• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကိုဗစ်ရောဂါနဲ့ပါ ရင်ဆိုင်နေရတဲ့ ကရင်နီစစ်ရှောင်များ

by KSN
13 October 2021
in ဆောင်းပါး
A A
ဒီမောဆိုမြို့နယ် စစ်ရှောင်စခန်းတခုအတွင်းရှိ ကိုဗစ်လူနာများ ထားရာ အဆောင် / KSN

ဒီမောဆိုမြို့နယ် စစ်ရှောင်စခန်းတခုအတွင်းရှိ ကိုဗစ်လူနာများ ထားရာ အဆောင် / KSN

8.1k
VIEWS
Share on FacebookShare on Twitter

“ကိုဗစ်က ရေများများသောက်ပေးရမယ်။ ဒါမှ သွေးမပစ်တော့ပဲ သွေးကြဲမှာ။”

“ဖောလစ်အက်စစ် ပေးမယ်။ တနေ့တလုံး ပုံမှန်သောက်။ ဒီဆေးက ဝမ်းချုပ်တတ်တော့ ရေများများသောက်ပေးရမယ်။”

ဒါတွေကတော့ ဒီမောဆိုမြို့နယ် အရှေ့ဖက် တောင်ပေါ်စစ်ရှောင် စစ်ရှောင်စခန်းတစ်ခုမှာ အသက် ၃၀ ဝန်းကျင် နယ်လှည့် စေတနာ့ကျန်းမာရေးဝန်ထမ်းတဦးက နာမကျန်းတဲ့ စစ်ရှောင်ပြည်သူတွေကို မှားကြားနေတာပဲဖြစ်ပါတယ်။ အများစုမှာ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အို အဖိုးအဖွားများဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ကရင်နီပြည်နယ်ဒေသအခြေပြု ပြည်သူ့လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ တကျော့ပြန်လည်ဖြစ်ပွားလာတဲ့ ယခုကာလမှာတော့ ကျေးရွာနေပြည်သူများမှာ တောတွေတောင်တွေထဲမှာ ရွာလုံးကျွတ် စစ်ရှောင်နေကြရပါတယ်။

တချိန်တည်းမှာပဲ ကိုဗစ် ၁၉ ရောဂါပြန့်ပွားမှုဟာလည်း တောတောင်ထဲရှိ စစ်ရှောင်စခန်းများအထိ ပြန့်နှံ့လာခဲ့ပြီး ကူးစက်ခံရသူ အရေအတွက်မှာ တစတစမြင့်တက်လာနေပြီဖြစ်ပါတယ်။

ဒီမောဆို စစ်ရှောင်စခန်းတခုအတွင်းရှိ ကိုဗစ်လူနာ အဆောင်/KSN

ယခု ကျမရောက်နေတဲ့ တောင်ပေါ်စစ်ရှောင်စခန်းတခုမှာတော့ စစ်တလင်းနယ်မြေဖြစ်နေတဲ့ ဒီမောဆိုမြို့နယ်၊ ၆ မိုင်ကျေးရွာအုပ်စု အတွင်းရှိ ဇီးဖြူကုန်း၊ ၆ မိုင်ရွာ၊ ဘက်တလိန်၊ ဒေါဆိုရှိ ရွာ ၄ ရွာမှ ရွာသားများ ရွာလုံးကျွတ် စစ်ရှောင်နေကြတာ ဖြစ်ပါတယ်။

တောင်ကြောတလျှောက် မိသားစု ၃ စု၊ ၄ စုခန့် စုပေါင်းနေထိုင်ကြသည့် တာပေါ်လင်စမိုး တဲတန်းရှည်ကြီးတွေ၊ တဲ ၃ လုံး၊ ၄ လုံး ခန့် မိသားစုဆွေမျိုးတွေ စုပြီးနေကြတဲ့ တဲအစု အစု တွေကို တောင်ကြောတလျှောက် ဟိုနား ဒီနား တွေ့ရပါတယ်။ စစ်ရှောင်နေသူဦးရေ စုစုပေါင်း ၁၀၂၁ ရှိပြီး၊ ၁၀ နှစ်နဲ့ ၁၀ နှစ်အောက်ကလေးသူငယ် ၁၅၀ ခန့်ရှိပါတယ်။

ယခု အောက်တိုဘာ ပထမပတ်အတွင်း စခန်းရှိ ၁၉၄ ယောက်ကို ကိုဗစ်ရောဂါပိုးစစ်ဆေးကြည့်တဲ့အခါ ၆၄ ယောက် မှာ ကိုဗစ်ရောဂါ ကူးစက်ခံနေရတာကို တွေ့ရပါတယ်။ ကိုဗစ် ၁၉ စစ်ဆေးတဲ့ ဆေးကိရိယာ (test kit) အလုံအလောက်မရှိတဲ့အတွက် အဆိုပါအရေအတွက် အနည်းငယ်ကိုသာ စစ်ဆေးနိုင်ခဲ့ပြီး ကူးစက်ခံရမှုအရေအတွေက်မှာ ဆေးစစ်တွေ့ရှိရမှု အရေအတွက်ထက် ပိုများနိုင်ကြောင်းခန့်မှန်း ရပါတယ်။

ဒီမောဆို စစ်ရှောင်စခန်းအတွင်း ကလေးနှင့် မိခင်/KSN

ကိုဗစ်ပိုးတွေ့လူနာများကို ပေ ၃၀ ခန့်ရှည်လျားတဲ့ တာပေါ်လင်စအမိုးနဲ့ယာယီတဲအောက်မှာ သီးသန့်ခွဲထုတ်ထားပြီး စခန်းရှိ ဆေးအထောက်အကူသင်တန်းဆင်း ဆရာမတဦးက အနီးကပ်စောင့်ရှောက်မှု ပေးလျက်ရှိတာကို တွေ့ရပါတယ်။ အဓိက ဆေးဝါးအခက်အခဲရှိတာကို ကြားသိရပါတယ်။

“စပြီး ဖျားနာကိုက်ခဲကြတော့ ပါရာစီတီမော (Paracetamol)၊ စီထရင်း (Cetrizine )နဲ့ အမောက်စလင် (Amoxicillin) ဆေးတွေကို တွဲပေးတယ်။ သွေးပေါင်ချိန်တိုင်းပြီး ဓာတ်ဆားသောက်လို့ရရင် ဓာတ်ဆားပေးတယ်။ ဒါလည်း မသက်သာဘူး။ တဲတခုမှာ ၁၀ယောက်ရှိရင် ၁၀ယောက်စလုံး ဖျားကြတယ်။ ဆေးမလုံလောက်ဘူး။ ၃ ရက်စာလောက် ပေးရမှာကို၊ တခါသောက် နှစ်ခါသောက်စာလောက်ပဲ စက္ကူနဲ့ထုပ်ပေးလိုက်နိုင်တယ်။ လူလည်းများတော့လေ”လို့ ဆေးအထောက်ကူဆရာမ ပြောပြပါတယ်။

လက်ရှိအခြအနေမှာတော့ ကိုယ်ထူကိုယ်ထ နယ်လှည့်ဆရာဝန်၊ သူနာပြု ဆေးအဖွဲ့ တချို့မှလည်း ရံဖန်ရံခါ လာကြည့်ပေးပါတယ်။

စခန်းမှာ အောက်စီဂျင်စက်နှင့် အောက်စီဂျင်အိုး မရှိသေးပါ။ လူဦးရေ တထောင်ကျော်ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ ဆေးအထောက်အကူပြု ဆရာမတဦးသာရှိနိုင်ပြီး ဆေးဝါးမလုံလောက်တဲ့ အခြေအနေကို တွေ့ရပါတယ်။

ရှေ့လျှောက် ကြုံလာရတော့မယ့် အခက်အခဲ နောက်တခုက သောက်သုံးရေ လက်လှမ်းမမီမှုဖြစ်ပါတယ်။ ကိုဗစ်ဖြစ်ရင် ရေများများသောက်ပေးရမယ်လို့ ဆရာမက လူနာကို မှာလေတိုင်း ရေကိစ္စကို စိတ်ပူမိပါတယ်။ စခန်းမှာ စတင်နေထိုင်ကြတဲ့ ပထမတလ (မတ်လ နဲ့ ဧပြီ) အတွင်းက သောက်သုံးရေအခက်အခဲကို ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။ သောက်သုံးစရာ ရေကြည်မရှိ၊ ရေသန့်ဆေးမရှိ ခဲ့တဲ့အတွက် ဝမ်းပျက်ဝမ်းလျောရောဂါကို ကြုံခဲ့ရပါတယ်။ မိုးတွင်းရောက်လာတဲ့ အခါမှသာ မိုးရေခံပြီး သောက်သုံးရေ အခက်အခဲကိုဖြေရှင်းကြရပါတယ်။ စခန်းရှိ နေထိုင်သူတဦးက အခုလို ရှင်းပြပါတယ်။

“ရွာကိုလည်း ရေပြန်မခပ်ရဲ။ လက်နက်ကြီးကို တဒုံးဒုံးဆိုတော့ ဒီအနီးအနားပဲ ရှာသောက်တယ်။ လက်နက်ကြီးငြိမ်သွားရင်တော့ ဒီနဲ့ သိပ်မဝေးတဲ့ တောင်ကျရေတွင်းတတွင်းဆီ သွားခပ်ရတယ်။ အသွားအပြန် ၁ နာရီကြာတယ်။ နောက်ပိုင်း အလှူရှင်ဆီကနေ မိုးကာရတော့ မိုးရေခံသောက်တော့ ရေကောင်းသောက်ရတယ်။ အရင်က မိုးကာက တဲအမိုးအတွက်ပဲရှိတယ်။ ရေခံဖို့ မိုးကာစမရှိဘူး။ မိုးကာရတာ ၁ လလောက်ရှိပြီ။ အခု ဆယ်အိမ်စု တစုကို ရေလှောင်ကန်တခု လုပ်ထားတယ်” လို့ ပြောပြပါတယ်။

ဒီမောဆို စစ်ရှောင်စခန်းက အမျိုးသမီးကြီးနှင့် ကလေးငယ်/KSN

မိုးတွင်းကာလ လွန်တဲ့အခါမှာတော့ သောက်သုံးရေ အခက်အခဲကို ပြန်လည်ကြုံတွေ့ကြရဖို့ ရှိနေပါတယ်။ အဲ့ဒီအခါမှာတော့ ခြေလျင်လျောက်ပါက အသွားအပြန်တစ်နာရီခန့်ဝေးတဲ့ တောင်ကျရေတွင်းဆီ အတက်အဆင်း၊ အသယ်အပို့ လုပ်ပြီး ရေကိစ္စကို ဖြေရှင်းကြရတော့မှာပါ။

အခြားအဖြစ်များတဲ့ ရောဂါများမှာ သွေးတိုး၊ အသည်း၊ ကျောက်ကပ် တို့ဖြစ်ပြီး လူကြီးများမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ကလေးများမှာ အာဟာရမပြည့်ဝတာ၊ ချို့တဲ့တာ အဖြစ်များတာကို တွေ့ရပါတယ်။ ဓာတ်ဆား၊ အားဆေး၊ ကလေးအဖျားကျဆေး၊ တုတ်ကွေးဆေးနဲ့ ကိုဗစ်ကုသစောင့်ရှောက်မှုအတွက် ဆေးဝါးများ လိုအပ်လျက်ရှိနေဆဲပါ။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
113
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
166
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
527

အရေးပေါ် အခြေအနေများအတွက် ကားနဲ့ ၄၅ မိနစ်ခန့်သွားရတဲ့ ဒေါတမကြီးကျေးရွာရှိ ကိုယ်ထူကိုယ်ထ ဆေးခန်းဆီ လူနာကိုပို့ရပါတယ်။ ခွဲစိပ်မှုအတွက်ဆိုပါက လွိုင်ကော်အထိ အရောက်ပို့ကြရပါတယ်။

ယခု စစ်ရှောင်စခန်းမှာ ၅ လနီးပါးခန့်ရှိပြီဖြစ်ပြီး ဆေးဝါးနှင့် ကျန်းမာရေး အခြေခံစောင့်ရှောက်မှုများကို လိုအပ်လျက်ရှိနေဆဲပါ။ ဒီမောဆိုမြို့နယ်အတွင်းရှိ အခြားစစ်ရှောင်စခန်းများတွင်လည်း အလားတူအခက်အခဲများ ကြုံတွေ့နေပါတယ်။

လက်ရှိအခြေအနေမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်များက ဆေးဝါးနှင့် ကုန်ပစ္စည်းအသယ်အပို့ပြုလုပ်သူများကို စစ်ဆေး၊ ဖမ်ဆီးမှုများ လုပ်လျက်ရှိနေတဲ့အတွက် တိုက်ပွဲဖြစ်ပွားရာ နယ်မြေတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများအတွက် ဆေးဝါးအလျင်မီ ရရှိနိုင်ရန်မှာ ကြီးမားတဲ့စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။

(KSN သည် စာရေးသူ၏ နာမည်ဝှက်ဖြစ်သည်။ KSN သည် အလွတ်တန်း လူမှုရေးသုတေသီတဦးဖြစ်ပြီး လက်ရှိတွင် ကရင်နီပြည်နယ်၏ မြေပြင်အခြေအနေများကို မှတ်တမ်းပြုစုနေသည်။)

You may also like these stories:

GAVI Alliance မှ ကိုဗစ် ကာကွယ်ဆေး ၆ သန်းကျော် မြန်မာရမည်

ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းအတွက် ကိုဗစ်ကာကွယ်ဆေး ၄၀၀၀ ခန့် ရရှိ

မြို့ကြီးများ၌ ကိုဗစ်ကူးစက်မှု ကျဆင်းသည်ဆိုသော်လည်း နယ်များတွင် ဖြစ်ပွားမြင့်နေ

မြန်မာနှင့် နိုင်ငံတချို့ ၌ ကိုဗစ်ကာကွယ်ဆေးအတုများ တွေ့သဖြင့် WHO သတိပေး

Your Thoughts …
Tags: ကရင်နီစစ်ရှောင်များကိုဗစ်ရောဂါဒီမော့ဆိုမြို့နယ်အာဏာသိမ်းစစ်ကောင်စီ
KSN

KSN

Similar Picks:

စစ်သွေးကြွ မြန်မာဗိုလ်ချုပ်တဦး နော်ဝေ ငြိမ်းချမ်းရေးဖိုရမ်တွင် ပါဝင်

စစ်သွေးကြွ မြန်မာဗိုလ်ချုပ်တဦး နော်ဝေ ငြိမ်းချမ်းရေးဖိုရမ်တွင် ပါဝင်

by ဧရာဝတီ
1 July 2025
10.3k

ဒုဗိုလ်ချုပ်ကြီး မင်းနိုင်သည် အော်စလိုဖိုရမ် ၂၀၂၅ တက်ရောက်ရန် ဇွန်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် အော်စလိုသို့ရောက်ခဲ့သည်

ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်

ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်

by ဧရာဝတီ
2 October 2021
65.2k

၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ဘယ်လာရုစ် နှင့် မြန်မာစစ်တပ်ကြား ချိတ်ဆက်ဆောင်ရွက် ပေးသူ အဖြစ် နာမည်ထွက်ပေါ်လာသူမှာ ဒေါက်တာ အောင်မိုးမြင့် ဖြစ်သည်။

စက်တင်ဘာလဆန်းပိုင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမ္မတ ပူတင်နှင့် တွေ့ဆုံခွင့်ရခဲ့သော ရုရှားနိုင်ငံခရီးစဉ်အပြီးတွင် ရူဘယ်နှင့် ကျပ်ငွေ တိုက်ရိုက်လဲလှယ်နိုင်ရန် စစ်ကောင်စီဘက်က လုပ်ဆောင်လာသည်

ရုရှား ရူဘယ်ငွေ ဘယ်လိုတွေ သုံးမှာလဲ

by ဧရာဝတီ
26 September 2022
20.1k

မင်းအောင်လှိုင် ပူတင်နှင့် တွေ့ဆုံခွင့်ရခဲ့သော ရုရှားနိုင်ငံခရီးစဉ်အပြီး ရူဘယ်နှင့် ကျပ်ငွေ တိုက်ရိုက်လဲလှယ်နိုင်ရန် စစ်ကောင်စီဘက်က လုပ်ဆောင်လာသည်။

၂၀၂၁ ဖေဖော်ဝါရီလ ရန်ကုန်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတဦးက ရဲများအား ကိုဗစ်ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ ဝေငှစဉ် / ဧရာဝတီ

CID ဒုရဲမှူးကြီးဇော်ဝင်းကို နေပြည်တော်တွင် ရုံးထုတ်

by ဧရာဝတီ
25 February 2022
15.1k

"မနေ့က ဇမ္ဗူသီရိတရားရုံးမှာ ပထမဆုံး ရုံးထုတ်ပါတယ်။ ပုဒ်မကတော့ ၅၀၅ (က) ရယ် ရဲစည်းကမ်းရယ် နှစ်ခုနဲ့ အမှု ဖွင့်ခံထားရပါတယ်" ဟု ဒုရဲမှူးကြီးဇော်ဝင်းကို၏ မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။

မြဝတီ-ကော့ကရိတ်လမ်းပေါ်တွင် ကင်းစောင့်နေသော စစ်သားတဦး / ဧရာဝတီ

မြန်မာစစ်တပ် တိုက်ခိုက်ရေးစွမ်းရည် ကျနေပြီ

by စောရယ်
15 October 2021
23.7k

စစ်ရေးလေ့လာသုံးသပ်သူများက ခုခံတော်လှန်ရေး အင်အားစုများကို စစ်ကောင်စီတပ်များက အနိုင်တိုက်နိုင်လိမ့်မည်ဟု မထင်ကြောင်း ပြောဆိုသည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

တပ်ချုပ်နှင့် ဒုတပ်ချုပ်တာဝန်ထမ်းဆောင်ခွင့် အသက် ၆၅ နှစ် ကန့်သတ်ချက် ပယ်ဖျက်

by ဧရာဝတီ
20 May 2021
109.6k

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် အသက် ၆၅ နှစ်အ ထိသာ တာဝန်ထမ်းဆောင်ရန် ကန့်သတ်ချက်အား အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပင် ပယ်ဖျက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ညွှန်ကြားလွှာထုတ်ပြန်ခဲ့သည်။

Next Post
ဇွန်လ ၄ ရက် နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာရီဝန်ယူဆွတ်တို့ တွေ့ဆုံစဉ်

မြန်မာခရီးစဉ် မစတင်မီ သက်ဆိုင်သူအားလုံးနှင့် အပြည့်အ၀တွေ့ခွင့်ပေးရမည်ဟု ASEAN အထူးသံတမန်ပြော

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မူဆယ်မြို့  / ဧရာဝတီ

ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားပိုင်ဆိုင်များ တရားဝင်လိုင်စင် လျှောက်ထားရမည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved