• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

AA လက်က ပြန်မလွတ်သေးတဲ့ အမေ့ခံ နိုင်ငံ့ဝန်ထမ်းများ

by ဇင်လင်းထက်
24 January 2021
in ဆောင်းပါး
A A
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များ  / ကျော်ခ / ဧရာဝတီ

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

9.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း သေနတ်သံများ တိတ်ဆိတ်သွားသော်လည်း ရက္ခိုင်စစ်တပ် (AA) က ဖမ်းဆီး ခေါ်ဆောင်သွားပြီး ပြန်လွှတ်မပေးသေးသည့် နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်များ ကတော့ စိုးရိမ်ပူပန်နေကြဆဲဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစ၍ ၂၀၂၀ နိုဝင်ဘာထိ တပ်မတော်နှင့် AA လက်နက်ကိုင် အဖွဲ့တို့ အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ ထိုပဋိပက္ခကြားတွင် အရပ်သားများနှင့် နိုင်ငံရေးသမားများကို အပြန်အလှန် ဖမ်းဆီးမှုများ ရှိခဲ့သည်။

AA အဖွဲ့က  ဖမ်းဆီးသည့် အထဲတွင် နိုင်ငံရေးသမားများသာမကဘဲ နိုင်ငံ့ဝန်ထမ်းများပါ ပါဝင်သည်။

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲအပြီးတွင် တပ်မတော်နှင့် AA တို့ နှစ်ဘက် နားလည်မှုဖြင့် အပစ်ရပ်လိုက်ကြပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သတင်းစာမျက်နှာများထက်တွင် လူသိထင်ရှားခဲ့သည့် တောင်ကုတ် NLD ကိုယ်စားလှယ် ၃ ဦး အပါအဝင် အသက်ရွယ်ကြီးပြီး ကျန်းမာရေးမကောင်းသည့် တပ်မတော်သားများနှင့် တိုက်ပွဲတွင်း ဒဏ်ရာရရှိထားသည့် တပ်မတော်သားများကို AA လက်နက်ကိုင် အဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။

ထို့အတူ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ အဖွဲ့ဝင် ၄ ဦးကိုပြန်လွှတ်ပေးခဲ့သလို ၄ လကျော်ကြာ ဖမ်းဆီးထားသည့် ဆလိုင်းအောင်စိုး ကိုလည်း AA အဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။

ယင်းသို့ သတင်းစာမျက်နှာများထက်တွင် လူသိများခဲ့သူများကို လွှတ်ပေးခဲ့သော်လည်း အကြောင်းပြချက် အမျိုးမျိုးဖြင့် AA အဖွဲ့က ဖမ်းဆီးထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်တို့မှာ ယခုချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးပေ။

အဆိုပါ လဝက ဝန်ထမ်းများနှင့် ရဲဝန်ထမ်းများ လွတ်မြောက်ရေး အတွက် တောင်းဆိုမှု တွန်းအားပေးမှုများမရှိဘဲ နုတ်ဆိတ်နေသည်ဟုဆိုကာ ပြည်ထောင်စု အစိုးရနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှာလည်း ဝေဖန်ခံနေရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက်က AA အဖွဲ့၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် ဒုရဲအုပ်ထွန်းထွန်းနိုင်၏ ဖခင်ဖြစ်သူ ဦးအောင်မောင်းက လက်ရှိအချိန်အထိ ၎င်း၏ သားဖြစ်သူနှင့် ပတ်သက်သည့် သတင်းတစုံတရာမကြားရသဖြင့် သားဖြစ်သူအတွက် စိုးရိမ်ပူပန်နေရကြောင်း ဧရာဝတီသို့ ပြောသည်။

ဦးအောင်မောင်း က “ကျ‌နော်သားကိစ္စ လုံးဝမကြားဘူးဗျ။ မကြားလို့ ကျနော်တို့ ၂၀၁၉ ၊ ၁၂ လပိုင်းမှာ နေပြည်တော်ကို တက်ပြီးတော့ အသနားခံစာတင်ဖို့ ရဲချုပ်ရုံးကို သွားတော့လည်း ရဲချုပ်ရုံးက အဝင်မခံလို့ ကျနော်တို့ ပြန်ခဲ့ရတယ်။ အခုချိန်အထိလည်း ဘာသတင်းမှမကြားရဘူး” ဟု ဆိုသည်။

ဒုရဲအုပ် ထွန်းထွန်းနိုင်သည့် မန္တလေးတိုင်း မြစ်သားမြို့ဇာတိဖြစ်သည်။ ၎င်းသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က စစ်တွေမြို့မှ ထွက်ခွာလာသော ရွှေနဒီ ရေယာဉ်တွင် လိုက်ပါလာစဉ် AA အဖွဲ့၏ အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

“ကျနော့်သားက သူ့တာဝန်ထမ်းဆောင်တဲ့ ကာလပြီးလို့ ရခိုင်က ပြန်ရတော့မှာ။ ဒါပေမယ့် သူတို့အရာရှိက သူတို့နဲ့ လဲမယ့်ရဲဘော်သစ်တွေ လာနေပြီ သူတို့ကို သွားကြိုပါလို့ပြောလို့ ကျနော့်သားက သွားကြိုတာ ရဲဘော်သစ်တွေနဲ့ အပြန် လမ်းမှာ သူတို့ (AA) က ဖမ်းလိုက်တာပဲ” ဟု ဦးအောင်မောင်း က ရှင်းပြသည်။

ရဲတပ်ဖွဲ့မိသားစုဝင်တဦးဖြစ်သူ ပေါက်ခေါင်းမြို့မှ မစိုးစန္ဒာကလည်း ယနေ့အချိန်အထိ ၎င်း၏ အမျိုးသားဖြစ်သူ ရဲတပ်သား ညီညီလွင် နှင့်ပတ်သက်သည့် သတင်းတစုံတရာ မကြားရသဖြင့် စိုးရိမ်ပူပန်နေလျှက်ရှိသည်။

ရဲတပ်သား ညီညီလွင်သည် ရသေ့တောင်မြို့နယ် သဇင်မြိုင်ရဲကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေစဉ် ၂၀၂၀ ခုနှစ် မေလ ၂၉ ရက်က AA အဖွဲ့၏ စီးနင်းတိုက်ခိုက်မှုခံရပြီးနောက် ရဲတပ်ဖွဲ့ဝင် ၅ ဦး၊ ကလေး ၁ ဦးအပါအဝင် အခြားသောရဲတပ်ဖွဲ့မိသားစုဝင် ၃ ဦးတို့နှင့်အတူ ပျောက်ဆုံးနေခြင်းဖြစ်သည်။

“တာဝန်ထမ်းဆောင်နေချိန်မှာ သူတို့ (AA) က လာတိုက်တာ။ အဲဒီမှာ သူပစ်၊ ကိုယ်ပစ်ပေါ့။ သမီးတို့လည်း စိတ်ပူတာပေါ့။ သေလားမသိ၊ ရှင်လားမသိ ဆိုတော့လေ” ဟု မစိုးစန္ဒာ က ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံထားရစဉ်တွင် ဖမ်းဆီးခံရဲတပ်ဖွဲ့မိသားစုဝင်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က ၁ လလျှင် ငွေကျပ် ၈ သောင်း ကူညီထောက်ပံ့ပေးမှုရှိသော်လည်း တစုံတရာ အားပေးနှစ်သိမ့်ပြောဆိုမှုမရှိဟု ဆိုသည်။

မစိုးစန္ဒာ က “လမ်းမှာတွေ့ရင်တောင်မှ ဘယ်လို အခြေအနေရှိလဲ။ နင့်ယောက်ျားသတင်းဘာကြားသေးလဲ။ မေးဖော်တွေ ဘာတွေတော့မရှိဘူး။ သမီးတို့ကလည်း ကိုယ့်ဝန်ထမ်းအချင်းချင်း အားပေးစကားပြောတာ လိုချင်တာပေါ့။ သမီးတို့မိသားစုတွေနေရထိုင်ရ အဆင်ပြေလားအဲဒီလို သတင်းမေးတာလေးတွေတော့ လိုချင်တာပေါ့” ဟု ပြောသည်။

AA လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးလာသောအခါ ရဲဝန်ထမ်းမိသားစုဝင်များကလည်း ၎င်းတို့၏ မိသားစုဝင်ရဲ တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်လာရေးအတွက် အားတက်ခဲ့ကြသည်ဟု ဆိုကြသည်။ သို့သော်လည်း ယနေ့ အချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးသလို လွတ်မြောက်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက အသံတိတ်နေသဖြင့် စိတ်ပျက်နေကြရသည်ဟုဆိုသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
229
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
115

ဦးအောင်မောင်းက “NLD ကိုယ်စားလှယ်လောင်းတွေ ပြန်လွှတ်ပေးသလို၊ တခြားလူတွေ ပြန်လွှတ်ပေးသလို ကျနော်တို့နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း AA အဖမ်းခံရတဲ့ ရဲဘော်တွေကိုလည်း နိုင်ငံတော် အကြီးအကဲတွေက ပြန်လည်လွတ်မြောက်လာအောင် ကြိုးစားပေးစေချင်တာပေါ့။ နိုင်ငံတော်အစိုးရရော၊ တပ်မတော်ရော၊ AA ဘက်က ပုဂ္ဂိုလ်တွေရော ပြေပြေလည်လည် ညှိနှိုင်းပြီးတော့ ကျနော့်သားအပါအဝင် နိုင်ငံ့ဝန်ထမ်းတွေကို ပြန်လွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ လွတ်မြောက်ရေး အတွက် မိသားစုဝင်များ စိုးရိမ်သောက ရောက်နေကြရသကဲ့သို့ပင် AA ဖမ်းထားသည့် လဝက ဝန်ထမ်းများ၏ မိသားစုများလည်း အလားတူ ခံစားနေကြရသည်။ ၎င်းတို့လွတ်မြောက်ရေးနှင့် ပတ်သက်ပြီး လမ်းစပျောက်နေသကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။

တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖမ်းဆီးခံနိုင်ငံ့ဝန်ထမ်းများ ပြန်လည်လွတ်မြောက်လာရေးအတွက် တပ်မတော်အနေနှင့် အတတ်နိုင်ဆုံးကြိုးပမ်း ဆောင်ရွက်နေကြောင်း ဧရာဝတီသို့ပြောသည်။

“တပ်မတော်က အရင်တွေ့ကတည်းက ပြောနေတာပါပဲ။ လွှတ်ဖို့တော့တို့တွေက ပြောထားတာပဲ။ ဒါပေမယ့် သူတို့ (AA) က ဘာမှ သတင်းမပြန်ဘူး။ တပ်မတော်ဘက်က တတ်နိုင်သမျှတော့ ကြိုးစားနေတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း က ဆိုသည်။

ဖမ်းဆီးခံ နိုင်ငံဝန်ထမ်းများ အသက်ရှင်လျက်ရှိမရှိနှင့် ပြန်လည်လွှတ်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းနိုင်ရန် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ ဧရာဝတီသတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း တုန့်ပြန်ဖြေဆိုခြင်း မရှိခဲ့ပေ။

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကမူ “အထက်အကြီးအကဲတွေအနေနဲ့ အခုလို AA နဲ့ သေနတ်သံတွေ ရပ်စဲနေတဲ့အချိန်မှာ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေအတွက် အခွင့်ကောင်းတခုပါပဲ။ ဒါကို အရေးပေးဆွေးနွေးကြဖို့လိုတယ်လို့မြင်တာပါပဲ” ဟု ပြောသည်။

ထောင်မှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိအချိန်တွင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသူ ဦးခင်မောင်မြင့်ကလည်း နိုင်ငံ့ဝန်ထမ်းများ ပြန်လည်လွတ်မြောက်လာရေးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်သမ္မတရုံးတို့တွင် အဓိက တာဝန်ရှိနေကြောင်း ထောက်ပြသည်။

“တပ်မတော်မှာလည်းတာဝန်ရှိပါတယ်။ သူတို့ ဘယ်လိုဆောင်ရွက်နေပါတယ်ဆိုတာကိုလည်း မိသားစုဝင်တွေတင်မဟုတ်ဘဲ ပြည်သူတွေကို အသိပေးသင့်တယ်။ ဘာတွေတော့လုပ်နေတယ်။ ဘယ်အဆင့်မှာတော့ ဘာအခက်အခဲတွေ ရှိနေတယ်။ စသဖြင့်ပေါ့ဗျာ” ဟု ဦးခင်မောင်မြင့် က မှတ်ချက်ပေးသည်။

သို့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံးအပါအဝင် တပ်မတော်တို့ဘက်မှ AA ဖမ်းဆီးခံထားရသည့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ ပြည်သူလူထုအား တစုံတရာ ရှင်းလင်းပြောဆိုမှု မရှိသေးသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စမဟုတ်ကြောင်း ဝေဖန်သည်။

“နိုင်ငံအတွက် အသက်စွန့်ပြီး တာဝန်ထမ်းဆောင်ရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ရင်း အဖမ်းခံရတော့ မှ မင်းထိုက်နဲ့ မင်းကံပဲဆိုပြီး ပစ်ထားတာကတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်” ဟု ဦးခင်မောင်မြင့် က ဆိုသည်။

တဖက်တွင်လည်း ပြည်ထောင်စုအစိုးရသည် AA အပါအဝင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)  တို့နှင့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင်စီချုပ်ဆိုရန် ညှိနှိုင်းနေပြီး မြစ်ကြီးနား သို့မဟုတ် ကျိုင်းတုံမြို့တွင် ဇန်နဝါရီလအတွင်း တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်နေသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အစိုးရအနေဖြင့် AA ဖမ်းဆီးခြင်း ခံထားရသည့် ရဲဝန်ထမ်းများနှင့် လဝက ဝန်ထမ်းများ၏ လွှတ်ပေးရန် အတွက် ညှိနှိုင်းဆွေးနွေးလိမ့်မည်ဟုပင် မိသားစုဝင်များက မျှော်လင့်နေကြသည်။

လက်ရှိအချိန်ထိတော့ AA ဖမ်းဆီးထားသည့် အစိုးရ ဝန်ထမ်းများသည် အမေ့ခံဘဝ ရောက်နေသည်ဟု မိသားစုဝင်များက ပြောနေကြသည်။

 

Your Thoughts …
Tags: AAနိုင်ငံဝန်ထမ်းရခိုင်ပြည်နယ်
ဇင်လင်းထက်

ဇင်လင်းထက်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
ယနေ့တွေ့ရသော DMG သတင်းဌာန ရုံးခန်း  / ခိုင်ရိုးလ

စစ်တွေ အခြေစိုက် DMG သတင်းထောက် ၂ ဦး ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ခံရ

သရုပ်ဆောင် ကျော်ကျော်ဗို  / Kyaw Kyaw Bo's Facebook

“လမ်းဘေး” ကော်ဖီရဲ့ Logo အကြောင်း ရှင်းပြခဲ့တဲ့ ကျော်ကျော်ဗို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved