• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ပွဲကြားက AA ရဲ့ အိပ်မက်

by အောင်ဇော်
14 June 2019
in ဆောင်းပါး
A A
၂၀၁၉ ခုနှစ် ဧပြီလ ကချင်ပြည်နယ် လိုင်ဇာတွင် တွေ့ရသော အေအေ လက်နက်ကိုင်တပ်သားများ / ဧရာဝတီ

၂၀၁၉ ခုနှစ် ဧပြီလ ကချင်ပြည်နယ် လိုင်ဇာတွင် တွေ့ရသော အေအေ လက်နက်ကိုင်တပ်သားများ / ဧရာဝတီ

48.5k
VIEWS
Share on FacebookShare on Twitter

တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် အတူ နှစ်ဖက် ထိခိုက်ကျဆုံးမှုများသည်လည်း ပိုမိုမြင့်မားလာသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA ၏ အခြေစိုက်စခန်းတည်ဆောက်ခွင့် မပေးရန် မြန်မာ့တပ်မတော်က ဆုံးဖြတ်ထားသည်။ သို့သော် AA သည် ရခိုင်ပြည်နယ်တွင်း ကျယ်ကျယ်ပြန့်ပြန့် လူထုထောက်ခံမှု ရရှိနေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဝင်ရောက် နေရာယူ ရပ်တည်နိုင်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ်တွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားပြီး အရပ်သားအများအပြား သေဆုံးကြရသည်။

AA လက်ဖြောင့်တပ်ဖွဲ့ကလည်း တပ်မတော် အရာရှိများကို ပစ်မှတ်ထား ပစ်ခတ်သောကြောင့် တပ်ရင်းမှူးနှစ်ဦး ကျဆုံးသည်ဟု AA နှင့် ပတ်သက်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။ တပ်မတော်ကလည်း ထိုသေဆုံးမှုများကို အတည်ပြုသည်။

AA ၏ ရိက္ခာနှင့် လက်နက်ခဲယမ်းများ စုဆောင်းထားပြီး ၂ နှစ် ၃ နှစ်ရပ်တည်နိုင်ရန် ဆုံးဖြတ်ထားကြောင်း AA ၏ ရည်မှန်းချက်ကို ထောက်ခံသော ရခိုင်ခေါင်းဆောင်များက ပြောသည်။

တပ်မတော်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တပ်အင်အားများ စေလွှတ်နေပြီး AA ဘက်မှ ထပ်မံတိုက်ခိုက်လာမည့် အခြေအနေများကို တားဆီးရန် မြေပြင်တွင် အခိုင်အမာ တပ်စွဲထားသည်။ ရေရှည်တိုက်ရန်လည်း တပ်မတော်ဘက်က ပြင်ဆင်ထားပုံရသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ – AI သည် မကြာသေးမီ က “မည်သူမျှ မိမိတို့ကို မကာကွယ်နိုင်” ဟူသည့် ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစောင် ထုတ်ပြန်ထားသည်။

အစီရင်ခံစာထဲတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီမှစ၍ တိုက်ပွဲများ ပြင်းထန်လာချိန်တွင် တပ်မတော်နှင့် AA တို့ နှစ်ဖွဲ့လုံးက တရားဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများ ပြုလုပ်ခြင်း၊ ဖမ်းဆီးထားသည့် အကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်ခြင်းအပြင် ရခိုင်ဒေသတွင်း မြောက်ဦး ကဲ့သို့ သမိုင်းဝင်နေရာများကို ဖျက်ဆီးခြင်းများ လုပ်နေကြပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်နေ သည်ဟု စွပ်စွဲထားသည်။

AI ၏ စွပ်စွဲချက်များကို AA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ငြင်းဆိုပြီး အစီရင်ခံစာသည် ခိုင်မာသည့် အထောက်အထားများ မပါရှိကြောင်း ပြောသည်။

ဆွေးနွေးရန် လမ်းဖွင့်ထား

တပ်မတော်သည် AA ၏ ပြင်းထန်သော ရေရှည်ထိုးစစ်ကို နှိမ်နင်းရန် ကြည်း၊ ရေ၊ လေတပ် အင်အား များကို ဖြန့်ကျက်ချထားသည်။ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာပြီး ပြည်နယ်တွင်း မတည်ငြိမ်မှုများ တိုးလာမည်ဟု ရှုမြင်ရသည်။

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနယ်စပ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပါဝင်သော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်နိုင်ကို မကြာသေးမီက အနောက်မြောက်ပိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွှေ့လိုက်သည်။

အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဖုန်းမြတ်က သူ၏ နေရာတွင် အစားထိုး တာဝန်ယူရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ဌာနချုပ် ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့သို့ ရောက်လာသည်။

စစ်ဘက်သတင်းရင်းမြစ်များ၏ အဆိုအရ ဗိုလ်ချုပ် ဖုန်းမြတ်သည် ရခိုင်ပြည်နယ်၊ မြေပြင် အနေအထားကို ပိုမိုကျွမ်းကျင်သူ ဖြစ်သည်ဟု သိရသည်။ သူသည် ယခင်က ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ဖူးပြီး ထိုဒေသကို သူထိန်းချုပ် နိုင်သည်ဟု ထင်ကြသည်။

သို့သော် အစိုးရနှင့် တပ်မတော်တို့သည် တွေ့ဆုံဆွေးနွေးရန် အသင့်ဖြစ်နေကြသည်။

ရခိုင်ပြည်နယ် မင်းပြားဆေးရုံသို့ ရောက်လာသော စစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူတဦး/ Nyi Nyi Aung / Facebook

AA ၏ လှုပ်ရှားမှုများ

အဆုံးသတ်သွားသည်အထိ ချေမှုန်းသွားရန် ဆုံးဖြတ်ထားသည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လွန်ခဲ့သောလကပြောခဲ့သည်။

AA ၏ လှုပ်ရှားမှုများသည် အုပ်ချုပ်ရေး ယန္တရားနှင့် နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားကြောင်း တပ်မတော်က ပြောသည်။

သို့သော် တွေ့ဆုံဆွေးနွေးရန်လည်း တံခါးဖွင့်ထားသည်ဟု တပ်မတော်ကပြောသည်။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော် အပါအဝင် အစိုးရထိန်းချုပ်ဒေသများတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် အစိုးရအရာရှိများနှင့် တွေ့ဆုံမည့် AA ခေါင်းဆောင်များ၏ လုံခြုံရေးကိုလည်း တာဝန်ယူကြောင်း တပ်မတော်က အာမခံချက် ထုတ်ပြန်ထားသည်။

အစိုးရသည် တွေ့ဆုံဆွေးနွေးပွဲကျင်းပရန် ဖြစ်နိုင်ခြေရှိသော နေရာများအဖြစ် နေပြည်တော် အပြင် မြစ်ကြီးနား၊ လားရှိုးနှင့် ရန်ကုန်တို့ကိုလအဆိုပြုထားသော်လည်း AA က ဆွေးနွေးပွဲများကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဌာနချုပ်စိုက်ရာ ပန်ဆန်မြို့၊ တရုတ်မြန်မာ နယ်စပ် မူဆယ်မြို့ နှင့် တရုတ်နိုင်ငံ ကူမင်းမြို့ တို့တွင် ကျင်းပစေလိုသည်။

“တိုက်ပွဲတွေဖြစ်နေလို့ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို စိတ်ပူတယ်လို့ AA ကပြောတယ်။ ဒါကြောင့်ကျနော်တို့က တပ်မတော်ခေါင်းဆောင်တွေကို မေးတော့ တပ်မတော်က သူတို့ရဲ့ လုံခြုံရေးကို တာဝန်ယူတယ် မှဲ့တပေါက် မစွန်းစေရဘူးလို့ ပြောတယ်” ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုထားသည်။

“ကျနော်တို့သာမက တခြားအဖွဲ့ဝင်တွေလည်း နေပြည်တော်သွားရမှာကို စိတ်ပူကြတယ်။ ဆွေးနွေးမယ့်နေရာကို နှစ်ဖက်လုံးက သဘောတူနိုင်ရင်ကောင်းတယ်” ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

“တပ်မတော်က ပြင်းထန်တဲ့ထိုးစစ်ဆင်နွှဲနေပြီးတော့ သူတို့ရဲ့မူဝါဒက ကျနော်တို့ကို ချေမှုန်းပစ်ဖို့ပဲ။ ဒါကြောင့် ကျနော်တို့စိုးရိမ်တယ်” ဟု သူပြောသည်၊

တပ်မတော်သည် ရခိုင်ပြည်နယ်မှအပ နိုင်ငံတဝှမ်း စစ်တိုင်းကြီး ၅ တိုင်းတွင် လေးလကြာ အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး သက်တမ်းကုန်ဆုံးပြီးနောက် နောက်ထပ် ၂ လကြာ စစ်ဆင်ရေးရပ်ရန် သက်တမ်းတိုးခဲ့သည်။ ဧပြီလက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဘေဂျင်း ခရီးစဉ်အတွင်း တပ်မတော်၏ လေးလကြာ တဖက်သတ် အပစ်အခတ် ရပ်စဲရေးကို သက်တမ်းတိုးရန် တရုတ်အစိုးရက တိုက်တွန်းခဲ့သည်ဟု ယုံကြည်ရသည်။

ကချင်ပြည်နယ် လိုင်ဇာတွင် တည်ထောင်ပြီးနောက် AA ခေါင်းဆောင် များနှင့် တပ်ဖွဲ့ဝင်များ သည် ၎င်းတို့၏ စစ်ရေးကျွမ်းကျင်မှုနှင့် လေ့ကျင့်မှုကို ကချင်များထံမှ ရရှိခဲ့သည်။ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကဲ့သို့ပင် ၎င်းတို့၏ ရည်မှန်းချက်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပိုမိုမြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်သည်။

AA သည် ကချင်ပြည်နယ် လိုင်ဇာတွင်သာ အခြေစိုက်ရမည်၊ ရခိုင်ပြည်နယ်တွင် အခြေမစိုက်ရဟု တပ်မတော်က ပြောသည်။ မည်သို့ပင်ဖြစ်စေ AA သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အလျင်အမြန် နယ်မြေတိုးချဲ့နေသည်။

“ညှိနှိုင်းဖို့ လိုအပ်နေတယ်။ ရခိုင်ပြည်နယ်ကို AA ဝင်မလာနဲ့လို့ ပြောနေမယ့်အစား အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ကို ဝင်လာမယ့် ဘယ်အုပ်စုနဲ့မဆို ညှိနှိုင်းသင့်တယ်။ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ နိုင်ငံတည်ဆောက်ရေးမှာ AA ဘယ်လိုပါဝင်နိုင်မလဲ၊ အစိုးရက AA နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို နည်းလမ်းရှာဖို့က ပိုအရေးကြီးပါတယ်။ AA ကို ရခိုင်ပြည်နယ်ထဲ ဝင်မလာနဲ့လို့ပြောတာ အဖြေမဟုတ်ဘူး။ နိုင်ငံကို ဘယ်လိုတည်ဆောက်မလဲ စဉ်းစားတာက ပိုမိုအရေးကြီးပါတယ်” ဟု ကချင်လွတ်လပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က ဧရာဝတီသတင်းဌာနသို့ ဧပြီလနှောင်းပိုင်းက ပြောခဲ့သည်။

၂၀၁၉ ခုနှစ် ဧပြီလ လိုင်ဇာတွင် တွေ့ရသော အေအေခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်/ဧရာဝတီ

ရခိုင်ပြည်နယ်မှ ထောက်ခံမှု

AA သည် ရခိုင်ပြည်နယ်တွင် လူူထုထောက်ခံမှု ရရှိနေပြီး အမျိုးသမီးများအပါအဝင် လူငယ်များကို ဆွဲဆောင်မှုရှိသော ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်သည့် AA လက်နက်ကိုင် အဖွဲ့အစည်း အတွင်း စည်းရုံးနိုင်သည်ကို သံသယ ဖြစ်ရန်မလိုပေ။

အသက် ၄၁ နှစ်ရှိပြီဖြစ်သော ထိုရခိုင်ခေါင်းဆောင်သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်ပြီး ကချင်နှင့် ၀ ခေါင်းဆောင်များ၏ နိုင်ငံရေးနှင့် စစ်ရေးထောက်ခံမှုကို ရရှိထားသည်။ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်သော ရခိုင်လူငယ် ၃၀ ခန့်သည် AA ကို ထူထောင်ပြီး ၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံမှ စစ်ရေးလေ့ကျင်မှုများ လေ့လာခဲ့သည်။ ထိုစဉ်က အထိ AA လက်နက်တပ်ဆင်မှု မကောင်းသည့် အဖွဲ့ငယ်တခုသာ ဖြစ်သည်။

ယနေ့တွင်မူ AA သည် အင်အားကြီးထွားနေပြီး ရခိုင်ပြည်နယ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်ဒေသများတွင် အင်အား ၃၀၀၀ ရှိလာသည် (အချို့က တပ်ဖွဲ့ဝင် ၆၀၀၀ ရှိသည်ဟု ဆိုသည်။) ၎င်းတို့သည် ယခုအခါတွင်မူ လက်နက်ကောင်းစွာ တပ်ဆင်ထားသကဲ့သို့ ရန်ပုံငွေ ရင်းမြစ်နှင့် ပတ်သက်သော မေးခွန်းများလည်း ပေါ်ပေါက်လာနေသည်။

အချို့အနောက်တိုင်းလေ့လာသူများက မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်များတွင် တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှု ကြီးမားလာခြင်းနှင့်လည်း အဆက်အစပ်ရှိသည်ဟု မြင်ကြသည်။ သို့သော် အဝေးရောက် ရခိုင်များနှင့် အခွန်ကောက်ခံခြင်းအပါအဝင် ၎င်းတို့တွင် ဘဏ္ဍာငွေရင်းမြစ်များစွာမှ ရရှိနေကြောင်း AA ခေါင်းဆောင်များက ပြောသည်။ သို့သော် ၎င်းတို့သည် မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသည်ဟုလည်း အစိုးရက စွပ်စွဲသည်။

၁၉၉၀ ခုနှစ်များမှ စတင်ပြီး ရခိုင်ပြည်နယ်သည် စီးပွားရေး၊ ပညာရေးနှင့် အခြားနည်းလမ်းများစွာဖြင့် ကျဆင်းနေကြောင်းနှင့် ရခိုင်လူငယ်ပညာတတ် အများအပြားသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို ရရှိရေးအတွက် ရခိုင်ပြည်နယ်မှ ထွက်ခွာသွားနေကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြောသည်။

မကြာတော့သော အနာဂတ်တွင် ထိုးစစ်များ ပိုမိုဆင်နွှဲမည်ဖြစ်ကြောင်း သူပြောသည်။ ရခိုင်ပြည်နယ်၏ ခေါင်းဆောင်ဖြစ်ရေးနှင့် ရခိုင်ဘုရင့်နိုင်ငံတော် ဆုံးရှုံးရခြင်းအတွက် လက်တုံ့ပြန်ရေးသည် သူ၏ ငယ်ဘဝထဲက အိပ်မက်ဖြစ်ခဲ့ကြောင်း သူ့ကို ကာလကြာမြင့်စွာ သိခဲ့သူများက ပြောသည်။

AA နှင့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့တို့အကြား အချိတ်အဆက်ရှိသည်ဟူသော တပ်မတော်၏ စွပ်စွဲချက်ကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပယ်ချသည်။ “သူတို့က အင်အားနည်းနည်းပဲရှိတဲ့ တပ်ဖွဲ့လေးပါ” ဟု ဧပြီလက ဝဒေသ မြို့တော်တွင် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် အရေးမပါသည့်ဟန်ဖြင့် သူဖြေသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k

သို့သော် ရိုဟင်ဂျာလှုပ်ရှားမှုအကြောင်း ပြောသောအခါတွင်မူ သူသတိထားသည်။ ရိုဟင်ဂျာ လှုပ်ရှားမှု နောက်ကွယ်မှ လူများကို အဖွဲ့အစည်းများကို သတိထားနေပုံရသည်။

“သူတ့ို(ရိုဟင်ဂျာများ) တွေက ညီညွတ်တဲ့သူတွေ မဟုတ်ဘူး။ ပြင်ပအကူအညီဘယ်လောက်ရရ သူတို့ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး။ အမြဲစည်းလုံးညီညွတ်မှု ပျက်ပြားနေမယ့်သူတွေ။ သူတို့ကို ပြင်ပက အသုံးချနေတာ။ သူတို့တွေက သူတောင်းစားတွေလိုပဲ” ဟု သူပြောသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် AA ခေါင်းဆောင်များသည် ရိုဟင်ဂျာများ အပေါ် မနှစ်မြို့မှုကို ပွင့်ပွင့်လင်းလင်း ပြသကြသည်။ ဗမာနှင့် ရိုဟင်ဂျာများအပေါ် မုန်းတီးမှုသည် ရခိုင်များ၏ မျိုးဗီဇတွင် ကိန်းအောင်းနေသည်။

မြေပြင်တပ်ဖွဲ့များကို ကွပ်ကဲရာတွင် IT နည်းပညာသည် သော့ချက်ဖြစ်ကြောင်း AA နှင့် တပ်မတော်ကို အနီးကပ် စောင့်ကြည့်လေ့လာနေသော ရခိုင်တိုင်းရင်းသား လေ့လာသူတဦးက ဆိုသည်။ မြန်မာတပ်များသည် အသာစီးရသော်လည်း AA သည် အမျိုးမျိုးသော ဆက်သွယ်ရေး စနစ်များနှင့် လမ်းကြောင်းများဖြင့် မြေပြင်တပ်များကို ကွပ်ကဲနိုင်ကြသည်။

“သူတို့တွေက ဒစ်ဂျစ်တယ်နည်းပညာသုံးတဲ့ သူပုန်တွေ။ နောက်ဆုံးဖြစ်နေတဲ့ စစ်မြေပြင် သတင်းအချက် အလက်တွေနဲ့ ပုံတွေက သူူတို့လက်ထဲကို စက္ကန့်ပိုင်းအတွင်း ရောက်တယ်။ ဒီကိရိယာက အရာရာဖြစ်နိုင်တယ်” ဟု သူ၏ လက်ကိုင်ဖုန်းကို ကိုင်ပြီး ပြောသည်။

AA ခေါင်းဆောင်များ၏ ဖုန်းများသို့ ရခိုင်မြောက်ပိုင်းမှ သတင်းဓာတ်ပုံများ မှန်မှန် ရောက်ရှိနေသည်။ သို့သော် မြန်မာ့တပ်မတော်၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုနှင့် အင်အားကို သူလျှော့မတွက်ကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြောသည်။

၎င်းတို့သည် AA ထက် ပိုမိုကောင်းမွန်သော ပစ်အားရှိသည့် တိုက်ခိုက်ရေးသမားများဖြစ်ကြောင်း သူပြောသည်။ ၂၀၁၅ ခုနှစ်မှ စတင်ပြီး AA သည် မြန်မာ့တပ်မတော်မှ လက်နက် ၂၀၀ ခန့်ကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်သား ၁၀၀ ကျော်ကျဆုံးကာ ၂၀၀ ခန့်ဒဏ်ရာရကြောင်း သူပြောသည်။

တဖက်တွင် AA သည် မှောင်ခိုဈေးကွက်များတွင် လက်နက်များ ဝယ်ယူနေသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် တိုက်ပွဲဖြစ်ပွားမှုများအား နှိုင်းယှဉ်ပြချက်/ Myanmar Institute for Peace and Security

AA သည် တိုင်းရင်းသား မဟာမိတ်များ၏ ထောက်ခံမှုကိုလည်းရရှိနေသည်။ AA သည် ၂၀၁၇ ခုနှစ် ဧပြီလက ၀ တိုင်းရင်းသားခေါင်းဆောင် များတည်ထောင်ထားသည့် မြောက်ပိုင်းအခြေစိုက် မဟာမိတ်ဖြစ်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။

FPNCC တွင် ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) နှင့် AA စသည့်အဖွဲ့ ၇ ဖွဲ့ပါသည်။

ထိုမြောက်ပိုင်းမဟာမိတ်အဖွဲ့သည် တိုက်ခိုက်ခံရပါက စစ်မြေပြင်တွင် တဖွဲ့နှင့်တဖွဲ့ ကူညီရေး သဘောတူစာချုပ် ချုပ်ဆိုထားသော်လည်း လက်တွေ့တွင် ထိုသဘောတူညီချက်မှာ အသံပဲရှိပြီး အဆံမရှိသော ကြေညာချက်သာ ဖြစ်နေသေးသည်။

သို့သော် အချိန်တိုအတွင်း ကချင်အပါအဝင် များပြားလှသော တိုင်းရင်းသားအုပ်စုများ၏ ထောက်ခံမှုကို ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ စည်းရုံးရေးစွမ်းအားကို တိုင်းရင်းသား နိုင်ငံရေးလေ့လာသူများက ချီးကျူးကြသည်။ သူသည် ၂၀၀၆ ခုနှစ်က ကချင်ခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်နှင့်တွေ့ဆုံခဲ့ပြီး ၂ နှစ်ကြာသောအခါ သူနှင့် သူ၏အဖွဲ့သည် စစ်ရေးလေ့ကျင့်မှုများ စတင်ရရှိခဲ့သည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်သည် အောက်ခြေအထိ ဆင်းလုပ်ကိုင်တတ်ပြီး ပြည်သူများ စိတ်အား တက်ကြွစေရန်နှင့် မဟာမိတ်များကို စည်းရုံးသိမ်းသွင်းနိုင်ရန် သူ၏ခေါင်းဆောင်မှုပညာကို အသုံးပြုကြောင်း မြောက်ပိုင်းမှ တိုင်းရင်းသားခေါင်းဆောင် အများအပြားက ပြောသည်။

အခြားတိုင်းရင်းသား အုပ်စုများနှင့် မဟာမိတ်ဖွဲ့စည်းသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကျနော်တို့က ခြိမ်းခြောက်ခံနေရတော့ ညီညွတ်တယ်။ ကျနော်တို့ မအောင်မြင်ရင်တော့ ကစားပွဲရဲ့ ပြင်ပကိုရောက်သွားမယ်” ဟု သူပြောသည်။

ပြည်သူတွေကို ဦးစားပေးစဉ်းစားပါ

ဒေသတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများအကြောင်း ပြောသောအခါ ဒေသခံပြည်သူများ အကျိုးရှိလျှင် ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း သူပြောပြီး “ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ကျနော်တို့ပြည်သူတွေ အကြောင်း စဉ်းစားဖို့ လိုတယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံ ကျောထောက်နောက်ခံပြု ကုလားတန် စီမံကိန်းအကြောင်း မေးသောအခါ “ရခိုင်ပြည်နယ် ထဲကို ဝင်လာတဲ့ ဘယ်စီမံကိန်းကိုမှ ကျနော်တို့မဆန့်ကျင်ဘူး” ဟု သူပြောသည်။ သူသည် ဆိုရှယ်ဒီမိုကရက်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် ကြွယ်ဝချမ်းသာမှုနှင့် ငြိမ်းချမ်းမှုကို မြင်လိုကြောင်း ပြောသည်။

မြန်မာနှင့် မြောက်ပိုင်းမှ တိုင်ရင်းသားအုပ်စုများအကြား ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် တရုတ်နိုင်ငံကို သူမြင်ပြီး ဘေဂျင်း၏ အားထုတ်မှုကို အသိအမှတ်ပြုကြောင်း သူပြောသည်။ တရုတ်နိုင်ငံသည် AA ကို သောင်းကျန်းသူအဖြစ် သဘောမထားကြောင်း သူပြောသည်။

တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများအပြားကို သောင်းကျန်းသူ အဖြစ် ဖေါ်ပြပြီး AA ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသည်။
ကျောက်ဖြူ-ကူမင်း ရထားလမ်းနှင့်ပတ်သက်ပြီး အလွန်အကျွံ ဝေဖန်ပြောကြားခြင်း မပြုမိရန်လည်း သူ ဂရုစိုက်သော်လည်း “အစိုးရက ဒီရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံနဲ့ လက်မှတ်ထိုးရင် ရထားလမ်းတလျှောက်မှာ ပြဿနာတွေ တက်နိုင်တယ်” ဟု ပြောသည်။

ထိုရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းမှ ဘင်္ဂလားပင်လယ်အော်ရှိ မြန်မာနိုင်ငံ ကျောက်ဖြူဆိပ်ကမ်းကို ဆက်သွယ်မည်ဖြစ်ပြီး စီမံကိန်းအဆင့်တွင်သာ ရှိနေသေးသည်။

ကီလိုမီတာ ၁၄၀၀ ရှိ ရထားလမ်းစီမံကိန်းသည် ရေလမ်းကျပ်သော မလက္ကာရေလက်ကြားနှင့် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ကို မဖြတ်သန်းဘဲ တရုတ်နိုင်ငံ၏ ပို့ကုန် သွင်းကုန်များကို သယ်ဆောင်မည့် သေနင်္ဂဗျူဟာကျသည့် စီးပွားရေး စြင်္ကန်အတွက် အရေးပါသော အချိတ်အဆက်ဖြစ်သည်ဟု သုတေသီများကပြောသည်။

မလက္ကာရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်တို့သည် ပဋိပက္ခဖြစ်ပွားနေသော အခြေ အနေတွင် ပိတ်စို့ခံရသော နေရာများဖြစ်နိုင်သည်။ “ကျနော်တို့က ရခိုင်ပြည်နယ်က တရုတ်နဲ့ အိန္ဒိယ စီမံကိန်းတွေကို မဆန့်ကျင်ဘူး” ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြောပြီး တရုတ်နိုင်ငံသည် အင်အားကြီးထွားလာနေသည့် စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်ကြောင်း သူပြောသည်။

အင်အားကြီး နိုင်ငံကြီးများဖြစ်သည့် တရုတ်နှင့်အိန္ဒိယကဲ့သို့သော အိမ်နီးချင်းများသည် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်လိုကြောင်းနှင့် ပဋိပက္ခ၏ ရလဒ်နှင့်လည်းပတ်သက်နေကြောင်း သူဝန်ခံသည်။ ထို့ကြောင့် “ကျနော်တို့က ငြိမ်းချမ်းရေးသာမက အောင်ပွဲကိုလည်းလိုချင်တယ်” ဟု သူပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Aung Zaw ၏ ‘We Are United Because We Are All Under Threat’: AA Chief  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

ဘယ်က ငွေနဲ့ AA တပ်ထောင်သလဲ 

တပ်မတော်မှ ၁၀၀၀ ကျော် ထိခိုက်ကျဆုံးဆိုသည့် AA ထုတ်ပြန်ချက် တပ် လက်မခံ 

တပ်မတော် သဘောထားတင်းမာလျှင် ဆွေးနွေးပွဲ ထိခိုက်နိုင်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော 

စစ်ရေး တည်ငြိမ်ပါက ဆုထူးစံ လမ်းလုပ်သား ၈ ဦးကို ပြန်လွှတ်ပေးမည် ဟု AA ဆို 

Your Thoughts …
Tags: AAမြန်မာ့တပ်မတော်ရခိုင် စစ်ပွဲ
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ကိုရီးယားမင်းသမီး Claudia Kim

Women In Film Gala ပွဲကို တက်ရောက်တဲ့ ပထမဆုံး ကိုရီးယားမင်းသမီး Claudia Kim

ကုမ္ပဏီနှစ်ခုက ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းသို့ လှူဒါန်းသည့် ထိုအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည် / ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ တရုတ် မီးရထား ကုမ္ပဏီ အလှူငွေထည့်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved