• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မွန်ပြည်နယ်မှ အရပ်သား ၇ ထောင်ခန့် နေရပ်စွန့်ခွာ

by ဧရာဝတီ
28 June 2022
in သတင်း
A A
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေး ကျေးရွာကို စစ်ကောင်စီ တပ်များက မီးတင်ရှို့ပြီးနောက် ဒေသခံများ ထွက်ပြေးရသည်ကို ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်  / KNU

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေး ကျေးရွာကို စစ်ကောင်စီ တပ်များက မီးတင်ရှို့ပြီးနောက် ဒေသခံများ ထွက်ပြေးရသည်ကို ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ် / KNU

4.3k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ်၊ သထုံမြို့နယ်မှ ကျေးရွာတရွာကို အာဏာသိမ်း စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများနှင့် မီးရှို့မှုများကြောင့် မွန်ပြည်နယ်မှ အရပ်သား ၇,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောသည်။

ထိုမီးရှို့တိုက်ခိုက်မှုသည် မွန်ပြည်နယ်တွင် စစ်ကောင်စီက အရပ်သားပိုင်ဆိုင်မှုများကို ပထမဆုံး မီးရှို့တိုက်ခိုက်မှု ဖြစ်သည်။

ဘီးလင်းနှင့် သထုံတွင် PDFs များနှင့် KNU ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့နှင့် တိုက်ပွဲများ ဖြစ်သောအခါ အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်များနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များသည် ထုံးဘိုလေး ကျေးရွာကို စနေနေ့တွင် သိမ်းပိုက်ပြီး နေအိမ်များကို မီးရှို့ကြသည်။

ထိုကျေးရွာကို စစ်ကောင်စီတပ်များ သိမ်းပိုက်ထားခြင်းအား ဟန့်တားရန် ခဲယမ်းမီးကျောက်လိုကြောင်း PDFs များက ပြောသည်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း (၉) က ထုံးဘိုလေး ကျေးရွာကို အမြောက်များဖြင့် ပစ်ခတ်နေသောကြောင့် ရွာသား ၁,၀၀၀ ကျော်သည် ဇွန်လအစောပိုင်းကပင် နေအိမ်များကို စွန့်ခွာသွားကြပြီ ဖြစ်သည်။

ထိုရွာကို မီးရှို့လိုက်သောအခါ ပြီးခဲ့သည့် စနေနေ့က ပတ်ဝန်းကျင်ရွာ ၆ ရွာခန့်မှ ဒေသခံ ၇,၀၀၀ နီးပါးသည် နေအိမ်များမှ ထွက်ပြေးသွားကြောင်း သထုံ PDF ပြောခွင့်ရသူ စောတာရာက ဧရာဝတီ သတင်းဌာနသို့ တနင်္လာနေ့တွင် ပြောသည်။

ထိုရွာများမှ နေအိမ် ၂၀၀ အနက် ထက်ဝက်နီးပါးသည် စစ်ကောင်စီတပ်များ၏ မီးရှို့ခံရကြောင်း သူက ပြောသည်။

ရွာသားများသည် အများအားဖြင့် တောတွင်းနှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် ခိုလှုံနေရသည်။

“တောထဲကို ထွက်ပြေးတဲ့ ရွာသားတွေအတွက် ရွက်ဖျင်တဲ၊ အစားအစာနဲ့ ဆေးဝါးလိုအပ်နေတယ်” ဟု စောတာရာပြောသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေး ကျေးရွာကို ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ် / Thaton PDF

“ကျနော်တို့ တော်လှန်ရေးက တနိုင်ငံလုံးအတွက်ပါ။ အခုလောလောဆယ် ကျေးလက်ဒေသက အဆိုးရွားဆုံး ခံစားနေရပေမယ့် မြို့ပြဒေသတွေလည်း ရက်စက်ကြမ်းကြုတ်မှုတွေကို မကြာခင် ခံစားရတော့မယ်။ အောင်ပွဲရဖို့အတွက် ပြည်သူတွေက PDFs တွေနဲ့ တိုင်းရင်းသားတပ်တွေကို လှူဒါန်းသင့်တယ်” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်များသည် အနီးရှိ ထုံးဘိုကြီးကျေးရွာတွင်လည်း စခန်းချနေကြောင်း သထုံ PDF က ပြောသည်။

စစ်ကောင်စီ၏ တပ်ကူယာဉ်တန်းများကို ခုခံရေးအင်အားစုများက အမြဲလိုလို တိုက်ခိုက်နေပြီးနောက် ထိုဒေသတွင် တိုက်ပွဲများသည် ဇွန်လအစောပိုင်းမှ စတင်ခဲ့သည်။

ဇွန်လ ၁ ရက်နေ့တွင် ခုခံရေးတပ်များသည် ခြေလျင်တပ်ရင်း (၉) မှ ဗိုလ်ကြီးတဦးနှင့် တပ်ကြပ်ကြီး တဦးကို ထုံးဘိုကြီးတွင် ဖမ်းမိသည်။

ဇွန်လ ၂ ရက်နေ့တွင် ခုခံတိုက်ခိုက်ရေးသမားများက စစ်ကောင်စီခြေလျင်တပ်များကို ခြုံခိုတိုက်ခိုက်သောအခါ စစ်ကောင်စီစစ်သား ၆ ဦး သေပြီး ၅ ဦး ဒဏ်ရာရသည်။

ထိုဖြစ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ ခြေလျင်တပ်က ထုံးဘိုကြီးနှင့် ထုံးဘိုလေး ကျေးရွာများကို ရက်ပေါင်းများစွာ အမြောက်ဖြင့် ပစ်ခတ်သည်။

PDFs နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ၏ တိုက်ခိုက်မှုကို နေ့စဉ် ခံနေရသောကြောင့် စစ်ကောင်စီတပ်များသည် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လူသားတံတိုင်းအဖြစ် အသုံးပြုခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လူနေရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခြင်း၊ လုယက်ခြင်း၊ မီးရှို့ခြင်းများကို ကျူးလွန်နေပြီး အထူးသဖြင့် ထိုသို့သော လုပ်ရပ်များကို စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းနှင့် ချင်း၊ ကချင်၊ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်များတွင် ကျူးလွန်နေသည်။

You may also like these stories:

KNU တပ်မဟာ ၁ နှင့် ၅ က BGF တပ်တွေ ပြန်ဆုတ်

စစ်ကောင်စီရဲ့ မြေလှန်မီးတိုက်စစ်ဆင်ရေးနဲ့ ပြာပုံထဲက ပြည်သူ့ စိတ်ဓာတ်

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.1k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
72
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
56

အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

နယ်ကျော်လာလျှင် ပစ်ခွင့်မူချထားပြီးဖြစ်ဟု KNU ပြော

Your Thoughts …
Tags: KNLAKNUPDFsစစ်ကောင်စီထုံးဘိုကြီးကျေးရွာထုံးဘိုလေးကျေးရွာနေရပ်စွန့်ခွာ ထွက်ပြေးဘီးလင်းမီးရှို့မှုမွန်ပြည်နယ်လုယက်မှုလေကြောင်းတိုက်ခိုက်မှုသတ်ဖြတ်မှုသထုံမြို့နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်းရှိ ရွှေ့ပြောင်းမြန်မာကလေးငယ်များ ကျောင်းတက်ရန် စုဝေးနေစဉ် / UNICEF

စစ်ရှောင်နှင့် ရွှေ့ပြောင်း မြန်မာကလေးတွေ ပညာရေး ထိုင်းအစိုးရ ကူညီလာ

မဘသ ဆရာတော် ဦးဝါသဝ / CJ

မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved