• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကျနော့် ဘဝတလျှောက်လုံး ပြေးနေခဲ့ရတာ

by ငြိမ်းငြိမ်း
6 August 2019
in ဆောင်းပါး
A A
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဝေါလေမြို့အနီး DKBA ထိန်းချုပ်ဒေသအတွင်းရှိ ကော်စဲရွာအဝင်လမ်း  / အောင်ကျော်ထက်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဝေါလေမြို့အနီး DKBA ထိန်းချုပ်ဒေသအတွင်းရှိ ကော်စဲရွာအဝင်လမ်း / အောင်ကျော်ထက်

11.2k
VIEWS
Share on FacebookShare on Twitter

ကလေးဘဝကတည်းက ၂၀၁၀ ခုနှစ်မတိုင်ခင်ထိ စစ်ဘေးရှောင်ဖြစ်ရသည်မှာ အကြိမ်ကြိမ်ရှိခဲ့ပြီး၊ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားပါက ”ပြေးစရာလည်း မြေမရှိတော့ဘူး” ဟု သူ့အတွေ့အကြုံများ ပြောပြနေသူက ကရင်တိုင်းရင်းသား ရပ်ရွာလူကြီးတဦးဖြစ်သည့် မန်းထွန်းမြင့်အောင် ဖြစ်သည်။

အသက် ၆၂ နှစ်ရှိပြီဖြစ်သော မန်းထွန်းမြင့်အောင်၏ ဇာတိက ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်အတွင်းမှ ဖြစ်သော်လည်း ယခုမူ ထိုင်းနယ်စပ်အနီး ဝေါလေမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာအုပ်စုတွင် နေထိုင်နေသည်။ သူသည် လွန်ခဲ့သော ရာစုနှစ်တဝက်အတွင်း ကရင်ပြည်နယ်တွင် မြန်မာအစိုးရတပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲများကို ရှောင်ပြေးနေခဲ့ရသည်။ ကရင်ပြည်နယ် မြဝတီမြို့မှ ကားဖြင့်တနာရီခရီးခန့်ရှိ ဝေါလေမြို့နယ်အတွင်း နေထိုင်သူအများစုသည် ထိုင်းနိုင်ငံနယ်စပ် အုန်းဖျန်ဒုက္ခသည်စခန်းတွင် ဒုက္ခသည် အဖြစ်နေထိုင်ခဲ့ဖူးသူများ ဖြစ်သည်။

တချိန်က KNLA တပ်မဟာ (၆) ၏ ထိန်းချုပ်မှုအောက်တွင် အခိုင်အမာရှိခဲ့သော ဝေါလေနှင့် မြဝတီမြို့နယ်များတွင် နေထိုင်နေကြသော အခြားကျေးရွာသား ထောင်ပေါင်းများစွာတို့ကဲ့သို့ပင် မန်းထွန်းမြင့်အောင်သည် ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် မြန်မာတပ်မတော်တို့အကြား ၁၉၈၀ ခုနှစ်များမှ ၂၀၁၀ ခုနှစ်အထိဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ နေထိုင်ခဲ့ရသူ ဖြစ်သည်။ ထိုနေရပ်စွန့်ခွာရသူအများစုသည် ထိုင်းနိုင်ငံဖက်ခြမ်း ဒုက္ခသည်စခန်းများ သို့မဟုတ် ဒေသတွင်း ယာယီ စစ်ဘေးရှောင် (IDPs) စခန်းများတွင် ဆက်လက်နေထိုင်နေကြရဆဲဖြစ်သည်။

စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့်အတွေ့အကြုံများနှင့် လုံခြုံရေးအတွက် ပူပန်ရခြင်းများကြောင့် ယခုအချိန်ထိ အိပ်ချိန်တွင်ပင် ကြက်အိပ်ကြက်နိုးဖြင့် သတိထားရသည်ဟု မန်းထွန်းမြင့်အောင်က ဆိုသည်။ တိုင်းရင်းသားများအချင်းချင်းကြား နှစ် ၇၀ ကျော် ကြာ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ရပ်စဲစေလိုသည့် သူ၏မျှော်လင့်ချက်များကိုလည်း ဧရာဝတီသတင်းဌာနသို့ ပြောပြသည်။

သူသည် ၁၉၉၀ ခုနှစ်များတွင် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ခဲ့ပြီး၊ ၁၉၉၀ ခုနှစ်များနှောင်းပိုင်းတွင်မှ ဒုက္ခသည်စခန်းအဖြစ် အသိအမှတ်ပြုခံရသော အုန်းဖျန်စခန်းတွင် ၈ နှစ်ကြာနေထိုင်ခဲ့သည်။ ၎င်းနောက် သူနှင့်အခြားသူအနည်းငယ်တို့ ရွှာ၌ ပြန်လည်နေထိုင်ခဲ့ကြသော်လည်း ၂၀၁၀ ခုနှစ်နိုဝင်ဘာလတွင် စစ်ဘေးရှောင်အဖြစ် နယ်စပ်တလေ ျှာက် တဖန်ပြန်လည်ခိုလှုံခဲ့ရသည်။ ထိုတကြိမ်တိုက်ပွဲက သုံးလကြာပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) အချို့က တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်တာဝန်ထမ်းဆောင်ရန် ငြင်းဆန်လိုက်သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျနော် မမွေးခင်ကတည်းက ကရင်ပြည်နယ်က တိုက်ပွဲဖြစ်နေတာ။ အခု အသက်က ၆၂ နှစ်က ပြေးသက်သက်ပေါ့။ ကျနော်တို့က ဒုက္ခသည်လို့ ပြောမယ်ဆိုရင် သုံးထပ်ကွမ်းတောင်မှ။ တော်ရုံတန်ရုံ ဒုက္ခသည်မဟုတ်ဘူး။ ရွာမီးရှို့ခံရပြီးတော့ ရွာကနေ ပြေးတယ်။ တရွာလုံးပြေးပြီးတော့ KNU ဘက် ခိုကပ်တယ်။ ကျနော်တို့ ဟာ ကရင်ဆိုတော့ ကရင်အမျိုးသားအစည်းအရုံး KNU) ရဲ့စခန်းတွေမှာ သွားခိုလှုံတယ်။ နောက်တော့ တပ်မတော်က KNU ကိုတိုက်တော့ ကျနော်တို့ ဟိုဘက်ကမ်း (နယ်စပ်)ကို တခါထပ် ထွက်ပြေးရပြန်ရော။ နောက် ကျနော်တို့ပြန်လာနေတယ်။ ဒါပေမယ့် ၂၀၁၀ မှာ DKBA နဲ့အစိုရ တိုက်ပွဲဖြစ်တော့ ဟိုဘက်ကမ်း (ထိုင်းနိုင်ငံဘက်ခြမ်း) ဆီကို ပြန်ပြေးရတယ်။ ကျနော်တို့ဘဝက မလွယ်ဘူး။ ဒါကြောင့်အခုရထားတဲ့ အပစ်အခတ်ရပ်စဲရေးကို တည်မြဲစေချင်တယ်” ဟု မန်းထွန်းမြင့်အောင်ပြောသည်။

၂၀၁၂ ခုနှစ်ကစတင်ကာ KNLA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော KNU နှင့် DKBA တို့ နှင့် အစိုးရကြား လက်မှတ်ရေးထိုးခဲ့သော နှစ်ဖက်အပစ်ရပ်စဲရေးနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးတို့ကို ရည်ညွှန်းကာ “အခုတော့ အပစ်ခတ်ရပ်စဲတာပဲ ရှိတာပေါ့။ ငြိမ်းချမ်းရေးဆိုတာ မပြောရဲသေးဘူးလေ။ ခု လက်မှတ်ထိုးတယ်ဆိုတာက အပစ်ခတ်ရပ်တာပဲ ထိုးတာ။ ဘယ်အချိန် ထတိုက်တိုက် တိုက်လို့ရတဲ့ပုံစံမျိုး။ အခုက ကျနော်တို့ ကြက်အိပ်ကြက်နိုး အဲ့လို ပုံစံမျုးိပဲ။ ဒီတခါ တိုက်ရင် ဘယ်မှာ သွားပြေးတော့မလဲ”
ဟု သူက ဆိုသည်။ လုံခြုံရေးအတွက် ပူပန်သော်လည်း ၂၀၁၀ ခုနှစ်နောက်ပိုင်းကာလသည် သူ၏ ဘဝတလျှောက်တွင် အငြိမ်းချမ်းဆုံးအချိန်ကာလဖြစ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ် DKBA ထိန်းချုပ်ရာ ဆုံစည်းမြိုင်ဒေသတွင် စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရန် ဆောက်လုပ်ထားသော နေအိမ်များကြား ကလေးများ ဆော့ကစားနေစဉ်/ အောင်ကျော်ထက်

အထောက်အပံ့မရှာဘဲ ပြန်ကြတဲ့ ဒုက္ခသည်များ

ယခင်အစိုးရနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော KNU၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် KNLA ငြိမ်းချမ်းရေးကောင်စီ (PC) တို့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးချိန်မှ စတင်ပြီး၊ ဒုက္ခသည်များ နေရပ်ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ရန် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အောက်တွင် ကြားကာလအစီအစဉ်ထဲမှ တခုအဖြစ် ထည့်သွင်းထားသည်။ သို့သော် မြန်မာနိုင်ငံအရှေ့ပိုင်းမှ နေရပ်စွန့်ခွာ ထွက်ပြေးရသည့် ဒုက္ခသည် တသိန်းခန့် နေရပ်ပြန်လည်နေထိုင်နိုင်ရေးအပါအဝင် ထိုလုပ်ငန်းစဥၤ အကောင်အထည်ဖေါ်ရေးမှာ တိုးတက်မှု မရှိသလောက်ပင် ဖြစ်နေသည်။

ဒုက္ခသည်အချို့ မြန်မာနိုင်ငံသို့ ဆန္ဒအလျောက် နေရပ်ပြန်နေကြသော်လည်း အနည်းစုကသာ ကမ္ဘာ့ကုလသမဂ္ဂက စီစဉ်သည့် တရားဝင် ပြန်လည်ပေါင်းစည်းသည့် အစီအစဉ်ဖြင့် ပြန်ကြသည်။ အခြားသူများမှာ မည်သည့်အကူအညီမျှ မရရှိဘဲ မြန်မာနိုင်ငံအတွင်း ပြန်လည်အခြေချနေထိုင်ကြခြင်း ဖြစ်သည်။

KNU နှင့် DKBA ထိန်းချုပ်ဒေသတွင် ယခင်က ဒုက္ခသည် သို့မဟုတ် စစ်ဘေးရှောင်များဖြစ်ခဲ့ပြီး ၎င်းတို့၏ ကျေးရွာများသို့ ပြန်လည် နေထိုင်နေသည့် ရွာသူရွာသား နှစ်ဆယ်ကျော်နှင့် ဇွန်လအတွင်းက ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။ ၎င်းတို့သည် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းများက ထောက်ပံ့ ဆောက်လုပ်ပေးထားသည့် နေအိမ်များတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။ ၎င်းတို့က ငြိမ်းချမ်းရေးကို လိုလားကြောင်းပြောသကဲ့သို့ ၎င်းတို့ရပ်တည်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ လိုအပ်ကြောင်းလည်း ပြောကြသည်။

အသက် ၅၆ နှစ်ရှိပြီဖြစ်သော ဦးဖာစလာက အုန်းဖျန်စခန်းတွင် ၁၉ နှစ်နေခဲ့ပြီးနောက် ဆုံစည်းမြိုင်တွင် ဇွန်လက ပြန်လည် အခြေချနေသည်။ ၂၀၁၂ ခုနှစ်မှစတင်ပြီး ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများကို ထောက်ပံံ့ထားသည့် နိုင်ငံတကာ အကူအညီများဖြတ်တောက်ခဲ့သဖြင့် အုန်းဖျန်ဒုက္ခသည်စခန်းအတွင်း ရိက္ခာအလုံအလောက် ရရှိနိုင်ခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်လာခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ကျနော်တို့အစားအသောက် အခက်အခဲဖြစ်တယ်။ စားမလောက်ဘူး” ဟု သူက ဆိုသည်။ ၎င်းကဲ့သို့ပင် ပြန်လည်အခြေချနေထိုင်သည်မှာ တပါတ်ခန့်သာ ရှိသေးသူများက ၎င်းတို့အတွက် နေအိမ်များရလိမ့်မည်ဟု သိရသောကြောင့် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောဆိုသည်။

အသက် ၄၄ နှစ်အရွယ် မစန္ဒာသည် အုန်းဖျန်စခန်းတွင် ၂၀၁၀ မှစတင်ကာ ၈ နှစ်နေထိုင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ဝေါလေမြို့နယ်အတွင်းရှိ ကော်စဲရွာတွင် ပြန်လာနေခဲ့သည်။ သူမ ဇာတိက မြဝတီမြို့နယ် ထီးလောသိ ကျေးရွာ ဖြစ်သော်လည်း ယခု ထိုနေရာတွင် သူမနေစရာအိမ်မရှိတော့ပေ။ ဒုက္ခသည်စခန်းတွင် မနေခင်က ထိုရွာတွင်ပင် စစ်ဘေးရှောင်အဖြစ် လှည့်လည်နေထိုင်ခဲ့ရသေးသည်။ ယခု ကော်စဲရွာတွင်လည်း ပဲစိုက်ခင်းတွင် နေ့စားအလုပ် လုပ်ကိုင်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေသည်မှာ မိသားစုကို ပံ့ပိုးနိုင်ရုံသာ ရသည်ဟု ဆိုသည်။

အသက် ၅၇ နှစ်ရှိပြီဖြစ်သော ဦးလာပေါ်သည် အုန်းဖျန်စခန်းမှ ၂၀၁၂ ခုနှစ်က ပြန်လာပြီး ဝေါလေမြို့နယ်ရှိ သလဝေါ ကျေးရွာတွင် နေထိုင်သည်။ သူ့အတွေ့အကြုံများ ပြန်ပြောင်းပြောပြရာတွင် သူ့ဇာတိ ကော့ကရိတ်မြို့နယ်တွင် ယခင်စစ်အစိုးရ၊ DKBA နှင့် KNU/KNLA တပ်ဖွဲ့တို့အကြား ၁၉၉၄-၉၅ ခုနှစ်က တိုက်ပွဲများအတွင်း ပေါ်တာအဖြစ် အဓမ္မခိုင်းစေခံခဲ့ရဖူးသည်ဟု ဆိုသည်။ ယခုမူ ကော့ကရိတ်တွင် ပြန်လည်နေထိုင်ရန် အဆင်မပြေဘဲ သလဝေါ ရွာတွင်ပင် စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသက်မွေးဝမ်းကြောင်း ပြုနေသည်။

ကော်စဲ၊ သလဝေါနှင့် ဆုံဆည်းမြိုင်ကျေးရွာများသည် လတ်တလောတွင် DKBA ထိန်းချုပ်မှု အောက်တွင် ရှိနေသည်။ စစ်ဘေးရှောင်ရင်း နယ်စပ်တွင် ခိုလှုံနေပြီးနောက် ဒေသခံအချို့ ၂၀၁၂ ခုနှစ်မှစတင်ပြီး ပြန်လည် အခြေချလာကြတာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။

“စစ်ကတော့ မဖြစ်တာ အကောင်းဆုံးပဲလေ။ ဖြစ်လာခဲ့တာလည်း နှစ်ပေါင်း ၇၀ လောက် ရှိပီလေ။ စစ်မဖြစ်ဘူးဆိုရင် ကျနော်တို့ မြန်မာပြည်သား တိုင်းရင်းသား တွေ အားလုံးကလည်း အေးအေးဆေးဆေးနဲ့ နေရမှာပေါ့နော်။ ဦးတို့ကတော့ ဒီလိုပဲ မျှော်လင့်ထားတယ်။ ဒီနယ်စပ်မှာနေတာကတော့ သိတဲ့အတိုင်းပဲလေ။ စီးပွားရေးအရဆိုလည်း ဘာမှ ရှိတာ မဟုတ်ဘူး။ ပြောင်းနဲ့ပဲ ပဲ ရှိတယ်။ တကယ်လို့ ပြောင်းနဲ့ ပဲမှ လုပ်လို့ အဆင်မပြေဘူးဆိုရင် ပိုပြီး ဒုက္ခရောက်လိမ့်မယ်” ဟု မန်းထွန်းမြင့်အောင်က ဆိုသည်။

၎င်းတို့ကျေးရွာများသည် ထိုင်းနိုင်ငံနယ်စပ်နှင့် အလွန်နီးကပ်သော်လည်း ထိုဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အတော်အသင့် ကောင်းသည်မှအပ ပြည်တွင်းရှိ မဟာဓါတ်အားလိုင်းနှင့် ချိတ်ဆက်မှုမရှိဘဲ ဆက်သွယ်ရေးကွန်ရက်လည်း ကင်းမဲ့နေကြောင်း ဧရာဝတီသတင်းဌာနက တွေ့မြင်ခဲ့ရသည်။

ကရင်ပြည်နယ် DKBA ထိန်းချုပ်ရာ ကော်ဆဲဒေသတွင် အုန်းပျံမှ ပြန်လာသောဒုက္ခသည်များ နေထိုင်ရာ နေအိမ်များ/ အောင်ကျော်ထက်

ဒုက္ခသည်များ၊ ဌာနီပြန်များအတွက် မြို့သစ်တခု

KNU နှင့်အစိုးရတို့သည် ဒုက္ခသည်များပြန်လည်ပို့ဆောင်ရေးနှင့် ပြန်လည်နေရာချထားရေးအစီအစဉ်များကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ကြပြီးနောက် တနှစ်ကြာသောအခါ လေးကေ့ကော် မြို့သစ်ကို တည်ဆောက်ခဲ့သည်။ လေးကေ့ကော်သည် မြဝတီမှ တောင်ဖက် ၁၂ မိုင်အကွာတွင် ရှိသည်။ ပြန်လည်အခြေချနေထိုင်သူများအား ၂၀၁၆ ခုနှစ် မတ်လတွင် စတင်နေထိုင်ခွင့်ပြုခဲ့ပြီး ယခုအခါ လေးကေ့ကော်တွင် ယခင် ဒုက္ခသည်နှင့် စစ်ဘေးရှောင်ဖြစ်ခဲ့ဖူးသူများ၊ KNU အဖွဲ့ဝင်မိသားစုများနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူ စုစုပေါင်း ၃၀၀၀ ကျော် ရှိနေသည်။

နေရပ်ပြန်လည်နေရာချထားရေးအတွက် လိုအပ်သည့် မြေဧရိယာအတွက် ၂၀၁၄ ခုနှစ်တွင် မဲကနယ် သစ်တောကြိုးဝိုင်းအတွင်းမှ ဧက ၇၅၀ ကို အစိုးရက အသုံးချခွင့်ပြုခဲ့သည်။ ထိုဧရိယာသည် ယခင်က အစိုးရတပ်များသာမက KNU တပ်များလည်း စစ်ရေးလှုပ်ရှားခဲ့သည့် နေရာဖြစ်သည်။ ထိုမြို့သစ် စီမံအုပ်ချုပ်မှုကို KNU က စီမံပြီး၊ ပြန်လည်အခြေချသူများ တရားဝင်စာရွက်စာတမ်းများ ရရှိနိုင်ရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည်။

မြို့သစ်တည်ဆောက်သည့် ပထမရည်မှန်းချက်မှာ စစ်ဘေးရှောင်များ နှင့် KNU အဖွဲ့ဝင်များ ပြန်လည်နေရာချထားရေးကို အထောက်အကူပြုစေရန် ဖြစ်သည်။ သို့သော် ဒေသအတွင်းရှိ လူအများအပြားကို စစ်ဘေးရှောင်ဟူသော သတ်မှတ်ချက် တခုတည်းအောက်တွင် ထားရန် မလွယ်သောကြောင့် စစ်ဘေးရှောင်ဖြစ်စေ၊ ဒုက္ခသည်ဖြစ်စေ၊ စစ်ဘေးရှောင်ဘဝမှ ရွှေ့ပြောင်းလုပ်သားဖြစ်လာသူဖြစ်စေ နေထိုင်လိုသူ လူအမျိုးမျိုးကို လက်ခံရကြောင်း လေးကေ့ကော်မြို့ သစ် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး စောဌေးမြင့်အောင်က ဆိုသည်။

လေးကေ့ကော် မြို့သစ်မြို့ပြဖေါ်ထုတ်မှု ဧရိယာသည် ဖလူးဒေသအတွင်းရှိပြီး၊ ဖလူးသည် ၁၉၈၀ ခုနှစ်များ မတိုင်မီအထိ KNU တပ်မဟာ ၆ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ ၁၉၈၄ ခုနှစ်မှ စတင်ပြီး အစိုးရတပ်နှင့် KNU တပ်ဖွဲ့များအကြားတိုက်ပွဲများ ဖြစ်ပွားသောအခါ ဒေသခံများ ထွက်ပြေးကြရသည်။ အစိုးရတပ်၏ စစ်ဆင်ရေးများအတွင်း ဒေသခံတို့၏ နေအိမ်များ မီးရှိုခံရပြီး ရွာလုံးကျွတ် ဖျက်ဆီးခံခဲ့ကြရသည်ဟု ဆိုသည်။ ၁၉၈၆ ခုနှစ်အထိ ဖလူး၊ သေ့ဘောဘိုး၊ မယ်ထော်သလေး စသည့်ရွာများမှ ရွာသားများသည် မြဝတီနှင့် ဝေါလေမြို့နယ်တဝိုက် စစ်ဘေးရှောင်ကြရသည်။ ထိုနောက် ၎င်းတို့သည် နယ်စပ်အနီး မော်ကဲနှင် ဟွေ့ဂလုတ် စစ်ဘေးရှောင်စခန်းများတွင် ယာယီခိုလှုံကြသည်။ ဖလူးကို ၁၉၉၀ ခုနှစ် ဒီဇင်ဘာတွင် တပ်မတော်က အပြည့်အ၀ ထိန်းချုပ်လိုက်သောအခါ ရွာသားများ ပြန်စရာမရှိတော့ဘဲ စစ်ဘေးရှောင်စခန်းများတွင် ဆက်လက်နေထိုင်ကြပြီး၊ ထိုစခန်းများကို နောက်ပိုင်းတွင် ထိုင်းနိုင်ငံဘက်ခြမ်း အုန်းဖျန်ဒုက္ခသည်စခန်းအဖြစ် ပေါင်းလိုက်သည်။

မြန်မာ-ထိုင်းနယ်စပ် တလျှောက်မှ စခန်းများတွင် နေထိုင်ကြသော ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးရန်အတွက် မြန်မာနိုင်ငံအရှေ့ပိုင်းတွင် သတ်မှတ်နေရာ ၁၇ ခုရှိသည်ဟု စောဌေးမြင့်အောင်၏ အဆိုအရသိရသည်။ သို့သော် လေးကေ့ကော်မြို့သစ်သည်ဟာ လက်ရှိအချိန်အထိ သိသိသာသာ အောင်မြင်နေသည်ကို တွေ့ရပြီး၊ လက်ရှိတွင် အိမ်ထောင်စု ၇၈၀၊ လူဦးရေ ၃၀၀၀ ကျော် နေထိုင်လျက်ရှိသည်။ ထိုအိမ်များထဲတွင် ၂၀၁၆ ခုနှစ်က နီပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ကာ ဆောက်လုပ်ပေးထားသော အိမ်တရာကျော်လည်း ပါဝင်သည်။

၂၀၁၈ ခုနှစ် ဇွန်လအထိ လေးကေ့ကော်တွင် နေထိုင်နေသူ စုစုပေါင်း ၃၁၉၉ ဦးရှိပြီး၊ ၎င်းတို့အနက် ၄၀ ရာခိုင်နှုန်းမှာ ကနဦးက ဖလူးဒေသမှ စစ်ဘေးရှောင်များဖြစ်သည်။ ၂၅ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံရှိ အုန်းဖျန်၊ နို့ဖိုး နှင့် မယ်လ စခန်းများမှ ပြန်လည်ရောက်ရှိလာကြသည့် ဒုက္ခသည်များဖြစ်သည်။ ၂၀ ရာခိုင်နှုန်းမှာ KNU တပ်ဖွဲ့ဝင်များ၏ မိသားစုများဖြစ်သည်။ ၁၅ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံ မဲဆောက်နှင့် ဖုတ်ဖရ မြို့နယ်မှ ရွှေ့ပြောင်းလုပ်သားများ မြန်မာနိုင်ငံတွင်း ပြန်လည်အခြေချ နေထိုင်ကြခြင်း ဖြစ်သည်ဟု သိရသည်။

အချို့သူများသည် လေးကေ့ကော်သို့ ကမ္ဘာ့ကုလသမဂ္ဂနှင့် အစိုးရဦးဆောင်သည့် မိမိဆန္ဒအလျောက် ပြန်လိုသည့် ဒုက္ခသည် ပြန်လည်နေရာချထားရေးအစီအစဉ်အောက်မှ ပြန်လာသူများဖြစ်သော်လည်း အခြားသူအများအပြားမှာ နယ်စပ်ဖြတ်ကျော်ပြီး KNU သို့ တိုက်ရိုက်အကူအညီ တောင်းကာ ပြန်လာနေသူများဖြစ်သည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ဒုက္ခသည် နေရာပြန်ချထားရန် စီစဉ်ထားသော လေးကေ့ကော်မြို့သစ် စီမံကွပ်ကဲရေး ကော်မတီ အတွင်းရေးမှူး စောဌေးမြင့်အောင်/ အောင်ကျော်ထက်

အလုပ်အကိုင်ရှားပါးမှုသည် စိန်ခေါ်မှုဖြစ်နေဆဲ

အသက် ၂၀ ရှိပြီဖြစ်သော နန်းသီတာသည် မယ်လ ဒုက္ခသည်စခန်းတွင် သူမရှစ်နှစ်အရွယ်မှစတင်ကာ ၁၀ နှစ်ကျော်နေခဲ့ပြီးနောက် လေးကေ့ကော်သို့ ၂၀၁၇ ခုနှစ်တွင် ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ ကုလသမဂ္ဂ၏ အစီအစဉ်အရ မိသားစုနှင့်အတူ ပြန်လည်အခြေချလာသည့် သူမတို့မိသားစုသည် လေးကေ့ကော်တွင် နေထိုင်နိုင်ရန် အနည်းဆုံး ၇ လခန့် စောင့်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။

လတ်တလောတွင် လေးကေ့ကော်တွင် ယမန်နှစ် သြဂုတ်လကမှ တည်ထောင်ထားသော ရွှေကြယ်တံခွန်အမည်ရှိ ကုမ္ပဏီတွင် သူမ အလုပ်လုပ်ကိုင်သည်။ ရွှေကြယ်တံခွန်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွက် ဝတ်စုံများ ထုတ်လုပ်နေသည့် အထည်ချုပ်စက်ရုံငယ်တခု ဖြစ်သည်။

ထိုစက်ရုံသည် လူ ၃၀၀၀ ကျော်ရှိသော ထိုလူမှုအသိုင်းအဝန်းတွင် တခုတည်းသော စက်ရုံဖြစ်သည်။ ထိုစက်ရုံငယ်တွင် လုပ်ကိုင်နေသည့် နှစ်ဆယ်ကျော်သော အလုပ်သမများအားလုံးမှာ ယခင်က မယ်လနှင့် နို့ဖိုး ဒုက္ခသည် စခန်းများတွင် နေထိုင်ခဲ့သူများ ဖြစ်သည်။

တရားဝင်ပြန်လည်ပေါင်းစည်းရေး အစီအစဉ်အောက်က ပြန်လည် အခြေချနေထိုင်သော ဒုက္ခသည်များအနေဖြင့် ထိုလုပ်ငန်းအဆင့်ဆင့်အတွက် စောင့်ဆိုင်းရချိန် ၆ လမှ နှစ်နှစ်အထိ ကြာနိုင်သည်ဟု သိရသည်။ သို့သော် ထိုအစီအစဉ်အောက်က ပြန်လာသည့်အတွက် ၎င်းတို့အနေဖြင့် ကုလသမဂ္ဂ၊ ထိုင်းနှင့် မြန်မာအာဏာပိုင်များထံမှ အကူအညီ တချို့ရရှိပြီး၊ ထိုအထဲတွင် အခြေခံအိမ်သုံးပစ္စည်းများနှင့် ရင်းနှီးလုပ်ကိုင်ရန် ငွေအနည်းငယ်တို့ ပါဝင်သည်။

တရားဝင်ပြန်လည်ဝင်ရောက်လာပြီးနောက် တလအတွင်း မှတ်ပုံတင်စာရွက်စာတမ်းများကို ရရှိနိုင်ကြသော်လည်း တရားမဝင်ပြန်လာသူများမှာမူ ၎င်းတို့သည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသူများဖြစ်ကြောင်း သက်သေပြရန် စိစစ်ရေးလုပ်ငန်းစဉ်ကို ဖြတ်သန်းကြရသည်။

“လတ်တလောမှာ ပြန်လည်ကြိုဆိုရေးစခန်းမှာဆိုရင် မိမိဆန္ဒအလျောက် ထိုင်းနိုင်ငံက ပြန်လာသူတွေကို ပြည်နယ်အစိုးရအဖွဲ့ လမ်းညွန်မှုနဲ့အတူ အားလုံး ကြိုဆိုပေးတယ်။ လွှတ်တော်ကိုယ်စားလှယ်အပိုင်းကတော့ သက်ဆိုင်ရာ ဌာနတွေနဲ့ပေါင်းပီး လက်ရှိမှာ ပြန်လည်နေရာချထားရေး။ စားဝတ်နေရေး အဆင်ပြေရေးကို ဆောင်ရွက်ပေးတယ်။ လဝက (လူဝင်မှုကြီးကြပ်ရေး) နဲ့ပတ်သက်ပီးတော့ အိမ်ထောင်စု စာရင်းမရှိတာ။ မှတ်ပုံတင်မရှိတာတွေကို ကျနော်တို့ ကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်ပေးတယ်” ဟု မြဝတီ မဲဆန္ဒနယ် (၂) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

ပြန်လည်အခြေချသူများက နေရေးထိုင်ရေးအတွက် ထောက်ပံ့ကူညီပေးသည်ကို ကြိုဆိုကြသော်လည်း စိုက်ပျိုးရေးမှလွဲ၍ အခြား အလုပ်အကိုင်အခွင့်အလမ်းကင်းမဲ့ခြင်းနှင့်ပတ်သက်ပြီး ပူပန်ကြသည်။

စစ်ဘေးရှောင်များနှင့် ဆန္ဒအလျောက်ပြန်လာသူ ဒုက္ခသည်များအတွက်သာမက ပြည်နယ်အတွင်း ကာလရှည်ကြာစွာ နေထိုင်သူများအတွက်ပါ အလုပ်အကိုင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရုန်းကန်နေရကြောင်း ကရင်ပြည်နယ်အစိုးရက ဆိုသည်။

“ပြန်လာသူတွေအတွက် အလုပ်အကိုင်တွေကို ပြည်နယ်အစိုးရက ဘယ်လိုဖန်တီးပေးမလဲဆိုတဲ့မေးခွန်းကို ခဏခဏ မေးခံရတယ်။ အဲဒီ ပြန်လာတဲ့လူတွေမှ မဟုတ်ပါဘူး။ အန်တီတို့ လက်ရှိ ပြည်တွင်းမှာ နေနေတဲ့လူတွေလည်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါတယ်။ ဒါပေမယ့် သူတို့အတွက်လည်း အန်တီတို့ တတ်နိုင်သမ ျှ ကြိုးစားထားတယ်။” ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဧရာဝတီသို့ ပြောသည်။

ဒုက္ခသည်များအနေဖြင့် ကြိုးစားပြီး နေရပ်သို့ပြန်လာကြရန် သူက တိုက်တွန်းသည်။ “ကိုယ့်ပြည် ကိုယ့်ဒေသမှာ နေရတာနဲ့ သူများဆီမှာ နေရတာ ဘယ်က ပိုကောင်းလဲဆိုတာ သိကြမှာပါ။ လာပြန်နေကြည့်ပါလို့။” ဟု ထိုင်းနိုင်ငံမှ ပြန်လာနေချင်သူများအတွက် သူက သတင်းစကား ဆိုသည်။

လေးကေ့ကော်မြို့သစ်တွင် စစ်ယူနီဖောင်းများ ချုပ်သော ရွှေကြယ်တံခွန် စက်ရုံအတွင်း မြင်ကွင်း/ အောင်ကျော်ထက်

“အလုပ်မရွေးရင်တော့ အလုပ်အကိုင် အခွင့်အလမ်း မနည်းပါဘူး။ အလုပ်ရွေးနေရင်တော့ မတတ်နိုင်ဘူး။” ဟုလည်း အလုပ်အကိုင်နှင့်ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
44
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
83
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
326

ကိုယ်တိုင် စစ်ဘေးရှောင် ဒုက္ခသည် ဖြစ်ခဲ့ဖူးသည့် စောဌေးမြင့်အောင်ကမူ ”ကျနော်တို့က ပြေးလွှားနေခဲ့ရတော့ ဘ၀ တခုကလည်း မရေရာဘူးပေါ့နော်။ ကျနော်တို့က ထိုင်းနိုင်ငံသား ဖြစ်ဖို့ကလည်း အခြေအနေ မပေးဘူး။ တချိန်ချိန်ကျ ကိုယ့်နိုင်ငံ ပြန်လာရမယ်။ ဒါ ကိုယ့်နိုင်ငံပဲလေ။ ကိုယ်ဒီမှာပဲ မွေးခဲ့ကြတာပဲ။ ကျနော်တို့အနေနဲ့ကျတော့ အလုပ်အကိုင်ရှားပါးမှုက တပိုင်းပေမယ့် ဒီလိုပြင်ဆင်မှုတွေက ဝမ်းသာစရာ ဖြစ်တယ်။ ကျနော်ထင်တယ် သူတို့အတွက်လည်း ခွန်အားဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပြန်လည်ဝင်ရောက်မှုနဲ့စာရင် ဒီအနေအထားတွေက သူတို့အတွက် သက်တောင့်သက်သာဖြစ်တယ်။ ကျနော်တို့ (ပြန်လည်အခြေချနေထိုင်ချိန်) ဝင်တဲ့အချိန်မှာ အစိုးရတပ်ကော၊ ဒီကေဘီအေ ရော KNU ရော သုံးပွင့်ဆိုင် ပစ်တဲ့ခတ်တဲ့ကြားထဲမှာ ပြန်လာ ထူထောင်တာထက်စာရင် လက်ရှိအနေအထားက သူတို့အတွက် အများကြီး အထောက်အပံ့ဖြစ်ပါတယ်လို့ ကျနော်ကတော့ မြင်တယ်။ ကျန်တဲ့ အလုပ်အကိုင် ရှားပါးတာတို့ ဘာတို့က ဒီနေရာမှ မဟုတ်ဘူး။ ကျနော်တို့ တိုင်းပြည်ရဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတခုပဲလေ။” ဟု ဆိုသည်။

(Nyein Nyein ၏ ‘I’ve Been Running Most of My Life’  ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

နိုင်ငံရေးအာမခံချက်ရှိမှ နေရပ်ပြန်ချင်သူများတယ်

ဒေသခံတွေ ပါဝင်ခွင့်ရှိတဲ့ ကျန်းမာရေးစနစ် တည်ဆောက်ချင်သူ

ပြန်လာလိုသူ ၂ သောင်းခွဲ၏ အချက်အလက်များ ဘင်္ဂလားဒေ့ရှ် ထပ်မံ ပေးပို့

Your Thoughts …
Tags: ကရင်ပြည်နယ်ငြိမ်းချမ်းရေး ကြားကာလ အစီအစဉ်များဒုက္ခသည် ပြန်လည်နေရာချထားရေး
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

by ဧရာဝတီ
27 November 2023
18.8k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

by ဧရာဝတီ
28 November 2023
14.3k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

by မိုးစက်ငြိမ်းချမ်း
25 January 2024
13.3k

ကံဆိုးမိုးမှောင်ကျမှုများသည် တကိုယ်တည်းမလာ၊ အဖော်အပေါင်းနှင့် လာ‌နေသည်ကို စစ်ကောင်စီတပ် ကြုံနေရပေပြီ။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

by Igor Blazevic
14 April 2024
11.6k

စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဟာ အခုဆိုရင် မဟာဗျူဟာကျကျ အချိန်ကိုက် ညှိပြီး တိုက်ခိုက်ရေးကို လုပ်ဆောင်ကြဖို့ အခွင့်အရေး ရနေပါတယ်။

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

by အေးချမ်းဆု
11 April 2024
11.2k

ကရင်စစ်မျက်နှာရှိ ဖာပွန်၊ မြဝတီ စစ်နယ်နှစ်ခုအနက် တခုကိုသာ ထိုးစစ်ဝင်နိုင်သည်။

Next Post
မြန်မာစာကို စိတ်ဝင်စားလာဖို့ ဘက်ပေါင်းစုံက ကြိုးစားနေတယ်

မြန်မာစာကို စိတ်ဝင်စားလာဖို့ ဘက်ပေါင်းစုံက ကြိုးစားနေတယ်

ဆေးမတိုးတော့

ဆေးမတိုးတော့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved