• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဟောင်ကောင်လုံခြုံရေး ဥပဒေ ဘာလဲ၊ ဘယ်လဲ

by ဧရာဝတီ
3 July 2020
in ဆောင်းပါး
A A
ဟောင်ကောင်လုံခြုံရေးဥပဒေ အတည်ပြုအပြီး ဆန္ဒပြသူတဦးကို ရဲက ဖမ်းဆီးထားစဉ် / Reuters

ဟောင်ကောင်လုံခြုံရေးဥပဒေ အတည်ပြုအပြီး ဆန္ဒပြသူတဦးကို ရဲက ဖမ်းဆီးထားစဉ် / Reuters

10.3k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံသည် ကျယ်ပြန့်သော လုံခြုံရေး ဥပဒေသစ်ကို ဟောင်ကောင်အတွက် ပြဋ္ဌာန်း လိုက်သောကြောင့် ဆန္ဒပြသူများကို အပြစ်ပေးရန်ပိုမိုလွယ်ကူသွားပြီး ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်း လျှော့ချနိုင်ခဲ့သည်။

ဝေဖန်သူများကို ထိုဥပဒေကို ဟောင်ကောင်၏ နိဂုံးဟု ခေါ်ကြသည်။ ထိုကြောင့် ထိုဥပဒေကို မိမိတို့မည်မျှသိပြီး ဟောင်ကောင်ပြည်သူများ အစိုးရိမ်ဆုံးမှာ မည်သည်ဖြစ်သည်ကို လေ့လာရန်လိုအပ်လာသည်။

ဟောင်ကောင်လုံခြုံရေးဥပဒေဆိုသည်မှာ

ဟောင်ကောင်တွင် လုံခြုံရေး ဥပဒေပြဋ္ဌာန်းရန် အမြဲတစေ ရည်ရွယ်လုပ်ဆောင်ခဲ့သော်လည်း လူထုထောက်ခံမှု မရှိသောကြောင့် မည်သည့်အခါကမျှ ပြဋ္ဌာန်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဟောင်ကောင်အာဏာပိုင်များအတွက် လေးနက်ပြင်းထန်သည့် စိန်ခေါ်မှုများဟု တရုတ်နိုင်ငံကမြင်သည့် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ဥပဒေမူဘောင်တခုရှိရေးအတွက် တရုတ်နိုင်ငံက ဝင်ရောက်လုပ်ဆောင်ခြင်းဖြစ်သည်။

ဥပဒေကို အတည်ပြုပြီးသည်အထိ ထိုဥပဒေ၏ ပုဒ်မ ၆၆ ခု၏ အသေးစိတ်များကို လျှို့ဝှက်ထားသည်။ ထိုဥပဒေသည် နိုင်ငံမှခွဲထွက်ခြင်း၊ ဗဟိုအစိုးရ၏ အာဏာကို ထိပါးခြင်း၊ လူထုကို ခြိမ်းခြောက်အကြမ်းဖက်ခြင်းနှင့် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်ခြင်းများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည်။

ဟောင်ကောင်ဒေသခံများအပေါ်သက်ရောက်မှု

ထိုဥပဒေသည် ဇွန်လ ၃၀ ရက်နေ့ ဒေသစံတော်ချိန် ၂၃ နာရီတွင် စတင်သက်ဝင်သည်။ ထိုအချိန်သည် ဟောင်ကောင်ကို ဗြိတိန်အုပ်ချုပ်ရေးမှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးသည့် ၂၃ နှစ်မြောက်နှစ်ပတ်လည် မတိုင်မီ ၁ နာရီအလိုဖြစ်သည်။

ထိုဥပဒေအရ ဘေ့ဂျင်းသည် ဟောင်ကောင်၏ဘဝကို ပုံဖေါ်ရန် ယခင်က တကြိမ်မျှ မရဘူးသည့် အာဏာကို ရရှိစေသည်။ ထိုဥပဒေသည် ဆန္ဒပြခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်များကို ထိရောက်စွာ ကန့်သတ်လိုက်သည်ဟု ဝေဖန်သူများပြောသည်။ တရုတ်နိုင်ငံကမူ ထိုဥပဒေကြောင့် ဟောင်ကောင်သည် ပြန်လည်တည်ငြိမ်လာမည်ဟု ပြောသည်။

ထိုဥပဒေသစ်၏ အဓိကပြဋ္ဌာန်းချက်များတွင် အောက်ပါတို့ ပါဝင်သည်။

  • ခွဲထွက်ခြင်း၊ အစိုးရအာဏာကို ထိပါးခြင်းနှင့် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်ခြင်းတို့ကို အမြင့်ဆုံး တသက်တကျွန်းပြစ်ဒဏ် ချမှတ်နိုင်သည်။
  • အများပြည်သူသယ်ယူပို့ဆောင်ရေး လုပ်ငန်းအဆောက်အအုံများကို ဖျက်ဆီးခြင်းကို အကြမ်းဖက်မှုဟု သတ်မှတ်သည်။
  • ထိုဥပဒေအရ အပြစ်ရှိသူများသည် နိုင်ငံရေးရာထူး ရယူခွင့်မရှိတော့ပေ။
  • ထိုဥပဒေအရ စီရင်ခံရသော ကုမ္ပဏီများကို ဒဏ်ငွေရိုက်နိုင်သည်။

ဘေ့ဂျင်းသည် ဟောင်ကောင်တွင် လုံခြုံရေးရုံးသစ် ထူထောင်ပြီး သီးခြား တရားဥပဒေစိုးမိုးရေး ဝန်ထမ်းများ ထားရှိမည်ဖြစ်သည်။ ထိုနှစ်ခုလုံးသည် ဒေသအာဏာပိုင်များ၏ စီရင်ပိုင်ခွင့်အောက်တွင်မရှိပေ။

ထိုလုံခြုံရေးရုံးသည် အချို့အမှုများကို တရုတ်ပြည်မကြီးတွင် စီရင်ရန်ပေးပို့နိုင်သည်။ သို့သော် ဘေ့ဂျင်းက ထိုသို့သောအမှုများအနက် အနည်းငယ်အပေါ်တွင်သာ ၎င်းတို့တွင် အာဏာရှိကြောင်းပြောသည်။

ထို့အပြင် ဟောင်ကောင်သည် ဥပဒေများကို အကောင်အထည်ဖေါ်ရန် ဘေ့ဂျင်းကခန့်အပ်သည့် အကြံပေးတဦးဖြင့် သီးခြား အမျိုးသားလုံခြုံရေးကော်မရှင်ကို ထူထောင်ရမည်ဖြစ်သည်။

အမျိုးသားလုံခြုံရေးနှင့်ပတ်သက်သည့် အမှုများကို ကြားနာရန် တရားသူကြီးများကို ဟောင်ကောင်အမှုဆောင်အရာရှိချုပ်က ခန့်အပ်ရန် အာဏာပေးထားပြီး တရားစီရင်ရေး လွတ်လပ်မှုအတွက် စိုးရိမ်စရာဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ထိုဥပဒေကို မည်သို့ဖွင့်ဆိုမည်နှင့်ပတ်သက်ပြီး ဘေ့ဂျင်းတွင် အာဏာရှိပြီး မည်သည့် ဟောင်ကောင် တရားရေး သို့မဟုတ် မူဝါဒရေးရာအဖွဲ့အစည်းကမျှ ဖွင့်ဆိုခွင့် မရှိခြင်းဖြစ်သည်။ ထိုဥပဒေသည် မည်သည့်ဟောင်ကောင်ဥပဒေနှင့်မဆို ပဋိပက္ခဖြစ်ပါက ဘေ့ဂျင်း၏ ထိုဥပဒေကို ဦးစားပေးရမည်ဖြစ်သည်။

အချို့အမှုများကို တံခါးပိတ်ကြားနာစစ်ဆေးမည်ဖြစ်သည်။

ထိုဥပဒေကို ချိုးဖေါက်သည်ဟု သံသယရှိသူများ၏ ဆက်သွယ်မှုများကို ကြားဖြတ်ရယူပြီး စောင့်ကြည့်နိုင်သည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် သတင်းဌာနများအား စီမံမှုကို ပိုမိုတင်းကျပ်လိုက်သည်။

ထိုဥပဒေတွင် ဟောင်ကောင်တွင် အမြဲနေထိုင်သူ မဟုတ်သူများ၊ အမြဲတမ်းနေထိုင်သူ မဟုတ်သည့် ပြင်ပမှ လူများလည်း အကျုံးဝင်သည်။

မပြဋ္ဌာန်းမီက ထိုဥပဒေကို လူ လက်တဆုပ်စာသာမြင်ဖူးသောကြောင့် ဟောင်ကောင်တွင် အငြင်းပွားဖွယ်ရာဖြစ်နေသည်။ ထိုလက်တဆုပ်စာသောသူများတွင် ဟောင်ကောင်အမှုဆောင်အရာရှိချုပ် ကယ်ရီလမ်း ပါဝင်ခြင်းမရှိပေ။

ထိုဥပဒေသည် လစ်ဟာနေသော နေရာကိုဖြည့်စွက်ပေးမည်ဖြစ်ကြောင်းနှင့် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်စွာ တရားစီရင်မှုကို ထိခိုက်စေမည်မဟုတ်ကြောင်း ထိုဥပဒေ သက်ဝင်ခြင်း မရှိမီ နာရီအတန်ကြာတွင် ကယ်ရီလမ်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ပြောသည်။ ထို့အပြင် ထိုဥပဒေသည် နောက်ကြောင်းပြန်အရေးယူမည် မဟုတ်ကြောင်းလည်း သူ ကတိပေးသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
754

ဟောင်ကောင်ဒေသခံများ မည်သည့်အတွက် စိုးရိမ်သနည်း

ဟောင်ကောင်သည် အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပြီး အခွင့်အရေးများနှင့်လွတ်လပ်မှုများကို လေးစာကာကွယ်သင့်သည်ဟု ဘေ့ဂျင်းက ပြောသော်လည်း ထိုဥပဒေကြောင့် ဟောင်ကောင်မှ လွတ်လပ်မှုများ ဆုံးရှုံးမည်ကို အများအပြားက စိုးရိမ်နေကြဆဲဖြစ်သည်။

“ဒီဥပဒေက လူပုဂ္ဂိုလ် လုံခြုံရေးနဲ့ ဟောင်ကောင်ဒေသခံတွေကို မထိခိုက်ရင်တောင်မှ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို အကြီးအကျယ် ထိခိုက်စေတယ်ဆိုတာကတော့ ထင်ရှားပါတယ်” ဟု ဟောင်ကောင်တက္ကသိုလ်မှ ဥပဒေပညာရှင် ပါမောက္ခ ဂျိုဟန်နက် ချန်းက ထိုဥပဒေမပြဋ္ဌာန်းမီက ဘီဘီစီ သို့ပြောသည်။

ဖေ့ဘွတ်တွင် တင်ထားသော အကြောင်းအရာများကို လူအများက ပြန်လည်ဖြုတ်ချနေပြီး အမျိုးသားလုံခြုံရေး ဥပဒေကို ဆန့်ကျင်သည့် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲဝင်ရန် အရည်အချင်းမပြည့်မီမည်ကို စိုးရိမ်နေရသည်။

ဟောင်ကောင်၏ တရားစီရင်ရေး လွတ်လပ်ခွင့် ထိပါးခံရပြီး ထရားစီရင်ရေးစနစ်သည့် တရုတ်ပြည်မကြီးနှင့် တူလာမည်ကို အများအပြားက စိုးရိမ်နေသည်။ ဟောင်ကောင်သည် တရုတ်နိုင်ငံတွင် ထုံးတမ်းဥပဒေဖြင့် စီရင်သည့် တခုတည်းသော စီရင်ပိုင်ခွင့်ရနယ်မြေဖြစ်သည်။

“သူတို့တွေက ဟောင်ကောင်ရဲ့ ထုံးတမ်းစဉ်လာဥပဒေ စနစ်အပေါ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ရာဇဝတ်မှုဥပဒေ စနစ်ကို ထိထိရောက်ရောက်ချမှတ်နေကြတယ်။ ဘယ်သူက ဘယ်ဥပဒေစနစ်အောက်ကို ရောက်မယ်ဆိုတာကို သူတို့စိတ်ကြိုက်ဆုံးဖြတ်နိုင်တယ်” ဟု ပါမောက္ခ ချန်း ပြောသည်။

ဂျိုရွှာ ဝေါင်း ကဲ့သို့သော ဒီမိုကရေစီလိုလားသူအချို့က ပြည်ပအစိုးရများအနေဖြင့် ဟောင်ကောင်အရေး ကူညီရန် တောင်းဆိုနေသည်။ ထိုသို့သော လုပ်ဆောင်မှုများသည် အနာဂတ်တွင် ရာဇဝတ်မှုဖြစ်လာနိုင်သည်။ သူသည်ယခု သူ၏ ဒမ်မိုစစ္စတို ပါတီမှ နုတ်ထွက်လိုက်ပြီဖြစ်သည်။

ဟောင်ကောင်၏ လွတ်လပ်မှုကို ခြိမ်းခြောက်ခြင်းကြောင့် ထိပ်တန်း ကမ္ဘာ့စီးပွားရေး အချက်အခြာနေရာဟူသည့် ဆွဲဆောင်မှုကို ထိခိုက်မည်ကိုလည်း ပြည်သူများ စိုးရိမ်နေသည်။

မည်သည့်အတွက် တရုတ်က ထိုသို့လုပ်သနည်း

ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်တွင် ဗြိတိန် ထိန်းချုပ်မှုအောက်မှ တရုတ်နိုင်ငံသို့ ပြန်လွှဲပေးသော်လည်း ထူခြားသော သဘောတူညီမှုဖြစ်သည့် အခြေခံဥပဒေတခုနှင့် တနိုင်ငံစနစ်နှစ်မျိုးမူ အောက်တွင် လွှဲပြောင်းပေးခြင်းဖြစ်သည်။

ထိုဥပဒေနှင့် သဘောတူညီချက်များအရ ဟောင်ကောင်၏ တစုံတရာသော လွတ်လပ်မှုကို ကာကွယ်ရမည်ဖြစ်သည်။ လွတ်လပ်စွာ စုဝေးပြောဆိုခွင့်၊ လွတ်လပ်သော တရားစီရင်ရေး စနစ်နှင့် ဒီမိုကရေစီ အခွင့်အရေးအချို့ စသည့် တရုတ်နိုင်ငံ မည်သည့်အစိတ်အပိုင်းတွင်မျှမရှိသည့် အခွင့်အရေးများကို ကာကွယ်ပေးရမည်ဖြစ်သည်။

ထိုသဘောတူညီချက်အရပင် ဟောင်ကောင်သည် ၎င်း၏ အမျိုးသားလုံခြုံရေး ဥပဒေကို ၎င်းကိုယ်တိုင်ပြဋ္ဌာန်း ရမည်ဖြစ်သည်။ ထိုအချက်ကို အခြေခံဥပဒေ ပုဒ်မ ၂၃ တွင် ဖေါ်ပြထားသော်လည်း လူထုထောက်ခံမှုမရှိသော ကြောင့် ပြဋ္ဌာန်းနိုင်ခြင်းမရှိပေ။

လွန်ခဲ့သောနှစ်က ရာဇဝတ်သား လဲလှယ်ရေး ဥပဒေ ကို ဆန့်ကျင် ဆန္ဒပြသူများသည် အကြမ်းဖက်လာပြီး ပိုမိုကျယ်ပြန့်သည့် တရုတ်ဆန့်ကျင်ရေး ဒီမိုကရေစီလိုလားသည့် လှုပ်ရှားမှုဖြစ်လာသည်။

တရုတ်နိုင်ငံက မည်သို့ လုပ်နိုင်သနည်း

လွှဲပြောင်းမှု သဘောတူညီချက်အရ အာမခံထားသော လွတ်လပ်မှုများ ဟောင်ကောင်တွင် ရှိသည်ဆိုလျှင် တရုတ်နိုင်ငံက ထိုကဲ့သို့ မည်သည့်အတွက် လုပ်ဆောင်နိုင်ခဲ့သနည်းဟု အများအပြားက မေးနိုင်သည်။

အခြေခံဥပဒေအရ တရုတ်ဥပဒေများကို နောက်ဆက်တွဲ ၃ တွင် ဖေါ်ပြခြင်းမရှိလျှင် ဟောင်ကောင်တွင် ကျင့်သုံးနိုင်ခြင်းမရှိပေ။ ထိုစာရင်းတွင် ထည့်သွင်းထားပြီးဖြစ်သည့် တရုတ်ဥပဒေအချို့ရှိသောလည်း အများစုမှာ အငြင်းပွားဖွယ်ရာမရှိဘဲ နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်သည့် ဥပဒေများဖြစ်သည်။

ထိုဥပဒေများကို ဒီဂရီအမိန့်ဖြင့် ကျင့်သုံးနိုင်ပြီး ဟောင်ကောင်လွှတ်တော်ကို ဖြတ်သန်းရန်မလိုပေ။

ဟောင်ကောင်လုံခြုံရေး ဥပဒေကိုထိုနည်းလမ်းဖြင့် ကျင့်သုံးခြင်းသည် ဟောင်ကောင်အတွက် အရေးပါသည့် တနိုင်ငံစနစ်နှစ်မျိုး စနစ်များကို ချိုးဖေါက်လိုက်ခြင်းနှင့်တူသော်လည်း တရုတ်နိုင်ငံက သဘောတရားအားဖြင့် လုပ်ရန်ဖြစ်နိုင်သည်ဟု ဝေဖန်သူများပြောသည်။ ္ပ

ကိုးကား။ ။ BBC

ဟောင်ကောင် လုံခြုံရေး ဥပဒေ သက်ဝင်လာပြီးနောက်လူရာချီ အဖမ်းခံရ

Your Thoughts …
Tags: တရုတ်နိုင်ငံဒီမိုကရေစီလူ့အခွင့်အရေးဟောင်ကောင်လုံခြုံရေး ဥပဒေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

အလှမယ် သရဖူထက်ပိုတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုမှု

by ဥသြ
30 October 2024
16.1k

မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကိုယ်စားပြုတယ်ဆိုတာ ဝတ်စုံလှလှလေးဝတ်ပြီး စင်မြင့်ပေါ်မှာ လမ်းလျှောက်ပြတာထက် အများကြီး ပိုပါတယ်။

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

by Luke Hunt
20 September 2024
10.6k

ကျနော် မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့အကြောင်းရင်းက အရမ်းခိုင်မာတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်နဲ့ သူတို့ကို ကူညီဖို့ပဲ။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်‌လော

by Bertil Lintner
15 March 2025
6.2k

မေးစရာရှိသည်မှာ သမ္မတ ထရမ့်သည် ခြေတလှမ်းတိုးပြီး စစ်ကောင်စီနှင့် စတင် “ထိတွေ့ဆက်ဆံမည်လား” ဆိုသည့် မေးခွန်း ဖြစ်သည်။

မြန်မာပြည်တွင်းစစ် မည်သို့ အဆုံးသတ်မည်နည်း

by Koh Ewe
7 November 2024
6k

နိဂုံးသည် မနီးကပ်သေးသော်လည် ရှင်းလင်းထင်ရှားသည်ဟု ၂၀၂၁ ခုနှစ်တွင် မြန်မာ စစ်အာဏာသိမ်းမှုဖြင့် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာ့ပြည်တွင်းစစ်ကို အနီးကပ်လေ့လာနေသူများက ပြောသည်။

NUG ကိုယ်တွင်းက နတ်ဆိုး

NUG ကိုယ်တွင်းက နတ်ဆိုး

by David Scott Mathieson
7 March 2024
5.9k

NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန (MOHAI) ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှတဆင့် လွန်စွာ စိုးရိမ်စရာကောင်းသည့် ကြေညာချက်တစောင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

Next Post
သရုပ်ဆောင် ဈူးဈူးဈာန် / ဝေဝေနှင်း / ဧရာဝတီ

ဘယ်သွားသွား အပျိုကြီးလို့ အခေါ်ခံရတဲ့ ဈူးဈူးဈာန်

စိုးရိမ်မှုများကြားမှ ရခိုင်ပြည်နယ် NLD ပါတီ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုပြီးစီး (ရုပ်/သံ)

စိုးရိမ်မှုများကြားမှ ရခိုင်ပြည်နယ် NLD ပါတီ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုပြီးစီး (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved