• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နောက်ကျောမလုံတဲ့ မူဆယ်

by နန်းဆိုင်နွမ်
20 August 2019
in ဆောင်းပါး
A A
မူဆယ်မြို့လုံခြုံရေးက လမ်းသွားရင် နောက်ကျော မလုံ၊ တရားဥပဒေ စိုးမိုးရေးမရှိတဲ့ ဒေသတခု ဖြစ်နေပြီ /  ဧရာဝတီ

မူဆယ်မြို့လုံခြုံရေးက လမ်းသွားရင် နောက်ကျော မလုံ၊ တရားဥပဒေ စိုးမိုးရေးမရှိတဲ့ ဒေသတခု ဖြစ်နေပြီ / ဧရာဝတီ

14.2k
VIEWS
Share on FacebookShare on Twitter

“ကယ်ကြပါဦး၊ ကယ်ကြပါဦး” ဆိုပြီး အော်သည့် အသံကို ကြားရသည့်အချိန်မှာ ည ၁၀ နာရီ ဝန်းကျင်ရှိပြီ ဖြစ်သည်။ အသံလာရာကို ထွက်ကြည့်ကြသည့်အခါ အလုပ်မှ ပြန်လာသည့် အမျိုးသမီးငယ် ၁ ဦး၏ ဆိုင်ကယ်ကို လူငယ် ၁ ဦးက လုယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျမ အိမ်ထဲဝင်ဖို့ ခြံတံခါး ဖွင့်နေတဲ့အချိန် ကောင်လေး ၁ ယောက်က ကျမ နောက်ကနေ ၁၂ လက်မ လောက် ရှိတဲ့ ဓားရှည်နဲ့ ကျမကိုရွယ်ပြီး ဆိုင်ကယ်သော့ တောင်းတယ်။ ကျမလည်း ဓားကိုမြင်တော့ ကြောက်ကြောက်နဲ့ ပေးလိုက်တယ်” ဟု မအေးလီက အဖြစ်အပျက်ကို ပြန်ပြောပြသည်။

မအေးလီသည် တရုတ်- မြန်မာနယ်စပ်၊ မူဆယ်မြို့၊ တောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ ကျော် အရွယ်ရှိ အမျိုးသမီး ၁ ဦး ဖြစ်သည်။

သူက ဆိုင်ကယ်သော့ ပေးလိုက်သည့်အခါ လုယက်သည့် လူငယ်အမျိုးသားက သူ့လက်ထဲမှ ဓားရှည်ကို အိမ်တံခါး ရှေ့တွင် ပစ်ချကာ ဆိုင်ကယ်ကို အရှိန်ဖြင့် တဟုန်ထိုးမောင်းထွက်သွားသည် ဟု ဖြစ်စဉ် ကို ပြန်ပြောပြသည်။

“ ကျမ ဓားရှည်ကို မြင်တော့ တော်တော် လန့်သွားတယ်။ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ ဆိုင်ကယ်သော့တောင်းတော့ ချက်ချင်း ပေးလိုက်ရတယ်။ မပေးခဲ့ရင် ကျမ ဘာဆက်ဖြစ်မယ်ဆိုတာ တွေးလို့ကို မရဘူး” ဟု မအေးလီက ဆိုသည်။

မူဆယ်မြို့တွင် ညမှောင်ရီပျိုးချိန် ရောက်လာပါက အမျိုးသမီးများအတွက် လမ်းပေါ်သွားလာမှုများမှာ လုံခြုံမှု မရှိတော့ဟု ခံစားနေရကြောင်း ဒေသခံ အမျိုးသမီးများက ပြောဆိုနေကြသည်။

တရုတ်ငွေလဲသည့် အလုပ်ကို လုပ်ကိုင်သည့် နန်းမိုကလည်း သူ အလုပ်ပြီး၍ အိမ်ပြန်သည့် ညနေ ၆ နာရီအချိန် အပြန်လမ်းတွင် လုယက်မှု နှင့်ကြုံတွေ့ခဲ့ကြောင်း၊ ထိုအချိန်က မိမိကိုယ်ကို ကာကွယ်နိုင်ခဲ့သဖြင့် ငွေအိတ်မ ပါသွားခဲ့သော်လည်း လက်နှင့် မျက်နှာတွင် ဒဏ်ရာ အနည်းငယ်ရခဲ့ကြောင်း ပြောပြသည်။

“ ကျမအလုပ်က အပြန် လမ်းမှာ ကောင်လေး ၂ ယောက်က ဆိုင်ကယ်ကို ယှဉ်မောင်းလာပြီး အိတ်ကိုလှမ်းဆွဲတယ်။ အရှိန်နဲ့ဆိုတော့ ဆိုင်ကယ်လဲသွားတယ်။ ကျမကလည်း အော်ပစ်လိုက်တယ်။ ဘာမှတော့ မပါသွားဘူး။ ဒဏ်ရာတော့ ရခဲ့တယ်” ဟု နန်းမိုက ရှင်းပြသည်။

မူဆယ်မြို့တွင် တရုတ်ငွေလဲသည့် အမျိုးသမီးမှာ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့် ရှိသည့်အတွက် လုယက်သူများသည် ငွေလဲသည့် အလုပ် လုပ်ကိုင်သူ အမျိုးသမီးများကို ဦးတည်နေကြကြောင်း၊ လုယက်မှုများ နေရာတိုင်းတွင် ဖြစ်နေသဖြင့် အမျိုးသမီးများသည် အိမ်အပြင်သို့ထွက်ပါက နောက်ကျောမလုံသည့် အဖြစ်နှင့် ကြုံတွေ့ရင်ဆိုင်နေရသည့်ဟု ဒေသခံများက ပြောဆိုသည်။

“ ကိုယ့်လုံခြုံရေး ကိုယ် ယူနေရတယ်။ ဖြစ်လာရင်လည်း ဘာမှမထူးဘူး။ ကြောက်လို့ အလုပ်ထွက် မလုပ်ရင်လည်း မရ။ ကြောက်နေလို့လည်း မထူးဘူး” ဟု နန်းမိုက ပြောသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်ဒေသဖြစ်သည့် အလျောက် လူမျိုးပေါင်းစုံလာရောက် အလုပ်လုပ်ကိုင်ကြသလို မူး ယစ်ဆေးဝါး၊ လောင်းကစားများလည်း ပေါများသဖြင့် လုယက်မှု၊ ခိုးမှုများ တနေ့ထက် တနေ့ များပြားလာသည်ဟုလည်း ဒေသခံများက မှတ်ချက်ပြုကြသည်။

“ ခိုးမှုတွေ၊ လုယက်မှုတွေ၊ ဓားပြတိုက်မှုတွေက မူးယစ်ဆေးဝါး၊ လောင်းကစားတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောရမယ်။ ဒီဒေသက ညမပြောနဲ့၊ နေ့ခင်းလည်း လူပြတ်တဲ့နေရာဆို ဆိုင်ကယ် ဖြတ်မမောင်းရဲဘူး။ ကိုယ့်ဘေးနား ဆိုင်ကယ် ဖြတ်မောင်း သွားရင်လည်း ကြောက်နေရတယ်” ဟု မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်နေ နန်းဟိန်းက ပြောသည်။

လုယက်မှုသည် နေရာမရွေး၊ အချိန်မရွေး ဖြစ်နေသည့်အတွက် မိသားစုဝင်များ နေအိမ်မှ ထွက်သွားလျှင် ပြန် မရောက်မချင်း စိတ်ပူနေရပြီး အထူးသဖြင့် သမီးမိန်းကလေးများအတွက် အမြဲတမ်း စိတ်ပူနေရကြောင်းလည်း နန်းဟိန်းက ဆိုသည်။

“ ဘယ်နေရာမှာကတော့ လုယက်မှု ဖြစ်သွားပြီ၊ ဘယ်ဆိုင်ကယ်ကတော့ ခိုးခံရပြီဆိုတဲ့ သတင်းတွေက နေ့တိုင်း လိုလို ပါပဲ။ ကျမတို့အလှည့်လည်း ဘယ်နေ့ဆိုတာ မသိတော့ဘူး။ သတိနဲ့တော့ သွားလာနေရတယ်” ဟု သူက ရှင်းပြသည်။

လွန်ခဲ့သည့် ၁ နှစ်ကျော်က မူဆယ်မြို့၏ ဆိတ်ငြိမ်ရပ်ကွက်တခုဖြစ်သည့် ဟိုနားရပ်ကွက်နေ အမျိုးသမီး ၁ ဦးနောက် သို့ လူ ၃ ဦးက နေ့ခင်းအချိန်တွင် ပစ္စည်းလုယူရန် ကြိုးစားခဲ့ဖူးသည်။

“ ကျမ နေ့ခင်း ၂ နာရီမှာ လမ်းထိပ်ကို ခဏသွားပြီး အိမ်ပြန်မလို့ လုပ်နေချိန်မှာ လူ ၃ ယောက်က ကျမနောက်ကို တကောက်ကောက် လိုက်လာတယ်။ ပုံမှန် မဟုတ်တော့ ကျမလည်း နီးစပ်ရာအိမ်ကို ဝင်ပြီး ခိုခဲ့ရတယ်” ဟု လွန်ခဲ့ သည့် ၁ နှစ်ကျော်က အဖြစ်အပျက်ကို မဝေနှင်းက ပြောပြသည်။

မူဆယ်မြို့တွင် လုယက်မှုများ၊ ဖောက်ထွင်းမှုများ၊ ဓားပြတိုက်မှုများ ၁ နှစ်ထက် ၁ နှစ် ပိုများလာသော်လည်း သက်ဆိုင်ရာ မှ စနစ်တကျ ဖြေရှင်းပေးနိုင်ခြင်း ယနေ့အထိ မရှိကြောင်း မူဆယ်ဒေသခံများက ဝေဖန်နေကြသည်။

“ တခါတလေကျရင် လုယက်ဖို့၊ ခိုးဖို့အတွက် တမင်များ လွှတ်ထားလား ထင်ရတယ်။ သက်ဆိုင်ရာတွေ အနေနဲ့ လုံခြုံရေး ကို ပိုယူပေးစေချင်တယ်” ဟုလည်း မဝေနှင်းက ဆက်ပြောသည်။

ခိုးမှု၊ လုယက်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူပြီး ပြည်သူရှေ့တွင် အပြစ်ပေးသင့်ကြောင်း၊ လက်ရှိတွင် ကျူး လွန်သူ ကို သက်ဆိုင်ရာမှ ဖမ်းဆီးသွားလျှင်လည်း မည်ကဲ့သို့ အရေးယူနေသည်ကို မသိရှိရသဖြင့် စိုးရိမ်ပူပန်နေ ရကြောင်း မဝေနှင်းက ဆိုသည်။

မူဆယ်မြို့တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ လာသည့်အတွက် မရ ရသည့်နည်းဖြင့် ငွေကိုရှာဖွေလာကြသဖြင့် အမျိုး သမီးများ အပါအဝင် ဒေသခံများ အတွက် စိုးရိမ်စရာ အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း မူဆယ်ဂရုဏာ လူမှုကူညီရေးအဖွဲ့မှ ဦးသောင်းထွန်းက ပြောသည်။

လုယက်မှု အများစုသည် အမျိုးသမီးများနှင့် ငယ်ရွယ်သည့်ကလေးများကိုလည်း ပစ်မှတ်ထားနေသည်ဟုလည်း ၎င်းက ရှင်းပြသည်။

မူဆယ်မြို့တွင် မူးယစ်ဆေးဝါး၊ ရာမ ခေါ် စိတ်ကြွဆေးပြားများကို အလွယ်တကူ ဝယ်ယူနိုင်သလို လောင်းကစားရုံ စုစုပေါင်း ၃၀၀ ကျော် ရှိသည်ဟုလည်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“ လမ်းလျှောက်ပြီး ဖုန်းပြောရင်တောင် ဖုန်းကိုလုတာ။ နောက်ပြီး ဆိုင်ကယ်မောင်းရင်လည်း ဘေးကပ်မောင်းပြီး ပစ္စည်းလုတယ်။ ဓားနဲ့ခုတ်ပြီး ဆိုင်ကယ် လုတာတွေလည်း ရှိတယ်” ဟု ဦးသောင်းထွန်းက ပြောသည်။

လုယက်မှု၊ ခိုးမှုကျူးလွန်သူများသည် ဂိုဏ်းဖွဲ့ပြီး ကျူးလွန်နေကြရာ မူဆယ်မြို့တွင် လုံခြုံရေး အင်အားနည်းပါးနေသဖြင့် သက်ဆိုင်ရာမှ အင်အားတိုးမြင့်ပေးရန် လိုအပ်ကြောင်း၊ နယ် စပ်ဒေသတွင် လက်နက်များ ပေါများခြင်းကြောင့် လုံခြုံရေးကို မိမိတို့ ကိုယ်တိုင်ယူရန် မဖြစ်နိုင်သဖြင့် သက်ဆိုင်ရာမှ တင်းကြပ်စွာ ကိုင်တွယ်သင့်သည်ဟုလည်း ဦးသောင်းထွန်းက အကြံပြုသည်။

“ မူဆယ်မြို့လုံခြုံရေးက လမ်းသွားရင် နောက်ကျော မလုံတဲ့ဘဝ ဖြစ်နေပြီ။ တရားဥပဒေ စိုးမိုးရေးမရှိတဲ့ဒေသ တခု ပါပဲ” ဟု ဦးသောင်းထွန်းက မှတ်ချက်ပြုသည်။

“ ကျနော်တို့ရပ်ကွက်အနေနဲ့တော့ မီးသတ်အဖွဲ့တွေက ၂၄ နာရီ ကင်းစောင့်ပါတယ်။ မသင်္ကာတဲ့သူဆိုရင် ကျနော် တို့ စစ်ဆေးတယ်။ နောက်ပြီး လုယက်မှုတွေ၊ ခိုးမှုတွေ၊ တွေ့ရင်လည်း ရဲစခန်းကို အပ်ပါတယ်” ဟု မူဆယ်မြို့ တောင်ရပ်ကွက် မှ မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးဖြစ်သည့် စိုင်းအိုက်က ပြောသည်။

မူဆယ်မြို့၊ ရပ်ကွက်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရဲ တပ်ဖွဲ့တို့ပူးပေါင်းကာ မူဆယ်မြို့လုံခြုံရေးအတွက် ပူး ပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်းလည်း စိုင်းအိုက်က ဆက်ပြောသည်။

“ ကျနော်တို့ လုယက်မှု တရားခံတွေ၊ မသင်္ကာတဲ့သူတွေ ဖမ်းမိရင်တော့ ရဲလက်အပ်တယ်။ ဒါပေမယ့် ကျူးလွန်သူတွေက မလျော့သွားတဲ့အပြင် ပိုများလာတယ်။ အဓိကတော့ လောင်းကစားရုံတွေနဲ့ မူးယစ်ဆေးတွေ ရှိနေသရွေ့ ကတော့ လုယက်မှုက ဆက်များနေဦးမှာပါ” ဟု စိုင်းအိုက်က သုံးသပ်သည်။

မူဆယ်မြို့ရဲစခန်းမှ တာဝန်ကျရဲတဦးက မူဆယ်မြို့သည် နယ်စပ်ဒေသဖြစ်သလို လူမျိုးပေါင်းစုံ၊ လက်နက်ကိုင်ပေါင်းစုံ နေထိုင်သည့် ဒေသဖြစ်သဖြင့် လုယက်မှု၊ ဓားပြတိုက်မှုများ ဖြစ်ပွားလျှင် ဖမ်းဆီးရန်ခက်ခဲကြောင်း ပြောသည်။

ထိုသို့ ဆိုလျှင် လောင်းကစား၊ မူးယစ်ဆေးဝါး အလွယ်တကူ ရရှိနေသည့် မူဆယ်မြို့တွင် မှုခင်းများစွာ ဖြစ်နေခြင်း၊ ဒေသခံပြည်သူများ နေထိုင်ရမှုမှာ မလုံခြုံခြင်း၊ လုယက်မှုများကို မည်သို့ တားဆီးကာကွယ်မည်နည်း ဆိုသည့် အဖြေကို ရဲတပ်ဖွဲ့ အနေဖြင့် စဉ်းစား သုံးသပ်ကာ အမြန်ဆုံး အကောင်အထည် ဖော်သင့်ပါသည်။

လုယက်မှုများ ဖောက်ထွင်းမှုများ လျော့ပါးစေရန်အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းနှင့် လောင်းကစားရုံ များ ဖျက်သိမ်းခြင်းကို ဦးစားပေးလုပ်ဆောင်သွားသင့်သည်ဟုလည်း မူဆယ်ဒေသခံများက တိုက်တွန်းပြောဆိုပါသည်။

“ မူးယစ်ဆေးတွေ၊ လောင်းကစားရုံတွေ ရှိနေသရွေ့တော့ လုယက်မှုတွေ ရှိနေမှာပဲ။ ဒါတွေ ရှိနေသေးရင် အမျိုး သမီးတွေရဲ့ ဘဝလုံခြုံမှုက ပိုပြီးစိုးရိမ်စရာဖြစ်နေမှာပဲ။ အိမ်ပြင်ထွက်ရင် လုံခြုံစိတ်ချမှု မရှိလို့ တွေးပူနေရဦးမှာပဲ” ဟု ဆိုင်ကယ်ဓားမြတိုက်ခံရသည် မအေးလီက ထပ်လောင်းပြောဆိုသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k

(ဖော်ပြပါ ဆောင်းပါးကို မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) မှ စီစဉ်လုပ်ဆောင်သည့် HI news (Honest Information) မှ ကူးယူဖော်ပြပါသည်။)

ဆက်စပ်ဖတ်ရှုရန်

မတရားမှုတွေ ကိုယ့်အိမ်တံခါးကို ဘယ်အချိန် လာခေါက်မလဲ

ကျယ်ပြန့် လာနေသော ရခိုင်စစ်မီး

အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် မုဒိမ်းမှု ပိုများလာသတဲ့လား

Your Thoughts …
Tags: တရားဥပဒေ စိုးမိုးရေမူဆယ်မြို့လုယက်မှု
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

“မူးယစ်” နှင့် “အွန်လိုင်းလိမ်လည်မှု နိုင်ငံများ” မှ အာဏာရှင်များ အခြေအနေ မကောင်း

“မူးယစ်” နှင့် “အွန်လိုင်းလိမ်လည်မှု နိုင်ငံများ” မှ အာဏာရှင်များ အခြေအနေ မကောင်း

by David Hutt
1 January 2024
4.3k

မြန်မာတွင် နိုင်ငံရေး အကြမ်းဖက်မှု မြင့်မားလာခြင်း၏ အကျိုးဆက်တခုမှာ ရာဇဝတ်မှုများ ပျံ့နှံ့လာခြင်း ဖြစ်သည်။

အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်များကို အိန္ဒိယက လူရာသွင်းနေဆဲ

အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်များကို အိန္ဒိယက လူရာသွင်းနေဆဲ

by ဧရာဝတီ
15 June 2024
3.9k

အိန္ဒိယ လေတပ်ဗိုလ်ချုပ် လာရောက်ပြီးနောက် စစ်ကိုင်းတိုင်းတွင် လူအနည်းဆုံး ပြည်သူ ၄၀ သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရစေသည့် လေကြောင်းတိုက်ခိုက်မှု နှစ်ခု ဖြစ်သည်။

...

မြန်မာတွင် ရာဇဝတ်မှု ကင်ဆာ အမြစ်တွယ်နေ

by Priscilla A. Clapp & Jason Tower
3 July 2023
7.8k

နိုင်ငံပေါင်း ၄၆ နိုင်ငံမှ နိုင်ငံသားများသည် လူကုန်ကူးမှု သားကောင်အဖြစ် ကျရောက်ရပြီး အများစုကို ထိုင်းမှတဆင့် မြန်မာသို့ လူကုန်ကူးခြင်း ဖြစ်သည်။

...

စစ်သေနတ်ပြောင်းဝအောက်က ရန်ကုန်သူ ရန်ကုန်သားများ

by ဧရာဝတီ
5 April 2023
10.1k

အာဏာသိမ်း စစ်တပ်လက်အောက်မှာ ကြုံတွေ့နေရတဲ့ နေ့စဉ်လူမှုဘဝအထွေထွေ အဆင်မပြေမှု၊ စိတ်မကျေနပ်မှု၊ ဒေါသနဲ့ သောကတွေကြောင့် ကျမဟာ တနေ့တခြား ရူးချင်သလိုလိုတောင် ဖြစ်လာနေပါတယ်။

အခင်းဖြစ်ပွါးရာ CB ဘဏ် / Lynn Htike / Facebook

မြောက်ဒဂုံ CB ဘဏ်တွင် လုယက်မှုဖြစ်ပွား

by ဧရာဝတီ
7 February 2020
20.9k

အဆိုပါ လုယက်သူသည် ဘဏ်အတွင်း ဗုံး ၁ လုံးလည်း ချန်ထားခဲ့ကြောင်း၊ လက်ရှိတွင် တရားခံကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေး ကျေးရွာကို စစ်ကောင်စီ တပ်များက မီးတင်ရှို့ပြီးနောက် ဒေသခံများ ထွက်ပြေးရသည်ကို ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်  / KNU

မွန်ပြည်နယ်မှ အရပ်သား ၇ ထောင်ခန့် နေရပ်စွန့်ခွာ

by ဧရာဝတီ
28 June 2022
4.3k

မွန်ပြည်နယ်မှ အရပ်သား ၇,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။

Next Post
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ / Reuters

နေပြည်တော်မှတ်စု (အပိုင်း – ၂)

ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း  / Tin Maung Thein / Facebook

“လူသားချင်း စာနာမှု အရပဲ ကျနော်တို့ ဆောင်ရွက်ပေးပါတယ်”

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved