• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home SFU

ကြက်သားကာလသားချက်၊ လစ်ပတန်တီးနဲ့ ခေတ်ပျက်သူဌေးလေး ဖတ်ဖို့ မေတ္တာစာ

by မောင်ကေ
9 June 2016
in SFU
A A
မောင်မောင်ဖောင်တိန်

ကာတွန်းဆရာ မောင်မောင်ဖောင်တိန်ရဲ့ သရော်ချက်

22.3k
VIEWS
Share on FacebookShare on Twitter

မောင်ကေတို့တိုင်းပြည်ကို စင်ကာပူရဲ့ဦးသျှောင် လီရှန်လုံးက မြန်မာနိုင်ငံ အစိုးရသစ်နဲ့ ဖွံံ့ဖြိုး တိုးတက်မှုတွေ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာပြည်ကို လာလည်ပြီး နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နောက် လွှတ်တော်ဥက္ကဌတွေ၊ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်တို့နဲ့ တွေ့ဆုံနေတာ သတင်းတွေထဲမှာ မြင်နေ ကြားနေရတယ်လေ။

စင်ကာပူနဲ့ မြန်မာချစ်ကြည်ရေး နှစ် ၅၀ ပြည့်နဲ့လည်း တိုက်ဆိုင်နေတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အာဆီယံအဖွဲ့ကို ဦးဆောင်ပေးဖို့ သတင်းမီဒီယာများမှာ ဖတ်ရှုရတာမို့ စင်ကာပူ ဝန်ကြီးချုပ်ဟာ အကြောင်းမဲ့လာရောက်လည်ပတ်တာ မဟုတ်ဘူးဆိုတာ မောင်ကေတို့လို ဟိုမရောက် ဒီမရောက် ပြည်တွင်းဖြစ် ဘွဲ့လေးရှိထားပေမယ့် ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းမှာပါ နေဖူးထားသူတွေက ချက်ဆို နားကွက်က မီးတောက်ပြီးသားပါ။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
560
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131

အဲ  ဒါပေသိ စိန်ကောင်းကျောက်ကောင်း ရောင်းချိန်မှာ မကျေမနပ်တွေဖြစ် ပေါက်ကွဲထွက်လာတဲ့ ဆေးရိုးသည်တယောက် အသံတသံကြောင့် မောင်ကေတို့ မျက်လုံးပြူးပြီး အာရုံစိုက်သွားရတယ်။ အဲဒီ မောင်ရင်က ဘီလီယံနာ သူဌေးကလေး၊ တိုင်းပြည်ကို “ဆိုရှယ်လစ်တော်လှန်ရေး အောင်ရမည်”လို့ လိမ်ပြီး သူ့မိသားစုတွေ ကျိကျိတက် ချမ်းသာသွားတဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့မြေး မောင်အေးနေဝင်း ဆိုသူပါ။

သူကလေးက သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာမှာ စင်ကာပူဝန်ကြီးချုပ်ကို သမ္မတကြီးဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က တည်ခင်းတဲ့ ညစာစားပွဲမှာ ကြက်သားကာလသားချက်နဲ့ လစ်ပတန်တီး တိုက်လို့ဆိုပြီး ခံစားမရနိုင် ဖြစ်ပါသတဲ့။ လစ်ပတန်တီး တိုက်တာ တိုင်းပြည်သိက္ခာကျသတဲ့။ အဲဒီအစား အထုပ်၂၀ ပါတဲ့ဘူးကို ၁၃ဒေါ်လာလောက်ပေးရတဲ့ နာမည်ကျော် Twinings Earl Grey ဒါမှမဟုတ် Queen Anne Tea ကို ဗြိတိသျှ ကုန်တိုက်ကြီးတွေက မှာယူလို့ရနိုင်ကြောင်း ရွှေဉာဏ်တော် စူးရောက်စွာ ရေးသား ထောက်ပြခဲ့တယ်။

သူ့အဖိုးက တိုင်းပြည်ကို အရှေ့တောင်အာရှမှာ အချမ်းသာဆုံးကနေ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်အောင် လုပ်သွားနိုင်ခဲ့တော့ အခု အစိုးရသစ် ရက် ၁၀၀ စီမံကိန်းအတွက် အကြံပေးခိုင်းရင် ဘယ်လိုနေမလဲလို့ မောင်ကေ စဉ်းစားကြည့်မိတယ်။ သေချာတာကတော့ သူပြောတဲ့ ၁၃ ဒေါ်လာ (မြန်မာငွေတသောင်းခွဲ) ဆိုတာ လှိုင်သာယာလိုနေရာမျိုးမှာနေသူတွေ တပတ်စာကောင်းကောင်း ဖူလုံတယ်ဆိုတာ သူ မစဉ်းစားမိတာပဲ။ တိုင်းပြည်ဆင်းရဲနေချိန်မှာ ခေါင်းဆောင်ဟာ  အတတ်နိုင်ဆုံးခြိုးခြံချွေတာပြီး တိုင်းပြည် တည်ဆောက်ရေးမှာ အားဖြည့်ရမယ်ဆိုတာ ခေတ်ပျက်သူဌေးလေး မောင်အေးနေဝင်း သိတောင်သိပုံ မပေါ်ပါဘူး။

သမိုင်းကြောင်းလေးနဲ့ စပ်ဆက်ပြီး ပြောရရင် မောင်အေးနေဝင်းရဲ့ အဖိုး ဦးနေဝင်းလက်ထက် ယခု စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးရဲ့ဖခင် လီကွမ်ယုက အင်တာဗျူးတခုမှာ ဦးနေဝင်းအစိုးရနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ စကားလေးတခွန်းကို သတိရမိတယ်။ လီကွမ်ယုက “ဒီလောက် သယံဇာတတွေ ပေါများစွာ ထွက်ပြီး သဘာဝ သယံဇာတ အရင်းအမြစ်တွေ ပေါကြွယ်လှတဲ့ နိုင်ငံတနိုင်ငံကို ဆင်းရဲမွဲတေသွားအောင် ဘယ်လိုများ အုပ်ချူပ်ခဲ့ပါလိမ့်တဲ့”ခမျ။

ခုညစာစားပွဲမှာ ဧည့်ခံကျွေးမွေးတဲ့ ကြက်သားကာလသားချက်ရယ် လစ်ပတန်တီးလေးရယ်ကို စင်ကာပူ ဝန်ကြီးချုပ် နဲ့ဇနီးသည်တို့က နှစ်သက်ကျေနပ်ကြတယ်တဲ့။ စင်ကာပူ ဝန်ကြီးချုပ်ဟာ ဆင်းရဲသား အလုပ်ကြိုးစားတဲ့ စင်ကာပူနိုင်ငံကို သူဌေးဖြစ်အောင် ဦးဆောင်ခဲ့တဲ့ သူ့ဖခင် လီကွမ်ယု ဆုံးမပဲ့ပြင်မှုအောက်ကနေ ကြီးပြင်းခဲ့သူတယောက်ဖြစ်လို့ ပကာသနနဲ့ အဓိကကို သိသူမို့ ငြိုငြင်မှာ မစိုးရပါဘူး ခေတ်ပျက်သူဌေးလေးရယ်။

ငယ်စဉ်က လူမိုက်ဂိုဏ်းတွေထောင်၊ လမ်းသူရဲ ဆန်ဆန် ပြုမူ၊ ကိုယ့်နိုင်ငံက စစ်တပ်ထဲ အုပ်စုဖွဲ့ တန်ပြန်အာဏာသိမ်းဖို့ ကြိုးစားလို့ ထောင်သွင်းအကျဉ်းခံရ၊ ထောင်ကထွက်တော့လည်း တိုင်းပြည်က မွဲနေပေမယ့် အမည်ဝှက်အမည်ပုန်းတွေနဲ့ ဘဏ်လုပ်ငန်းတွေလုပ်၊ ဒေါ်လာသိန်းချီတန်တဲ့ ကားကြီးတွေစီးသူတွေက  ကြက်သားကာလသားချက်နဲ့ လစ်ပတန်တီးကို မကြိုက်သောအခါ မောင်ကေတယောက် ဘာများ တတ်နိုင်ပါဦးမည်နည်း။

Your Thoughts …
Tags: ထွေရာလေးပါး
မောင်ကေ

မောင်ကေ

Contributor

Similar Picks:

IBS, Middle pain, ဆီးခုံဆီးစပ်, နာကျင်မှု,

နာကျင်နေသော ဆီးစပ်များ (၁)

by ဒေါက်တာသက်ဦး
22 September 2015
92.2k

ဆီးစပ် နာကျင် ကိုက်ခဲတာက လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေကိုလည်း သတိမူရမှာ ပါ။ ဂနိုလို့ အသိများတဲ့ Gonorrhea နဲ့ Chlamydia ရောဂါတွေ ကတော့ ဒီလက္ခဏာ အဖြစ်များပါတယ်။ တခါတလေ ၂...

ဒီမိုကရေစီ, ၃၇ မင်း နတ်

ဒီမိုကရေစီအစ ၃၇ မင်းက

by ညိုမြ(မောင်သုမန)
9 September 2015
5.5k

စတာလင်တို့၊ လီနင်တို့၊ အက်တလီတို့၊ အိုက်ဆင်ဟောင်ဝါတို့က သူတို့ဝါဒတွေကိုအဘယ်မျှ အမွှမ်းတင် ၀ါကြွားနေ စေကာမူ မြန်မာပြည်မှာ ဒီမိုကရေစီစနစ် စထွင်စီမံသူ၊ ပဒေသရာဇ်ကို ဦးစွာ တော်လှန်သူများဟာ ပန်းပဲမောင်တင့်တယ် အမှူးရှိတဲ့ ပုပ္ပား ၃၇ မင်း နတ်များသာလျှင်...

တောက်တဲ့တွေ ခေတ်စားနေတယ်

by ရန်ကုန်သားတာတေ
9 November 2011
2.7k

“တောက်တဲ့ ... တောက်တဲ့ … တောက်တဲ့” “သစ်ပင်ပေါ်မှာထိုင်နေတဲ့ တောက်တဲ့ တောက်တဲ့ … မိုးလေဝသ ဟောတတ်တဲ့ တောက်တဲ့ … တောက်တဲ့ … အိုး အော်လိုက်စမ်းပါဦး …” တန်ဆောင်တိုင် လွိုင်ကထုံပွဲကြောင့်...

သူခိုးရေးတဲ့ သူခိုးဝတ္ထု

သူခိုးရေးတဲ့ သူခိုးဝတ္ထု

by မင်းဒင်
3 September 2014
18.6k

“လူပျိုပါ” လို့လည်း သူခိုးက ဖြေလိုက်ရော အပျိုကြီးဟာ “ဒီတစ်ခါတော့ ဟန်ကျပြီဟဲ့” ဆိုတဲ့ အတွေးနဲ့ “ဒါဆိုနင် ငါ့ကို လက်ထပ် ယူမလား၊ ယူမယ်ဆိုရင် ငါလွှတ်ပေးမယ်။ မယူဘူး ဆိုလို့ကတော့ သူကြီးအိမ် အပို့ပဲ”

စစ်ရေးအမြင်နဲ့ ကန်စွန်းရွက်ကြော်

ကန်စွန်းရွက် ကြော်ရင်လည်း စစ်ရေးအမြင် ရှိရမယ်

by မင်းဒင်
19 May 2015
5.7k

ဒင်းတို့ ဟာပြောတော့မိုး၊ ထိုးတော့မြေကြီုး။ နှစ်ပေါင်းခြောက်ဆယ် နီးပါး ဦးဆောင်ခဲ့တဲ့တိုင်းပြည်ကို ပြန်ကြည့်တော့ ဖွတ်ကျောပြာစု၊ ခရုတ်ဆံကျွတ်၊ အမွဲတကာ့ထိပ်ခေါင်၊ အီသီယိုးပီးယားက အဘခေါ် နေရပြီလေ

Crony, စစ်အစိုးရ

အသားမည်းမည်း ဗိုက်ရွှဲရွှဲများ အကြောင်း

by ကိုအောင်
28 April 2014
6k

"ကျနော်တို့ ဘဝက ဒီလိုပါပဲဗျာ"ဟု စကားကို ရပ်သည်။ ပြီးတော့ "ဒီအသားမဲမဲ ဗိုက်ရွှဲရွှဲတွေနဲ့ လွတ်မှာ မဟုတ်ပါဘူး" ဟုလည်း ဆိုကာ သူ၏ မှုန်ကုတ် နေသော မျက်နှာကလည်း လငပုတ် ဖမ်းသလို ဖြစ်သွားသည်။

Next Post
မိုးသည်းထန်မှု

စစ်ကိုင်းတိုင်းတွင် ရေကြီးမှုကြောင့် လူ ၂ ဦး သေဆုံး၊ အပျက်အစီးများပြား

ရေနံဓာတ်ငွေ့ရည်

ရေနံဓာတ်ငွေ့ရည် လက်လီ အရောင်းဆိုင်များကို ယာယီ လိုင်စင်ထုတ်ပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved