• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကိုဗစ် တတိယလှိုင်းမှာ ကြွေလွင့်ခဲ့တဲ့ အရိုင်းမင်း

by ဧရာဝတီ
23 July 2021
in ဆောင်းပါး
A A
Metro Brothers မှ ရိုက်ကူးပေးသည့် လူကြမ်းသရုပ်ဆောင် အရိုင်းမင်း၏ ဓာတ်ပုံ

Metro Brothers မှ ရိုက်ကူးပေးသည့် လူကြမ်းသရုပ်ဆောင် အရိုင်းမင်း၏ ဓာတ်ပုံ

19.5k
VIEWS
Share on FacebookShare on Twitter

ဇူလိုင်လတွင်း ကိုဗစ်တတိယလှိုင်းမှာ အောက်ဆီဂျင်ပြတ်လပ်ကာ သေဆုံးခဲ့ရတဲ့ လူပေါင်းများစွာထဲမှာ အသက် ၆၃ နှစ် ရှိ လူကြမ်းသရုပ်ဆောင် အရိုင်းမင်းလည်း တဦးအပါအဝင်ဖြစ်ပါတယ်။

လူကြမ်းသရုပ်ဆောင် အရိုင်းမင်းဟာ နှလုံးရောဂါအခံရှိပြီး ဒီကနေ့ မနက် ၇နာရီဝန်းကျင်မှာ သန်လျင်မြို့ ဘုရားကုန်း ကျေးရွာနေအိမ်မှာ အောက်စီဂျင်ကျပြီးနောက် သေဆုံးသွားခဲ့တာပါ။

လွန်ခဲ့တဲ့ တပတ်ခန့်လောက်ကတည်းက နေမကောင်းဖြစ်ပြီး အစားမဝင်ခဲ့ရာက မဆုံးခင်ညမှာ ချောင်းဆိုး ၊ အသက်ရှူ ကြပ် အမောဖောက်ပြီး အသက်ပါသွားခဲ့တာ ဖြစ်တယ်လို့ သရုပ်ဆောင်အရိုင်းမင်းရဲ့ ဇနီးဖြစ်သူထံက သိရပါတယ်။

“သွားနှင့်ဦးပေါ့ အရိုင်းမင်းရယ်။ ကပ်ဘေးကြီးရဲ့ အန္တရာယ်တွေကြားထဲမှာ မြောက်များစွာသော အသက်တွေ စတေးနေ ရပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီကပ်ကြီးကို ပြီးဆုံးချင်ပြီ။ အသက်အရွယ်က တယောက်နဲ့တယောက် မတိမ်းမယိမ်းဆိုတော့ နင် ပြီးရင် ငါ့အလှည့်ပေါ့” လို့ လုပ်ဖော်ကိုင်ဖက် လူကြမ်း ဘဂျမ်းက ဆိုပါတယ်။

သန်လျင် ဘုရားကုန်းလမ်းဆုံကနေ ဝင်လာရင် လမ်းသွယ်လေးတွေရှိတဲ့ထဲက လမ်းသွယ် ၂မှာ အရိုင်းမင်းတို့ ဇနီးမောင်နှံ ၂ဦးဟာ ခွေးလေးတကောင်နဲ့အတူ နေထိုင်ကြပါတယ်။

သားတယောက်ရှိပေမယ့် အိမ်ထောင်ရက်သားကျပြီး ခွဲထွက်သွားပြီဖြစ်တဲ့အတွက် ဇနီးမောင်နှံ ၂ဦးထဲသာ နေထိုင် ကြပါတယ်။

အရိုင်းမင်းရဲ့ ဇနီးဖြစ်သူဟာ ရုပ်ရှင်ရိုက်ကွင်းများမှာ ထမင်းချက်တဲ့ အလုပ်လုပ်ကိုင်ပြီး တယောက်နဲ့ တယောက် ဖေးမရင်း စားဝတ်နေရေးအဆင်ပြေဖို့အတွက် ရုန်းကန်ခဲ့ကြပါတယ်။

အရိုင်းမင်း(ဧရာဝတီ)

လူကြမ်းပေမယ့် စကားပြောရင် ညှင်ညှင်သာသာ ပြောတတ်တဲ့ အရိုင်းမင်းရဲ့ လူသိနည်းတဲ့ အနုပညာနောက်တခုကတော့ ကျောင်းနေဖက် သူငယ်ချင်း အဆိုတော် လွှမ်းမိုးနဲ့ သီချင်းတွေ အတူရေးကြ၊ ဆိုကြ၊ တီးကြတာပဲဖြစ်ပါတယ်။

ညီညီ ဆိုတဲ့ နာမည်သုံးပြီး လွှမ်းမိုးနဲ့အတူ Professional လို့ အမည်ပေးထားတဲ့ တေးဂီတအဖွဲ့မှာ ရစ်သမ်ဂစ် တာ တီးသူတဦးဖြစ်ခဲ့ပြီး ၃နှစ်ခန်အကြာ တီးခဲ့ပြီး သူငယ်ချင်းတွေနဲ့ တီးကြ၊ ဆိုကြ၊ သီချင်းတွေ ရေးကြပေမယ့် အမည် မခံခဲ့ဘူးလို့ သိရပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
229
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
115

နောက်ပိုင်းမှာတော့ တနေ့မှ ၃၅ကျပ်ရတဲ့ ဂီတသမားဘဝကနေ ကျောခိုင်းခဲ့ပါတယ်။

အဲဒီနောက် ၁၉၇၉ ခုနှစ်က မြဝတီ – မဲဆောက်မြို့မှာ လက်ဝှေ့သမားဘဝနဲ့ ကျင်လည်ပြီးနောက် ၁၉၈၁ ခုနှစ်မှာ နောက်ဆုံးပိတ်ပွဲ ထိုးခဲ့ပြီး အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပါ။

မင်းသားဖိုးပါကြီး နာမည်ကြီးနေတဲ့အချိန်မှာ မွေးဖွားခဲ့တဲ့ အရိုင်းမင်းကို မိခင်က ဖိုးပါလို့ နာမည်ပေးခဲ့ပြီး အရိုင်းမင်း ဆိုတဲ့နာမည်ကတော့ လက်ဝှေ့ထိုးတဲ့အချိန်မှာ အရိုင်းတွေကြားထဲ မင်း ဖြစ်ဖို့အတွက် အရိုင်းမင်း ဆိုတဲ့ နာမည်ကို မှည့်ခေါ်ခဲ့တာလို့ သိရပါတယ်။

လက်ဝှေ့မထိုးခင်အချိန်က တီးဝိုင်းမှာ ဂီတာတီးနေရင်းနဲ့ ထိုးချင်ကြိတ်ချင်စိတ်ရှိတာကြောင့် ရှမ်းဦးသောင်း ဆိုတဲ့ သိုင်းဆရာထံမှာ မြန်မာ့ရိုးရာလက်ဝှေ့သင်ခဲ့တယ်လို့ အရိုင်းမင်းက အင်တာဗျူးတခုမှာ ဖြေဆို ထားခဲ့ဖူးတယ်။

အဲဒီခေတ်အချိန်က ရွာတွေမှာ ကျပ် ၅၀ ၊ ၁၀၀ ရတဲ့ပွဲတွေမှာ တက်ထိုးချိန် အရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အတတ် ပညာတခုအနေနဲ့ တတ်မြောက်ခဲ့တာဖြစ်တယ်လို့ ဆိုတယ်။

လက်ဝှေ့သမားဘဝကနေ အနားယူပြီး ကျော်၊ မော်၊ ဇော် ဆိုတဲ့ ရုပ်ရှင်အဖွဲ့က သူတို့အင်အားလိုတယ် ဆိုတဲ့ အတွက် ဝင်ရောက်လုပ်ကိုင်ရင်းနဲ့ လူကြမ်းတယောက်အဖြစ် သေတဲ့အထိ လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။

လူကြမ်းတယောက်လုပ်ရတာလည်း မလွယ်ကူလှပါဘူး။ ပွဲစားတယောက်လို ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးတွေ ရှိတဲ့အရပ်ကို ခြေတိုအောင် သွားရကာ အလုပ်အကိုင်ရရှိဖို့အတွက် ရှာဖွေခဲ့ရပြီး ကားခတွေကုန် မရိုက်ရတဲ့အချိန်တွေ ရှိခဲ့တယ်လို့ လူကြမ်းသရုပ်ဆောင်တဦးက ပြောခဲ့ဖူးပါတယ်။

မင်းသားမင်းသမီးတွေလို ဘယ်ထုတ်လုပ်ရေးနဲ့မှ စာချုပ်စာတမ်းချုပ်ဆိုထားတာမျိုးမရှိတာကြောင့်လည်း အလုပ်တခုရပြီး တာနဲ့ နောက်အလုပ်တခုရရှိဖို့ရာ မလွယ်ကူလှပါ။

“အဆိုးဆုံးရောက်တဲ့အချိန်မှာ အပေါင်းအသင်းမှားလို့ ဘဝစုတ်ပြတ်သတ်သွားတယ်။ ဘဝစုတ်ပြတ်သတ် မသွားအောင် ဘယ်လိုကြိုးစားပြီးနေထိုင်မလဲဆိုတာ ပြန်ဆင်ခြင်ပြီးတော့ ဒီလောကမှာပဲ သေတပန် သက်တဆုံး အနုပညာလောကမှာပဲ ဖြတ်သန်းတော့မယ်ဆိုပြီး ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ ငတ်တလှည့် ပြတ်တလှည့်နဲ့ ဖြတ်သန်းခဲ့တာပဲ” လို့ သရုပ်ဆောင် အရိုင်းမင်းက ဧရာဝတီကို ပြောဖူးပါတယ်။

အနုပညာလောကထဲရောက်လာခဲ့တာ နှစ်ပေါင်း ၄၀ ရှိလာခဲ့ပြီဆိုပေမယ့် ပရိသတ်အသိအမှတ်ပြုမှု နည်းပါးခဲ့တဲ့ လူကြမ်း သရုပ်ဆောင် အရိုင်းမင်းကိုတော့ Metro Brother က ၂၀၂၀ ခုနှစ် သြဂုတ်လရဲ့ Cover Photo ကွဲပြားတဲ့ပုံရိပ်များ အဖြစ် ဖော်ပြခဲ့ပါတယ်။

ဒီပုံရိပ်တွေဟာ ပရိသတ်ရဲ့အမြင်ကိုလည်း ဆန်းစေခဲ့ပြီး လူကြမ်းသရုပ်ဆောင်များရဲ့ အနုပညာအရည်အသွေးကိုလည်း ထင်ဟပ်ပေါ်လွင်စေခဲ့ပါတယ်။

ဗီဒီယိုဈေးကွက် ပျက်သွားပြီးတဲ့နောက်ပိုင်း အလုပ်အကိုင်ရှားပါးခဲ့သလို ကိုဗစ်ကာလကတည်းကလည်း ရုပ်ရှင်ရုံတွေ ပိတ်ထားတဲ့အတွက် အလုပ်မရှိခဲ့ကြဘဲ ရရာအလုပ်ကို လုပ်ကိုင်ကြရင်း ဖြတ်သန်းခဲ့တဲ့ လူကြမ်းသရုပ်ဆောင် အရိုင်းမင်း တယောက် ကိုဗစ်ကြောင့် ကွယ်လွန်ခဲ့ရပါပြီ။

တကယ်တော့ လူကြမ်းတွေဟာ ပိတ်ကားပေါ်မှာ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်ရဲ့ မျက်မုန်းကျိုးတာ ကို ခံရပေမယ့် အပြင်မှာတော့ စိတ်ထားနူးညံ့သူတွေပါ။

ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ကိုဗစ်- ၁၉ တတိယလှိုင်းကြောင့် လူကြမ်းသရုပ်ဆောင် အရိုင်းမင်းအပါအဝင် ၊ သရုပ်ဆောင် လူမုန်း ၊ မင်းသားကြီး ပန်တျာအောင်မျိုး ၊ သရုပ်ဆောင်ကောင်းခန့်ကျော် ၊ သရုပ်ဆောင် ရွှေလဝင်း ၊ ဟာသရုပ်ဆောင် ဒေါ်လှလှဝင်း ၊ လူရွှင်တော်ဒီလုံး အစရှိသူတို့သေဆုံးခဲ့ကြပါတယ်။

You may also like these stories:

ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ

စစ်ကောင်စီလက်ထက် ကိုဗစ်ဖြင့် သေဆုံးသူ ၃ ပတ်အတွင်း ၂ ထောင်ကျော်ပြီ

Your Thoughts …
Tags: လူကြမ်းသရုပ်ဆောင်အရိုင်းမင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

by ဧရာဝတီ
1 November 2025
19.6k

ပြည်တွင်းထဲမှာနေနေရလို့ စားဝတ်နေရေး၊ ရှင်သန်ရေးအတွက် အလုပ်တွေလုပ်ကြရတာပဲဆိုပြီး မလွန်ကျွံ နေသရွေ့ အားလုံးက နားလည်ပေးထားတာပဲ။ အဲဒါကိုမှ ကုလားအုပ်လို ခေါင်းလေးဝင်၊ ကိုယ်လုံးလေးဝင်နဲ့ တစထက် တစ စော်ကားလာကြတဲ့၊ အနေအထိုင်မတတ်ကြတဲ့သူတွေ ရွံစရာကောင်းလောက်အောင်ကို သိပ်မိုက်ရိုင်းလွန်းတယ်။

သရုပ်ဆောင် မင်းအောင်လှိုင် (ရုပ်/သံ)

သရုပ်ဆောင် မင်းအောင်လှိုင် (ရုပ်/သံ)

by ဧရာဝတီ
6 April 2025
1.4k

တိုင်းပြည် ဘေးဒုက္ခကြုံရချိန်တိုင်းမှာ မယောင်ရာဆီလူး လုပ်နေတာကိုအမြဲလို တွေ့နေရတဲ့ အာဏာသိမ်း ခေါင်းဆောင်ဟာ ဒီတခေါက်မှာတော့ငလျင်ဒဏ်သင့် နေရာတွေထဲက နေပြည်တော်နဲ့ မန္တလေးကို ကွင်းဆင်းကြည့်ရှုမှုတွေ လုပ်ပြခဲ့ပါတယ်။

ဝါရင့် သရုပ်ဆောင် မင်းသားကြီး ကျော်ဟိန်း

မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝအကြောင်း

by ဧရာဝတီ
11 July 2020
45.4k

၁၉၇၀ ခုနှစ်မှာ ကျော်ဟိန်း ပထမဆုံး ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ “စိန် သို့မဟုတ် စိန်” ဇာတ်ကား ဖြစ်ပါတယ်။

ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးမှတ်တမ်း ရိုက်ကူးနေသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်  /  SSPP Info

သင်ဇာဝင့်ကျော် အပါအဝင် ၆ ဦးကိစ္စ SSPP တာဝန်ယူ ဖြေရှင်းနေဟုဆို

by ဧရာဝတီ
7 July 2022
19k

မော်ဒယ်၊ သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ သာသနာရေး၊ ပညာရေး၊ ကျန်း မာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော်မှ ကမ်းလှမ်းရိုက်ကူးနေခြင်း ဖြစ်ကြောင်းကိုလည်း SSPP/...

နေအောင်က ကိုယ့်ထမင်းရှင်ကို ပြန်သတ်ခိုင်းနေတာ (ရုပ်/သံ)

နေအောင်က ကိုယ့်ထမင်းရှင်ကို ပြန်သတ်ခိုင်းနေတာ (ရုပ်/သံ)

by ဧရာဝတီ
29 November 2025
250

ရုပ်ရှင်သရုပ်ဆောင်နေအောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်တပ်ဝါဒဖြန့် မီဒီယာတခုနဲ့အင်တာဗျူးမှာ တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့သူအားလုံးကို သတ်ဖို့ ပြောသွားပါတယ်။ ဒါ့အပြင် စစ်တပ်သာမကာကွယ်ရင် လူတွေအားလုံး ဘဝပျက်နေပြီလို့လည်း ပြောသွားပါတယ်။

ကိုယ့်ဆုံးဖြတ်ချက်က ကိုယ့်အနာဂတ်ပဲ (ရုပ်/သံ)

ကိုယ့်ဆုံးဖြတ်ချက်က ကိုယ့်အနာဂတ်ပဲ (ရုပ်/သံ)

by ဧရာဝတီ
28 October 2025
161

အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်လမ်းမှာပါဝင်တဲ့ သရုပ်ဆောင်အနုပညာရှင်တွေဟာ စစ်တပ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တဘက်လှည့်နဲ့ ထောက်ခံလိုက်တာ ဖြစ်တယ်လို့ တော်လှန်ရေး အနုပညာရှင်တွေက ဆိုလိုက်ပါတယ်။

Next Post
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုသုသာန်တွင် ဇူလိုင် ၁၇ ရက်နေ့က မီးသင်္ဂြုဟ်ရန် စုပုံရောက်ရှိလာသည့် ကိုဗစ် တတိယလှိုင်တွင် သေဆုံးသူများ  / NKM

ကိုဗစ်တတိယလှိုင်းသေဆုံးသူ ပထမ၊ ဒုတိယလှိုင်း ၂ ခုပေါင်းထက် ကျော်လွန်လာ

ဂီတစာဆို ဆိုင်းဆရာကြီး စိန်မွတ္တား

နိုင်ငံကျော် ဂီတစာဆို ဆိုင်းဆရာကြီး စိန်မွတ္တား ကွယ်လွန်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved