• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ့ကောင်းကင်ယံမှ တရုတ်၏ လူသတ်မျက်လုံးများ

by ဧရာဝတီ
9 June 2021
in ဆောင်းပါး
A A
တရုတ်နိုင်ငံလုပ် CH-3A မောင်းသူမဲ့လေယာဉ်များ 

တရုတ်နိုင်ငံလုပ် CH-3A မောင်းသူမဲ့လေယာဉ်များ 

116.4k
VIEWS
Share on FacebookShare on Twitter

ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် နည်းဗျူဟာ အသာစီး ရရန် မြန်မာစစ်ကောင်စီသည် တခါတရံ တရုတ်လုပ် မောင်းသူမဲ့လေယာဉ်များသုံးကာ အခြေအနေကို ထောက်လှမ်းပြီး ဖြိုခွဲရမည့်ပစ်မှတ်များကို ရှာသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ ဆန္ဒပြပွဲများမှ စ၍ လတ်တလော ရရာလက်နက် စွဲကိုင်ပြီး ပုန်ကန်နေကြမှုများအပေါ်ထိ ထိုမောင်းသူမဲ့လေယာဉ်များကို တွေ့ရနိုင်သည်။ မန္တလေးမှ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ဆန္ဒပြသူများစွာတို့ကို စစ်ကောင်စီ၏ လက်ဖြောင့်သေနတ်သမားများက ပစ်သတ်ကြသည်။ ထိုစစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်ရမည့်နေရာ တိကျစေရန် မောင်းသူမဲ့လေယာဉ်များမှပေးသည့် ထောက်လှမ်းရေးသတင်းအချက်အလက်များ (ISR) ကို အသုံးပြုနိုင်ခြေရှိကြောင်း လေ့လာသူများက ပြောသည်။

ထိုမောင်းသူမဲ့လေယာဉ်များကို ကချင်နှင့် ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင်လည်း မကြာသေးမီက တွေ့ရသည်။ ထိုဒေသများတွင် စစ်ကောင်စီတပ်များက အရပ်သားနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သောကြောင့် ဒုက္ခသည်များနယ်စပ်သို့ အလုံးအရင်းထွက်ပြေးကာ လူသားချင်းစာနာမှုအကျပ်အတည်း တခု ပေါ်ပေါက်လာနေသည်။

မြန်မာစစ်ကောင်စီသည် ဆန္ဒပြသူများကို ဖိနှိပ်ဖြိုခွဲရန် တရုတ်လုပ် မောင်းသူမဲ့လေယာဉ်များ သုံးနေသည်ကို သိရသောဘေ့ဂျင်းသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို တိတ်တဆိတ်ထောက်ခံနေသည်ဆိုသည့် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုမှ မကျေမနပ်ပြောဆိုမှုများကို ပိုမို မီးထိုးပေးမည်ဖြစ်သည်။ ထိုအာဏာသိမ်းမှုသည် ဒီမိုကရေစီကို ဆိုင်းငံ့လိုက်ပြီး တနိုင်ငံလုံးအုံကြွမှုကို ဖြစ်စေကာ စစ်ကောင်စီက သတ်ဖြတ်သူအရေအတွက်မှာလည်း ၉၀၀ ကျော်ပြီဖြစ်သည်။

ထိုမောင်းသူမဲ့လေယာဉ်များသည် တရုတ်နိုင်ငံလုပ် CH-3A များဖြစ်ကြောင်းကို ဗြိတိန်နိုင်ငံအခြေစိုက် ဂျိန်း နိုင်ငံတကာကာကွယ်ရေး သုံးသပ်ချက်စာစောင် – Janes International Defense Review နှင့် ဝါရှင်တန် အခြေစိုက် သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) တို့က အတည်ပြုနိုင်ခဲ့သည်။

မိတ္ထီလာရှိ ရှမ်းတဲလေတပ်စခန်းတွင် CH-3A မောင်းသူမဲ့လေယာဉ်များရှိကြောင်း CSIS က ထုတ်ပြန်သည့် ဂြိုလ်တုဓါတ်ပုံများ

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြိုတောင်ဖက် မြန်မာလေတပ် စစ်ရေးဌာနနှင့် လေယာဉ်အုပ်စုအများအပြား ရှိသော မိတ္ထီလာရှိ ရှမ်းတဲလေတပ်စခန်းတွင် CH-3A မောင်းသူမဲ့လေယာဉ်များရှိကြောင်း မေလ ၆ ရက်နေ့တွင် CSIS က ထုတ်ပြန်သည့် ဂြိုလ်တုဓါတ်ပုံများက အတည်ပြုပေးသည်။

မည်သည့်အဖွဲ့ပစ်ခတ်ကြောင်း မသိရသည့် ဒုံးကျည် ၅ စင်းကို ထိုလေတပ်အခြေစိုက်စခန်းသို့ ပစ်ခတ်ခဲ့ကြောင်း စစ်တပ်က ဧပြီလ ၂၉ ရက်နေ့တွင် ကြေညာသော်လည်း ထိခိုက်သေဆုံးပျက်စီးမှုများကို သတင်းဖေါ်ပြခြင်း မရှိပေ။ ထိုသို့ အမျိုးအမည်မသိရသည့် တိုက်ခိုက်သူများသည် ထိုတရုတ်လုပ် မောင်းသူမဲ့လေယာဉ်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဟုတ်မဟုတ်ကိုလည်း ရှင်းရှင်လင်းလင်း မသိရပေ။

CH-3A မောင်းသူမဲ့လေယာဉ်များကို ဂြိုလ်တုအချက်အလက်များ တပ်ဆင်ထားပြီး ဒုံးကျည်များအပါအဝင် အလေးချိန် ကီလိုဂရမ် ၁၈၀ သယ်ဆောင်နိုင်ကာ ကီလိုမီတာ ၉၆၀ သို့မဟုတ် ၆ နာရီကြာ ပျံသန်းနိုင်သည်။ ၎င်းတို့သည် AR-1 လေဆာပဲ့ထိန်း ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များနှင့် YC-200 ပဲ့ထိန်းဒုံးများကို သယ်ဆောင်နိုင်ကြသည်။

CH-3A မောင်းသူမဲ့လေယာဉ်များကို နိုင်ငံပိုင် တရုတ် အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (China Aerospace Science and Technology Corporation-CASC) ၏ လုပ်ငန်းခွဲ ဖြစ်သော တရုတ်လောင်းမတ်ချ် အင်တာနေရှင်နယ် China Aerospace Long-March International က ထုတ်လုပ်ခြင်းဖြစ်သည်။

အာဏာသ်ိမ်းပြီးနောက် သွေးချောင်းစီးမှု များပြားလာသောကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ တွမ်အင်ဒရူးက မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ချက်ခြင်းပိတ်ပင်ရန် တောင်းဆိုနေစဉ် မြန်မာစစ်ကောင်စီသည် ဖိနှိပ်တိုက်ခ်ိုက်မှုများတွင် တရုတ်လုပ်မောင်းသူမဲ့လေယာဉ်များ သုံးနေသည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် မြန်မာနိုင်ငံကို ရှုတ်ချရန် သို့မဟုတ် လက်နက်ရောင်းချမှု ပိတ်ပင်ရန် အနောက်နိုင်ငံများ၏ မည်သည့်အဆိုပြုချက်ကိုမဆို တရုတ်နိုင်ငံက ၎င်းတို့၏ ဗီတိုအာဏာဖြင့် ပယ်ချနေသည်။ မြန်မာနိုင်ငံမှ စစ်အာဏသိမ်းမှုသည် အစိုးရအဖွဲ့ အပြောင်းအလဲတခုသာ ဖြစ်ကြောင်း ဆင်ဝှာသတင်းက ဖေါ်ပြခဲ့သည်ကိုလည်း ရန်ကုန်ရှိ တရုတ်သံရုံးရှေ့တွင် အလုံးအရင်းဖြင့် ဆန္ဒပြကြသော လူမှုအာဏာဖီဆန်ရေးလှုပ်ရှားသူများက ထောက်ပြခဲ့ကြသည်။

တရုတ်နိုင်ငံ စစ်ရေးပြပွဲတခုတွင် တွေ့ရသော CH-3A မောင်းသူမဲ့လေယာဉ်တစင်း

ထိုလုပ်ရပ်ကို တုံ့ပြန်သောအားဖြင့် အမျိုးအမည်မသိရသော တိုက်ခိုက်သူများသည် ရန်ကုန်ရှိ တရုတ်ပိုင် စက်ရုံများကို တိုက်ခိုက်မီးရှို့လိုက်သည်။ မေလ ၅ ရက်နေ့က မန္တလေးတိုင်း ကျောက်ဆည်တက္ကသိုလ် အနီး တောမကျေးရွာတွင် တရုတ်ဓါတ်ငွေ့ပိုက်လိုင်းကို စောင့်ကြပ်နေသည့် စစ်ကောင်စီလုံခြုံရေး သုံးဦး ဓါးဖြင့် တိုက်ခိုက်သတ်ဖြတ်ခံရသည်။

သေချာသောအချက်မှာ တရုတ်က မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချခြင်းသည် အသစ်အဆန်းမဟုတ် ဟူသည့်အချက်ဖြစ်သည်။ ၂၀၁၄-၁၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် ရှမ်းတဲလေတပ်စခန်းသို့ CH-3A မောင်းသူမဲ့လေယာဉ် တဒါဇင်ခန့်အထိ ပေးပို့ထားနိုင်ကြောင်း သီးခြားလွတ်လပ်သည့် စောင့်ကြည့်ရေးအဖွဲဖြစ်သော စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ပြုစုထားသည့် စာရင်းများအရ သိရသည်။ ထိုသို့ဝယ်ယူစဉ်က ထိုလေယာဉ်များကို မြန်မာနိုင်ငံနယ်စပ်ဒေသများမှ တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် သုံးရန် ရည်ရွယ်သည်။

CH-3A မောင်းသူမဲ့လေယာဉ်များကို ကချင်ပြည်မြောက်ပိုင်းစွန်းတွင် တွေ့ရကြောင်းလည်း သတင်းများကဆိုသည်။ မြန်မာစစ်တပ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗ်ိုလ်မှူးကြီး ဝင်းဇော်ဦးက ၎င်းတို့သည့် ရခိုင်ပြည်နယ်အနောက်ပိုင်းမှ ရက္ခိုင့်တပ်တော်ကို တိုက်ရန် ထောက်လှမ်းရေးသတင်းအတွက် မောင်းသူမဲလေယာဉ်များသုံးကြောင်း ယခုအခါ ပိတ်ပင်ခံလိုက်ရပြီးသော မြန်မာနောင်းသတင်းဌာနသို့ ဇန်နဝါရီလကပြောကြားသော်လည်း ၎င်းတို့ကို တိုက်ခိုက်ရေးအတွက် သုံး မသုံး အတည်ခြင်း၊ ငြင်းဆိုခြင်းများ မလုပ်ခဲ့ပေ။

“ဟုတ်တယ်။ မောင်းသူမဲ့လေယာဉ် သုံးဖို့လိုရင် သုံးတယ်။ ဒါက စစ်တိုက်တာဆိုတော့ နိုင်ဖို့တိုက်တာပေါ့” ဟု သူပြောသည်။

အခြားသော တရုတ်မောင်းသူမဲ့လေယာဉ်များကဲ့သို့ပင် CH-3A မောင်းသူမဲ့လေယာဉ်များကို နိုင်ငံပိုင် တရုတ် အာကာသနှင့်အေရိုဒိုင်းနမစ် အကယ်ဒမီက သို့မဟုတ် CASC အောက်မှ 701st Research Institute သုတေသနဌာနက ဦးစွာထုတ်လုပ်ခဲ့သည်။

ထိုအမျိုးအစား တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်များကို တရုတ်နိုင်ငံက အယ်လ်ဂျီးရီးယားသို့ ရောင်းချခဲ့ပြီး ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားသည့် CH-4 မောင်းသူမဲ့လေယာဉ်များကို ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အီဂျစ်၊ နိုင်ဂျီးရီးယားနှင့် အီသီယိုပီးယား အပါအဝင် နိုင်ငံအများအပြားတွင် အသုံးပြုနေသော်လည်း မည်သည့် နိုင်ငံတွင်မှ ဆန္ဒပြပွဲများ၊ လူထုလှုပ်ရှားမှုကို စောင့်ကြည့်ရန် သုံးခြင်းမရှိပေ။

မြန်မာစစ်တပ်သည် ၂၀၁၀-၁၁ တွင် နိုင်ငံကို အနောက်နိုင်ငံများသို့ စတင်တံခါးဖွင့်လာသောအခါ ထိုသို့ဆုံးဖြတ်ခြင်းမှာ တရုတ်အပေါ် စစ်ရေးအရသာမက စီးပွားရေးအရပါ မှီခိုမှုလျှော့ချရန်ဖြစ်သည်။ တရုတ်ကို မှီခိုရခြင်းသည် အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုဖြစ်ကြောင်း စစ်ဗိုလ်ချုပ်များက မြင်ကြသည်။

ထိုအချက်မှာ ရှင်းလင်းလှသည်။ မြန်မာလေတပ်သည် ၎င်း၏ တိုက်ခိုက်ရေးလေယာဉ်များ အားလုံးနီးပါးအတွက် တရုတ်လုပ်စနစ်များကိုသာမက ရုရှားလုပ် MiG-29 ဘက်စုံသုံးတိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုပါ ပူးတွဲအသုံးပြုနေသည်။ ထိုလေယာဉ်များကို မကြာသေးမီက တိုင်းရင်းသားဒေသများမှ အရပ်သားများကို တိုက်ခိုက်ရာတွင် မကြာသေးမီက သုံးခဲ့သည်။

မြန်မာစစ်တပ်သည် လက်ရှိအချိန်တွင် တရုတ်လုပ် မြေပြင်တိုက်ခိုက်ရေး အထောက်အကူပြု Nanchang Q-5 မြေပြင်တိုက်ခိုက်ရေး လေယာဉ်များ၊ Chengdu J-7 တိုက်လေယာဉ်များ , Shenyang J-6 တိုက်လေယာဉ်များနှင့် Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ်များကို သုံးနေသည်။

CH-3A မောင်းသူမဲ့လေယာဉ်များသည် မြနာ်စစ်တပ်တွင် အဆင့်အမြင့်ဆုံးဖြစ်ပြီး လေတပ်သည် တရုတ်မောင်းသူမဲ့လေယာဉ်များကို ပြည်တွင်းတွင် ထုတ်လုပ်သည့် Sky-02A ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်များနှင့် Yellow Cat A2s မောင်းသူမဲ့လေယာဉ် အနည်းဆုံး ၂၂ စင်း ကိုလည်း သုံးနေသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
58
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
848
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
229

SIPRI ၏ အဆိုအရ ၂၀၁၀ မှ ၂၀၁၉ ခုနှစ်အကြား မြန်မာလက်နက်တင်သွင်းမှု၏ ၅၆ ရာခိုင်နှုန်းသည် တရုတ်မှဖြစ်ပြီး၊ ၃၁.၆ ရာခိုင်နှုန်းသည် ရုရှားမှဖြစ်ကာ ၁၂ ရာခိုင်နှုန်းမှာ အခြားနိုင်ငံများမှဖြစ်သည်။ ထိုအခြားနိုင်ငံများတွင် ယူကရိန်း၊ မြောက်ကိုရီးယားနှင့် အစ္စရေးတို့ပါဝင်သည်။ ၂၀၁၀ မှ ၂၀၁၉ ခုနှစ်တွင်း လက်နက်ဝယ်ယူမှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလျှံဖိုးရှိကြောင်းအထက်ပါသုတေသနကပင် ပြသနေသည်။

SIPRI ၏ စာရင်းများတွင် လေယာဉ်၊ သံချပ်ကာယာဉ်၊ အမြောက်၊ ရေဒါစနစ်၊ ဒုံးကျည်နှင့် စစ်ဖက်သုံး သင်္ဘောများ စသည့် အဓိက သမားရိုးကျလက်နက်များ ပါဝင်သည်။ ထိုစာရင်းတွင် မပါဝင်သည်များတွင် လက်နက်ငယ်များ၊ ထရပ်ကားများ၊ အမြောက်ငယ်များ၊ ခဲယမ်းများ၊ အထောက်အကူပြုကိရိယာများ၊ နည်းပညာများနှင့် အခြားဝန်ဆောင်မှုများ ပါဝင်ခြင်းမရှိပေ။

တချိန်တည်းတွင် မောင်းသူမဲ့လေယာဉ်များနှင့် လူသယ်ဆောင်နိုင်သော လေကြောင်းကာကွယ်ရေးစနစ်များ (MANPADS) သို့မဟုတ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များအပါအဝင် အဆင့်မြင့်လက်နက်များသည်လည်း ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထံသို့ ရောက်နေသည်။ UWSA သည် တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲတွင် တရုတ်နိုင်ငံ၏ လက်ဝေခံအဖြစ် မြင်ကြသည်။

UWSA သည် မြန်မာစစ်အုပ်စုကို တိုက်ခိုက်နေသည့် အခြားတိုင်းရင်းသားလက်နက်ကိုင်များကိုလည်း ထောက်ပံ့နေသည်ဟု ယူဆရသည်။ ထိုသို့အကူအညီ စီးဆင်းမှုများ ရပ်မရပ်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း UWSA သည် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသား ရပ်တည်ခြင်းမရှိသောကြောင့် စစ်အာဏာသိမ်းမှုကို တိတ်တဆိတ် ထောက်ခံသည်ဟု မြင်ကြသည်။

၂၀၁၈ ခုနှစ် UWSA ၏ စစ်ရေးပြပွဲတခုတွင် တွေ့ရသော တရုတ်လုပ် ဒရုန်းတစီး

စစ်အာဏာသိမ်းပြီးနောက် တရုတ်သည် မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချခြင်း ရှိမရှိကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။ မြန်မာနိုင်ငံ၏ လက်နက်တင်သွင်းမှုသည် ၂၀၁၁ ခုနှစ်တွင် အများဆုံးဖြစ်ပြီး ဒေါ်လာ ၆၆၇ သန်းဖိုး တင်သွင်းသည်။ ထိုအချိန်တွင် သတင်းလွတ်လပ်ခွင့် ပိုမိုရှိလာခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို ရာနှင့်ချီလွှတ်ပေးခြင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲဝင်ခွင့်ပေးခြင်းတို့ကြောင့် အနောက်န်ိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ NLD သည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် အနိုင်ရသည်။

ထိုဒီမိုကရေစီတပိုင်းစနစ် အစောပိုင်းနှစ်များအတွင်း မြန်မာနိုင်ငံကြုံတွေ့ခဲ့ရမှုများသည် အနောက်တိုင်းလေ့လာသူများနှင့် သုတေသနုလုပ်ငန်းများက ယူဆသကဲ့သို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မဟုတ်ဘဲ ဗိုလ်ချုပ်များက အာဏာကို ဆက်လက်ချုပ်ကိုင်ထားသည့် စစ်အုပ်ချုပ်ရေး ပုံစံသစ်သာ ဖြစ်သည်။ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို ရယူခြင်း ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ စသည့် အဓိက ဝန်ကြီးဌာနများကို ထိန်းချုပ်ခြင်းတို့ဖြင့် စစ်ဗိုလ်ချုပ်များက အာဏာ ရယူထားသည်။

နိုင်ငံတော်အပေါ်စစ်တပ်၏ အာဏာကို တရားဝင်ခိုင်မာအောင် လုပ်ပေးသည့် ၂၀၀၈ ဖွဲ့စည်းပုံကို NLD နှင့် အခြားသော ရွေးကောက်ခံ ဒီမိုကရေစီလိုလားသူများက ပြင်ဆင်ရန် အားထုတ်မှုများသည်လည်း စစ်တပ်တွင် အာဏာရှိနေသောကြောင့် မအောင်မြင်ပေ။

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD က စစ်တပ်ကျောထောက်နောက်ခံပြုပါတီကို တောင်ပြိုကမ်းပြို နိုင်သောကြောင့် အာဏာသိမ်းခဲ့သည်။ NLD က ထိုသို့အနိုင်ရခြင်းသည် စစ်တပ်က ချုပ်ကိုင်ထားသည့် နိုင်ငံရေးအခြေအနေအပေါ် ခြိမ်းခြောက်မှုဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားစစ်ဖက် ထိပ်တန်းအရာရှိများက မြင်သည်။

အနောက်နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စု၏ ဝိုင်းကျင်မှုကို တဖန်ပြည်လည်ခံစားရသောကြောင့် စစ်ကောင်စီသည် ၎င်းတို့အထီးကျန်ပြီး လ်ိုအပ်နေချိန်တွင် တရုတ်ကို ပြန်လည် အားကိုးရသည်။ သို့သော် အာဏာသိမ်းပြီး ၄ လကျော်ကြာသော်လည်း စစ်ကောင်စီသည် ၎င်းတို့အာဏာကို ခိုင်မာအောင် မလုပ်နိုင်ဘဲ နိုင်ငံသည် လုံး၀ ကျဆုံးနိုင်ငံအဆင့်သို့ ဦးတည်နေသည်။

ထိုသို့သော အခြေအနေသည် အမေရိကန်နှင့် အနောက်နိုင်ငံများနှင့် စစ်မျက်နှာပေါင်းစုံတွင် တင်းမာမှုမြင့်မားနေချိန်တွင် တရုတ်နိုင်ငံက မလိုလားဆုံးသော အခြေအနေဖြစ်သည်။ သို့သော် စစ်ကောင်စီသည် တရုတ်လုပ်မောင်းသူမဲ့လေယာဉ်များကို ပိုမိုအသုံးပြုလာသောကြောင့် ဘေ့ဂျင်း၏ ဒေသတွင်းအကျိုးစီးပွားများကို လုံးဝထိခိုက်စေသည့် ပြဿနာအတွင်းသို့ ဘေ့ဂျင်းသည် ဆွဲသွင်းခံနေရသည်။

(Asia Times ပါ Bertil Linterner ၏ Chinese drones a killer eye in the sky in Myanmar ကို ဘာသာပြန်ဆိုသည်၊)

You may also like these stories:

စစ်ကောင်စီကို တရားဝင်အောင် ကြိုးစားခြင်းသည် တရုတ်အတွက် ဆိုးကျိုးသာဖြစ်နိုင်

NUG ကို ထိတွေ့ဆက်ဆံမှု မပြုသည့် အပေါ် စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ စာပို့

မြန်မာ့ပြည်တွင်းစစ်သည် ဆီးရီးယားနှင့် မတူ

စစ်တပ် လူသစ် စုဆောင်းရေး ပိုခက်ခဲလာနေ

Your Thoughts …
Tags: စစ်ကောင်စီတရုတ်မိတ္ထီလာမောင်းသူမဲ့လေယာဉ်များရှမ်းတဲလေတပ်စခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်

ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်

ဆိုင်ရှင်နှင့် ဝန်ထမ်းများပါ အဖမ်းခံထားရသည့် နေပြည်တော်မှ Excellent စားသောက်ဆိုင်  / ဧရာဝတီ

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်၏သား ရန်ဖြစ်သည့် စားသောက်ဆိုင်မှ ပိုင်ရှင်နှင့် ဝန်ထမ်းများ အဖမ်းခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved