• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒေါက်တာဘမော်ရဲ့ သမီး၊ ဗိုလ်ရန်နိုင်ရဲ့ ဇနီး

by နှင်းဝဿန်
2 July 2015
in ဆောင်းပါး
A A
ဒေါက်တာဘမော်ရဲ့ သမီး၊ ဗိုလ်ရန်နိုင်ရဲ့ ဇနီး

ဒေါက်တာဘမော် မိသားစု

23.8k
VIEWS
Share on FacebookShare on Twitter
ဒေါ်တင်ဇာမော်နိုင်
ဒေါက်တာဘမော် မိသားစု
၁၉၄၄ ခုနှစ်၊ ဇွန် ၂၃ ရက်နေ့တွင် ဒေါ်တင်ဇာမော်နိုင်နှင့် ဗိုလ်ရန်နိုင်တို့ လက်ထပ်ခဲ့သည်

လတ်တလော ထွက်ရှိနေသည့် မြန်မာ့သမိုင်း နောက်ခံစာအုပ်များထဲတွင် ဒေါက်တာဘမော်ကို ဗြိတိသျှ ကိုလိုနီခေတ် နှင့် ဂျပန်ခေတ် တို့တွင် နန်းရင်းဝန်နှင့် နိုင်ငံတော်အဓိပတိ ရာထူးများကို ထမ်းဆောင်ခဲ့သူအဖြစ် လည်းကောင်း၊ ရဲဘော်သုံးကျိပ်ကို မြန်မာ့ လွတ်လပ်ရေးတိုက်ပွဲတွင် အဓိကကျသောနေရာမှ ပါဝင်ခဲ့ကြသူများ အဖြစ်လည်းကောင်း တသမတ်တည်း ဖော်ပြခဲ့ကြသည်။

ဇွန်လ ၅ ရက်နေ့တွင် ထွက်ရှိခဲ့သော “A Burmese Heart” အမည်ရှိ စာအုပ်တွင်မူ ကွဲပြားမှုများ ရှိနေပြီး မြန်မာနိုင်ငံ ၏ သမိုင်းနှင့် ရှုပ်ထွေးနေသည့် နိုင်ငံရေးကာလများနှင့် ဆက်စပ်မှုများ ရှိခဲ့သည့် ဒေါ်တင်ဇာမော်နိုင်က သူ၏ ကိုယ်ရေး အမြင်များကို ရေးသားထားသည်ကို တွေ့ရသည်။ ဒေါ်တင်ဇာမော်နိုင်သည် ဒေါက်တာဘမော်၏ သမီး ဖြစ်သည်သာ မက ရဲဘော်သုံးကျိပ်ဝင် တဦး ဖြစ်သော ဗိုလ်ရန်နိုင်၏ ဇနီးလည်း ဖြစ်သည်။

ဒေါ်တင်ဇာမော်နိုင်သည် ဗြိတိသျှ ကိုလိုနီခေတ်က အခွင့်ထူးခံ အထက်တန်းလွှာတွင် ကြီးပြင်းခဲ့ရသူ ဖြစ်ပြီး မြန်မာနိုင်ငံ တွင် ငွေကြေးချမ်းသာသည့် မိသားစုများသာ တက်ရောက်နိုင်သည့် စိန့်ဂျွန်း (St.John) ကွန်ဗင့်ကျောင်းတွင် တက်ရောက်ခဲ့သူဖြစ်သည်။ ကျောင်းသူအများစုမှာ မြန်မာများ ဖြစ်သော်လည်း အိန္ဒိယ၊ တရုတ်နှင့် ဥရောပ သွေးနှောသူ မိန်းကလေးများလည်း တက်ကြသည့် ကျောင်းဖြစ်သည်။

ဒေါ်တင်ဇာမော်သည် မြန်မာသမိုင်း၏ အရေးပါသော ဖြစ်ရပ်များဖြစ်သည့် ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံ (ဗြိတိသျှ အစိုးရက ဆရာစံအား ရုံးတင်စစ်ဆေးသည့် အခါတွင် သူ၏ဖခင် ဒေါက်တာဘမော်က ဆရာစံ၏ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးခဲ့သည်) မှစ၍ အိန္ဒိယ-ဗမာ လူမျိုးရေး အဓိကရုဏ်းများ၊ ဂျပန်က မြန်မာနိုင်ငံကို သိမ်းပိုက်ထားသည့် ကာလ၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်းနှင့် ဗိုလ်ချုပ်နေဝင်း စစ်အာဏာ သိမ်းခြင်း ကာလအထိ ဖြတ်သန်းခဲ့သူလည်း ဖြစ် သည်။

သမိုင်းဆိုသည်မှာ လူများက ၎င်းတို့ မြင်ခဲ့ သည်ကို ပြန်ပြောခြင်းဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေးနှင့်ဆိုင်သော အဖြစ်အပျက်များ တွေ့ကြုံရသည့် အချိန်မှာ ဖြစ်သည်။ သို့သော်လည်း လွတ်လပ်ရေးခေတ်တွင် ဝန်ကြီးချုပ် ဖြစ်လာသော ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းသားခေါင်းဆောင်များက သူ၏ဖခင်ကို တွေ့ဆုံရန် နေအိမ်သို့ လာရောက်ကြသော အခါ ထိုလူများနှင့် ထိတွေ့ ဆက်ဆံမှုများအပေါ် ဒေါ်တင်ဇာမော်နိုင်က သူ၏ ကွဲပြားသော ကိုယ်ပိုင်အမြင်ဖြင့် ဖော်ပြထားသည် ကိုတွေ့ ရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
168
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
532
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

သူတင်ပြခဲ့သော ထင်ရှားသော ပုဂ္ဂိုလ်များနှင့် ထိုပုဂ္ဂိုလ်များ၏ အကျင့်စရိုက်များမှာ သမိုင်းစာအုပ် အများအပြားတွင် မြင်တွေ့နေကျ အကြောင်းအရာများနှင့် တချို့နေရာများတွင် ကွာခြားမှုများ ရှိနေသည်။

ဥပမာ ပြရလျှင် မြန်မာများက ဆရာစံအား တောင်သူလယ်သမားများ၏ အခွင့်အရေး အတွက် ရပ်တည်ခဲ့သော သူရဲကောင်း တဦးအဖြစ် သိကြသည်။ ဒေါက်တာမောင်မောင် ရေးသားသော “Burma and General Ne Win” စာအုပ်တွင် ဆရာစံ၏ အမှုကို စစ်ဆေးကြားနာခဲ့သည့် တရားသူကြီး ဦးဘဦးက ဆရာစံအား “ပိန်ပိန်ပါးပါးနှင့် သာမန် ကိုယ်ခန္ဓာ အရွယ်အစားရှိသူ တယောက်ပါ။ ဘယ်သူကမှ သူ့ကို ခေါင်းဆောင် တယောက်လို့ သိမှာ မဟုတ်ဘူး။ ဒါပေမယ့် သူက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ အရပ်အမောင်းကို လျစ်လျူရှုထားပြီးတော့ မျက်နှာနဲ့ မျက်လုံးတွေမှာ အားစိုက်ခဲ့တယ်။ သူ့မှာ ကြံ့ခိုင်တဲ့စိတ်ဓာတ်၊ ပြတ်သားတဲ့ မျက်နှာထားနဲ့ စူးရှတဲ့ မျက်လုံးတွေ ရှိတယ်” ဟု မှတ်ချက်ပြုခဲ့ကြောင်း ရေးသားထားသည်။

ထို့အပြင် ဆရာစံအား သေဒဏ်အတွက် အသနားခံစာတင်ရန် ပြောသောအခါ “ကျနော်ရဲ့ ရဲဘော်ရဲဘက်တွေနဲ့ နောက်လိုက်တွေ အများကြီး အသတ်ခံခဲ့ရတယ်၊ ဒါမှမဟုတ် ကြိုးပေးခံခဲ့ရတယ်။ ကျနော်လည်း သူတို့ လမ်းအတိုင်းပဲ လျှောက်သင့်တယ်လို့ ထင်တယ်” ဟု ပြောခဲ့ကြောင်းလည်း ဒေါက်တာ မောင်မောင်၏ စာအုပ်တွင် ဖော်ပြထားသည်။ ဆရာစံ၏ အနိုင်မခံ အရှုံးမပေးသော စိတ်နှင့် သေခြင်းတရားကို ဂရုမထားသည့် စိတ်ကို ဖော်ပြခြင်း ဖြစ်သည်။

သို့သော်လည်း ဒေါ်တင်ဇာမော်နိုင်၏ အမြင်တွင်မူ ဆရာစံသည် “ဂိုဏ်းဆရာယောင်ယောင် လုပ်နေသူတယောက်၊ သူပုန်ခေါင်းဆောင် တယောက်၊ တခါတရံ ဆေးကုတတ်သူ တယောက်” ဖြစ်နေသည်။ သူ၏ ဖခင် ဒေါက်တာဘမော် ကိုယ်တိုင်က ဆရာစံအကြောင်းကို ကောင်းကောင်း မသိခဲ့လျှင် “တခြား ပြစ်မှု အသေးစားများကို ကျူးလွန်တတ်သူ၊ စက်ဘီးသူခိုး သို့မဟုတ် လုယက်တတ်သူတယောက်” အဖြစ် အထင်မှားနိုင်သည်ဟုလည်း ဆိုသည်။ အမှု စစ်ဆေးရာတွင် သူ့ဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် ဒေါက်တာဘမော်ကိုပင် စကားမပြောရဲသူ တယောက် အဖြစ်လည်း ဖော်ပြထားသည်။ ဒေါ်တင်ဇာမော်နိုင်၏ ရေးသားမှုများက ဒေါက်တာ မောင်မောင်၏ စာအုပ်တွင် ဖော်ပြမှုများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ကို တွေ့ရသည်။

သခင်များနှင့် ပတ်သက်သော ဒေါ်တင်ဇာမော်နိုင်၏ အမြင်သည်လည်း သမိုင်းဇာတ်လမ်းတွေနှင့် ကွဲပြားနေခဲ့သည်။ မြန်မာ့သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့ အထင်ကရ ပုဂ္ဂိုလ်များ အပါအဝင် သခင်များသည် ကိုလိုနီခေတ် အမျိုးသားရေး လှုပ်ရှားမှုများတွင် ရှေ့ဆုံးမှ ပါဝင်ခဲ့သူများ ဖြစ်ကြသည်။ သို့သော် ဒေါ်တင်ဇာမော်နိုင်က “ကျမ အဖေက နိုင်ငံတခု တည်ဆောက်တယ် ဆိုတာ အယူဝါဒလမ်းစဉ် တခုကို မျက်စိမှိတ် ယုံကြည်တာထက် ပိုတယ် ဆိုတာ ရှင်းပြဖို့ ကြိုးစားခဲ့တဲ့ အချိန်မှာ အသက် ၂၅ နှစ် အရွယ် သခင်တွေက ကျောင်းသားလေးတွေလို သမ်းဝေနေ ခဲ့ကြတယ်” ဟု ဆိုသည်။

ဒေါ်တင်ဇာမော်နိုင်က ဖခင်ဖြစ်သူအား အလွန်ချစ်ခင် ကိုးကွယ်ကြောင်း ထင်ရှားစွာ တွေ့ရှိရသလို တခြားသူများနှင့် လည်း မကြာခဏ နှိုင်းယှဉ်လေ့ရှိသည်။ သို့သော်လည်း ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး အမျိုးသမီး အင်္ဂလိပ်စာ ကထိကဖြစ်လာသော ဒေါ်တင်ဇာမော်နိုင် ရေးသားသည့် “A Burmese Heart” စာအုပ်က ရှေ့ဆက် ဖတ်ရန် ဆွဲဆောင်နိုင်ပါသည်။

ဒေါ်တင်ဇာမော်နိုင်က မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ရေကြည်အိုင် စစ်ကြောရေး စခန်းတွင်လည်း နှစ်နှင့်ချီ၍ နေထိုင်ခဲ့ရသူ ဖြစ်သည်။ ပထမဆုံးနှစ်တွင် လေးလအရွယ် သားကလေးနှင့် အတူနေခဲ့ရသည်။ မြေအောက် တော်လှန်ရေးအဖွဲ့နှင့် ဆက်သွယ်မှုရှိသော ဗိုလ်ရန်နိုင်၏ ဇနီးဖြစ်ရခြင်းက သူ့ကို ပြစ်မှုကျူးလွန်သူ ဖြစ်စေခဲ့သည်။

သူ၏ စာအုပ်က ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင် အာဏာသိမ်းယူခဲ့သည့် ၁၉၆၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှ စစ်အစိုးရများ ခေတ်တွင် အလုပ်အကိုင် ဆုံးရှုံးခဲ့ရသူများ၊ အနာဂတ် မျှော်လင့်ချက် ပျောက်ဆုံးခဲ့ရသူများ၊ စစ်ထောက်လှမ်းရေးများ၏ မကြာခဏ အနှောင့်အယှက် ပေးခံရသူများနှင့် ဒေါ်တင်ဇာမော်နိုင်ကဲ့သို့ ထောင်ကျခဲ့ သူများ အပါအဝင် အလားတူဆင်းရဲဒုက္ခ ခံစားခဲ့ရသူများ အတွက်လည်း ပြန်လည် အမှတ်ရစရာ ဖြစ်စေပါသည်။

Inge Sargent ရေးသားသော “Twilight Over Burma: My Life as Shan Princess”၊ Pascal Khoo Thwe ရေးသားသော “From the Land of Green Ghosts”၊ Zoya Phan ရေးသားသော “Little Daughter” နှင့် Wendy Law-Yone ရေးသားသော “Golden Parasol” စာအုပ်များသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် လက်ထက် နှစ်များအတွင်း ခက်ခဲစွာ ရုန်းကန်လှုပ် ရှားခဲ့ရသည်များကို အသေးစိတ် ရေးသားဖော်ပြထား ကြသော စာအုပ်များ ဖြစ်ပါသည်။

သို့သော်လည်း သူ၏ မြေးမလေးဖြစ်သော Yin Mon Vanessa Han က ပါဝင်ကူညီ ရေးသား ခဲ့သော ဒေါ်တင်ဇာမော်နိုင်၏ စာအုပ်တွင် ထူးခြားချက် နှစ်ခုရှိသည်။ ပထမတခုမှာ ဗြိတိသျှကိုလိုနီ ခေတ်မှသည် ဗိုလ်ချုပ်ကြီး နေဝင်း၏ စစ်အစိုးရခေတ် အထိ ရှည်လျားသော အချိန်ကာလ၏ အကြောင်း အရာများကို ရေးသားခြင်း ဖြစ်သည်။ ဒုတိယတခုမှာ ဒေါ်တင်ဇာမော်နိုင်သည် ဒေါက်တာဘမော်၏ သမီး ဖြစ်ပြီး ဗိုလ်ရန်နိုင်၏ ဇနီးလည်း ဖြစ်သောကြောင့် နိုင်ငံသမိုင်းမှ အထင်ကရ ပုဂ္ဂိုလ်တချို့၏ အကြောင်းကို (အငြင်းပွားဖွယ်ရာများ ပါဝင်ကောင်း ပါဝင်နိုင် သော်လည်း) အတွင်းကျကျ ပြောပြနိုင်ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ကွယ်လွန်ခဲ့သော ဒေါ်တင်ဇာမော်နိုင်က ဤစာအုပ်ကို ရေးသားရခြင်း၏ အဓိက အကြောင်းရင်းမှာ ငယ်ရွယ်သော မျိုးဆက်သစ်များကို သူ့၏ ဇာတ်လမ်းအား ပြောပြလို၍ ဖြစ်သည်ဟု ဆိုသည်။ အမှန်တကယ်လည်း မျိုးဆက်သစ် လူငယ်များ လေ့လာရမည့် အမှတ်တရ အကြောင်းများ ဖြစ်ပါသည်။

“A Burmese Heart” စာအုပ်ကို Myanmar Book Center က ဇွန်လ ၅ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး တန်ဖိုးမှာ ကျပ် ၁၅၀ဝ၀ ဖြစ်ပါသည်။ Amazon တွင်လည်း ဝယ်ယူနိုင်ပြီး e-book အနေဖြင့်လည်း ရရှိနိုင်ပါသည်။     ။

Your Thoughts …
Tags: Book
နှင်းဝဿန်

နှင်းဝဿန်

Contributor

Similar Picks:

၀တ္တု, ဗီဒီယို, လိင်, စာနယ်ဇင်း, လွတ်လပ်ခွင့်

အောင်ရင်ငြိမ်း အပြာဝတ္ထု ရေးသလား

by စည်သူအောင်မြင့်
20 June 2014
71.7k

သူကတော့ လိင်ဆက်ဆံတဲ့ အခန်းလို့ပဲ ရှင်းရှင်း ခေါ်တယ်။ အဲဒီ အခန်းတွေကို အသေအချာ ရေးပြထားလေရဲ့။ နောက်ပြီး ကာမပိုင်ရှိတဲ့ မိန်းမနဲ့ တိတ်တဆိတ် လိင်ဆက်ဆံ တာဟာ အမှား ကျူးလွန်တာ မဟုတ်ဘူး ဆိုတာမျိုးလည်း အသေအချာ...

ဦးနေဝင်း, အာဏာရှင်ဟောင်း, ဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေ, အေးနေဝင်း, မြတ်ခိုင်, ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်

အေးနေဝင်း ပြောသော သူ့အဘိုး အကြောင်း

by ရန်ပိုင်
26 February 2014
26k

ဦးနေ၀င်း မိသားစုသည် မြန်မာ့သမိုင်း တကွေ့တွင် ထဲထဲဝင်ဝင် ပတ်သက် ခဲ့သူများ ဖြစ်လေရာ၊ ညောင်မြစ် တူး၍ ပုတ်သင် ဥများ ပေါ်လာလေ မည်လား ဆိုကာ မျှော်တလင့်လင့်နှင့် ဖတ်ဖြစ်၏

စွမ်းအားရှင

စွမ်းအားရှင်၊ စစ်ထောက်လှမ်းရေးနှင့် စရဖ

by မောင်ရိုး
14 August 2014
11.2k

သူဟာ ဘယ္လိုလူလဲ။ ကြံ့ခိုင်ရေး ထဲမှာရော၊ စစ်ထောက်လှမ်းရေး မှာရော၊ စရဖ အဖွဲ့ထဲမှာရော ထဲထဲဝင်ဝင် သိနိုင်တဲ့သူ ဖြစ်နိုင်တယ်။ သူ့ကိုလည်း ခပ်ရွံ့ရွံ့ ဖြစ်သွားမိပါတယ်။

ဘူးလက်လှဆွေ

သို့ … ဒိ (ပ) စမတ် ဘူးလက်လှဆွေ

by K ငြိမ်းချမ်း
28 May 2015
23.7k

အဲဒီလို တိုက်ခဲ့တာ တဘက်က ဘယ်သူတွေထင်လို့တုန်း၊ သိချင်မှာပေါ့။ ထိုင်းလား၊ တရုတ်တွေလား၊ အိန္ဒိယတွေလား … မဟုတ်ပါဘူး။ တနင်္သာရီတိုင်း KNU တပ်မဟာ ၄ မင်းသမီးစခန်း တိုက်ပွဲမှာတဲ့ခင်ဗျာ။ ပြည်ထောင်စုဖွားချင်း၊ နည်းတဲ့ သတ္တိလား

ကျော်ဟိန်း, အောင်သင်း, အင်တာဗျူး, စာပေစိစစ်ရေး

ကျော်ဟိန်းကတော့ ကျော်ဟိန်းပါပဲ

by တူးတူးသာ
20 December 2014
34.5k

ဆရာ ဦးအောင်သင်း မမေးခဲ့တာတော့ မဖြစ်နိုင်၊ ထိုခေတ်က စိစစ်ရေး ဓားချက်ထဲ ပါသွားခြင်း ဖြစ်မည်ဟု ကျမ ယူဆသည်။ တပ်ကိစ္စ၊ ထောင်ကိစ္စ ဆိုတာက ထိုစဉ် အချိန်က တကယ့် ဆတ်ဆတ်ထိ မခံ Issue...

မြို့မလွင်; ရန်ကုန်မြို့;တံမြက်စည်း; တပ်မတော် (ရေ ); ကရင်တပ်ရင်း

တခါတုန်းက တံမြက်စည်း

by K ငြိမ်းချမ်း
29 August 2015
16.7k

စာရေးသူ၏ ပြည်တွင်းစစ်အပေါ် အမြင်၊ ရန်သူအပေါ် သဘောထား၊ ပုဂ္ဂိုလ်ရေး စွန့်စားခန်း၊ ခေါင်းဆောင်မှု အခန်းကဏ္ဍတို့နှင့် ရက်ဖောက်ရေးသားတင်ပြထားချက်မှာ အခြားတပ်ထွက် အငြိမ်းစား စာရေးဆရာ အတော်များနှင့်မတူ ကွဲပြား ခြားနားသည်။

Next Post
ဆန္ဒပြ ကျောင်းသားများ, အမျိုးသား ပညာရေးဥပဒေ

သာယာဝတီထောင်၌ ဖမ်းဆီးခံထားရသည့် ဆန္ဒပြကျောင်းသား တချို့ တိုက်ပိတ် ပြစ်ဒဏ်ပေးခံရ

ဖိလစ်ပိုင် ကူးတို့သင်္ဘော နစ်မြုပ် လူ ၃၄ ဦးသေဆုံး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved