• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

မြန်မာစစ်ဗိုလ်များ နိုင်ငံကြီးပွားရေးအစား စီးပွားပျက်ရန်သာ လုပ်တတ်သည်

by ဧရာဝတီ
13 October 2021
in အယ်ဒီတာ့အာဘော်
A A
စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းက ဇောက်ထိုးကျဆင်းသွားသည် / ဧရာဝတီ 

စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းက ဇောက်ထိုးကျဆင်းသွားသည် / ဧရာဝတီ 

35.7k
VIEWS
Share on FacebookShare on Twitter

ဖေဖေါ်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက အမေရိကန်ဒေါ်လာဈေးသည် နေ့စဉ်နှင့်အမျှ တရိပ်ရိပ်တက်ခဲ့ရာ ၁ ဒေါ်လာ ၂၇၀၀ကျပ် ဈေးဖြင့် စံချိန်တင်မြင့်သွားခြင်းက မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုကင်းမဲ့ခြင်း အဆုံးစွန် အထိ ရောက်သွားကြောင်း သက်သေပြလိုက်သည်။

ကျပ်ငွေ တန်ဖိုးကျဆင်းသွားခြင်း အပေါ် လောင်စာဆီဈေးနှုန်း မြင့်မားလာမှုက ထပ်ဆောင်းလိုက်သည့်အခါ ပြည်သူတို့မှာ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စားနပ်ရိက္ခာ ရှားပါးခြင်းတို့အပြင် ဘဏ်၌မိမိတို့အပ်နှံထား သည့် ငွေကြေးများ ပြန်လည်မရရှိခြင်း၊ စုဆောင်းငွေမှာ အလိုအလျောက် အရှုံးပေါ်ခြင်းစသည့် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး ပြဿနာအရပ်ရပ်နှင့် ရင်ဆိုင်နေရ၏။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
892
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
7.7k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.8k

ငွေသားလက်ဝယ်ရှိသူများက ဘဏ်စနစ်ကိုလည်း မယုံ၊ အရှုံးပေါ်နေသည့် စီးပွားရေးလုပ်ငန်းများတွင်လည်း ထပ်မံ ရင်းနှီး မြုပ်နှံရန်မဖြစ်၊ ထိုအခါ ရွှေနှင့် အမေရိကန်ဒေါ်လာအပါအဝင် ခိုင်မာသည့် ကား၊ အိမ်ခြံ မြေ စသည့်တို့ကို စုပြုံကာ အလုအယက်ဝယ်ယူကြသည်။ တချို့သော စီးပွားရေးသမားများကလည်း ဘဏ်တွင် အပ်နှံ ထားသည့် ငွေများကို ရာခိုင်နှုန်းပေး၍ ထုတ်ယူကာ အမြတ်အစွန်းရမည့် လုပ်ငန်းများကို ကစားကြသည်။

တဖက်တွင်လည်း ပြည်ပကုန်သွယ်ရေး ကဏ္ဍတွင် ပို့ကုန်မရှိ၊ သွင်းကုန်သာရှိသည့် တဖက်သတ် ကုန်သွယ်ရေး ဆန်ဆန် မညီမျှ ဖြစ်နေရာ သွင်းကုန်အတွက် လိုအပ်သည့် အမေရိကန်ဒေါ်လာကို လိုက်လံဝယ်ယူ ဖြည့်တင်း နေရခြင်းကလည်း အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့ ဖြစ်နေသည်။

ယမန်နေ့က ရောင်းရငွေသည် ယနေ့အတွက် အရှုံးဖြစ်သည် ဆိုသည့်အတိုင်း ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်သည့် ဒဏ်ကြောင့် စက်ရုံအလုပ်ရုံတချို့ လုပ်ငန်းတချို့ ရပ်နားထားလိုက်ရသလို စီးပွားရေးမဏ္ဍိုင်တွင် အရေးပါသော သယ်ယူပို့ဆောင်ရေး ယန္တရားသည်လည်း လောင်စာဆီဈေးတက်မှုကြောင့် အခက်ကြုံနေရပြီဖြစ်သည်။

စစ်ကောင်စီသည် အာဏာစတင်သိမ်းစဉ်ကတည်း တိုင်းပြည်စီးပွားရေးနှင့် ပတ်သက်၍ ကောင်းမွန်သော စဉ်းစားချက် မရှိကြောင်းကို စိုက်ပျိုးရေးနှင့် မွေးမြူရေးအပေါ်တွင် အခြေခံသည့် ပြည်တွင်းဖူလုံရေး လုပ်မည်ဆိုသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းများကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်ဖွံ့ဖြိုးမှုနှုန်း အနုတ် ၁၈ ရာခိုင်နှုန်းထိ ဖြစ်သွားပြီး ကျပ်ငွေတန်ဖိုးသည် ၅၀ ရာခိုင်နှုန်းကျဆင်းသွားသည်။ နိုင်ငံခြားငွေ ထုတ်ရောင်းမှုကို အရှိန်မြှင့်တင်ခြင်းနှင့် ပို့ကုန်တင်ပို့သူများ၏ နိုင်ငံခြားငွေကို ရက် ၃၀ အတွင်း ပြန်ရောင်းခိုင်းခြင်းအပါအဝင် ဒေါ်လာအလုအယက်ဝယ်ယူခြင်းကို ရပ်တန့်စေရန် ဗဟိုဘဏ်၏ အားထုတ်မှုသည် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကို တားဆီးနိုင်ခြင်း မရှိပေ။ ကျပ်ငွေသည် ယခုနှစ်ကုန်တွင် တဒေါ်လာလျင် ၂၄၀၀ ကျပ်အထိ ထပ်မံကျဆင်းနိုင်ပြီး ၂၀၂၂ နှစ်ကုန်တွင် ၃၂၀၀ အထိ ကျဆင်းနိုင်ကြောင်း Fitch Solutions အာရှနိုင်ငံများ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ ဂျေဆင် ယက် ပြောကြောင်း Bloomberg သတင်းတပုဒ်က ဆိုသည်။

နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်လျှင် စစ်ယူနီဖောင်းဝတ်များသည် ဖျက်ဆီးရန်သာ လုပ်တတ်သည်။ ၁၉၆၂ စစ်အာဏာသိမ်းခေါင်းဆောင်များကြောင့် တချိန်က အာရှတွင် အလားအလာအရှိဆုံး တိုင်းပြည်သည် အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရပြီး ၁၉၈၈ စစ်အာဏာသိမ်းခေါင်းဆောင်များကြောင့်လည်း တိုင်းပြည်တွင်း ဆင်းရဲမွဲတေမှုနှုန်းက ခေါင်းစိုက်ဆင်းသွားခဲ့ရသည်။

လက်ရှိ စစ်အာဏာသိမ်းခေါင်းဆောင်များသည်လည်း တိုင်းပြည်စီးပွား ပြန်ဦးမော့စေရေး ရွေးကောက်ခံ အရပ်သားအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ခဲ့သမျှကို ဖျက်လိုဖျက်ဆီးလုပ်ရန်သာ တတ်နိုင်ခဲ့သည်။ လက်ရှိ ထိပ်ပိုင်းစစ်ခေါင်းဆောင်မိသားစုများနှင့် ခရိုနီများသည် ယခင် စစ်ခေါင်းဆောင်များအတိုင်း တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ် အမြတ်ထုတ်ရန်ကလွဲ တိုင်းပြည်ကြီးပွားတိုးတက်ရေး မည်သည့် အကြံဉာဏ်ကောင်းမျှမရှိဟုသာ ဆိုရပေတော့မည်။

You may also like these stories:

မြန်မာ့ဘဏ္ဍာရေးနှစ် ပြန်ပြောင်းချင်တာ အရင်လို ခြစားဖို့လား

Vpower ၏ LNG လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ တွက်ချေမကိုက်၍ ရပ်နားထားရ

ဗြိတိသျှအခြေစိုက် စီးကရက်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာ

စိုက်ပျိုးစရိတ် နှစ်ဆကျော် မြင့်တက်လာသဖြင့် လယ်သမားအချို့ အရှုံးပေါ်

Your Thoughts …
Tags: ကျပ်ငွေ တန်ဖိုးကျဆင်းသွားခြင်းစစ်အာဏာသိမ်းမှုစီးပွားပျက်တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမြန်မာစစ်ဗိုလ်များအမေရိကန်ဒေါ်လာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
ဒီမောဆိုမြို့နယ် စစ်ရှောင်စခန်းတခုအတွင်းရှိ ကိုဗစ်လူနာများ ထားရာ အဆောင် / KSN

ကိုဗစ်ရောဂါနဲ့ပါ ရင်ဆိုင်နေရတဲ့ ကရင်နီစစ်ရှောင်များ

ဇွန်လ ၄ ရက် နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာရီဝန်ယူဆွတ်တို့ တွေ့ဆုံစဉ်

မြန်မာခရီးစဉ် မစတင်မီ သက်ဆိုင်သူအားလုံးနှင့် အပြည့်အ၀တွေ့ခွင့်ပေးရမည်ဟု ASEAN အထူးသံတမန်ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate