလူမှုအသိုက်အဝန်းများသည် အစိမ်းနုရောင် မဏ္ဍပ်အတွင်း စုရုံးရောက်ရှိလာပြီး မြန်မာမှ ထောင်တခုတွင် တနှစ်နီးပါး အချိန်ကုန်ပြီးနောက် မကြာသေးမီက ပြန်လည် လွတ်မြောက်လာသည့် ဗုဒ္ဓဘာသာ ဘုန်းကြီး ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူကို ကြိုဆိုကြသည်။
သက်တော် ၆၅ နှစ်ရှိ ဆရာတော် အသျှင် ဦးပညာဇောတ ပြန်လည် ကြွရောက်လာသည်ကို ဒါယကာ၊ ဒါယိကာမများ ကြိုဆိုဂုဏ်ပြုကြသည်။ ဆရာတော်ကို မြန်မာစစ်အုပ်စုက တော်လှန်ရေး အကြမ်းဖက်များကို ထောက်ပံ့ခြင်း အပါအဝင် စွဲချက်များဖြင့် ထောင် ၁၅ နှစ် ချခဲ့သည်။ ထို စွပ်စွဲချက်များသည် စစ်အုပ်စုဆန့်ကျင်သူများကို ချေမှုန်း အသုံးပြုသည့် စွဲချက်များဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။
ဘတ်ဖဲလိုး မြန်မာအသင်း၊ နယူးယောက် ဒီမိုကရက် အထက်လွှတ်တော်အမတ် ခရစ္စတင်း ဂီလီဘရန်း၊ ပြည်ပတွင် ဖမ်းဆီးရသည့် အမေရိကန်များအရေး ဆောင်ရွက်သည့် ဖိုလေ ဖောင်ဒေးရှင်းတို့၏ အကူအညီဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆရာတော်ကို လူသားချင်းစာနာမှုအရ လွန်ခဲ့သောလက ပြန်လည် လွတ်မြောက်စေခဲ့သည်။
ဘတ်ဖဲလိုး မြန်မာအသင်း၊ နယူးယောက် ဒီမိုကရက် အထက်လွှတ်တော်အမတ် ခရစ္စတင်း ဂီလီဘရန်း၊ ပြည်ပတွင် ဖမ်းဆီးရသည့် အမေရိကန်များအရေး ဆောင်ရွက်သည့် ဖိုလေ ဖောင်ဒေးရှင်းတို့၏ အကူအညီဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆရာတော်ကို လူသားချင်းစာနာမှုအရ လွန်ခဲ့သောလက ပြန်လည် လွတ်မြောက်စေခဲ့သည်။
ဆရာတော် ပညာဇောတသည် မေတ္တာပါရမီ ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဖြစ်ပြီး ဘတ်ဖဲလိုးမှ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတွင် သီတင်းသုံးသော ဆရာတော်များအနက် ဝါအရင့်ဆုံးဖြစ်သည်။ ဆရာတော်သည် စစ်အုပ်စု ဖြုတ်ချရေး လှုပ်ရှားမှုတွင် အတက်ကြွဆုံးသူများတွင်လည်း ပါဝင်သည်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း ဘတ်ဖဲလိုးမြို့သည် ဖိနှိပ်သော အစိုးရများမှ ထွက်ပြေးလာသည့် လူသစ်များအတွက် ခရီးပန်းတိုင်ဖြစ်လာသည်။ ရွှေ့ပြောင်းအခြေချများနှင့် ဒုက္ခသည်များသည် နယူးယောက်၏ ဒုတိယ အကြီးမားဆုံးမြို့တွင် နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံး လူဦးရေ တိုးတက်မှု ဖြစ်စေသည်ဟု ၂၀၂၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ သိရပြီး ထိုမြို့တွင် မြန်မာ ၃,၀၂၄ ဦး ရှိသည်ဟု ဖော်ပြသည်။ (အချို့ အဖွဲ့အစည်းများက မြန်မာဦးရေ ၁၁,၀၀၀ ရှိသည်ဟု ဖော်ပြကြသည်။)
ဘတ်ဖဲလိုးသို့ ဆရာတော် ပြန်ကြွလာသောအခါ ဒါယကာ၊ ဒါယိကာမများ ကြိုဆိုကြသည်။
ဆရာတော်၏ လှုပ်ရှားမှုသည် ဘတ်ဖဲလိုးမှ မြန်မာအသိုက်အဝန်းဝင် အများအပြားနှင့် အလားတူပြီး မြန်မာလူမှုအသိုက်အဝန်း အများအပြားသည် ဇာတိမြေမှ ထွက်ပြေးလာရသူများ ဖြစ်သည်။
“ဆရာတော်ဟာ ဝိနည်းညီပြီး သူ့ ဒါယကာ၊ ဒါယိကာမတွေအတွက် ရပ်တည်တယ်” ဟု လွန်ခဲ့သော ခြောက်နှစ်က မြန်မာမှ ဘတ်ဖဲလိုးသို့ ရောက်လာကာ ထိုမြို့မှ ပြန်လည်နေရာချထားရေး အေဂျင်စီ လေးခုအနက် တခုဖြစ်သော ဂျူးမိသားစု ဝန်ဆောင်မှုများအတွက် အလုပ်အကိုင်ရှာဖွေပေးသူ ကိုနီမင်းက ပြောသည်။
“ဆရာတော်အတွက် အရမ်းစိုးရိမ်ခဲ့ရတယ်” ဟု တက္ကစီမောင်းသူ ကိုအောင်မိုးက ပြောသည်။ ကိုအောင်မိုးသည် အောက်တိုဘာလ ၃၁ ရက်နေ့က ဆရာတော် ဘတ်ဖဲလိုး နီရာဂရာ နိုင်ငံတကာ လေဆိပ်သို့ ပြန်ကြွလာသောအခါ ကြိုဆိုခဲ့သူ ၂၀ ခန့်အနက် တဦးဖြစ်သည်။ “ဆရာတော်က အရမ်းရဲရင့်တဲ့သူဖြစ်ပြီး မြန်မာတွေနဲ့အတူ အမြဲရပ်တည်ပါတယ်” ဟု သူက ပြောသည်။

ဆရာတော်၏ ဘုန်းကြီးကျောင်းတွင် ကျင်းပသည့် သိက္ခာထပ်ပွဲတွင် ဆရာတော်ကို ထောင်တွင် ချွတ်ခဲ့သည့် သင်္ကန်းအစား သင်္ကန်းသစ် ပြန်လည်ကပ်ပြီး ဘုရားဆင်းတုတော်ရှေ့တွင် အခြားဘုန်းတော်ကြီး ခြောက်ပါးက ကမ္မဝါရွတ်ပေးသည်။ ထိုအခမ်းအနားကို ပြင်ပတွင် မိုးဖွဲဖွဲရွာနေစဉ် နိဂုံးချုပ်ပြီး ဒါဇင်ချီသော ဗုဒ္ဓဘာသာများက စာအိတ်ထည့်ထားသည့် ဝတ္ထုငွေများကို ဘုန်းတော်ကြီးများ၏ သပိတ်တွင် သိမ်ဆွမ်းလောင်းလှူကြသည်။
“ဦးပဉ္ဇင်း အဝေးကို ရောက်နေတုန်းက ဘတ်ဖဲလိုးက မြန်မာအသိုက်အဝန်းက ဦးပဉ္ဇင်းကို ခွန်အားဖြစ်စေတယ်” ဟု ဆရာတော် ပညာဇောတက စကားပြန်မှတဆင့် မိန့်သည်။ “ဒါက အရမ်းရင်းနှီးပြီး ထူးခြားတဲ့ အသိုင်းအဝိုင်းပါ။ သူတို့က ဦးပဉ္ဇင်း ကို ဂရုစိုက်ကြတယ်၊ အားပေးကြတယ်၊ ပြီးတော့ ဦးပဉ္ဇင်းကို ဘယ်တော့မှ မမေ့ကြဘူး” ဟု မိန့်သည်။
ဆရာတော်သည် မြန်မာတွင် ထောင်နှင့် အကျွမ်းတဝင်ရှိသည်မှာ ကာလကြာမြင့်ပြီးဖြစ်သည်။ ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုများအတွက် ဆရာတော်ကို ၁၉၉၀ ပြည့်နှစ်က ပထမဆုံး ထောင်ချသည်။
ဆရာတော်သည် မြန်မာတွင် ထောင်နှင့် အကျွမ်းတဝင်ရှိသည်မှာ ကာလကြာမြင့်ပြီးဖြစ်သည်။ ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုများအတွက် ဆရာတော်ကို ၁၉၉၀ ပြည့်နှစ်က ပထမဆုံး ထောင်ချသည်။
“မြန်မာမှာ ဘုန်းကြီးတပါးအနေနဲ့ တအိမ်ပြီးတအိမ် ဆွမ်းခံကြွရပြီး ဘဝတွေ ဘယ်လို ခက်ခဲတယ်ဆိုတာ တွေ့ခဲ့ရတယ်။ လူတွေ အသတ်ခံရတာကို ကြည့်မနေနိုင်ဘူး။ ဒါကြောင့် နိုင်ငံရေးလုပ်ခဲ့တယ်” ဟု ဆရာတော်က မိန့်သည်။
ဆရာတော်ကို အမည်ဆိုးကျော်ကြားသည့် အင်းစိန်ထောင်တွင် အကြိမ်များစွာဖြင့် စုစုပေါင်း ၁၁ နှစ် ဖမ်းထားခဲ့ပြီး အခြား အကျဉ်းသား အများအပြားကဲ့သို့ပင် အင်းစိန်ထောင်တွင် ညှဉ်းပန်းနှိပ်စက်ခံရသည်။
ထိပ်တန်း အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခေါင်းဆောင်တဦးဖြစ်သူ ကိုစိုးသန်းသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ထောင်တိုက်ခန်းတခုတွင် အတူနေဖူးသည်။ ထောင်သည် ဆရာတော်ကို မချိုးဖျက်နိုင်ကြောင်း သူကပြောသည်။ “ဆရာတော်ဟာ အမှန်တကယ် မြင့်မြတ်သူဖြစ်တယ်။ ဆရာတော်ဟာ ဝိနည်းသိက္ခာထိန်းပြီး ဘုန်းကြီးတပါးလိုပဲနေတယ်” ဟု သူကပြောသည်။
ဆရာတော်သည် ဗုဒ္ဓဘာသာ ဘုန်းကြီးများ သင်္ကန်းရောင်ကို အစွဲပြုခေါ်သော “ရွှေဝါရောင်တော်လှန်ရေး” ဟု လူသိများသည့် ၂၀၀၇ ခုနှစ် စစ်တပ်ဆန့်ကျင်ပွဲတွင် လျှို့ဝှက်ခေါင်းဆောင်ဖြစ်ခဲ့သည်။ ထိုဆန္ဒပြပွဲများကို စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ တုံ့ပြန်သည်ကို ဆရာတော်က ပြန်ပြောပြသည်။
“သူတို့က ဘုန်းကြီးကျောင်းထဲ ပြေးလွှားပြီး ဘုန်းကြီးတွေကို ပစ်ခတ်တယ်” ဟု ဆရာတော်က မိန့်သည်။
ဆရာတော်သည် ထိုင်းနိုင်ငံသို့ ထွက်မပြေးမီ သုံးလ ပုန်းအောင်းနေထိုင်ရသည်။ သုံးလကြာသောအခါ ၂၀၀၈ ခုနှစ် အစောပိုင်းတွင် ကုလသမဂ္ဂ ပြန်လည်နေရာချထားရေး အေဂျင်စီတခုက ဆရာတော်ကို ကျောင်းသားဟောင်းတယောက် နေထိုင်ရာ နယူးယောက်မှ ယူတီကာသို့ ပို့ဆောင်ပေးသည်။ ဆရာတော်သည် ၂၀၁၃ ခုနှစ်တွင် ဘတ်ဖဲလိုးတွင် အခြေချသည်။
ဘတ်ဖဲလိုးသို့ ပြောင်းရွှေ့ရခြင်းသည် မြန်မာပြည်သူများအတွက် ယဉ်ကျေးမှု အတားအဆီးများအပြင် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်စေသည်ဟု မြန်မာလူမှုအသိုက်အဝန်း ဝန်ဆောင်မှုများအသင်း (BCS) ဥက္ကဋ္ဌ စတီဗင်စန်းယုက ပြောသည်။

ထိုစိန်ခေါ်မှုများတွင် အေးပြီးနှင်းထူသော ဆောင်းရာသီနှင့် အလုပ်ရရန် ခက်ခဲသော၊ အထူးသဖြင့် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု သို့မဟုတ် ပညာမပြည့်စုံသော လူသစ်များအတွက် ပိုမိုခက်ခဲသည့် ရုန်းကန်နေရသော စီးပွားရေးတို့ ပါဝင်သည်။
“မြန်မာလူဦးရေ တိုးလာတာကို မြင်ရတဲ့ ကျနော်ရဲ့ ပျော်ရွှင်မှုကို တိုင်းတာလို့မရဘူး” ဟု မြန်မာမှ ထွက်ပြေးပြီး ၂၀၀၄ ခုနှစ်တွင် ဘတ်ဖဲလိုးသို့ ရောက်လာသည့် ဆူရှီ စားဖိုမှူးဟောင်း ကိုကျော်ဝဏ္ဏက ပြောသည်။
သူနှင့် အခြားမြန်မာများသည် အခြားသူများ လိုက်လာရန် လူသစ်ရှာကြသည်။ ၎င်းတို့သည် ဈေးဆိုင်များ၊ စားသောက်ဆိုင်များဖွင့်ကာ ဝတ်ပြုသည့်နေရာများ ဖန်တီးကြပြီး စက်ရုံများတွင် အလုပ်လုပ်ကာ စာသင်ကြသည်။
“ဘတ်ဖဲလိုး လူမှုအသိုက်အဝန်းက အရမ်းနွေးထွေးတယ်။ မြန်မာက ထွက်လာတဲ့လူတွေက ဘတ်ဖဲလိုးကို လာချင်ကြတယ်” ဟု ကိုစိုးသန်းက ပြောသည်။
ဆရာတော် အရှင် ပညာဇောတသည် ဘုန်းကြီးကျောင်းတကျောင်း ကူညီတည်ဆောက်ပေးရန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဘာသာရေးဗီဇာဖြင့် မြန်မာသို့ ပြန်သည်။ ထိုစဉ်က ဆရာတော်သည် အမေရိကန်နိုင်ငံသား အသစ်စက်စက်ဖြစ်ပြီး အမေရိကန်နိုင်ငံသားဖြစ်ခြင်းကြောင့် အကာအကွယ်ရမည်ဟု သူထင်ခဲ့သည်။ သို့သော် တပတ်အကြာတွင် သူ့ကိုဖမ်းပြီး စစ်ကြောရေးစခန်းသို့ ပို့သည်။
ဆရာတော် အရှင် ပညာဇောတသည် ဘုန်းကြီးကျောင်းတကျောင်း ကူညီတည်ဆောက်ပေးရန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဘာသာရေးဗီဇာဖြင့် မြန်မာသို့ ပြန်သည်။ ထိုစဉ်က ဆရာတော်သည် အမေရိကန်နိုင်ငံသား အသစ်စက်စက်ဖြစ်ပြီး အမေရိကန်နိုင်ငံသားဖြစ်ခြင်းကြောင့် အကာအကွယ်ရမည်ဟု သူထင်ခဲ့သည်။ သို့သော် တပတ်အကြာတွင် သူ့ကိုဖမ်းပြီး စစ်ကြောရေးစခန်းသို့ ပို့သည်။
ဆရာတော်ကို အိပ်ခွင့်မပေးဘဲ ရိုက်နှက်သည်ဟု ဆရာတော်မိန့်သည်။ သို့သော် ထိုကိစ္စသည် သူ့ကို သင်္ကန်းချွတ်ပစ်ခြင်းလောက် အရေးမပါပေ။ သင်္ကန်းသည် ဘုန်းကြီးတပါး၏ ဘုန်းကြီးဘဝ ဆုံးဖြတ်ချက် သင်္ကေတဖြစ်သည်။ “ဒါဟာ ရုပ်ပိုင်းနာကျင်မှုမရှိတဲ့ ညှဉ်းပန်းနှိပ်စက်မှုပဲ” ဟု ဆရာတော်က မိန့်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများ လစဉ် လာရောက်တွေ့ဆုံသောကြောင့် ဆရာတော်သည် အခြား အကျဉ်းသားများခံရသည့် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုများမှ ကင်းလွတ်ခွင့်ရသည်။
ပြန်လည်လွတ်မြောက်ပြီး ဘတ်ဖဲလိုး မြန်မာလူမှုအသိုက်အဝန်းနှင့် ပြန်လည် ပေါင်းစည်းရခြင်းသည် မဖြစ်နိုင်တော့သည့်အရာဟု ဆရာတော်ထင်ခဲ့သည်ဟု သူအနားတွင် ဒကာ၊ ဒါယိကာမများ ရောက်နေစဉ်တွင် ဆရာတော်က မိန့်သည်။
“ဒီနေ့ လူတိုင်းက တူညီတဲ့ ပျော်ရွှင်မှု မျှဝေယူကြတယ်လို့ ဦးပဉ္ဇင်း ထင်တယ်” ဟု ဆရာတော်က မိန့်သည်။
(The New York Times ပါ ‘Never Forgot Me’: How a Monk’s Supporters Helped Him Survive Prison ကို ဘာသာပြန်သည်။)
You may also like these stories:
ဖမ်းဆီးခံ ရွှေဝါရောင်ဆရာတော် ဦးပညာဇောတ အသက်အန္တရာယ် စိုးရိမ်ရ
ကာတွန်းတွေက ပြောတဲ့ ရွှေဝါရောင်တော်လှန်ရေး
ရွှေဝါရောင်တော်လှန်ရေး ၁၀ နှစ်ပြည့် အခမ်းအနား ရန်ကုန်တွင် ပြုလုပ် (ရုပ်/သံ)
ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း
ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ














