• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

နာကျင်နေသော ဆီးစပ်များ (၁)

by ဒေါက်တာသက်ဦး
22 September 2015
in Health
A A
IBS, Middle pain, ဆီးခုံဆီးစပ်, နာကျင်မှု,

ဆီးခုံဆီးစပ် နာကျင်မှုကို အားလုံးခံစားကြမယ် ထင်ပါတယ်။

92.2k
VIEWS
Share on FacebookShare on Twitter

လူမှန်ရင် ကျားကျား၊ မမ အနည်းနဲ့ အများ ကြုံဖူးကြမယ့် ဝေဒနာတခုက ဆီးခုံ၊ ဆီးစပ် နာကျင်တာပါ။ ဆီးခုံ၊ ဆီးစပ် ဆိုတာ ကတော့ ဝမ်းဗိုက်ကြွက်သားတွေရဲ့အောက်ဘက် (ချက်အောက်ပိုင်း) နဲ့ ခြေထောက် (ပေါင်) တွေရဲ့ အထက်ပိုင်းကို ဆိုလိုတာပါ။ အမျိုးသမီးတွေ သွေးမဆုံးမီ ကာလမှာ ဖြစ်တာ၊ သာမန် လေထိုးတာလောက်က သိပ်မဆိုးလှ ပေမယ့် တချို့ အကြောင်းတွေကျတော့ ဆေးရုံဆေးခန်း သွားကို သွားရမယ့် အရေးပေါ် မီးနီပြ ဥသြဆွဲသံ ဖြစ်နေပြန် ပါတယ်။

အူအတက်ရောင်

ဘယ်ဘက်ဆီးစပ်မှာ စူးရှနာကျင်ပြီး အော့အန်မယ်၊ ဖျားမယ် ဆိုရင်တော့ အူအတက် ရောင်တာ ဖြစ်ဖို့ များပါတယ်။ ဒါတွေ ပူးတွဲ ဖြစ်ရင်တော့ အရေးပေါ်ကို ပြေးရပါလိမ့်မယ်။ ပိုးဝင်ပြီး ရောင်ရမ်းနေတဲ့ အူအတက်က ခွဲစိတ်ဖို့ လိုတတ် ပါတယ်။ ပေါက်ထွက် သွားရင်တော့ တကိုယ်လုံး ရောဂါပိုးတွေ ပျံ့နှံ့ ဝင်ရောက်ရာက အသက်အန္တရာယ် အထိ ဒုက္ခ ပေးပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

အူမကြီးမတည်ငြိမ်

တချို့ ဖြစ်လေ့ ရှိပါတယ်။ ဗိုက်ထဲကနာ၊ ပြည့်ကယ်၊ ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက် အမြဲတမ်းလိုလို ဖြစ်နေတာမျိုးပေါ့။ ဒါကတော့ Irritable Bowel Syndrome (IBS) ခေါ်တဲ့ အူမကြီး မတည်ငြိမ်တဲ့ အခြေအနေပါ။ ဒါမျိုးကတော့ သေချာပြီ လို့ စစ်ဆေး သတ်မှတ်ပြီးရင် အစားအသောက် ဆင်ခြင်၊ စိတ်ဖိစီးမှု လျော့အောင်လုပ်၊ ဆေးတွေ ပေးပြီး သက်သာအောင် လုပ်လို့ ရပါတယ်။

မျိုးဥကြွေနာ

အမျိုးသမီးတွေ ဓမ္မတာ တကြိမ်နဲ့ တကြိမ်ကြား ပုံမှန် နာကျင်တတ်တယ် ဆိုရင်တော့ မျိုးဥကြွေတဲ့ လက္ခဏာပါ။ မျိုးဥအိမ် ကနေ မျိုးဥက သွေးစီးကြောင်းနဲ့ အရည်တွေထဲ ဆင်းလာလို့ ဖြစ်တာပါ။ ဓမ္မတာ ၂ ကြိမ်ရဲ့ အလယ် ကာလမှာ နာကျင်တတ်တာမို့ ဂျာမန်စကား Mittleschmerz အရ အလယ်ကာလ နာကျင်မှု (Middle pain) လို့် ခေါ်ကြပါတယ်။ တကြိမ်နဲ့ တကြိမ် နာကျင်တဲ့ နေရာ မတူသလို နာရီပိုင်းနဲ့ သက်သာ သွားတတ်ပါတယ်။

ရာသီနာ

ဓမ္မတာ လာတိုင်း ကြုံရတတ်ပါတယ်။ ဝမ်းဗိုက် အောက်ပိုင်းမှာ ဆုပ်ဆွဲထားသလို နာတာ၊ ခါးမှာ နာတာ စသဖြင့်ပေါ့။ ၁ ရက်ကနေ ၃ ရက်လောက် အထိ နာပါတယ်။ သားအိမ်က လစဉ်သူ့ရဲ့ မျက်နှာပြင် အသစ် လဲရတာကိုး။ ဒါမှလည်း သန္ဓေသား ခိုလှုံ ဖွံ့ထွားဖို့ အဆင်ပြေမှာ ပါ။ သန္ဓေမတည်တဲ့ အခါ ကျတော့ မျက်နှာပြင်က ကွာကျပေးရတဲ့ အတွက် ရာသီသွေး ဆင်းလာတာ ပေါ့။ အဲဒီ အချိန်မျိုးမှာ သားအိမ်က အဲဒါတွေ ညှစ်ထုတ်ပေးရာက နာကျင်မှု ရစေတာ ပါ။ အကိုက်အခဲ ပျောက်ဆေးတွေ သောက်၊ ရေနွေးအိပ်လေး ကပ်ပြီး သက်သာအောင် လုပ်နိုင်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှု အလေ့အကျင့် လုပ်တာ၊ စိတ်ဖိစီးမှု လျှော့ဖြေ ပေးတာတွေက အထောက်အကူ ဖြစ်ပါတယ်။ တော်ရုံနဲ့ မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

သားအိမ်ပြင်ပ သန္ဓေတည်

ရံဖန်ရံခါ သားအိမ်ပြင်ပမှာ သန္ဓေတည်ပြီး ကြီးထွား လာတတ်ပါတယ်။ အများအားဖြင့် မျိုးဥပြွန် Fallopian tube မှာ ပေါ့။ စူးစူးဝါးဝါး ဆီးစပ်မှာ နာကျင်ပြီး မိန်းမကိုယ်က သွေးတွေ ဆင်းမယ်၊ အော့အန်၊ မူးဝေ စတာတွေလည်း ဖြစ်ပါ တယ်။ ဒါမျိုးကတော့ အသက်အန္တရာယ် ပေးနိုင်တဲ့ အရေးပေါ်အခြေအနေပါ။

လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေ

ဆီးစပ် နာကျင် ကိုက်ခဲတာက လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေကိုလည်း သတိမူရမှာ ပါ။ ဂနိုလို့ အသိများတဲ့ Gonorrhea နဲ့ Chlamydia ရောဂါတွေ ကတော့ ဒီလက္ခဏာ အဖြစ်များပါတယ်။ တခါတလေ ၂ မျိုး တပြိုင်နက် ဖြစ်နေတတ် ပြန်ပါတယ်။ အမြဲတမ်း လက္ခဏာ ပြတာမျိုး မဟုတ်ပေမယ့် ဆီးသွားရင် နာကျင်တာ၊ အဖြူဆင်းတာ၊ ရာသီအလယ် နာကျင်တာတွေ တွဲဖြစ်တတ် ပါတယ်။ ဒါမျိုးတွေ ကျရင်တော့ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော် ကိုပါ စစ်ဆေး ကုသတာမျိုး လုပ်မှ အဆင်ပြေပါတယ်။

အဲဒီ လိင်ကနေတဆင့် ကူးစက်တာတွေကနေ Pelvic Inflammatory Disease  ခေါ်တဲ့ နောက်ဆက်တွဲ ရောဂါ တခု ဆင့်ပွား လာပြန်ပါတယ်။ အသေအချာ ကာကွယ်လို့ ရပေမယ့် မကုဘဲထားရင် သားသမီး မရတဲ့ အကြောင်းရင်း တခုလည်း ဖြစ်စေပြန် ပါတယ်။ သားအိမ်၊ မျိုးဥအိမ်၊ မျိုးဥပြွန်တွေမှာ နာတာရှည် ထိခိုက်နေစေတဲ့ ရောဂါပါ။ ဆီးစပ်နာ၊ ဖျား၊ အဖြူတွေဆင်း၊ ဆီးသွားချိန်နဲ့ လိင်ဆက်ဆံချိန် တွေမှာ နာကျင် စတာတွေ ဖြစ်ပါတယ်။ ပဋိဇီဝ ဆေးတွေနဲ့ ကုသလို့ ရပြီး ပြင်းထန်ရင်တော့ ဆေးရုံတင် ကုရတာမျိုး အထိ ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံဖက်ကိုပါ ကုသပေး ရပါတယ်။

မျိုးဥအိမ်ထဲက အိတ် (အလုံး)

သားဥအိမ်လည်း ခေါ်ကြတဲ့ မျိုးဥအိမ်က လစဉ် မျိုးဥတွေ ခြွေပါတယ်။ အဲဒီအချိန်မှာ မျိုးဥ ထွက်ပေါက်လေး မပွင့်သေးတာနဲ့ ကြုံရသလို ပြန်ပိတ်သွားချိန်မှာ မျိုးဥအိမ်ထဲ အရည်တွေနဲ့ တင်းကျန် နေတတ် ပါတယ်။ အဲဒါကနေ မျိုးဥအိမ်ထဲ အလုံးလေးတွေ ဖြစ်တတ် ပါတယ်။ တကယ်တော့ စိုးရိမ်စရာ သိပ်မလိုဘဲ သူ့ဖာသာ ပြန်သက်သာ သွားတတ် ပါတယ်။ ဒါပေမယ့် အနီးအနားတွေကို ဖိတာ၊ ဖောင်းကားလာတာ စတာတွေ ကနေ နာကျင်မှု ဖြစ်စေပြန် ပါတယ်။ တခါတရံ အဲဒီ အိတ်ကလေးတွေ ပေါက်ထွက်တာ၊ လိမ်သွားတာက ပြင်းပြင်းထန်ထန် နာကျင်စေပြီး အရေးပေါ်ခန်း ရောက်သွား တတ်ပါတယ်။ Ultrasound လို စမ်းသပ် စစ်ဆေးမှုတွေနဲ့ ရှာဖွေကုသလို့ ရပါတယ်။

သားအိမ်ထဲက အသားမျှင်လုံး

သားအိမ်နံရံမှာ အဲဒီ Uterine fibroid အလုံးတွေ ဖြစ်လာတတ် ပါတယ်။ ကင်ဆာ မဟုတ်တဲ့ အလုံးအဖုတွေလို့ ဆိုရမှာ ပေါ့။ အသက် ၃၀ ကနေ ၄၀ အကြား အမျိုးသမီးတွေ အဖြစ်များ ပါတယ်။ သာမန်အားဖြင့်တော့ ပြဿနာ မဟုတ်ပါဘူး။ တချို့ကျတော့ ဝမ်းဗိုက်မှာ အင့်နေတာ၊ ခါးနာတာ၊ ရာသီပေါ်ချိန် သွေးအများကြီးဆင်းတာ၊ လိင် ဆက်ဆံချိန် နာကျင်တာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ အခက်အခဲတွေ့တာတွေ ဖြစ်လေ့ ရှိပါတယ်။ ဖယ်ရှားပစ်ဖို့ လိုအပ်ရင် လိုအပ်တာမို့ သားဖွားမီးယပ် ဆရာဝန်တွေ ဆီမှာ အကြံ တောင်းခံသင့်ပါတယ်။

ပြင်ပရောက် သားအိမ်တစ်ရှူး

တချို့ အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ သားအိမ်ကို ကာရံထားတဲ့ တစ်ရှူးက ပြင်ပ အင်္ဂါတွေဆီ ရောက်သွားတဲ့ Endometirosis ခေါ်ပါတယ်။ မျိုးဥအိမ်၊ မျိုးဥပြွန်၊ ဆီးအိမ်၊ အူနဲ့ တခြားအစိတ်အပိုင်းတွေမှာ သားအိမ် တစ်ရှူး ရောက် နေတတ်တာပါ။ ဓမ္မတာ လာချိန်မှာ အဲဒီတစ်ရှူးတွေ ကွာကျရပါတယ်။ အပြင်ကို ထွက်လို့ မရတဲ့ တစ်ရှူးတွေကြောင့် နာကျင်မှု ခံစားရတတ် ပါတယ်။ ရှားရှားပါးပါး အမာရွတ် ကျန်လေ့ ရှိတာကတော့ ကိုယ်ဝန်ရဖို့ ခက်ခဲတတ် ပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေနဲ့ နာကျင်မှု သက်သာအောင်၊ သန္ဓေတားဆေးတွေ၊ ဟော်မုန်းတွေနဲ့ ဓမ္မတာ မလာအောင် ရပ်ထားတာမျိုး လုပ်လို့ ရပါတယ်။ ခွဲကြောင်းရာ သေးသေးလေးခွဲပြီး ကုသရတာမျိုး ရှိသလို၊ သားအိမ် ထုတ်ရတဲ့ အထိ လည်း ကုသရတတ် ပါတယ်။
ဆီးစပ်၊ ဆီးခုံနာကျင်မှုရဲ့ အကြောင်းရင်းတွေ အများကြီး ရှိနေသေးတာမို့ နောက်တပတ် ဆက်ပြီး လေ့လာကြည့်ပါဦး စို့။    ။

Your Thoughts …
Tags: ထွေရာလေးပါး
ဒေါက်တာသက်ဦး

ဒေါက်တာသက်ဦး

Contributor

Similar Picks:

ဒီမိုကရေစီ, ၃၇ မင်း နတ်

ဒီမိုကရေစီအစ ၃၇ မင်းက

by ညိုမြ(မောင်သုမန)
9 September 2015
5.5k

စတာလင်တို့၊ လီနင်တို့၊ အက်တလီတို့၊ အိုက်ဆင်ဟောင်ဝါတို့က သူတို့ဝါဒတွေကိုအဘယ်မျှ အမွှမ်းတင် ၀ါကြွားနေ စေကာမူ မြန်မာပြည်မှာ ဒီမိုကရေစီစနစ် စထွင်စီမံသူ၊ ပဒေသရာဇ်ကို ဦးစွာ တော်လှန်သူများဟာ ပန်းပဲမောင်တင့်တယ် အမှူးရှိတဲ့ ပုပ္ပား ၃၇ မင်း နတ်များသာလျှင်...

တောက်တဲ့တွေ ခေတ်စားနေတယ်

by ရန်ကုန်သားတာတေ
9 November 2011
2.7k

“တောက်တဲ့ ... တောက်တဲ့ … တောက်တဲ့” “သစ်ပင်ပေါ်မှာထိုင်နေတဲ့ တောက်တဲ့ တောက်တဲ့ … မိုးလေဝသ ဟောတတ်တဲ့ တောက်တဲ့ … တောက်တဲ့ … အိုး အော်လိုက်စမ်းပါဦး …” တန်ဆောင်တိုင် လွိုင်ကထုံပွဲကြောင့်...

သူခိုးရေးတဲ့ သူခိုးဝတ္ထု

သူခိုးရေးတဲ့ သူခိုးဝတ္ထု

by မင်းဒင်
3 September 2014
18.6k

“လူပျိုပါ” လို့လည်း သူခိုးက ဖြေလိုက်ရော အပျိုကြီးဟာ “ဒီတစ်ခါတော့ ဟန်ကျပြီဟဲ့” ဆိုတဲ့ အတွေးနဲ့ “ဒါဆိုနင် ငါ့ကို လက်ထပ် ယူမလား၊ ယူမယ်ဆိုရင် ငါလွှတ်ပေးမယ်။ မယူဘူး ဆိုလို့ကတော့ သူကြီးအိမ် အပို့ပဲ”

မောင်မောင်ဖောင်တိန်

ကြက်သားကာလသားချက်၊ လစ်ပတန်တီးနဲ့ ခေတ်ပျက်သူဌေးလေး ဖတ်ဖို့ မေတ္တာစာ

by မောင်ကေ
9 June 2016
22.3k

စင်ကာပူဝန်ကြီးချုပ်ကို သမ္မတကြီးဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က တည်ခင်းတဲ့ ညစာစားပွဲမှာ ကြက်သားကာလသားချက်နဲ့ လစ်ပတန်တီး တိုက်လို့ဆိုပြီး ခံစားမရနိုင် ဖြစ်ပါသတဲ့။ လစ်ပတန်တီး တိုက်တာ တိုင်းပြည်သိက္ခာကျသတဲ့

စစ်ရေးအမြင်နဲ့ ကန်စွန်းရွက်ကြော်

ကန်စွန်းရွက် ကြော်ရင်လည်း စစ်ရေးအမြင် ရှိရမယ်

by မင်းဒင်
19 May 2015
5.7k

ဒင်းတို့ ဟာပြောတော့မိုး၊ ထိုးတော့မြေကြီုး။ နှစ်ပေါင်းခြောက်ဆယ် နီးပါး ဦးဆောင်ခဲ့တဲ့တိုင်းပြည်ကို ပြန်ကြည့်တော့ ဖွတ်ကျောပြာစု၊ ခရုတ်ဆံကျွတ်၊ အမွဲတကာ့ထိပ်ခေါင်၊ အီသီယိုးပီးယားက အဘခေါ် နေရပြီလေ

Crony, စစ်အစိုးရ

အသားမည်းမည်း ဗိုက်ရွှဲရွှဲများ အကြောင်း

by ကိုအောင်
28 April 2014
6k

"ကျနော်တို့ ဘဝက ဒီလိုပါပဲဗျာ"ဟု စကားကို ရပ်သည်။ ပြီးတော့ "ဒီအသားမဲမဲ ဗိုက်ရွှဲရွှဲတွေနဲ့ လွတ်မှာ မဟုတ်ပါဘူး" ဟုလည်း ဆိုကာ သူ၏ မှုန်ကုတ် နေသော မျက်နှာကလည်း လငပုတ် ဖမ်းသလို ဖြစ်သွားသည်။

Next Post
SCORPIONS, Klaus Meine, Rudolf Schenker, Wind of Change,

SCORPIONS ရဲ့ ပြောင်းလဲခြင်း လေလှိုင်း

ရခိုင်, နိုင်ငံရေးပါတီ, ရွေးကောက်ပွဲ

ရခိုင်ဒေသ၌ လူ နှင့် ပါတီ အပြိုင်ထား၍ မဲဆွယ်မှုများရှိနေ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved