• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပြိုင်ဆိုင်မှု ပြင်းတဲ့ စစ်ကိုင်းတိုင်းသားတို့ ရွေးကောက်ပွဲ၊ ဘယ်သူတွေကို ရွေးချယ်မလဲ

by သဇင်လှိုင်
29 October 2020
in ဆောင်းပါး
A A
စစ်ကိုင်းတိုင်းအတွင်း NLD နှင့် USDP ပါတီတို့ လှည့်လည် အင်အားပြနေစဉ်  / Thura Q Q Aung / Facebook

စစ်ကိုင်းတိုင်းအတွင်း NLD နှင့် USDP ပါတီတို့ လှည့်လည် အင်အားပြနေစဉ် / Thura Q Q Aung / Facebook

13k
VIEWS
Share on FacebookShare on Twitter

ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ပါတီတွေနဲ့ သူတို့ကို ထောက်ခံသူတွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။ အချို့ တိုင်းဒေသကြီးတွေမှာ ပါတီ ဝန်းရံသူတွေကြား ပွတ်တိုက်မှု၊ အထိအခိုက်တွေ မြင်တွေ့လာနေပြီး တချို့နေရာတွေမှာ လည်း အကြမ်းဖက်မှု အသွင်ဆောင်တဲ့ အခြေအနေတွေလည်း ရှိလာပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကတော့ စစ်ကိုင်းတိုင်းဒေသကြီးမှာ နှစ်ဖက် ပါတီဝန်းရံသူတွေ အားပြိုင်မှုကနေ လူသေဆုံးတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဝန်းရံ သူတွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝန်းရံသူတွေကြား ပဋိပက္ခမှာ NLD အင်္ကျီဝတ်ဆင်ထားတဲ့ ကိုမျိုးမင်းစိုး ဒဏ်ရာ ရရှိခဲ့ပြီး မန္တလေး ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
92
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
381
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k

အဲဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး USDP အင်္ကျီ ဝတ်ဆင်သူတွေက ရိုက်နှက်ခဲ့တဲ့ ရုပ်သံ ဗွီဒီယိုများရော၊ အဲဒီ ဖြစ်စဉ် မတိုင်ခင် NLD အင်္ကျီဝတ်ဆင် ထားသူများက အော်ဟစ် ပိတ်ဆို့ ကခုန်နေသော ရုပ်သံဗွီဒီယိုတွေပါ လူမှုကွန်ရက်မှ ပျံ့နှံ့ နေခဲ့ပါ တယ်။

ဒါပေမယ့် NLD ပါတီဘက်ကတော့ ဝန်းရံသူတွေနဲ့ ဖြစ်တာမဟုတ်ဘဲ လမ်းသွားလမ်းလာတွေနဲ့ ဖြစ်တာဆိုပြီး ငြင်းချက် ထုတ်ထားပေမယ့် USDP ဘက်ကတော့ ဒီဖြစ်ရပ်မှာ NLD ဘက်က ဝန်းရံသူတွေက ရန်စမှုတွေရှိခဲ့တယ်ဆိုပြီး ဆို ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ဒီဖြစ်ရပ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲအပေါ် လူထုအာရုံစိုက်မှု ပိုရှိလာစေခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ အင်အားကြီး ပါတီ၂ ခုအပြင် တိုင်းရင်းသား ပါတီတွေ စုံလင်စွာ လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြ မှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့အပြင် ချင်းအမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်၊ နာဂအမျိုးသားပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ရှမ်းနီ (တိုင်း လျန်) သွေးစည်း ညီညွတ်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ စတဲ့ တိုင်းရင်းသားပါတီအချို့အပါအဝင် နိုင်ငံရေး ပါတီ ၁၆ ခုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အများအပြား ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

တနိုင်ငံလုံး အနေနဲ့ ခြုံကြည့်ရင် အဖြေထွက်ပြီးသား ရွေးကောက်ပွဲလို့ ဆိုကြပေမယ့်လည်း ပါတီအသီးသီးက ကိုယ်စား လှယ်တွေကတော့ အားကြိုးမာန်တက် မဲဆွယ် စည်းရုံးနေကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဟာ ရှမ်းပြည်နယ်ပြီးရင် ဧရိ ယာအကြီးဆုံး တိုင်းဒေသကြီး တခုဖြစ်ပြီး ဗမာ၊ ချင်း၊ ရှမ်း (အထူးသဖြင့် ရှမ်းနီ) လူမျိုးတွေနဲ့ နာဂလူမျိုးတွေ အများဆုံး နေထိုင်ကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ကာဘိုးကျေးရွာ ပဋိပက္ခတွင် ထိခိုက်ခံခဲ့ရသော နေအိမ်နှင့် ရိုက်နှက်ခံခဲ့ရသူ၏ မိသားစုများအား သွားရောက် တွေ့ဆုံစဉ် (ဓာတ်ပုံ- Sagaing gov)

ဒါကြောင့်လည်း တိုင်းဒေသကြီး လွှတ်တော်အတွက် ရှမ်းနဲ့ချင်း တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော် ကိုယ်စားလှယ် လောင်းနေရာတွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ ရှိနေတဲ့အတွက် နာဂ လူ မျိုးရေးရာ လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာ မရှိပါဘူး။

စစ်ကိုင်းတိုင်း ဒေသကြီးထဲက အချို့ဒေသတွေမှာ ဆိုရင် မဲစာရင်းကို လာရောက် စစ်ဆေးတဲ့သူ နည်းပါးနေတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် လူထု စိတ်ဝင်စားမှုဟာ၂၀၁၅ ထက် အနည်းငယ် လျော့ကျနေတယ်လို့ စောင့်ကြည့် လေ့လာရေး အဖွဲ့ အချို့က ဆိုပါတယ်။

Upper Chindwin Youth Network အဖွဲ့က ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ကိုကျော်သက်ဝင်း က “မဲရုံကို သွားဖို့ ထိတ်လန့် နေသလို၊ မဲကြည့်တဲ့ မဲစာရင်းစစ်တဲ့ လူတွေ နည်းနည်း အားနည်းနေတယ် ဒီဘက်က။ မဲစာရင်း သိပ်မစစ်ကြဘူး။ အဲဒီ အ ချက် ကတော့၂၀၂၀ မှာ ထူးထူးဆန်းဆန်း တွေ့ရတယ်” လို့ ဆိုပါတယ်။

ကိုကျော်သက်ဝင်းတို့ အဖွဲ့ဟာ ကလေးခရိုင်ကို ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာနေတာဖြစ်ပြီး ကလေးခရိုင်ဟာ စစ် ကိုင်းတိုင်း ဒေသကြီးမှာ ကိုဗစ်ပိုးတွေ့လူနာ အများဆုံး ဖြစ်နေတာကြောင့်လည်း ရွေးကောက်ပွဲအပေါ် အာရုံစိုက်မှု လျော့ ကျနေတာလို့ သိရပါတယ်။

ကလေးမြို့နယ်မှ တသီးပုဂ္ဂလ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဦးဝင်းစိန်ကလည်း မဲစာရင်း စစ်ဆေးတာတွေကို သိပ်မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး တခုလုံး ခြုံငုံပြောရရင်တော့ ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် လူတွေ ပိုစိတ်ဝင်စား လာတဲ့ အခြေအနေ ရှိနေပါတယ်လို့ စောင့်ကြည့်ရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ Chindwin Institute က မရွှေရည်က လည်း ဆိုပါ တယ်။

“ကျမတို့ ကြည့်ရသလောက်ကတော့ မဲပေးဖို့အတွက် ပြည်သူတွေကို ပိုပြီးတော့ စိတ်ဝင်စားလာတယ်လို့ မြင်ပါတယ်။ စောင့်ကြည့်အဖွဲ့တွေ အနေနဲ့လည်း ကမ်ပိန်းတွေ တောက်လျှောက် လုပ်နေတယ်ပေါ့။၂၀၁၅ မှာတုန်းက မသိခဲ့တဲ့သူ တွေလည်း သိလာတာတော့ မဲပေးဖို့အတွက် ပါဝင်လာတာ များတယ်ပေါ့” လို့ မရွှေရည်က ပြောပါတယ်။

နာဂ အမျိုးသား ပါတီ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်နေစဉ် (ဓာတ်ပုံ- Shu Maung Kyiizvaw /Facebook)

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပထမအကြိမ် မဲစာရင်း ထုတ်ပြန်ချိန်က ၄,၁၆၀,၀၀၀ ပဲ ရှိခဲ့ပေမယ့်၊ ဒုတိယအကြိမ် ထုတ်ပြန် ရာမှာတော့ ၄,၂၂၉,၀၀၀ ကျော် ဖြစ်လာတာကြောင့် ၆ သောင်းကျော် တိုးလာပါတယ်။ ဒါဟာ ရွေးကောက်ပွဲကို စိတ်ဝင်တ စားနဲ့ မဲစာရင်း စစ်ဆေးမှုတွေ ရှိနေတယ် ဆိုတာကိုတော့ ဖော်ပြနေပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက “ဒုတိယအကြိမ် ကပ်တဲ့စာရင်းအရတော့ ၆ သောင်းကျော် တိုးလာတယ်” လို့ ပြောပါတယ်။

လူဦးရေ ၅ သန်းခွဲ ဝန်းကျင်ရှိတဲ့ စစ်ကိုင်းတိုင်း ဒေသကြီးမှာ မဲရုံစုစုပေါင်း ၄,၁၀၇ ရုံရှိပြီး မဲရုံအရေအတွက်တွေ ၄၀၀ ကျော် တိုးလာပါတယ်။ တပ်မိသားစုတွေ အတွက် တပ်တွင်း မဲရုံတွေ မထားတော့ဘဲ နီးစပ်ရာ မဲရုံတွေမှာ ပေးရမှာ ဖြစ်ပြီး နီးစပ်တဲ့ မဲရုံမရှိရင် တပ်ပြင်ပ နေရာမှာ ဆောက်ထားတယ်လို့ ဆိုပါတယ်။

“မဲရုံ မရှိတဲ့နေရာတွေမှာတော့ တနေရာရာမှာ မဲရုံ ဆောက်မှာပေါ့။ ဥပမာ ဘောလုံးကွင်းတို့ ဘာတို့မှာ” လို့ ဦးတင်ဦးက ဆို ပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ဒီ လူဦးရေ ၄၂ သိန်းကျော်ဟာ ဘယ်သူတွေကို မဲပေးမှာလဲ။ အများ ခန့်မှန်းထားသလို NLD ကိုယ်စားလှယ်တွေကိုပဲလား။ ဒါမှမဟုတ် အပြိုင်အဆိုင်တွေ ရှိနေလား။ ဘယ်သူတွေက ဖျက်မြင်း ဖြစ်မလဲ စတဲ့ မေးခွန်း တွေရဲ့အဖြေတွေကတော့ တိတိကျကျ မထွက်သေးပါဘူး။

လတ်တလော ရွေးကောက်ပွဲ မစခင်မှာတင်ပဲ အမျိုးသမီး ၁၇ ဦး အပါအဝင် ဖြစ်တဲ့ ကိုယ်စားလှယ်လောင်း ၁၂၆ ဦးဟာ ရွေးကောက်ခံပိုင်ခွင့်ကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။

နှင်းဆီပါတီ လို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကို မှတ်ပုံတင် ပယ်ဖျက်ပြီး ဖျက်သိမ်းလိုက်တယ် လို့ အောက်တိုဘာလ ၁၇ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာခဲ့တာကြောင့် စစ်ကိုင်း တိုင်း ဒေသကြီးမှာ ယှဉ်ပြိုင်မယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်း ၁၂၅ ဦးဟာ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရှိတော့ပါဘူး။

နှင်းဆီပါတီဟာ စစ်ကိုင်းတိုင်း ဒေသကြီးက လွှတ်တော်သုံးရပ်လုံးမှာ တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ် နေ ရာများပါ မကျန် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂၅ ဦးလုံး အင်ပြည့်၊ အားပြည့် ဝင်ရောက် ယှဉ်ပြိုင်ထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ ကိုယ်စားလှယ် အားလုံးမှာ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဇ) နဲ့ ငြိစွန်းလို့ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆိုပါ တယ်။

ဒါ့ပြင် စစ်ကိုင်းတိုင်း ရွေးကောက်ပွဲ ကော်မရှင်ခွဲဟာ ကန့်ဘလူမြို့နယ်က ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ ဦးအောင်မောင်းကိုလည်း နိုင်ငံ့ဝန်ထမ်းအဖြစ် အကျုံးဝင်နေ တာကြောင့် ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီတဲ့အတွက် အမည်စာရင်းကနေ ပယ်ဖျက်လိုက်ပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၄)မှာ ဝင်ပြိုင်မယ့် ဦးအောင်မောင်းဟာ စားသုံးသူရေးရာ ဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တဦးဖြစ်ပြီး သက်ပြည့် ပင်စင် ယူထားပေမယ့်လည်း ခံစားခွင့် ၄ လ ကျန်နေသေးတာကြောင့် နိုင်ငံ့ ဝန်ထမ်းအဖြစ် အကျုံးဝင်နေဆဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီး လွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၄၂၄ ဦး ဝင်ရောက် ယှဉ် ပြိုင်တာကနေ ၃၄၈ ဦးပဲ ကျန်တော့မှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးကနေ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စား လှယ်လောင်း ၁၉၉ ဦး ယှဉ်ပြိုင်ရာမှာ ၁၆၂ ဦးသာ ကျန်ရှိတော့မှာ ဖြစ်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလောင်းက တော့ မူလက ၆၂ ဦး ရှိရာမှာ ၄၉ ဦးသာ ကျန်ရှိတော့မယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲက နေ သိရပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ နှင်းဆီပါတီက ကိုယ်စားလှယ်လောင်းတွေကို ဖယ်ထုတ်လိုက်ရင် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် ရှိပြီးတော့ အဲဒီထဲမှာမှ စစ်ကိုင်းတိုင်းမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၅၅၉ ဦးရှိနေတာကြောင့် ၁၀ ရာခိုင်နှုန်း နီးပါး ရှိနေပါတယ်။

နာဂ အမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးရှုမောင် (ဓာတ်ပုံ- Shu Maung Kyiizvaw /Facebook)

ကိုယ်စားလှယ် အများဆုံး ဝင်ပြိုင်တဲ့ နေရာကတော့ ချင်းတိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်နေရာ ဖြစ်ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ် ၄ ဦး အပါအဝင် ကိုယ်စားလှယ် ၁၀ ဦး ဝင်ပြိုင်တာ ဖြစ်ပါတယ်။၂၀၁၅ ခုနှစ်တုန်းက အနိုင်ရ ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွချုပ်က ဦးလာလ်ထောင်ထန်ဟာ မပြိုင်တော့ဘဲ သူ့နေရာမှာ အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ် လာလ်ရင်းမွန် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ တသီးပုဂ္ဂလကိုယ်စားလှယ်တွေထဲမှာတော့ ဖျက်သိမ်းလိုက်ပြီ ဖြစ် တဲ့ ချင်းအမျိုးသား ပါတီက ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်ခဲ့တဲ့ ပူဘွန်းဇနန်း လည်း ပါဝင်လာပါတယ်။

စစ်ကိုင်းတိုင်းမှာ လဟယ်၊ ဒီပဲယင်းနဲ့ အင်းတော်မြို့နယ်ကလွဲရင် ကျန်မြို့နယ်တွေမှာ ချင်းတိုင်းရင်းသားရေးရာ လွှတ် တော် ကိုယ်စားလှယ် မဲပုံး ထားမှာဖြစ်ပြီး ချင်းတိုင်းရင်းသား မဲဆန္ဒရှင် ၁ ဒသမ ၇ သိန်း ကျော် ရှိတယ်လို့ စစ်ကိုင်းတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက စာရင်းတွေအရ သိရပါတယ်။

တိုင်းရင်းသား ကိုယ်စားလှယ်နေရာ တခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်နေရာကိုတော့၂၀၁၅ ခုနှစ်က အနိုင်ရရှိခဲ့တဲ့ ဒေါ်မွှေးမွှေးခင်က နှစ်ထပ်ကွမ်း သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ ဒေါ်မွှေးမွှေးခင်ဟာ ကျားနီပါတီ လို့ လူသိများတဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဖြစ်ပါတယ်။ သူဟာ တနိုင်ငံလုံးမှာရှိတဲ့ အမျိုး သမီး တိုင်းရင်းသားရေးရာ ဝန်ကြီး ၅ ဦးထဲမှာ တိုင်းရင်းသားပါတီ ကိုယ်စားပြုတဲ့ တဦးတည်းသောသူ ဖြစ်ပါတယ်။

NLD ကလည်း၂၀၁၅ ခုနှစ်က လက်လွတ် ဆုံးရှုံးခဲ့ရတဲ့ ရှမ်းတိုင်းရင်းသားရေးရာ နေရာအတွက် ဟုမ္မလင်းမြို့နယ်ရဲ့လက်ရှိ လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးကျော်ဌေးလွင်ကို ဝင်ရောက် ယှဉ်ပြိုင်စေခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးမှာ ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင် ၁ ဒသမ ၇ သိန်း နီးပါး ရှိနေတဲ့အထဲမှာ မဲဆန္ဒရှင်အများဆုံးက လည်း ဟုမ္မလင်းမြို့နယ်က ဖြစ်ပြီး မဲဆန္ဒရှင် ၁ သိန်း ကျော် ရှိနေပါတယ်။ ဒါကြောင့် ရှမ်းတိုင်းရင်းသားရေးရာ ကိုယ်စား လှယ်နေရာဟာ အပြောင်းအလဲ ဖြစ်လာမလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအတွက် မဖြစ်မနေ စောင့်ကြည့်ရမယ့် တိုင်းရင်းသားပါတီ တခုကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပထမဦးဆုံး ပါဝင်လာတဲ့ နာဂအမျိုးသား ပါတီပါပဲ။ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသတွေဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်း တို့အပြင် ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ် မဲဆန္ဒနယ် ၁ တို့မှာ ဝင်ပြိုင်လာတာ တွေ့ရပါတယ်။ ဒါ့ပြင် အမျိုးသား လွှတ်တော် မဲဆန္ဒ နယ် အမှတ် ၁၂ နဲ့ ပြည်သူ့လွှတ်တော်မှာ ဆိုရင် လေရှီး၊ လဟယ်၊ နန်းယွန်း၊ ခန္တီးမြို့ နယ်တွေမှာ ယှဉ်ပြိုင်လာပါတယ်။ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၄ ဦး ဝင်ပြိုင်တာ ဖြစ်ပါတယ်။

နာဂအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးရှုမောင်က “နာဂတောင်တန်းမှာ နာဂပါတီပဲ နိုင်ရမှာပေါ့။ ဒါပဲပေါ့ဗျာ” လို့ ယုံကြည်ချက် ရှိရှိ ဆိုပါတယ်။

နာဂဒေသတွေဟာ ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် မဲဆွယ် စည်းရုံးမှုမှာတော့ အခက်အခဲ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့်လို့ နာဂဒေသ တလျှောက်မှာတော့ ကိုဗစ်ကြောင့် ရွေးကောက်ပွဲအပေါ် သက်ရောက်မှု မရှိဘူး လို့လည်း သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးမှာ မဲဆွယ်စည်းရုံးရေး အခက်အခဲတွေ့နေတာကတော့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ဖြစ်ပါ တယ်။ စစ်ကိုင်းတိုင်း ဒေသကြီးမှာ လွှတ်တော် သုံးရပ်ပေါင်းကို တသီးပုဂ္ဂလ ကိုယ်စားလှယ် ၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ၂ ဦး၊ ပြည်သူ့ လွှတ်တော်မှာ ၉ ဦးနဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ၂၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ပြီး အများဆုံး ဝင်ပြိုင်တာကတော့ ချင်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်နေရာ ဖြစ်ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ် ၄ ဦး အထိ ဝင်ရောက်ယှဉ် ပြိုင်တာကို တွေ့ရပါတယ်။

တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ အနေနဲ့တော့ ပါတီတွေထက်ပိုပြီး အခက်အခဲနဲ့ အဟန့်အတားတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ ၁၂ ရက်ကဆိုရင် ကလေးမြို့၊ အောင်ဇေယျ ရပ်ကွက်၊ အောင်ဇေယျလမ်းမှာ စိုက်ထူထား တဲ့ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းရွှေနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးဝင်းစိန်တို့ရဲ့ အသိပေး ပိုစတာတွေ ဖြုတ်ချ ဖျက်ဆီးခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့အတွင်း NLD ပါတီ အင်အားပြ လှည့်လည်နေစဉ်(ဓာတ်ပုံ- Thura Q Q Aung/Facebook)

ဒါတင်မက ရွာတွေကို လှည့်လည် စည်းရုံးတဲ့ အခါမှလည်း နယ်ခံ ပါတီဝင်တွေရဲ့ ပိတ်ပင်တားဆီးတာတွေ ကြုံရတာမျိုး ရှိတယ်လို့ ဆိုပါတယ်။ အလားတူ ကြုံတွေ့ရတဲ့ အခြား တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေလည်း ရှိနေပါတယ်။

ကလေးမြို့နယ်မှ တသီးပုဂ္ဂလ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဦးဝင်းစိန်က “ထိပ်တိုက် မဟုတ်တောင် ကျနော် တို့ကို သွယ်ဝိုက် ပိတ်ပင်တားဆီးတာမျိုးတွေ၊ လှည့်ကွက်တွေ ရှိတာပေါ့။ တချို့ရွာတွေမှာတော့ အခက်အခဲ ရှိတာပေါ့။ သို့သော် သဘောပေါက်အောင် ပြောပြီး ဟောပြောခြင်း မပြုဘူး။ မဲဆွယ် စည်းရုံးတဲ့ စကားမပြောဘူး။ ကျနော်တို့ရဲ့စည်း ရုံးရေး သီချင်းလေးဖွင့်ပြီး လက်ကမ်းစာစောင်လေး ဝေပြီး ပြန်ထွက်သွားမှာပါ ဆိုတဲ့ ပုံစံနဲ့ပဲ စည်းရုံရေး ဆင်းခဲ့ရတာပေါ့” ဟု ဆိုသည်။

လူသိများသူ တသီးပုဂ္ဂလ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် ကတော့ “ပြည်သူတွေမှာ သူတို့ ကြိုက်တဲ့ ပါတီ သူတို့ ရှိနေကြတော့ တသီးပုဂ္ဂလ ဆိုတာကို နားမလည်ကြတာ တွေ့ရတယ်။ ပြည်သူတွေ စိတ်ထဲမှာပဲ ရှိတာက သူတို့ ကြိုက်တဲ့ ပါတီကို ရှိသမျှ မဲတွေ အကုန်လုံးပေးမှ အစိုးရ ဖွဲ့နိုင်မယ်လို့ ထင်နေကြတယ်။ အခြား အခက်အခဲတွေ က လည်း အများကြီးပါ” လို့ ဆိုပါတယ်။

ဦးမိုးရန်နိုင်ဟာ ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တဲ့အကြောင်း ထုတ်ဖော်ခဲ့လို့ ဒုရဲမှူး ရာ ထူးကနေ ထုတ်ပယ်ခံရပြီး ထောင်ချခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ခင်ဦးမြို့နယ် အမှတ်၂ မဲဆန္ဒနယ်မှာ သူဟာ အဓိက ပါတီ ကြီး ၃ ခုနဲ့ ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးရဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီးတဦးမှ မပါဝင် ပါဘူး။

ဒါပေမယ့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေလည်း အများအပြား ဝင်ပြိုင်တာ ကို တွေ့ရပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စစ်ကိုင်းတိုင်း အောင်နိုင်ရေးအဖွဲ့ ခေါင်း ဆောင် ဒေါ်ခင်စန်းလှိုင်၊ ချင်းတိုင်းရင်းသားရေးရာနေရာ ဝင်ပြိုင်မယ့် ဒေါ်လါလ်ရင်းမွန်၊ လက်ရှိ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်မွှေးမွှေးခင်တို့ အပါအဝင် အမျိုးသမီး ကိုယ်စားလှယ် စုစုပေါင်း ၅၆ ယောက် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါ တယ်။ လွှတ်တော် သုံးရပ်ပေါင်းမှာ အမျိုးသမီး အင်အားအများဆုံး ပါတီက NLD ပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ရေး အဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ ပြိုင်ဆိုင်မှုအများဆုံး နေရာက မင်းကင်းမြို့နယ်မှာ ဖြစ်ပြီး တိုင်ကြားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

“မင်းကင်းက ပြိုင်ဆိုင်မှု အားပြင်းတာက အနိုင်ရပါတီ NLD နဲ့ ကြံ့ခိုင်ရေးပါတီက အားပြင်းတာပေါ့။ စစ်ကိုင်းတိုင်းထဲမှာ ဆို ရင် မင်းကင်းမြို့နယ်မှာတော့ တိုင်ကြားထားတာတွေ ရှိတယ်လို့ ကြားသိရပါတယ်။ စည်းရုံးရေးဆင်းနေတဲ့အချိန်မှာ ပါတီ ဝန်းရံတဲ့သူ အချင်းချင်းကြားမှာ ဖြစ်တာပါ” လို့ Chindwin Institute မရွှေရည်က ဆိုပါတယ်။

တချို့မြို့နယ်တွေမှာလည်း ပါတီတခုနဲ့ တခုကြားမှာ အငြင်းပွားမှုတွေကတော့ ရှိနေပါတယ်။

“ရွာထဲကို အဝင် မခံတာတို့၊ ရှေ့ကနေ ပိတ်ထားတာတို့ ကိုဗစ်ကို အကြောင်းပြပြီး လုပ်တာပေါ့။ ပါတီကိုယ်စားပြုအဖွဲ့ တွေက လုပ်နေတာပါ” လို့ စစ်ကိုင်းတိုင်း ဒေသကြီး ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီက ဥက္ကဋ္ဌ ဦးစောလှထွန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း USDP ပါတီ မဲဆွယ်စည်းရုံး အင်အားပြနေစဉ် (ဓာတ်ပုံ- USDP )

စစ်ကိုင်းတိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးကတော့ အနည်းအကျဉ်း ကိစ္စရပ်တွေကို စေ့စပ်ညှိနှိုင်းရေးအဖွဲ့ တွေနဲ့ ညှိနှိုင်းဖြေရှင်းနိုင်ခဲ့တယ် လို့ ဆိုပါတယ်။

ပါတီ အသီးသီးနဲ့ ကိုယ်စားလှယ်လောင်း အသီးသီးကတော့ မျှော်လင့်ချက် ကိုယ်စီနဲ့ ရှေ့ဆက်နေပါတယ်။ တတိုင်းလုံးကို အင်ပြည့် အားပြည့် ဝင်ရောက် ယှဉ်ပြိုင်ထားတဲ့ ပါတီကြီး သုံးခုကလည်း ကိုယ်စီ အနိုင်ရဖို့ ကြိုးပမ်းနေကြဆဲပါ။

စစ်ကိုင်းတိုင်း ဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦးက “နိုင်ချင်လို့ဝင်တာ ဖြစ်တဲ့အတွက် နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ အားလုံးက လက်ရွေးစင်တွေနဲ့ သေချာရွေးပြီး ပြိုင်ထားတာမို့ အားလုံးကို နိုင်မယ်လို့ မျှော်မှန်းထားပါတယ်” လို့ ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဒေါ်ခင်စန်းလှိုင် က လည်း “၂၀၂၀ မှာလည်း ကျမတို့ စစ်ကိုင်းတိုင်းက နိုင်မှာပါ။ တတိုင်းလုံးနိုင်ဖို့ရာ ရှိပါတယ်” လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစောလှထွန်းက “ပြိုင်တယ် ဆိုမှတော့ နိုင်ချင် လို့ ပြိုင်တာလေ။ သို့သော်လည်း ပြည်သူ့ အဆုံးအဖြတ်ပါပဲ” လို့ ဆိုပါတယ်။

တကယ့်ရလဒ် အစစ်အမှန် အတွက်ကတော့ နိုဝင်ဘာလ ၈ ရက်အထိ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

You may also like these stories:

ပြိုင်ဘက် နှစ်ပါတီ ဝန်းရံသူများကြား ဖြစ်ပွားသည့် ကာဘိုးရွာ ပဋိပက္ခ၊ ၁ ဦးသေဆုံး

USDP ကိုယ်စားလှယ်လောင်း ၁ ဦး အမည်စာရင်း ပယ်ဖျက်ခံရ

တိုင်းရင်းသားပါတီတွေ အားကောင်းဖို့ လိုတယ်

Your Thoughts …
Tags: စစ်ကိုင်းတိုင်းတသီးပုဂ္ဂလရွေးကောက်ပွဲ
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
နှစ်ဦးနှစ်ဖက် ယုံကြည်ဖို့ခက်တဲ့ အခြေအနေကို ရင်ဆိုင်နေရတဲ့ ချေးငွေလုပ်ငန်းတွေ (ရုပ်/သံ)

နှစ်ဦးနှစ်ဖက် ယုံကြည်ဖို့ခက်တဲ့ အခြေအနေကို ရင်ဆိုင်နေရတဲ့ ချေးငွေလုပ်ငန်းတွေ (ရုပ်/သံ)

လေယာဉ်ပေါ်မှာ လေယာဉ်ခရီးစဉ်တွေက ကျွေးတဲ့ အစားအသောက် မီနူးတွေအတိုင်း မြည်းစမ်းခွင့်ရခဲ့ကြတာပါ။

စင်ကာပူလေကြောင်းပိုင် လေယာဉ်ကို စားသောက်ဆိုင်အဖြစ် ပြောင်းလဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved