• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာတွေ စိတ်ထက်သန်စွာ သုံးလာတဲ့ Drone

by AFP
15 January 2016
in ဆောင်းပါး
A A
Drone, မိတ္ထီလာ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်, အိုင်တီနည်းပညာ,

၂၀၁၅၊ နိုဝင်ဘာလ ကြံ့ခိုင်ရေးပါတီ မဲဆွယ်ပွဲတွင် လွှတ်တင်ထားသည့် Drone တခု (ဓာတ်ပုံ- Reuters)

5.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ရှိ စည်ကားရှုပ်ထွေးနေသည့် ဈေးတခု၏ နောက်တွင် ဖြစ်ကတတ်ဆန်း ဆောက်လုပ်ထားသော အလုပ်ရုံ ထဲ၌ ကိုကြည်သာက အိမ်တွင်းဖြစ် မောင်းသူမဲ့လေယာဉ်ငယ် Drone တခု၏ ပလတ်စတစ်ပန်ကာကို တပ်နေသည်။ Drone များကို စိတ်ဝင်စားသူ ဝါသနာပါသူများ တိုးပွားလာနေသည့်အချိန်တွင် အိမ်တွင်းဖြစ် Drone များက ဆင်းရဲနွမ်းပါးမှုကြောင့် သူတို့၏ အဆင့်မြင့်နည်းပညာ အိပ်မက်များ ပျက်စီးမသွားအောင် ကူညီပေးနိုင်ခဲ့သည်။

စစ်အစိုးရ၏ လက်အောက်တွင် တိုင်းပြည်က နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့၍ အင်ဂျင်နီယာ ပညာများ၊ နောက်ဆုံးပေါ် နည်းပညာများ ရရှိနိုင်ခွင့် နည်းပါးခဲ့ရသော ဖန်တီးတီထွင်လိုကြသည့် လူငယ်မျိုးဆက် သစ်များက ကမ္ဘာပေါ်မှ တခြားနေရာများကို အမီ လိုက်နိုင်ရန် အင်တာနက်ကို အသုံးပြုခဲ့ကြပါသည်။

“Drone နည်းပညာကို မြန်မာနိုင်ငံမှာ လေ့လာဖို့က မလွယ်ပါဘူး။ ဒါကြောင့် ကျနော်တို့က ဒီအကြောင်းတွေကို You Tube ဗီဒီယိုတွေမှာ ကြည့်ခဲ့ရတယ်” ဟု ကိုကြည်သာက ပြောသည်။ လပေါင်းများစွာ ကြည့်ခဲ့ရပြီး  အလွန်နှေးကွေး သည့် အင်တာနက်ကိုလည်း ဗဟုသုတရှာဖွေရေးတွင် သည်းခံခဲ့ရသည်။

“ပထမပိုင်းမှာ ကျနော်တို့ ဘာအောင်မြင်မှုမှ မရခဲ့ပါဘူး။ ဒါပေမယ့် တနှစ်လောက် စမ်းသပ်ပြီးတဲ့ နောက်မှာတော့ ကျနော်တို့ လုပ်နိုင်တာတွေ အများကြီး ရှိလာပါတယ်” ဟု သူက AFP သို့ ပြောသည်။

အသက် ၂၆ နှစ်အရွယ် ကိုကြည်သာနှင့် သူ၏ အစ်ကိုဝမ်းကွဲ ဖြစ်သူ အသက် ၃၀ အရွယ် ကိုသက်စံတို့သည် သစ်သားအိမ် တလုံးကို သူတို့၏ နည်းပညာဆိုင်ရာ စီးပွားရေး လုပ်ငန်း ဖြစ်သည့် Myanmar Future Science ၏ အဓိက နေရာတခု အဖြစ် ပြောင်းလဲခဲ့ကြသည်။
အနောက်ဘက်ရှိ သူတို့ အလုပ် လုပ်သည့် စားပွဲပေါ်တွင် ဝက်အူလှည့် ထည့်သည့်ဘူးများ၊ အလူမီနီယံချောင်းများနှင့် လေယာဉ်ပုံစံငယ် တခု၏ ကိုယ်ထည် အစရှိသည့် ပစ္စည်းများ အစရှိသည့် စိတ်လှုပ်ရှားဖွယ်ရာ တီထွင်မှု၏ သင်္ကေတများဖြင့် ပြည့်နှက်နေသည်။
သူတို့ ကုမ္ပဏီက အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများအတွက် ဝန်ဆောင်မှုများ ပေးခြင်းဖြင့် ဝင်ငွေ ရှာဖွေပါ သည်။ Drone များနှင့် မောင်းသူမဲ့ လေယာဉ်ငယ်ကို အသုံးပြု၍ မြေပုံများ အတွက် ကောင်းကင်မှ မြေတိုင်းထွာခြင်းနှင့် စိုက်ပျိုးမြေများ တိုင်းထွာမှတ်သားခြင်းများ ပြုလုပ်ပေးနေသည်။

သို့သော်လည်း သူတို့၏ဆန္ဒမှာ ကမ္ဘာ့နည်း ပညာများကို ပေါ်ထွက်လာခါစ တီထွင်သူများ အတွက် လမ်းဖွင့် ပေးလိုခြင်း ဖြစ်သည်။ သူတို့တွင် ဆိုင်ငယ်လေးတခုရှိပြီး လျှပ်စစ်မော်တာငယ်လေးများ၊ ပန်ကာများ နှင့် Drone များ လေယာဉ်များ အတွက် ပလတ်စတစ်ကိုယ်ထည် အစိတ်အပိုင်းများ၊ အဝေးထိန်းစနစ်သုံး ကားငယ်များ ရှိသည်။

မြန်မာနိုင်ငံမှ လူငယ်များသည် နောက်ဆံးပေါ် နည်းပညာ တိုးတက်မှုများကို ရရှိရန် စိတ်အားထက်သန်နေကြ သော်လည်း ငွေကြေး အခက်အခဲများကြောင့် ခရီးမရောက်ရခြင်းများ ရှိနေသည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး၏ အမွေအနှစ်တခုဟု ဆိုနိုင်ပါသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
422
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
186
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
592

အသင့် အသုံးပြုနိုင်သည့် Drone အသစ်တခု၏ တန်ဖိုးမှာ ကျပ် ၃ သိန်းရှိသည့် အတွက် မြန်မာနိုင်ငံမှ လူငယ်အများစု တတ်နိုင်သည့် ပမာဏထက် များစွာ ကျော်လွန်နေသည်။ မြန်မာနိုင်ငံမှ လူတဦးချင်း၏ တနှစ် ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၂၇၀ သာ ရှိသည် ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါသည်။

သို့သော်လည်း ကိုယ်တိုင်လက်ဖြင့် တည်ဆောက်သူများ၏ တီထွင်ဖန်တီးနိုင်မှုကြောင့် ကုန်ကျစရိတ်ကို ၁၀ ဒေါ်လာခန့် အထိ လျှော့ချနိုင်ခဲ့သည်။ သူတို့၏ လေယာဉ်ငယ်များ တည်ဆောက်ရန်အတွက် ကုန်ပစ္စည်း ထုပ်ပိုးသော Polystyrene ဖော့ကဲ့သို့ ပစ္စည်းများကို အသုံးပြုခဲ့ကြသည်။ ဈေးချိုသည့် စက်ပစ္စည်းများကို ရှာဖွေခဲ့ကြသည်။

“ဒါက ကျနော်တို့ရဲ့ ဝါသနာပါ။ မြန်မာနိုင်ငံက ကျောင်းသားလူငယ် အများအပြား လုပ်ချင်ကြသလိုပဲ၊ ကျနော်တို့က ဒီလို အသုံးအဆောင်တွေနဲ့ ပစ္စည်းတွေ လုပ်ရတာကို အလွန်စိတ်ဝင်စားပါတယ်” ဟု ကိုကြည်သာက ပြောသည်။ သူက ပစ္စည်း အစိတ်အပိုင်း အများစုကို တရုတ်နိုင်ငံမှ တင်သွင်းသည်။
လွတ်လပ်စွာ ပျံသန်းခြင်း
မြန်မာနိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားသည့် နေရာများမှအစ ဆန္ဒပြပွဲများ အထိ ကောင်းကင်မှ ဓာတ်ပုံ ရိုက်ယူချင်သော ဓာတ်ပုံဆရာများ၊ ဗီဒီယို သမားများ အတွက် Drone များက ရွေးချယ်စရာတခု ဖြစ်သည်။

ရေကူးသူများ ငါးမန်း အန္တရာယ် ကာကွယ်ပေး နိုင်ရန် အတွက် ငါးမန်းများကို ခြေရာခံရာတွင် Drone များကို ဩစတြေးလျ နိုင်ငံတွင် စတင်အသုံး ပြုနေပြီ ဖြစ်သည်။ Amazon   ကုမ္ပဏီကလည်း ကုန်ပစ္စည်းပို့ဆောင် ရေးအတွက် အသုံးပြုရန် ဆန္ဒရှိနေသည်။ သို့သော်လည်း Drone များ ရေပန်းစားလာခြင်းတွင် လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာများလည်း ရှိနေသည်။

စက်တင်ဘာလ အတွင်းက US Open တင်းနစ်ပြိုင်ပွဲ ကျင်းပနေစဉ် Drone တခု ပျက်ကျခဲ့ သည့်အတွက် ပြိုင်ပွဲကို အနှောင့်အယှက် ဖြစ်စေခဲ့ရသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံတွင် Drone များကို မဖြစ်မနေ မှတ်ပုံတင်ခိုင်းရန် သင့်မသင့် စဉ်းစားနေကြသည်။
ကမ္ဘောဒီးယားကဲ့သို့ အရှေ့တောင်အာရှ နိုင်ငံအချို့တွင် Drone အသုံးပြုခြင်းကို တင်းကျပ်စွာ ထိန်းချုပ် ထားသည်။ သို့သော်လည်း ဖွံ့ဖြိုးလာနေသည့် Drone ကိစ္စနှင့် ပတ်သက်၍ နေရာအများ အပြားတွင် ယခုအချိန်အထိ ဥပဒေအရ ထိန်းချုပ် ထားနိုင်ခြင်း မရှိသေးပါ။ မြန်မာနိုင်ငံတွင် ဥပဒေအရ ထိန်းချုပ်မှုများ ပြုလုပ်ရန် လွှတ်တော်တွင် တင်ပြဆွေးနွေးနေသည်။

သီတင်းပတ်ကုန် ရက်များနှင့် အားလပ်ရက် များတွင် ဝါသနာရှင်များက သူတို့၏ Drone များကို ယူဆောင်၍ ရန်ကုန်မြို့ အပြင်ဘက် လူနေကျဲပါးသည့် နေရာများသို့ အဖွဲ့လိုက် သွားရောက်လေ့ ရှိပါသည်။

ရွှေတိဂုံ စေတီတော်အနီးရှိ ပန်းခြံတခုအတွင်းမှ လေထုထဲတွင် ပျံသန်းသည်ကို ကြည့်နေသော လူငယ် IT သမား တယောက်က သူအများဆုံး ကြုံရသည့် ကန့်ကွက်မှုမှာ လုံခြုံရေးနှင့် ပတ်သက်သည့် မရေမရာ ကန့်ကွက်မှုများ ဖြစ်သည် ဟု ပြော သည်။

“ကျနော်က မြန်မာနိုင်ငံရဲ့ လှပတဲ့ ရှုခင်းတွေကို ကျနော့်ရဲ့ Drone နဲ့ မှတ်တမ်းတင်ပြီး ပြချင်တာသက်သက်ပါ” ဟု သူက AFP သို့ ပြောသည်။ သူ၏ အမည်ကို Ethan ဟု အမည်ဝှက်ဖြင့်သာ သုံးစွဲပေးရန်လည်း တောင်းဆိုခဲ့သည်။

“လူတွေက Drone နဲ့ ရိုက်တဲ့ပုံတွေကို သဘောကျကြတယ်။ အဲဒါတွေက အရမ်းကြည့်လို့ ကောင်းပါတယ်။ ကျနော့်ရဲ့ Drone က ကောင်းကင်မှာ ပျံသန်းနေတဲ့ အချိန်မှာ ကျနော် မယုံနိုင်လောက်အောင် ဖြစ်ရတယ်။ အရမ်း ပျော်ပါတယ်” ဟု Ethan က ပြောသည်။
ကောင်းကင်ပေါ် တက်ရေး အကန့်အသတ်များ

မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့ရှိ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၏ ပင်မ ကျောင်းဆောင်မှာ လေယာဉ်တစီး၏ ပုံစံမျိုးဖြစ်ပြီး ထိုတက္ကသိုလ်ရှိ သုတေသီများက Drone နည်းပညာကို သိပ္ပံနည်းကျသည့် ရည်ရွယ်ချက်များဖြင့် ပိုမို အသုံးပြုနိုင်ရန် လေ့လာနေကြသည်။

ပြီးခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလ အတွင်းတွင် တိုင်းပြည်၏ နေရာအများအပြား၌ ပေါ်ပေါက်ခဲ့သော ရေလွှမ်းမိုးမှု ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများ၏ သက်ရောက်မှုကို သိရှိနိုင်ရန်အတွက် လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်က Drone ဖြင့် လေ့လာခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရေလွှမ်းမိုးမှုများ ကြောင့် လူ ၁ ဒသမ ၆ သန်းခန့် ထိခိုက် နစ်နာခဲ့ရသည်။

“ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်ဖို့နဲ့ တိုင်းတာဖို့ အတွက် Drone နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက အလွန် အသုံးဝင်ပါတယ်” ဟု လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် မောင်းသူမဲ့လေယာဉ်ဌာန (Department for Unmanned Aerial Vehicles) အကြီးအကဲ ဦးသဲမောင်မောင်က ပြောသည်။

လေ့လာတိုင်းထွာမှုများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ သဘာဝ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးရမှု အတိုင်းအတာကို ရှာဖွေရန်၊ မြစ်ကမ်းပါး ပြိုကျသည့် နေရာများကို မြေပုံပေါ်တွင် မှတ်သားနိုင်ရန်နှင့် ကယ်ဆယ်ရေး စခန်းများ အတွက် အကောင်းဆုံး နေရာကို သတ်မှတ်နိုင်ရန် ဖြစ်သည်ဟု သူက ဆိုသည်။

အသစ်ဖွင့်လှစ်လိုက်သည့် မောင်းသူမဲ့ လေယာဉ်ဌာနသည် နိုင်ငံတကာမှ အဆင့်မြင့်နည်းပညာများကို အမီလိုက်နိုင် ရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ နှစ်ပေါင်းများစွာ ဘဏ္ဍာငွေ ရရှိမှု နည်းပါးခဲ့ပြီး ဥပေက္ခာ ပြုခြင်း ခံခဲ့ရသည့် ပညာရေးစနစ် တခုအတွက် အံ့ဩစရာတော့ မဟုတ်ပါ။

ကိုကြည်သာကဲ့သို့ ဝါသနာရှင်များနှင့် သူ၏ ဇွဲကောင်းသော ဖောက်သည်များသည် မြန်မာနိုင်ငံက တခြားနိုင်ငံများကို အမီလိုက်နိုင်ရေးတွင် အရေးပါလာလိမ့်မည် ဟု ဦးသဲမောင်မောင်က ပြောသည်။

“နည်းပညာ စိတ်ဝင်စားတဲ့ လူငယ်တွေကို ကျနော်တို့က အားပေးဖို့လိုပါတယ်။ ဒါမှလည်း ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှု ကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်” ဟု သူက ရှင်းပြသည်။

(AFP တွင် ဖော်ပြထားသော Soaring aspirations of Myanmar’s drone enthusiasts ကို နိုင်မင်းသွင် ဘာသာပြန်သည်။)

Your Thoughts …
Tags: Technology
AFP

AFP

Agency

Similar Picks:

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.2k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

by ဇာနည်မာန်
28 November 2014
18.9k

ဒီဂိမ်းကို လူ ၈ ယောက်တည်းနဲ့ ရန်ကုန်မှာ ဖန်တီးနိုင်ခဲ့တဲ့ အတွက် အံ့ဩတယ် လို့ နိုင်ငံခြားဂိမ်း ရေးဆွဲတဲ့သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေက ပြောကြပါတယ်။ ဒါကို လုပ်နိုင်ခဲ့တဲ့ အတွက် အရမ်းဂုဏ်ယူမိ ပါတယ်။

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
19 November 2014
4.2k

မိုက် ခရိုဆော့ဖ်ကတောင်မှ သူ့ရဲ့ထုတ်ကုန်မှာ Windows RT ကို သုံးမထား တော့တဲ့ အတွက် Windows RT သုံး တက်ဘလက်တွေ ကတော့ မ၀ယ်သင့် ပါဘူး

Technology, Opinion

စမတ်ဖုန်းကပေးတဲ့ လူမှုဒုက္ခများ

by သန်းနိုင်ဦး
19 October 2015
8.6k

ဘွဲ့ရလူငယ်တယောက်က အီးမေးလ်အသုံးပြုမှု တခါမှမရှိသလို ဘယ်ဝက်ဘ်ဆိုဒ်ကိုမှလည်း မဖွင့်ဖူးဘူး။ ဂူလ်ဂဲကနေ ဘာကိုမှ မရှာဖွေဖူးတဲ့သူတွေ ရှိတယ်။ ကုန်ကုန်ပြောရရင် ဖေ့စ်ဘုတ်ကိုပဲ အင်တာနက် ထင်နေတဲ့သူတွေ ကျနော်တို့ ဝန်းကျင်မှာ ရှိနေတယ်။

စမတ်ဖုန်း တလုံး အကျိုးရှိရှိသုံးပါ

စမတ်ဖုန်း တလုံး အကျိုးရှိရှိသုံးပါ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
13 October 2014
8.7k

အဲဒီဖုန်းကို သင် ဘယ်လောက် အထိ အသုံးချသလဲ ဆိုတာ ဆင်ခြင် ကြည့်သင့် ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းကို ကြူဖို့ ကြောင်ဖို့ပဲ သုံးဦးမှာလား၊ အကျိုးရှိရှိ သုံးမှာလား သင့် ဘာသာသင် ဆုံးဖြတ်ပါတော့။

Windows Tablet သုံးစွဲရခြင်း အကြောင်းအရင်း

Windows Tablet သုံးစွဲရခြင်း အကြောင်းအရင်း

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
5 November 2014
3.4k

PC တွေမှာ သုံးနေတဲ့ ပုံစံအတိုင်း တကယ်အလုပ်တွေ လုပ်မယ် ဆိုရင် Windows Tablet ကလွဲပြီး တခြားသုံးစရာ မရှိပါဘူး။ အထူးသဖြင့် စတဲ့ Pagemaker, Indesign, Photoshop စတဲ့ Adode အုပ်စုဝင်...

Next Post
Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

ဂေါပက, ကျိုက်ထီးရိုး, မဘသ, အလှူငွေ, သာသနာရေး

ဘုရားဂေါပကတွေကို စာရင်းစစ်ပေးပါ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved