ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်တောင်ဘက်မှာရှိတဲ့ စမွတ်စာခွန်မြို့ထဲ ရောက်သွားတဲ့တရက် မြန် မာ စကားပြောပြီး ပုဆိုး၊ ထမီစတဲ့ လုံချည်ဝတ်ထားသူများကို တွေ့ရတဲ့မြင်ကွင်းဟာ ထိုင်းမြို့တမြို့ကို လာရောက်လည် ပတ်ခြင်းထက် ရန်ကုန်မှာ ရောက်နေသလို ခံစားရစေနိုင်ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်ခွင်အမျိုးမျိုးမှာ အပတ်စဉ် တနင်္ဂနွေနေ့တရက်သာ အား လပ်ရက် ရတတ်ကြပြီး အနားယူနိုင်ကြပါတယ်။ ဒါပေမယ့် ထောင်ပေါင်းများစွာသော နေ့စားလုပ်သားများအတွက်ကတော့ နားရက်ဆိုတာ မရှိကြပါဘူး။
ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလုပ်သားအဖြစ် လာရောက်လုပ်ကိုင်ကြသူတွေဟာ ပိုမိုကောင်းမွန်တဲ့ လစာဝင်ငွေရရှိဖို့ မျှော်လင့် ချက်နဲ့ လာရောက်လုပ်ကိုင်ကြသူတွေ ဖြစ်ပါတယ်။ စမွတ်စာခွန်က လုပ်ခလစာဟာ ဘန်ကောက်မှာထက် နေ့တွက်ခ ပိုရ တယ်လို့ နာမည်ကြီးတာကြောင့်လည်း ဒီဒေသကို ပြောင်းရွှေ့လာသူတွေလည်း ရှိပါတယ်။
ဒါပေမယ့် ပင်လယ်စာလုပ်ငန်း လုပ်ကိုင်တဲ့ ဒီမြို့ဟာ လုပ်ခနည်းတာတွေ ခေါင်းပုံဖြတ်ခံရမှုတွေ စတဲ့ ဒုက္ခတွေ အများဆုံး ကြုံရတယ်ဆိုတာကလည်း ငြင်းလို့မရပါဘူး။
ဒေသအခေါ် မဟာချိုင် ဖြစ်ပြီး နိုင်ငံခြားသားအများစုကတော့ ဒီဒေသကို မြန်မာနိုင်ငံအသေးစားလေးလို့ သမုတ်ကြပါ တယ်။ စမွတ်စာခွန် ဆိပ်ကမ်းမြို့လေးက စက်ရုံနဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းအလုပ်ရုံ ၆၀၀၀ ကျော်ရှိပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သိန်းကနေ ၄ သိန်းကြား ရှိနေတဲ့ မြို့လေးပါ။
မသိန်းဝင်းက မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းကဖြစ်ပြီး သူက ထိုင်းနိုင်ငံကို လာရောက်အလုပ်လုုပ်ကိုုင်တာ ၅ နှစ်ရှိ ပါပြီ။ သူက ယခင်က ဘန်ကောက်မြို့မှာ အလုပ်လုပ်ပေမယ့် ၀င်ငွေပိုရနိုင်မယ့် မျှော်လင့်ချက်နဲ့ ဒီနှစ် ဧပြီလက စမွတ်စာ ခွန်ကို ပြောင်းလာခဲ့ပြီး ဆောက်လုပ်ရေးအလုပ်သမားတဦးအဖြစ် အလုပ်လုပ်နေပါတယ်။
အသက် ၄၅ နှစ်အရွယ် သူ့မှာ သားသမီး ၄ ဦးရှိပြီး ထားဝယ်က ဇာတိရွာကို ပြန်ချင်တဲ့အကြောင်း ပြောပြပါတယ်။ “ကျမ တို့မှာ ငွေလည်းမရှိ၊ အိမ်လည်း မရှိ။ ဘယ်လို ပြန်ပြီး ဘယ်လိုရှင်သန်ရမလဲ” လို့ ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွင်း ပုံ ထားတဲ့သစ်သားချောင်းပုံကို ရှင်းနေရင်း မသိန်းဝင်းက အသံတိမ်ကလေးနဲ့ ဆိုပါတယ်။ ဆောက်လက်စ အဆောက်အအုံ ထဲမှာ တခြားအမျိုးသားအလုပ်သမားများလည်း ရှိနေပါတယ်။
ဇာတိရပ်ရွာမှာ စုမိဆောင်းမိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းရှိပါက ပြည်ပမှာ ဘဝရပ်တည်ရေးအတွက် ရုန်းကန် နေရမယ့်အစား မြန်မာပြည်ကိုသာ ပြန်လည်နေထိုင်ချင်ကြကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ဧရာဝတီနဲ့ တွေ့ ဆုံမေးမြန်းရာမှာ ဖြေကြားခဲ့ပါတယ်။
စိတ်ရှည်သည်းခံ
၂၀၁၂ တုန်းက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မဟာချိုင်သို့ ပထမဆုံး အကြိမ် သွားရောက်ခဲ့ပြီး ယခုနှစ် ဇွန်လကလည်း ဒုတိယအကြိမ် ခရီးစဉ်အတွင်း ထပ်မံသွားရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ ထိုင်းအာဏာပိုင်များက မြန်မာအလုပ်သမားအခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့များနဲ့ စောင့်ဆိုင်းနေတဲ့ မြန် မာ နိုင်ငံသား လူအုပ်ကြီးကို မြန်မာနိုင်ငံရဲ့တဦးတည်းသော ခေါင်းဆောင်နဲ့ မတွေ့ဆုံနိုင်အောင် တားခဲ့သဖြင့် နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင် က စက်ရုံ ၃-၄ ခုမှ ရွှေ့ပြောင်းအလုပ်သမား အနည်းငယ်နဲ့သာ တွေ့ခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနဲ့ တွေ့ဆုံပွဲဆီ မသွားရောက်နိုင်ခဲ့တဲ့ အလုပ်သမား များထဲမှာ မသိန်းဝင်းလည်း ပါ၀င်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အကြောင်းနဲ့ပတ်သက်ပြီး သူ့အမြင်ကို မေးမြန်း တဲ့အခါ ခံစားချက်များ ရောပြွမ်းနေပြီး ဖြေဆိုရာမှာလည်း မျက်ရည်ဝဲလျက်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၎င်းတို့ ဘဝများအတွက် ကောင်းမြတ်ခြင်းများ ဆောင်ယူပေးနိုင်မယ်လို့ မသိန်းဝင်းက မျှော်လင့်နေဆဲဖြစ်ပါတယ်။
တလေကုမ့် သို့မဟုတ် ပုဇွန်စျေးကြီးက မြန်မာအလုပ်သမားများဟာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ် အ ကြောင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်စွာ ရရှိရေးတို့အကြောင်း ပြောဆိုရာမှာ သူတို့ စိတ်ခံစားမှုများပေါ် လွင်လျက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သူရဲ့ခရီးစဉ်အတွင်း မြန်မာအလုပ်သမားများ ပိုမို ကောင်းမွန်သောအလုပ်အကိုင် အခွင့် အလမ်းရရှိရေး ကြိုးပမ်းနေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ လက်ရှိ ၎င်းတို့ရဲ့လုပ်အားခမှာ အလုပ်တမျိုးနှင့်တမျိုး တူညီမှုမရှိဘဲ၊ အနိမ့်ဆုံး ဘတ် ၂၀၀ မှ ဘတ်ငွေ ၃၀၀ အတွင်းသာ ရရှိနေပြီး ထိုင်းနိုင်ငံရဲ့အနိမ့်ဆုံး တနေ့လုပ်အားခဘတ် ငွေ ၃၀၀ ( မြန်မာငွေ တသောင်းဝန်းကျင်) ဆိုတာ ရွှေ့ပြောင်းလုပ်သားအများစု ရခဲပါတယ်။
စားပွဲပေါ် ပုံလာသော ပုဇွန်များကို အရွယ်အစားလိုက် တူညီရာ ရွေးနေရင်း တနေ့ ၈ နာရီလုပ်အားအတွက် ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံးတရားဝင် လုပ်အားခတော့ ရတယ်လို့ မအေးမြတ်မွန်က ဆိုပါတယ်။ ဒါပေမယ့်လည်း ပုဇွန် သို့မဟုတ် အခြား ပင် လယ်ထွက်ပစ္စည်းရရှိမှုပေါ် မူတည်ပြီး အလုပ်ချိန်ကတော့ ပြောင်းလဲနေတယ်လို့ မအေးမြတ်မွန်က ဧရာဝတီကို ပြောပြပါ တယ်။
အသက် ၁၈ နှစ် ရှိပြီလို့ သူက ပြောပေမယ့်လည်း အဲဒီထက်ငယ်ပုံရတဲ့ အေးမြတ်မွန်က မွန်ပြည်နယ် မော်လမြိုင်ဇာတိ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့၄ နှစ်က ထိုင်းသို့ ရောက်လာခဲ့ပြီး အမဖြစ်သူနဲ့ အတူနေထိုင်ပါတယ်။ သူ့ မိဘများကတော့ မော်လ မြိုင်မှာ ကျန်ရစ်ခဲ့ပါတယ်။
မဟာချိုင်ရဲ့လုပ်ငန်းခွင် အခြေအနေအကြောင်းကို မှတ်တမ်းတင် ပြောကြားပေးမယ့်သူကို တွေ့ဖို့ ခက်ခဲလှပါတယ်။ ပင် လယ်စာလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ အများစုဟာ ၎င်းတိုု့အခက်အခဲများကို စာနယ်ဇင်းများသို့ ပွင့်ပွင့်လင်းလင်း ထုတ် ဖော်မပြောရဲကြပေ။
ထိုင်းအလုပ်ရှင်များမှာ ဒေသရဲ့ငါးဖမ်းဆိပ်၊ စျေးများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် အခြေအနေများကို မီဒီယာသတင်း အဖြစ်ဖော်ပြမည်ကို မလိုလားကြပေ။ မြန်မာနိုင်ငံအသေးစားလေးနဲ့ ပတ်သက်တဲ့ကိစ္စများကို သတင်းအဖြစ် ဖြေကြား လိုက်ပါက အလုပ်ထုတ်ခံရမည်ကို ကြောက်နေရတယ်လို့လည်း အလုပ်သမားများက ဧရာဝတီကို ပြောပြကြပါတယ်။
အလုပ်သမားများနဲ့ မေးမြန်းပြောဆိုမှုများကို အလုပ်ကြီးကြပ်သူ ထိုင်းလူမျိုးတဦးက လှမ်းမခေါ်မီမှာ ပုဇွန်စျေး က အလုပ် သမားတဦးဖြစ်တဲ့ ကိုရဲမင်းက “ကျနော်တို့က တခြားနိုင်ငံမှာ လာအလုပ်လုပ်နေတော့ အမေစု ပြောသလိုပဲ စိတ်ရှည်ရှည် ထားတယ်၊ သည်းခံတယ်” လို့ ဧရာဝတီကို ပြောခဲ့ပါတယ်။
သားကောင်ဖြစ်ရခြင်း
ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ရှိမရှိ သက်ဆိုင်တဲ့ ပတ်စပို့နဲ့ အလုပ်လုပ်ခွင့်စာရွက်စာတမ်းများကို စစ်ဆေးရာမှာ စစ်ဆေးတဲ့ ထိုင်းရဲများကို ကြောက်လန့်နေရတဲ့ဖြစ်ရပ်များလည်း ရှိကြောင်း အလုပ်သမားများက ပြောပြကြတယ်။
ပုဇွန်စျေးက အမည်မဖော်လိုတဲ့ အလုပ်သမားတဦးကလည်း “ကျနော်တို့ စာရွက်စာတမ်းတွေက မပြည့်စုံဘူးလို့ ပြောပြီး ရဲ တွေက ငွေတောင်းတယ်။ သူတိုု့ အပိုဝင်ငွေရှာတာ” လို့ အသံတိုးတိုနဲ့ ပြောပြပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းမှ ၄ သန်းထိ သွားရောက်အလုပ်လုပ်ကိုင်နေသည်ဟု ခန့်မှန်းကြ သော်လည်း တရားဝင် မှတ်ပုံတင်ထားတဲ့ အရေအတွက်မှာ ထက်ဝက်ခန့်ပင် မရှိ။ တရားဝင်အလုပ်သမားများ ဖြစ်လာ စေရန်နဲ့ လက်ရှိ တရားဝင်လုပ်သားများရဲ့လက်မှတ် သက်တမ်းကုန်ဆုံးပါက သက်တမ်းတိုးနိုင်ရေးအတွက် မူဝါဒအမျိုး မျိုးကို မကြာခဏ ပြောင်းလဲ အကောင်အထည်ဖော်လျက်ရှိနေပါတယ်။
လက်ရှိမှာတော့ ဗီဇာ ၄ နှစ်သက်တမ်းကုန်နေသူများကုုိ အလုပ်လုပ်ခွင့် ပန်းရောင်ကတ် ထုတ်ပေးလျက်ရှိပါတယ်။
“အလုပ်သမားတွေက တရားဝင်မှတ်ပုံတင်ထားတဲ့ လူတွေဖြစ်တာတောင် တခါတလေဆို ဖမ်းဆီးစစ်ဆေး ငွေတောင်းခံ ရတဲ့ သားကောင်ဖြစ်ရတာပဲ” လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီပေးနေတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ရွှေ့ပြောင်းလုပ်သား လူ့အခွင့်အရေးကွန်ရက် MWRN မှ ကိုစိုင်းစိုင်းက ပြောပြပါတယ်။
မြန်မာအလုပ်သမားတဦးဟာ ထိုင်းဘာသာစကားမတတ်ကျွမ်းပါကလည်း အာဏာပိုင်များက သံသယ ဖြစ်တတ်ကြပြီး နောက်ဆက်တွဲအဖြစ် မူးယစ်ဆေးဝါးသုံးစွဲတယ်လို့ စွပ်စွဲသံယသပြုကာ အဖမ်းခံရနိုင်ပါတယ်။ ဒါမှမဟုုတ် ထိုင်းနိုင်ငံ အတွင်း ခရိုင်တခုုက တခုကို တရားမဝင်သွားလာမှု စတဲ့ ခေါင်းစဉ်များနဲ့လည်း ဖမ်းဆီးငွေတောင်းခံရတတ်ပါတယ်။
ဒီနှစ်ထဲ ထုတ်ပေးတဲ့ ပန်းရောင်ကတ်ဟာ (ယခင် ယာယီပတ်စပို့လို) ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့် ပြုမ ထားဘဲ မှတ်ပုံတင်ထားတဲ့ မြို့၊ ခရိုင်အတွင်းသာ သွားလာခွင့် ရှိတယ်လို့ ကိုစိုင်းစိုင်းက ရှင်းပြပါတယ်။
အလုပ်သမားလက်မှတ် သက်တမ်းတိုးရမယ့် ရက်ဟာ ဇူလိုင် ၂၉ ရက်က နောက်ဆုံးဖြစ်ခဲ့ပြီး အဲဒီအချိန်မှစကာ ထိုင်း နိုင်ငံတဝှမ်း အထောက်အထားမဲ့ အလုပ်သမားများကို ထိုင်းရဲများက လိုက်လံ ဖမ်းဆီး ပြန်ပို့နေပြီ ဖြစ်ပါတယ်။