• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒီမိုကရေစီ ခရီးကြမ်းပေါ် နိုင်ငံရေးသမားကောင်းတဦး မှတ်ကျောက်တင်ခံခြင်း

by အောင်ခမ်း
14 October 2021
in ဆောင်းပါး
A A
သမ္မတ ဦးဝင်းမြင့် / ဧရာဝတီ

သမ္မတ ဦးဝင်းမြင့် / ဧရာဝတီ

8.1k
VIEWS
Share on FacebookShare on Twitter

“ နုတ်ထွက်မပေးနိုင်ဘူး။ အသက်အသေခံမယ် ”

ထိုစကားသည် စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သမ္မတဦးဝင်းမြင့်ကို လာ ရောက်ထိန်းသိမ်းစဉ် စစ်ဗိုလ်ချုပ်နှစ်ဦးကို ပြတ်ပြတ်သားသားငြင်းဆန်လိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်က သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီး ရာထူးက နုတ်ထွက်ရန်နှင့် နုတ်မထွက်ပါက အသက်အန္တရယ် ရှိနိုင်သည်ဟု ခြိမ်းခြောက်မှုကို ပြန်လည်တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၂ ရက်နေ့ စစ်ကောင်စီက သမ္မတဦးဝင်းမြင့်ကို စွဲဆိုထားသော အမှုတချို့အတွက် ရုံးချိန်းတွင် ဦးဝင်းမြင့်က ၎င်းကြုံတွေ့ခဲ့ရသည့် အာဏာသိမ်းနေ့ကအကြောင်း ပြန်လည်ထွက်ဆိုခဲ့သည်။

“တပ်မတော်အရာရှိကြီး နှစ်ယောက် ဗိုလ်ချုပ်ကြီးလား၊ ဒုဗိုလ်ချုပ်ကြီးလား နှစ်ယောက်က သူ့ဆီကို လာတာ၊ နိုင်ငံတော် သမ္မတ အဖြစ်ကနေ ထွက်ဖို့ တိုက်တွန်းတယ်၊ ကျန်းမာရေး အကြောင်းပြပြီး တော့ပေါ့၊ အဲဒီတော့ သူကျန်းမာရေး ကောင်းတယ်၊ သူ မထွက်နိုင်ဘူးလို့ပြောတယ်၊ အဲဒီအခါကျတော့ အန္တရာယ်ရှိတယ်၊ စဉ်းစားပါဦးလို့ပြောတယ်တဲ့၊ သူကလည်း တလျှောက်လုံးတော့ အန္တရာယ်ဆိုတာ ကြုံနေတာပဲ၊ သေဘေးလည်းကြုံဘူးတာပဲတဲ့”ဟု တရားခွင်တွင် သမ္မတ ဦးဝင်းမြင့် ထွက်ဆိုခဲ့ခြင်းအား ရှေ့နေ ဦးခင်မောင်ဇော်က ပြန်ပြောပြသည်။

သမ္မတဦးဝင်းမြင့်က စစ်ဗိုလ်ချုပ်များကို ၂၀၀၈ အခြေခံဥပဒေအတိုင်းသာ ဆောင်ရွက်သင့်ပြီး အာဏာသိမ်းခြင်းကို မလုပ်ဆောင်ရန်လည်း ပြောခဲ့သေးသည်။

ထို့ပြင် သမ္မတဦးဝင်းမြင့်က အဆိုပါ စစ်ဗိုလ်ချုပ်များကို ၂၀၀၈ အခြေခံဥပဒေအတိုင်းသာ ဆောင်ရွက်သင့်ပြီး အာဏာသိမ်းခြင်းကို မလုပ်ဆောင်ရန်လည်း ပြောခဲ့သေးကြောင်း ရှေ့နေ့များ၏ ပြောပြချက်အရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုး အောင်တို့သည် ၎င်းတို့အနေဖြင့် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခံရကာ ပြင်ပနှင့်အဆက်အသွယ် ဖြတ်တောက်ခံထားရသော်လည်း ဖေဖော်ဝါရီ ၁၀ ရက်နေ့နောက်ပိုင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟုဆိုကာ ထုတ်ပြန်သည့် ကြေညာချက်တွင် တာဝန်ရှိသည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲခံရကာ စွဲချက်တင်ခံထားရသည်။

သမ္မတအဖြစ် ရွေးကောက်တင်မြှောက်အပြီး ဦးဝင်းမြင့်/ ဧရာဝတီ

ထိုသို့ သမ္မတ ဦးဝင်းမြင့်၏ ထွက်ဆိုချက်သည် ပြီးခဲ့သည့်အပတ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားမှုဖြင့် တရားစွဲဆိုထား သောအမှုတွင် တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက ထွက်ဆိုချက်ကြောင့် ပါတီဝင်များနှင့် ပါတီ ထောက်ခံသူများကြား စိတ်ပျက်နေရမှုများကို အနည်းဆုံး သက်သာရာရသွားနိုင်သည်။

သမ္မတ ဦးဝင်းမြင့်၏ နိုင်ငံရေးခံယူချက်၊ ရပ်တည်ချက်နှင့် ပတ်သက်ပြီး ဂုဏ်ယူဝမ်းမြောက်မှုများရှိသလို ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်းပေးခဲ့ကြောင်း သက်သေထွက်ဆိုခဲ့သည့် ဦးဖြိုးမင်းသိန်းကိုမူ ၎င်း၏ နိုင်ငံရေးဘဝ သေဆုံးသွားပြီဟု ဝေဖန်ပြောဆိုနေလျက် ရှိသည်။

“အရေးကြီးတဲ့ နိုင်ငံရေးမုန်တိုင်းတွေကြားထဲမှာ ဦးဝင်းမြင့်တို့က တက်မရှိရင် လက်နဲ့ လှော်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိတဲ့လူလေ ၊ ဦးဖြိုးမင်းသိန်းတို့ကျတော့ လှေကြုံစီးတဲ့အဆင့်ပဲ ရှိတယ်” ဟု ဦးဝင်းမြင့်၏ နိုင်ငံရေးရပ်တည်ချက်နှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောဆိုသည်။

ရွေးကောက်ပွဲ ၄ ကြိမ် အနိုင်ရ လူထုကိုယ်စားလှယ်

သမ္မတ ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၁၉၉၀၊ ၂၀၁၂ (ကြားဖြတ်ရွေးကောက်ပွဲ) ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၄ ကြိမ်စလုံးတွင် အနိုင်ရရှိထားသည့် လူထု ကိုယ်စားလှယ်ဖြစ်သည်။

ဦးဝင်းမြင့်ဟာ ဧရာဝတီတိုင်း ဓနုဖြူ ဇာတိဖြစ်ပြီး ဥပဒေဘွဲ့ရ ရှေ့နေတဦးလည်းဖြစ်ပြီး ၁၉၈၈ နောက်ပိုင်း နိုင်ငံရေး လောကထဲ ဝင်ရောက်ခဲ့သူဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီ စတင်ထူထောင်စဉ် အစောပိုင်းကာလများကတည်းက ပါတီဝင်တဦးဖြစ်၍ နှစ်ပေါင်း ၄၀ ဝန်းကျင် နိုင်ငံရေးအတွေ့အကြုံ ရှိသည့် ဝါရင့်နိုင်ငံရေးသမားဖြစ်သည်။

NLD ပါတီမှ နုတ်ထွက်လျှင် မော်တော်ကားပါမစ်နှင့် ငွေကြေး အများအပြားပေးမည်ဟု စစ်အစိုးရ၏ ကမ်းလှမ်းခြင်းခံခဲ့ရသူဖြစ်သော်လည်း အသက်မသေစေရုံမျှ ကျွေးသော ထောင်ထမင်းကိုသာ စားပြီး သူ၏ နိုင်ငံရေးခံယူချက်အတိုင်း ရှေ့ဆက်လျှောက်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲအပြီး တခြား နိုင်ငံရေးသမားများစွာနည်းတူ စစ်အစိုးရ၏ နှစ်ရှည် ထောင်ချခံခဲ့ရသူ ဖြစ်ပြီး ထိုကာလက NLD ပါတီမှ နုတ်ထွက်လျှင် မော်တော်ကားပါမစ်နှင့် ငွေကြေး အများအပြားပေးမည်ဟု စစ်အစိုးရ၏ ကမ်းလှမ်းခြင်းခံခဲ့ရသူဖြစ်သော်လည်း အသက်မသေစေရုံမျှ ကျွေးသော ထောင်ထမင်းကိုသာ စားပြီး သူ၏ နိုင်ငံရေးခံယူချက်အတိုင်း ရှေ့ဆက်လျှောက်ခဲ့သည်။

“ဦးဝင်းမြင့်က ရဲရင့်၊ ရိုးသား၊ နိုးကြား၊ နှိမ့်ချ ဆိုတဲ့ လက္ခဏာ ၄ ရပ်စလုံးနဲ့ ပြည့်စုံတဲ့ နိုင်ငံရေးသမား တယောက်ပါ” ဟု နှစ်ပေါင်း ၂၀ နီးပါး သိခဲ့သော ဦးဝင်းမြင့်နှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

NLD ပါတီအတွက် အကြီးမားဆုံး စိန်ခေါ်မှု တခုဖြစ်သည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ ဝင် မဝင် ဆုံးဖြတ်ရသည့် ကိစ္စတွင်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ပြီးမှ ရွေးကောက်ပွဲ ဝင်နိုင်မည့် ကိစ္စ လက်မခံဘဲ ပြတ်ပြတ်သားသား ရပ်တည်ခဲ့သူတဦးဖြစ်ကြောင်း NLD ပါတီဝင် တချို့ ပြောပြချက်အရ သိရသည်။

သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အတူတကွ/ဧရာဝတီ

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် လွှတ်တော်ထဲသို့ ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် ဦးဝင်းမြင့်သည် NLD ပါတီ၏ အသက်ငယ်ဆုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။

ထို့နောက် သူရဦးရွှေမန်းက တာဝန်ပေးသည့် ပြည်သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ ဖြစ်လာသည့်အခါ ဦးဝင်းမြင့်က အတွင်းရေးမှူးအဖြစ် ပိုပြီး နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ကြသည်။

NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက “ သူက တိတိကျကျလုပ်တတ်ပြီး သဘောထား တင်းမာတဲ့ လူလို့ ထင်ရပေမယ့်၊ ပါတီမှာပဲ ဖြစ်ဖြစ် အစိုးရအဖွဲ့ကို တာဝန်ယူရတဲ့အခါမှာပဲဖြစ်ဖြစ် အမြဲတမ်း ပူးပေါင်းဆောင်ရွက်တတ်သူ၊ အလုပ်အရမ်းလုပ်တဲ့သူ” ဟု ပြောသည်။

မျက်နှာထားတင်းသည့် လွှတ်တော်ဥက္ကဋ္ဌ

၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီတွင် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) အရ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ မဖြစ်နိုင်သည့်အခြေအနေကြောင့် ရွေးကောက်ပွဲ အနိုင်ရပါက မည်သူက သမ္မတ ဖြစ်လာနိုင်မည်ကို လူထုက စိတ်ဝင်စားမှုရှိခဲ့သလို စစ်တပ် အပါအဝင် ၎င်းတို့နှင့် နီးစပ်သည့် နိုင်ငံရေး ပါတီများကလည်း NLD ပါတီတွင် သမ္မတလုပ်နိုင်မည့် လူရှိနိုင်ပါ့မလား ဝေဖန်မှုများလည်း ရှိခဲ့သည်။

ဝေဖန်မှုများကို ဦးဝင်းမြင့်က “လင်းတ လောက်တော့ ငှက်တိုင်းလှပါတယ်” ဟု ဒီဗီဘီ(DVB) သတင်း ဌာန၏ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဒီဘိတ်အစီအစဉ်တွင် ထည့်သွင်းပြောခဲ့သည်။

ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို NLD ပါတီက အစိုးရအဖွဲ့ ဖွဲ့နိုင်သည်အထိ အပြတ်အသတ် အနိုင်ယူရခဲ့ပြီး NLD ပါတီက ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ကာ ဥပဒေရေးရာကျွမ်းကျင်သည့် ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သည်။ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် ဦးဝင်းမြင့်သည် အသက် ၆၆ နှစ်အရွယ်ရှိပြီ ဖြစ်သည်။

မြန်မာသမ္မတ ဦးဝင်းမြင့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်

ဦးဝင်းမြင့်သည် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် လွှတ်တော်ထဲတွင် ဂျာနယ်ဖတ်ခြင်း မှအစ အင်္ကျီအရောင် မအပ်စပ်ဘဲ ဝတ်ဆင်တာအဆုံး ဥပဒေနှင့် မညီပါက မည့်သည်ပါတီ၊ ပုဂ္ဂိုလ်ကိုမဆို အားမနာစတမ်း ပြောဆိုမှုများကြောင့် NLD ပါတီမှ လွှတ်တော်အမတ်များပါ သဘောမကျသည့် အခြေအနေရှိခဲ့သူ ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များအပြင် အစိုးရအဖွဲ့၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိဝန်ကြီးများက ကိုယ်စားလှယ်များ၏ မေးမြန်းမှုကို တိတိကျကျပြန်လည်ဖြေကြားမှု မရှိပါကလည်း မကြာခဏ သတိပေးမှုများ လုပ်ဆောင်ခဲ့သူဖြစ်သည်။

အရပ်သားနိုင်ငံရေးသမားများ၏ ပထမဆုံး အစိုးရဖွဲ့စည်းနိုင်သည့် အခြေအနေဖြစ်ပြီး လွှတ်တော်တွင်း၌ စစ်တပ်နှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကြား သဘောထားတင်းမာသည့် အခြေအနေမျိုး မဖြစ်စေရန် ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ခဲ့သူဖြစ်သည်။

ထိုအချိန်က အရပ်သားနိုင်ငံရေးသမားများ၏ ပထမဆုံး အစိုးရဖွဲ့စည်းနိုင်သည့် အခြေအနေဖြစ်ပြီး လွှတ်တော်တွင်း၌ စစ်တပ်နှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကြား သဘောထားတင်းမာသည့် အခြေအနေမျိုး မဖြစ်စေရန် ပါးပါးနပ်နပ် ကိုင်တွယ်နိုင်ခဲ့သူဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

“အဲဒီအချိန်တုန်းက တပ်မတော်သားအစုအဖွဲ့နဲ့ ကျနော်တို့ ရွေးကောက်ခံကိုယ်စားလှယ်တွေကြားမှာ တအားကြီး ပွတ်တိုက်မှုတွေ ကြီးသွားခဲ့မယ်ဆိုရင် ပြဿနာရှိတယ်။ အဲဒီပြဿနာက ဘာလဲဆိုရင် အခုအခြေအနေမျိုးက အဲဒီတုန်းကတည်းက ဖြစ်သွားနိုင်တာ” ဟု NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးပြီး မတရားစွပ်စွဲ ကြားနာနေသော တရားခုံရုံး

ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် ပါတီ၏ လူတယောက် မဟုတ်သကဲ့သို့ လွတ်လပ်စွာဖြင့် လွှတ်တော်ကို ထိန်းကြောင်းနိုင်ခဲ့သူတဦးလည်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင်က မှတ်ချက်ပြုသည်။

“ ခင်ဗျား ဥက္ကဋ္ဌလုပ်ရတာ အခြေအနေကောင်းရဲ့လား၊ ထိပ်မှာ ထိုင်နေရတာဆိုပြီးမေးတော့ သူ ကျနော့်ကို ပြောတဲ့ စကားတခွန်းက နည်းတဲ့ဝဋ်ဒုက္ခ မဟုတ်ဘူးတဲ့” ဟု လွှတ်တော်တွင်း ထိန်းကြောင်းရမှု အခက်အခဲများကို ရင်ဖွင့်ခဲ့ကြောင်း သူက ပြန်ပြောပြသည်။

ဦးဝင်းမြင့်က လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း၌ သမီးဖြစ်သူ၏ မင်္ဂလာဆောင်တွင် မည့်သည့် မင်္ဂလာလက်ဖွဲ့ကိုမှ လက်ခံမည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သူ ဖြစ်သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
107
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
393
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
192

လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်စဉ် ကာလအတွင်း၌ တောင်သူလယ်သမားအရေး နှင့် သိမ်းဆည်းခံ လယ်ယာမြေ ကိစ္စများကို ဖြေရှင်းနိုင်ပေးခဲ့သည့်အတွက် နာမည်ကောင်းရခဲ့ရသည်။

နိုင်ငံရေးသမားမှသည် နိုင်ငံတော်သမ္မတသို့

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ၂ နှစ်ကြာ ထမ်းဆောင်ပြီးနောက် ကျန်းမာရေးကြောင့် အနားယူသွားသော သမ္မတ ဦးထင်ကျော်နေရာကို ဦးဝင်းမြင့်က သမ္မတအဖြစ် ၂၀၁၈ ခုနှစ် မတ်လပိုင်းတွင် တာဝန်ထမ်းဆောင်ရပြန်သည်။

ဦးဝင်းမြင့် သမ္မတအဖြစ် ပြောင်းလဲတော့မည့် ကာလတွင် ၎င်းလို တိကျပြတ်သားသည့် လွှတ်တော်ဥက္ကဋ္ဌ မရှိတော့၍ လွှတ်တော်ပိုင်းတွင် အားနည်းသွားနိုင်သည်ဟု သုံးသပ်ခဲ့ကြပြီး အရည်ချင်းရှိသူဖြစ်သောကြောင့် သမ္မတရာထူးဖြင့်လည်း အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ခန့်မှန်းခဲ့ကြသည်။

နိုင်ငံရေးသမားဘဝ NLD ပါတီဝင် ဦးဝင်းမြင့်မှ သမ္မတကြီး ဦးဝင်းမြင့် အဖြ စ်ပြောင်းလဲသွားသည့် နိုင်ငံရေးဖြတ်သန်းမှု တလျှောက်တွင် ဦးဝင်းမြင့်ကို လက်ညိုးထိုးစရာ တကွက်ပင် မရှိကြောင်း နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက မှတ်ချက်ပြုကြသည်။

ထို့ကဲ့သို့ပင် သမ္မတအဖြစ် စတင်တာဝန်ယူကတည်းက ဥပဒေရေးရာကျွမ်းကျင်သူ ဖြစ်သဖြင့် တရားဥပဒေစိုးမိုးရေးနှင့် အဂတိ လိုက်စား တိုက်ဖျက်ရေးကိစ္စရပ်များကို အရှိန်ဟုန် မြှင့်ဆောင်ရွက်နိုင်ခဲ့သည်။

တရားဥပဒေ စိုးမိုးရေးကို အတော်သင့် ဆောင်ရွက်နိုင်ခဲ့သော်လည်း အဂတိလိုက်စားကိစ္စရပ်များကိုမူ ဝန်ကြီးဌာနများ၏ အရာရှိများမှ တရားစီရင်ရေးဘက်မှ အရာရှိပုဂ္ဂိုလ်များအထိပါ အရေးယူ တရားစွဲဆိုနိုင်သည်အထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည်။

“ဦးဝင်းမြင့်က နိုင်ငံသမားတယောက်အဖြစ် စတင်ဝင်ရောက်လာကတည်းကနေ သမ္မတ ဖြစ်တဲ့အထိ တာဝန်တွေ အဆင့်ဆင့် တိုးမြှင့်ပေးခံရတာတောင် သူရဲ့ ရပ်တည်ချက်က ဒီအတိုင်းပဲ ဘာမှမပြောင်းလဲသွားဘူး” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ထို့သို ရာထူး၊ တာဝန်များ အဆင့်ဆင့် တိုးမြှင့်ခံရပြီး နောက်ဆုံး နိုင်ငံတော်၏ အမြင့်ဆုံးရာထူး သမ္မတ အဖြစ် တာဝန်ထမ်း ဆောင်ရသည့်တိုင် ဦးဝင်းမြင့်သည် နိုင်ငံတော်က နေထိုင်ခွင့်ပေးထားသည့် သမ္မတအိမ်တော်တွင်သာ နေပြီး အိမ်ကြီးအိမ်ကောင်းတလုံးပင် ပိုင်ဆိုင်ခဲ့သူ မဟုတ်ပေ။

နိုင်ငံရေးသမားဘဝ NLD ပါတီဝင် ဦးဝင်းမြင့်မှ သမ္မတကြီး ဦးဝင်းမြင့် အဖြ စ်ပြောင်းလဲသွားသည့် နိုင်ငံရေးဖြတ်သန်းမှု တလျှောက်တွင် ဦးဝင်းမြင့်ကို လက်ညိုးထိုးစရာ တကွက်ပင် မရှိကြောင်း နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက မှတ်ချက်ပြုကြသည်။

“သမ္မတဆိုတာ နိုင်ငံတော်မှာ အကြီးဆုံးပဲ၊ သူ့ရပ်တည်ချက် ပြောင်းလို့ မရပါဘူး။ သူရဲ့ ရပ်တည်ချက်က ခိုင်ခိုင်မာမာပဲ ဆက်ရှိနေမှာပါ။ အဲဒီအတွက်လည်း ကျနော်တို့က ဂုဏ်ပြုရမှာပါ” ဟု SNLD ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောသည်။

You may also like these stories:

တရားခွင်မှာ သမ္မတ ဦးဝင်းမြင့် ဘာတွေ ထွက်ဆိုခဲ့လဲ

၁၉၈၈ ကလို ၂၀၂၁ က စစ်ဗိုလ်ချုပ်များ ကံကောင်းမည် မဟုတ်

မြန်မာစစ်ဗိုလ်များ နိုင်ငံကြီးပွားရေးအစား စီးပွားပျက်ရန်သာ လုပ်တတ်သည်

ဒေါ်အောင်ဆန်းစုကြည် လာဘ်စားကြောင်း ဦးဖြိုးမင်းသိန်း ထွက်ချက်ပေးတဲ့အခါ

Your Thoughts …
Tags: NLDဒီမိုကရေစီ ခရီးကြမ်းနိုင်ငံရေးသမားကောင်းတဦး၏ မှတ်ကျောက်သမ္မတဦးဝင်းမြင့်
အောင်ခမ်း

အောင်ခမ်း

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ဝင်လာသည့် စစ်ကောင်စီ၏ စစ်ကြောင်း  / CJ

တနေရာတည်းမှာ ဖိတိုက်တာမျိုး မဖြစ်အောင် အားလုံးမှာ တာဝန်ရှိတယ်

ပလက်၀မြို့ / ဧရာဝတီ

တရားရုံးမှ ပြန်လွှတ်လိုက်သော ချင်းလူငယ် ၄ ဦး ပလက်ဝရဲ ထပ်မံဖမ်းဆီး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved