• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ

by ဧရာဝတီ
23 July 2021
in သတင်း
A A
ရုပ်အလောင်းတွေ ပုံနေတဲ့ ရန်ကုန်က သုသာန်တခု  / CJ

ရုပ်အလောင်းတွေ ပုံနေတဲ့ ရန်ကုန်က သုသာန်တခု / CJ

15.6k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်-၁၉ တတိယလှိုင်းနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် ဘာသာရေး အဖွဲ့အစည်းများသည် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ရုန်းကန်နေရပြီး ဘာသာခေါင်းဆောင်အချို့ ကွယ်လွန်မှုများ ရှိနေသည်။

ချမ်းအေးသာစံမြို့နယ်၊ သံဃနာယကအဖွဲ့မှ ဆရာတော်တပါးက သံဃာတော်များ ကိုဗစ်ကူးစက်ခံရမှု ရှိနေသဖြင့် အများ အပြား ပြန့်နှံ့မကူးစက်စေရန် ကိုယ်ပိုင်အစီအစဉ်များဖြင့်သာ ကာကွယ်နေရသည်ဟု ဆိုသည်။

အဆိုပါ ဆရာတော်က “ဦးဇင်းတို့ဆီမှာ ကိုဗစ်ဖြစ်ပြီဆိုကတည်းက ၆ ပေအကွာနဲ့ ဆွမ်းကို ဘူဖေး ကိုယ့်ဘာသာယူစား။ အတူတူ အစားမခံတော့ဘူး။ တုပ်ကွေးကာကွယ်ဆေးလည်း တကျောင်းလုံး ထိုးလိုက်တယ်။ ကိုယ့်ဘာသာကိုယ်ပဲ ကာ ကွယ်တာ အကုန်လုံးပါပဲ” ဟု ပြောသည်။

တတိယလှိုင်း စတင်ဖြစ်ပွားချိန်က ကိုဗစ်ကူးစက်ခံရသော သံဃာတော်များ အနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ပြီး ဆေးရုံနှင့် Quarantine စင်တာများသို့ သွားရောက် ကုသရသော်လည်း ကူးစက်မှု မြင့်လာသည့် ဇွန်လကုန် နှင့် ဇူလိုင်လတွင်မူ ကိုယ့်ကျောင်းများ၌သာ ဆေးကုသမှု ပြုလုပ်ရတော့သည်ဟု သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
68
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ချမ်းအေးသာစံမြို့နယ်မှ ဆရာတော်က “အခုကတော့ ကိုယ့်အားကိုယ်ကိုးရတာပဲ။ Quarantine သွားမှလည်း ပျံလွန်တော် မူမှာလည်း ကြောက်ရသေးတယ်။ ဆေးဖြန်းတာလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖြန်းနေတာ ၁ လခွဲလောက်ရှိပြီ။ ကိုယ့်ဘာ သာ စီစဉ်ရမယ့်ကိန်းပါပဲ” ဟု ဆိုသည်။

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင်း သံဃာအပါး ၃၀၀ ကျော်ရှိသည့် စာသင်တိုက်တခု၌လည်း သံဃာအပါး ၄၀ ကျော် ကိုဗစ်ကူးစက်ခံခဲ့ရပြီး ဇွန်လကုန်ပိုင်းတွင်လည်း နေပြည်တော် မစိုးရိမ်တိုက်သစ်ကျောင်း၌ သံဃာအပါး ၁၀၀ ကျော် ကိုဗစ် ကူးစက်ခံခဲ့ရသည်။

ထို့ပြင် တတိယလှိုင်းအတွင်း ခရစ်ယာန်ဘာသာမှ သင်းအုပ်ဆရာတော်များ၊ ဘုန်းတော်ကြီးနှင့် သီလရှင်များလည်း သေ ဆုံးမှုရှိနေပြီး အကန့်အသတ်များကြားမှ ကူးစက်ပြန့်ပွားမှု နည်းပါးရန်အတွက် ကြိုးစားနေရကြောင်း ကက်သလစ် ဘုန်းတော်ကြီး တပါးက ပြောသည်။

၎င်းက “ကုသရေး အပိုင်းမှာတော့ ကျနော်တို့လည်း အများကြီး မတတ်နိုင်ဘူး။ ဆေးရုံ၊ ဆေးခန်းတွေမှာ လူကန့်သတ် ချက်၊ ပစ္စည်းကန့်သတ်ချက်တွေ ရှိသလို ကျနော်တို့ ဘက်ပိုင်းမှာလည်း လူအကန့်အသတ်၊ ပစ္စည်းအသုံးအဆောင် အကန့် အသတ်တွေ ရှိတဲ့အခါကျတော့ တတ်နိုင်သမျှလေးပဲ ကူညီဆောင်ရွက်ပေးရတာပေါ့” ဟု ဆိုသည်။

စစ်ကောင်စီ၏ ကိုဗစ် ကာကွယ်၊ ကုသရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် တတိယလှိုင်းတွင် ခရစ်ယာန်ကတ်သလစ် ဘာသာရေး အဖွဲ့အစည်းမှ ပုသိမ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော် အပါအဝင် ဆရာတော် ၁ ပါး၊ ဘုန်းတော်ကြီး ၅ ပါး နှင့် သီလရှင် ၂ ပါး ကိုဗစ်ရောဂါဖြင့် ကွယ်လွန်ခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် တတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ဇူလိုင် ၆ ရက်နေ့ထိ ချင်းပြည်နယ်မြောက်ပိုင်းနှင့် ကလေး ကဘော်ဒေသရှိ ကက်သလစ် ဘုန်းတော်ကြီးများ အပါအဝင် ဘာသာရေးခေါင်းဆောင် ၅၇ ဦး ကိုဗစ်ကြောင့် ကွယ်လွန်ခဲ့ရ ကြောင်း International Chin Christian Minister Fellowship က ထုတ်ပြန်ထားသည်။

အလားတူပင် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်အချို့လည်း ကိုဗစ်ကူးစက်ခံရပြီး အစ္စလာမ်ဘာသာဝင် အများအပြား ကိုဗစ်ကြောင့် သေဆုံးနေရကြောင်း အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများထံမှ သိရသည်။

အစ္စလာမ်ဘာသာဝင်များ ရာနှင့်ချီသေဆုံးနေပြီး နာရေးမှတဆင့် ကူးစက်မှု မဖြစ်စေရန် ကိုဗစ် စည်းကမ်းချက်များနှင့်အညီ သင်္ဂြိုဟ်နေရကြောင်း ကိုဗစ်ရောဂါဖြင့် သေဆုံးသည့် အစ္စလာမ်ဘာသာဝင်များကို မြုပ်နှံပေးသည့် ကော်မတီမှ တွဲဖက် အတွင်းရေးမှူးက ဧရာဝတီကို ပြောသည်။

“ထိပ်ပိုင်းခေါင်းဆောင် လူကြီးပိုင်းတွေ ကိုဗစ်ကူးစက်မှုကတော့ ရှိတယ်။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအရ နာမည်မပြောတာဘဲ ရှိ တယ်။ အခုကတော့ ကူးစက်မှုနှုန်း နည်းသွားအောင် ကြိုးစားပြီးတော့ သင်္ဂြိုဟ်တဲ့ အခန်းခဏ္ဍကို ကျန်းမာရေးနဲ့အညီ လုပ် ဖို့ ကြိုးစားပြီး ဆောင်ရွက်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ပုံမှန်ကာလများတွင် နေ့စဉ် အစ္စလာမ်ထုံးစံဖြင့် သင်္ဂြိုဟ်ရသည့် အလောင်း ၇ လောင်း၊ ၈ လောင်းခန့်သာ ရှိသော်လည်း ယခု ရက်သတ္တပတ်အတွင်း သေဆုံးသူ ၁၀၀ နီးပါးအထိ ရှိလာပြီး အများစုမှာ အောက်ဆီဂျင် ကျဆင်းမှုကြောင့် သေဆုံး ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့် ရန်ကုန်တိုင်း အပါအဝင် အခြားပြည်နယ်နှင့်တိုင်း အသီးသီးတွင်လည်း ကိုဗစ်ရောဂါဖြင့်  အောက်ဆီဂျင် ကျဆင်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်မှုများ မြင့်တက်နေဆဲ ဖြစ်သလို တချို့နေရာများတွင်မူ ပြတ်လပ်သည်အထိ ကြုံတွေ့နေရသည်။

ထို့ပြင် ကိုဗစ်ရောဂါလက္ခဏာ ပြင်းထန်စွာ ခံစားနေရသည့် လူနာများကိုပင် ဆေးရုံများနှင့် ကိုဗစ်ကုသရေး စင်တာများက လက်ခံကုသပေးနိုင်ခြင်း မရှိဘဲ အိမ်သို့ ပြန်လည်စေလွှတ်သည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ကူညီဆောင် ရွက်ပေးနေသည့် ပရဟိတအဖွဲ့များထံမှ သိရသည်။

မေလ ၂၇ ရက်မှ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံတွင် ဗီဇပြောင်းပိုးဖြစ်သည့် Alpha, Beta, Delta နှင့် Kappa စသည့် ဗီဇပြောင်းပိုး ၄ မျိုးအထိ တွေ့ရှိထားပြီး ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ ကိုဗစ်တတိယလှိုင်းတွင် ဇူလိုင် ၂၂ ရက်နေ့ထိ ပိုးကူးစက်သူ ၁၁၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၂,၉၁၇ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

တကယ့် မြေပြင်အခြေအနေတွင်မူ ကိုဗစ်ကူးစက်မှုနှုန်း၊ သေဆုံးနှုန်းမှာ အဆိုပါ အချက်အလက်များထက် များစွာပိုနေ နိုင်ကြောင်း ကျန်းမာရေးပညာရှင်များနှင့် ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့များက ပြောဆိုထားသည်။

You may also like these stories:

ကိုဗစ်တတိယလှိုင်း စစ်ကောင်စီ လုံးဝ မထိန်းနိုင်

ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါး ပစ္စည်းပြတ်၍ အကန့်အသတ်ဖြင့် ဝယ်နေရ

မြန်မာပြည်တွင် အောက်စီဂျင် အရေးပေါ် လိုနေသည်

စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား

Your Thoughts …
Tags: ကိုဗစ်တတိယလှိုင်းကိုယ်ထူကိုယ်ထဘာသာရေးအဖွဲ့အစည်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငလျင်ကြောင့် ပျက်စီးအဆောက်အဦများ ကိုယ်ထူကိုယ်ထရှင်းနေရ

ငလျင်ကြောင့် ပျက်စီးအဆောက်အဦများ ကိုယ်ထူကိုယ်ထရှင်းနေရ

by ဧရာဝတီ
11 April 2025
763

ပြင်းထန်ငလျင်ကြောင့် ကွဲအက်မှုများဖြစ်ပေါ်ကာ စိတ်မချရသော အဆောက်အဦများအား ဖျက်သိမ်းသွားရန် လိုအပ် ကြောင်း စစ်ကောင်စီဘက်မှ ပြောဆိုထားသော်လည်း မြေပြင်တွင်မူ ထိရောက်သည့် စစ်ဆေးမှုများ လုပ်ပေးနိုင်ခြင်း မရှိသလို ပြိုကျပျက်စီးမှုများကိုလည်း ကိုယ်ထူကိုယ်ထရှင်းလင်းနေရကြောင်း သိရသည်။

ဇွန်လ ရုရှခရီးစဉ်အတွင်း တွေ့ရသည့် မြန်မာစစ်အာနာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဦးဉာဏ်ဝင်းကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်

by နိုင်ခေတ်
23 July 2021
56.3k

ဦးဉာဏ်ဝင်းကို ဖမ်းဆီးပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားခြင်းမရှိလျှင် သူသည် ယနေ့ သက်ရှိထင်ရှား ရှိနေဦးမည်ဖြစ်သည်။

CDM ဆရာ၊ ဆရာမများ၏ ကိုယ်ထူကိုယ်ထကျောင်းများ စတင်  / CJ

စစ်ကိုင်းတွင် CDM ဆရာ၊ ဆရာမများ၏ ကိုယ်ထူကိုယ်ထကျောင်းများ စတင်

by ဧရာဝတီ
7 January 2022
5.7k

ကျနော်တို့ သားသမီးတွေက ပညာသင်ရမယ့် အချိန်မှာ ပညာရည်နို့ မသောက်ရတဲ့ အတွက်ကြောင့်မလို့ အခုလို ကျေးရွာကာကွယ်ရေး အဖွဲ့တွေနဲ့၊ ကျေးရွာခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းပြီးတော့ ကြားကာလပညာရေး ဖြစ်လာ အောင် လုပ်တာပေါ့။ တချို့ကလေးတွေက စာနဲ့ အလှမ်းဝေးသွားတာနဲ့ တပြိုင်နက်...

မြောက်ဥက္ကလာပမြို့နယ်အတွင်း အလံဝါထောင်ထားသော အိမ်တအိမ်

ကိုဗစ်တတိယလှိုင်းကို ဆန်၍ (သို့မဟုတ်) သတင်းထောက်တဦး၏ ကိုယ်ပိုင် ကိုဗစ်အတွေ့အကြုံ

by ဝေဟင်စိုး
2 August 2021
13.8k

အိမ်အတွင်း အရက်ပျံနံ့နှင့် Dettol နံ့က အမြဲနေရာယူနေသည်။

ပိတ်သိမ်းသွားပြီဖြစ်သော ပုဂ္ဂလိကလှူဒါန်းသော ကိုဗစ်လူနာကု ယာယီဆေးရုံတရုံ၏ အတွင်းမြင်ကွင်း

ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ

by ဧရာဝတီ
6 May 2021
474.3k

မုန်တိုင်းသတိပေးချက်ကား ထွက်ပေါ်လာပြီး ဖြစ်သည်။ သို့ရာတွင် မုန်တိုင်းကို ကြံ့ကြံ့ခံနိုင်သော ခိုလှုံရာ မရှိသေး။

ဇူလိုင် ၁၂ ရက် ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ရန် တန်းစီစောင့်ဆိုင်းနေရသည် / Supplied 

စစ်ကောင်စီ တနိုင်ငံလုံး လော့ဒေါင်းချ

by ဧရာဝတီ
16 July 2021
42.4k

ထိုစည်းမျဉ်းများကို မလိုက်နာသူများအား အရေးယူမည်ဟုလည်း စစ်ကောင်စီကဆိုသည်။

Next Post
Makeup Artist မေဦးနဲ့ ဟန်လင်း  / May Oo's Facebook

၅ နှစ်ပြည့် Anniversary မှာ စာသင်ကျောင်းအတွက် လှူဒါန်းခဲ့တဲ့ မေဦးနဲ့ ဟန်လင်း

ဇွန်လ ရုရှခရီးစဉ်အတွင်း တွေ့ရသည့် မြန်မာစစ်အာနာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဦးဉာဏ်ဝင်းကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved