• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာစစ်တပ် တိုက်ခိုက်ရေးစွမ်းရည် ကျနေပြီ

by စောရယ်
15 October 2021
in ဆောင်းပါး
A A
မြဝတီ-ကော့ကရိတ်လမ်းပေါ်တွင် ကင်းစောင့်နေသော စစ်သားတဦး / ဧရာဝတီ

မြဝတီ-ကော့ကရိတ်လမ်းပေါ်တွင် ကင်းစောင့်နေသော စစ်သားတဦး / ဧရာဝတီ

23.7k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတဝှမ်းအပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း အာဏာသိမ်းမှု ဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုများအားကောင်းရာ မြန်မာနိုင်ငံအနောက်မြောက်ဒေသရှိ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ကို စစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။

မြန်မာစစ်တပ်မှ သံချပ်ကာကားများအပါအဝင် ရာနှင့်ချီသည့် စစ်ထရပ်ကားများအား ချင်းပြည်နယ်သို့ အဆောတလျင် ပို့ဆောင်ခဲ့ပြီးနောက် အောက်တိုဘာလ ၁၃ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့အထွက်၌ တိုက်ပွဲစဖြစ်သည်။

RelatedPosts

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
614
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
2.6k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
261

ချင်းပြည်နယ်သို့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာလိမ့်မည်ဟု ကြိုတင်မျှော်လင့်ထားသော ချင်းတော်လှန်ရေး အင်အားစုများက တက်လာသော စစ်တပ်၏စစ်ကြောင်းကို ကြားဖြတ် ခြုံခိုတိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ရခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ထံမှသိရသည်။

ချင်းပြည်နယ်က ချင်းတော်လှန်ရေး အင်အားစုများကဲ့သို့ပင် ကယားပြည်နယ်အခြေစိုက် အာဏာသိမ်းမှု ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုများသည်လည်း ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်က ပြည်နယ်ထဲ စတင်ဝင်ရောက်လာသည့် စစ်ကောင်စီ၏ ရှေ့ပြေးစစ်ကြောင်းအချို့ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုစစ်ကြောင်းကို ဖယ်ခုံမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားနေသည့် ကယားပြည်နယ်အခြေစိုက် ကရင်နီတော်လှန်ရေးတပ်များက ကြားဖြတ် တိုက်ခဲ့သော်လည်း အဆိုပါစစ်ကြောင်းသည် စက်တင်ဘာလ ၂၉ ရက်တွင် လွိုင်ကော်မြို့နယ်၊ ကုန်းသာရွာ အနီးသို့ ဆက်ဝင်လာနိုင်ပြီး ယင်းနောက်တွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်တွင် ၂ ဖက်အကြီးအကျယ် တိုက်ခိုက်ခြင်းများ မရှိသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

တနည်းအားဖြင့် စစ်ကောင်စီသည် ကယားပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများကို နှိမ်နင်းနိုင်ခြင်းမရှိသေးသည့် အခြေအနေတွင် စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်အနောက်ဘက်ဒေသ ၊ ချင်းပြည်နယ် အဝင် မကွေးတိုင်းထဲမှ ယောနယ်နှင့် ချင်းတောင်တန်းရှိ တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရန် စစ်မျက်နှာအသစ်ဖွင့်လာခြင်းဖြစ်သည်။

စစ်မျက်နှာအသစ်ဖွင့်လာခြင်းနှင့် အတူ မေးခွန်းထုတ်စရာရှိလာသည်က အာဏာသိမ်းစစ်ကောင်စီသည် ခုခံတော်လှန်ရေး အင်အားစုများကို နိုင်အောင်တိုက်နိုင်မည်လောဆိုသည်ပင်။

ထိုသို့ စစ်မျက်နှာအသစ်ဖွင့်လာခြင်းနှင့် အတူ မေးခွန်းထုတ်စရာရှိလာသည်က အာဏာသိမ်းစစ်ကောင်စီသည် ခုခံတော်လှန်ရေး အင်အားစုများကို နိုင်အောင်တိုက်နိုင်မည်လောဆိုသည့် အချက်နှင့် ထိုသို့တိုက်နိုင်မည့် စစ်စွမ်းရည် ရှိမရှိဆိုသည့် အချက်ပင်ဖြစ်သည်။

မြန်မာစစ်တပ်၏ အင်အား

မြန်မာစစ်တပ်သည် မြန်မာနိုင်ငံတွင် တတိယစစ်အာဏာသိမ်းမှုဖြစ်ခဲ့သည့် ၁၉၈၈ ခုနှစ်ကာလဝန်းကျင်က ကြည်း၊ ရေ၊ လေ စစ်သား စုစုပေါင်း အင်အား ၁၉၅၀၀၀ ခန့်သာ ရှိခဲ့သော်လည်း ယခုအခါ ယင်းအင်အား၏ ၂ ဆကျော်တိုးလာနေပြီဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသူများက ဆိုသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် စစ်တပ်သည် ၎င်း၏ အင်အားကို ပိုမိုခိုင်မာရန် တည်ဆောက်ခဲ့ပြီး စစ်အင်အားကို တိုးချဲ့ခဲ့သည်။

ကမ္ဘာ့နိုင်ငံများ၏ စစ်အင်အားကို နှစ်စဉ်လေ့လာဆန်းစစ်နေသည့် Global Firepower (GFP) အဖွဲ့၏ ၂၀၂၁ ခုနှစ် စစ်တမ်းတွင် မြန်မာစစ်တပ်၏ ကမ္ဘာ့အဆင့် စစ်အင်အားသည် အဆင့် ၃၈ တွင်ရှိနေကြောင်းသိရသည်။

လန်ဒန်အခြေစိုက် သေနင်္ဂဗျူဟာလေ့လာရေး နိုင်ငံတကာ အင်စတီကျုနှင့် အခြားနိုင်ငံတကာ သုတေသနလုပ်ငန်းများ၏ အဆိုအရ မြန်မာစစ်တပ်၏ ကြည်းတပ်တွင် အင်အား ၅၀၇၀၀၀၊ လေတပ်တွင် ၂၃၀၀၀ နှင့် ရေတပ်တွင် ၁၉၀၀၀ ရှိသောကြောင့် စုစုပေါင်းအင်အား ၅၄၉၀၀၀ ရှိကြောင်း သိရသည်။

လေ့လာသူအချို့ကမူ အဆိုပါကိန်းဂဏန်းများသည် သုတေသနအဖွဲ့များက မြန်မာစစ်တပ်ကို အထင်ကြီးပြီး အင်အားကို အလွန်အကျွံတွက်ထားခြင်း ဖြစ်နိုင်ကြောင်းဆိုသည်။

အာဏာသိမ်း စစ်တပ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်သို့ ဝင်လာစဉ်/ဧရာဝတီ

သို့သော်လည်း မြန်မာစစ်တပ်သည် လက်နက်စနစ်များတွင် ခေတ်မီတိုက်လေယာဉ်များ နှင့် တာဝေးအပစ်အမြောက်များ ပိုသုံးလာနိုင်ပြီး သံချပ်ကာတင့်ကားများလည်း ရာနှင့်ချီပိုင်ဆိုင်ထားနိုင်ပြီဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ ထို့အပြင် တပ်သားအများစုကိုင်သည့် MA Series ရိုင်ဖယ်များ နှင့် ယင်းအတွက် ခဲယမ်းများကဲ့သို့ အပေါ့စားလက်နက်ငယ်အပါအဝင် ခဲယမ်းမီးကျောက်များကို ကိုယ်တိုင်ထုတ်လာနိုင်ပြီဖြစ်သည်။

လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်လာသည့် တပ်မတော် ဗိုလ်ကြီးတဦးဖြစ်သူ ကပ္ပတိန် ဇီးရိုးကမူ လက်ရှိ မြန်မာစစ်တပ်တွင် ခေတ်မီလက်နက်များ ပိုမိုပိုင်ဆိုင်ထားသည် မှန်သော်လည်း စစ်အင်အား ၅ သိန်းဆိုသည့် ပမာဏသည် အပြည့်အဝမှန်ကန်မှုမရှိဟု ဆိုသည်။

လစဉ် တပ်က ထွက်ပြေးသူ နှင့် တိုက်ပွဲတွင်း သေဆုံးသူ စသည့် ပြုန်းတီးအင်အားကို တပ်ရင်းတပ်ဖွဲ့များအလိုက် စနစ်တကျ ထုတ်နုတ်ထားခြင်း မရှိသဖြင့် စစ်သည် ၅ သိန်းဆိုသည့် ပမဏမှာ မှန်ကန်မှုမရှိ

မြန်မာစစ်တပ်တွင် လစဉ် တပ်က ထွက်ပြေးသူ နှင့် တိုက်ပွဲတွင်း သေဆုံးသူ စသည့် ပြုန်းတီးအင်အားများရှိနေပြီး အဆိုပါ ပြုန်းတီးအင်အားကို တပ်ရင်းတပ်ဖွဲ့များအလိုက် စနစ်တကျ ထုတ်နုတ်ထားခြင်းမရှိသဖြင့် စစ်သည် ၅ သိန်းဆိုသည့် ပမဏမှာ မှန်ကန်မှုမရှိဟု ဆိုရခြင်းဖြစ်ကြောင်း ၎င်းက ဧရာဝတီသို့ပြောသည်။

“အဲဒီပြုန်းတီးသွားတာတွေကို သူတို့က တိတိကျကျ လစဉ်ပြန်ထုတ်နှုတ်ထားတာမရှိဘူး။ ကျနော်တို့ လက်ရှိခန့်မှန်းတာတော့ ၄ သိန်းပတ်ဝန်းကျင်လောက်တော့ ရှိမယ်” ဟု ကပ္ပတိန် ဇီးရိုးက မှတ်ချက်ပေးသည်။

ထို့အပြင် စစ်သည်အင်အား ၄ သိန်းဆိုသည်မှာလည်း တပ်မတော်ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး စက်ရုံနှင့် ရုံးပိုင်းဆိုင်ရာများတွင် လုပ်ကိုင်နေသော ဝန်ထမ်းစစ်သည်များ၏ အင်အားကိုပါ ထည့်သွင်းတွက်ချက်ထား ခြင်းဖြစ်ပြီး တကယ်စစ်မြေပြင်တွင် တိုက်ခိုက်မည့် တိုက်ခိုက်ရေးတပ် အင်အားမှာ ၁ သိန်းဝန်းကျင်သာ ရှိနိုင်ကြောင်း ၎င်းက ခန်းမှန်းသည်။

“အကြီးပိုင်း စစ်ဗိုလ်ချုပ်တွေကလည်း ဝင်တိုက်မှာမဟုတ်ဘူး။ ဒါကြောင့် လက်ရှိမှာ တကယ်တိုက်နိုင်တဲ့ အင်အားက ၁ သိန်းလောက်ပဲရှိတယ်လို့ မှန်းတယ်။ ဒီတသိန်းမှာမှ ကိုယ်တိုင်စိတ်ပါလက်ပါနဲ့ ဝင်တိုက်မယ့် အင်အားက သောင်းဂဏန်းပဲရှိလိမ့်မယ်။ အလွန်ဆုံး ၆ သောင်း၊ ၇ သောင်းလောက်ပဲရှိမယ်ထင်တယ်” ဟု ကပ္ပတိန်ဇီးရိုးက မှတ်ချက်ပေးသည်။

စိတ်ဓာတ်ကျလာသည့် စစ်တပ်

စစ်အင်အား ကိန်းဂဏာန်းများ ဖောင်းပွနေသည့် နည်းတူ အခြားတဖက်တွင်လည်း မြန်မာစစ်တပ်သည် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ရေးရာနှင့် တိုက်ခိုက်ရေးစွမ်းရည် ဆိုးဆိုးဝါးဝါးကျ ဆင်းလာနေကြောင်း စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် တိုင်းရင်းသားတပ်မှူးအချို့နှင့် လေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီ၏ ကရင်ပြည်နယ်အခြေစိုက် တပ်စခန်းများကို တိုက်ခိုက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) မှ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒိုကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခင်ကလောက် စိတ်ဓာတ်ပြင်းထန်ခြင်း မရှိသလို စစ်တိုက်ရန် စိတ်ဝင်စားမှု နည်းပါးလာသည်ကို တွေ့ရကြောင်း ၎င်းတို့ ဖမ်းမိသည့် သုံ့ပန်းများ၏ ပြောကြားချက်များအား ကိုးကား၍ သုံးသပ်သည်။

၁၉၈၈ ခုနှစ်ဝန်းကျင်ကာလက ကရင်ပြည်နယ်ကို ထိုးစစ်ဆင်သည့် မြန်မာစစ်သားများသည် ၎င်းတို့ကိုယ်ကို တိုင်းပြည်ကာကွယ်သူများ အဖြစ် အထက်ခေါင်းဆောင်များ၏ ဝါဒရိုက်သွင်းမှုအတိုင်း ရှုမြင်ကြပြီး တိုက်ပွဲများတွင်လည်း အသေခံကာ ပြင်းပြင်းထန်ထန် တိုက်တတ်ကြောင်း ၎င်းက ပြောသည်။

ယခုအခါ စစ်ကောင်စီတပ်သားများသည် တိုက်ပွဲအတွင်း ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းမရှိဘဲ အလွယ်တကူ အရှုံးပေး အညံ့ခံသည်များ ရှိလာနေသည်။

သို့သော်လည်း ယခုအခါ ကရင်ပြည်နယ်တွင် တပ်မဟာ (၅) ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သားများသည် တိုက်ပွဲအတွင်း ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းမရှိဘဲ အလွယ်တကူ အရှုံးပေး အညံ့ခံသည်များ ရှိလာနေကြောင်း ဗိုလ်မှူးစောကလယ်ဒိုက ဆိုသည်။

ကရင်ပြည်နယ် မဲသဝေါကားလမ်းဘေးက စစ်သား

“သူတို့စခန်းမှာ ရေးထားတဲ့ ဆောင်ပုဒ်က လူမသေ စခန်းမကျစေရဆိုတဲ့ ဆောင်ပုဒ်ကို ရေးထားတယ်။ ဒါပေမယ့် တဖက်ကနေ သွားပြီးတိုက်ခိုက်ရင် တချို့စခန်းတွေက အဲဒီဆောင်ပုဒ်တွေကို မလိုက်နာကြတော့ဘူး။ သူတို့က စခန်းဆုတ်ခွာတယ်။ မဟုတ်ရင်လည်း အညံ့ခံပြီး လက်နက်ချတာတွေဖြစ်လာတာပေါ့။ နောက်ပြီးတော့ ဆုတ်ခွာတာပဲ ဖြစ်ဖြစ် ၊လက်နက်ချတာပဲ ဖြစ်ဖြစ် သူတို့အထက်က တာဝန်ရှိတဲ့ ခေါင်းဆောင်တွေဆီပြန်ဖို့ သူတို့မစဉ်းစားတော့ဘူး။ သူတို့ရဲ့ လုံခြုံရာတနေရာရာမှာ ခိုလှုံချင်ကြတဲ့ စိတ်တွေဖြစ်လာတာများတယ်။ အဲဒါကြောင့် သူတို့ရဲ့ စိတ်ဓာတ်ရေးရာပိုင်းက အရင်တန်းကလို မဟုတ်တော့ဘူးလို့ သုံးသပ်မိတာပေါ့” ဟု၎င်းက ဆိုသည်။

ယခင်က မြန်မာစစ်တပ်သည် ၎င်းတို့ ရှင်းလင်းချင်သည့် တောင်ကုန်းစသည့် နေရာများကို လူအင်အား အားကိုးကာ ချီတက်တိုက်ခိုက်ကြသော်လည်း ယခုအခါ ထိုကဲ့သို့မဟုတ်ဘဲ လက်နက်ကြီးများ အရင် စုပြုံပစ်ခတ်ပြီးမှသာ လူက နောက်ကလိုက်လာတတ်ကြောင်း ဗိုလ်မှူးစောကလယ်ဒိုက ပြောသည်။

မြန်မာစစ်တပ်တွင် ယခင်ကာလမှ ယခုတိုင်သည်အထိ မပြောင်းလဲသည်က ဒေသခံလူထုကို ဖမ်းဆီးပြီး အနိုင်အထက် ပြုကျင့်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမည်မဖော်လိုသည့် မြန်မာနိုင်ငံအခြေစိုက် စစ်ရေး လေ့လာသူတဦးကလည်း လက်ရှိမြန်မာစစ်တပ်သည် တိုက်ရည်ခိုက်ရည် ကျနေပြီး တပ်အင်အား မလုံလောက်သည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။

လက်ရှိ စစ်တပ်မှာ အားနည်းချက် ၂ ချက်ရှိတယ်။ ပထမတချက်က လက်နက်ကြီး ပစ်ကူနဲ့ လေကြောင်းပစ်ကူမပါရင် မတိုက်ရဲဘူး။ ဒါက သူတို့ စစ်ဗိုလ်တွေကိုယ်တိုင် သိတဲ့ အချက်၊ ဒုတိယတချက်က တပ်မလောက်တဲ့ ပြဿနာ

“လက်ရှိ စစ်တပ်မှာ အားနည်းချက် ၂ ချက်ရှိတယ်။ ပထမတချက်က လက်နက်ကြီး ပစ်ကူနဲ့ လေကြောင်းပစ်ကူမပါရင် မတိုက်ရဲဘူးဖြစ်နေတာ။ ဒါက သူတို့ စစ်ဗိုလ်တွေကိုယ်တိုင် သိတဲ့ အချက်၊ ဒုတိယတချက်က တပ်မလောက်တဲ့ ပြဿနာဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

မြန်မာစစ်တပ်သည် ပြည်နယ်အလိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ရင်ဆိုင်ထားရသောကြောင့် တပ်များကို ထုတ်နှုတ်ပြီး အာဏာသိမ်းမှုဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများကို နှိမ်နင်းရန် ဆောင်ရွက်နိုင်သည့် အခြေအနေမရှိကြောင်း ၎င်းက ဆိုသည်။

ပိုဆိုးသည်က ရန်ကုန် ၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့ မြို့ကြီးများတွင်ပါ မြို့ပြပြောက်ကြားများက စစ်ကောင်စီတပ်များကို အခွင့်အရေးရသည်နှင့် ချောင်းမြောင်းတိုက်ခိုက်နေသည်ဖြစ်ရာ ယင်းမြို့ကြီးများတွင် တပ်စွဲထားသော စစ်အင်အားများကိုပါ ထုတ်ယူမလှုပ်ရှားနိုင်ကြောင်း စစ်ရေးလေ့လာသူတဦးက ဆိုသည်။

“တပ်အင်အား မလောက်တဲ့ ပြဿနာဖြစ်နေတာ။ အဲဒါကို သေချာစီမံပြီးတော့ မလုပ်နိုင်ရင် ရုတ်တရက်ပေါ်လာတဲ့ တိုက်ပွဲတွေမှာ တပ်ကူမပေးနိုင်ဘူး။ ဥပမာ – မိုးဗြဲစခန်းအတိုက်ခံရတယ်။ မိုးဗြဲဆိုတာက ဖယ်ခုံမှာ စကခ (စစ်ဆင်ရေးကွပ်ကဲမှု) ဌာနချုပ်ရှိတယ်။ လွိုင်ကော်မှာ ဒကစ (ဒေသကွပ်ကဲမှု) ဌာနချုပ်ရှိတယ်။ ကြားထဲမှာ ရှိနေတာ။ ကားနဲ့သွားရင် နာရီဝက်တောင်မဝေးဘူး။ စစ်ကူကို တနေကုန်မပို့နိုင်ဘူး။ ပြန်ချုပ်လိုက်ရင် တပ်က တိုက်ရည် ခိုက်ရည်ကျတယ်။ တပ်မလောက်ဘူးဖြစ်နေတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

ကရင်ပြည်နယ်ရှိ စစ်တပ်စခန်းတခုကို ကေအန်ယူ စစ်သားများက သိမ်းယူအပြီး

တပ်သားသစ် စုဆောင်းရေး ပြဿနာ

စစ်တပ်အတွက် တပ်အင်အားထုတ်သုံးရန် မရှိသည့် အခြေအနေတွင် တပ်သားသစ်ရနိုင်မည့် အခွင့်အလမ်းကလည်း မရှိသလောက်ပင် နည်းပါးလာနေကြောင်း လေ့လာသူများက ဆိုသည်။

CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် တပ်မတော် ဗိုလ်ကြီးတဦးဖြစ်သူ ကပ္ပတိန် ဇီးရိုးကလည်း စစ်ကောင်စီ၏ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုအပေါ်ဖိနှိပ်မှုများကြောင့် စစ်တပ်ထဲဝင်လိုသူနည်းပါးလာနေကြောင်း ပြောသည်။

“ဒီနောက်ပိုင်း တပ်သားသစ်တွေ ဝင်တာကမရှိတော့ဘူး။ ဝင်လည်း မဝင်ကြတော့ဘူး။ ဒါကြောင့် တပ်အင်အားဟာ အနှုတ်ပဲ ပြနေတယ်။ တိုးလာဖို့မရှိဘူး” ဟု ၎င်းက ဆိုသည်။

တက်မည့်သူနည်းပါးနေသဖြင့် စစ်တက္ကသိုလ်တက်ရောက်ခွင့်အတွက် ဝင်ခွင့်လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက်ကို အကြိမ်ကြိမ် သက်တမ်းထပ်တိုးကာ လက်ခံခဲ့ရသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၏ စစ်ရာထူးခန့်ချုပ်ရုံးက စစ်တက္ကသိုလ်တက် မည့်သူနည်းပါးနေသဖြင့် စစ်တက္ကသိုလ်တက်ရောက်ခွင့်အတွက် ဝင်ခွင့်လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက်ကို အကြိမ်ကြိမ် သက်တမ်းထပ်တိုးကာ လက်ခံခဲ့ရကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှသိရသည်။

စစ်ရေးလေ့လာသူ တဦးကလည်း မြန်မာစစ်တပ်တွင် တပ်သား ရေသောက်မြစ်ရှားပါးသည့် ပြဿနာသည် ယခုမှကြုံနေရခြင်းမဟုတ်ဘဲ ယခင်ကတည်းက ကြုံနေရခြင်းဖြစ်ကြောင်း ပြောသည်။

၁၉၉၇ ခုနှစ် နောက်ပိုင်း န.အ.ဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) စစ်အစိုးရက မြန်မာပြည်တွင် ဈေးကွက်စီးပွားရေးစနစ် စတင်ရန် နိုင်ငံအားဖွင့်လိုက်ချိန်တွင် အဆိုပါပြဿနာ စတင်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေး စနစ်သို့ အသွင်ပြောင်းလိုက်သည့် အခါတွင် နိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းနှင့်အတူ အလုပ်အကိုင်များပေါများလာပြီး ပြင်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်မှု ပိုများလာကြောင်း ၎င်းက ဆိုသည်။

“မဆလခေတ်က စစ်သားများတယ်ဆိုတာက နိုင်ငံက တံခါးပိတ်ထားတယ်။ တောက အလုပ်မရှိလို့ တပ်ထဲဝင်ရင် တပ်ထဲက လူက Facilities အပြည့်ရတယ်။ ယူနီဖောင်းတို့ဘာတို့ အပြည့်အစုံနဲ့ စစ်တပ်ရိက္ခာ ၊ နို့ ဆီဗူး။ အသား ရိက္ခာပြည့်ပြည့်စုံစုံရတယ်။ လိုင်းခန်းကောင်းကောင်းရတယ်။ စစ်ဆေးရုံတွေဘာတွေလည်း ပြည့်ပြည့်စုံစုံရှိတယ်။ ဒီနေ့ကျတော့ အဲဒီ Facilities တွေကလည်း ကျသွားတယ်။ ပြည်တွင်းရော ပြည်ပမှာပါ အလုပ်အကိုင်တွေက များသွားတာ။ အဲဒါကြောင့် စစ်သားရေသောက်မြစ်က ကျလာတာ။ နိုင်ငံရေးအရ မကျေနပ်ချက်ပေါ်လာတဲ့ အခါမှာ ပိုဆိုးတာပေါ့။ ဗိုလ်သင်တန်းတောင်မှ တက်မယ့်သူမရှိဘူး” ဟု စစ်ရေးလေ့လာသူ တဦးက ဆိုသည်။

စစ်ဗိုလ်နှင့် စစ်သားကြား ကွာဟချက်က ပိုကြီးမားလာနေပြီ

ဆက်လက်၍ ၎င်းက ယနေ့ကာလ၌ မြန်မာစစ်တပ်စွမ်းရည်ကျရခြင်းတွင် တိုက်ရည်ခိုက်ရည်ကောင်းသည့် နာမည်ကျော် တိုက်ခိုက်ရေး တပ်မှူးများ နည်းပါးလာခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြောသည်။

“အရင်ခေတ်တုန်းက ဗိုလ်ချုပ်ထွန်းရီဆိုတာ တပ်ထဲမှာ နပိုလီယံလို့ ခေါ်တာပဲ။ တကယ်တိုက်ကြတယ်။ NLD ဦးတင်ဦးတို့ဘာတို့လည်းပါတယ်။ စစ်မြေပြင်မှာ စစ်သားတွေနဲ့ အတူနေ အတူတိုက်တယ်ပေါ့။ အခုကျတော့ တပ်ထဲမှာလည်း ဗိုလ်နဲ့ တပ်သားကြားမှာ ကွာခြားမှုကြီးသွားတာလည်း ပါတယ်။ နောက်ပိုင်းဝင်လာတဲ့ ဗိုလ်တွေကလည်း ဘယ်နားဝင်ငွေကောင်းပြီး ဂွင်ဖန်ရကောင်းမလဲဘဲ စဉ်းစားနေကြတာ” ဟု စစ်ရေးလေ့လာသူ တဦးက မှတ်ချက်ပေးသည်။

ခုခံရေးအင်အားစုတွေကို နိုင်အောင်တိုက်နိုင်မလား

စစ်တပ်ကို ဆန့်ကျင်တိုက်နေသည့် တိုင်းရင်သားတပ်မှူးအချို့နှင့် CDM စစ်ဗိုလ်များအပါအဝင် လေ့လာသုံးသပ်သူ အချို့၏ အဆိုအရ မြန်မာစစ်တပ်၏ စိတ်ဓာတ်ရေးရာနှင့် တိုက်ခိုက်ရေးစွမ်းရည်မှာ ကျဆင်းလာနေပြီဟု ယူဆဖွယ်ရာဖြစ်နေသည်။

ယင်းသို့ဆိုလျှင် စွမ်းရည်ကျနေပြီး လူထုမထောက်ခံသော်လည်း လက်နက်ကောင်းများ ကိုင်ထားသည့် စစ်တပ်က အာဏာသိမ်းမှုဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုများအား အနိုင်တိုက်နိုင်ပါမည်လောဆိုသည့် အချက်မှာ ဆန်းစစ်စရာ ဖြစ်လာသည်။

စစ်ရေးလေ့လာသုံးသပ်သူများကမူ ခုခံတော်လှန်ရေး အင်အားစုများကို စစ်ကောင်စီတပ်များက အနိုင်တိုက်နိုင်လိမ့်မည်ဟု မထင်ကြောင်း ပြောဆိုသည်။

မြန်မာ့အရေးကို နှစ်ပေါင်း ၄၀ ကျော် လေ့လာရေးသားလာသည့် ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ်လစ်တနာက “တပ်မတော်ဟာ တိုင်းပြည်ရဲ့ လူကြိုက်အနည်းဆုံးအဖွဲ့အစည်းဖြစ်လာနေပြီး လူငယ်တွေဟာ တပ်ထဲဝင်ရမှာကိုလည်း ရှက်ရွံ့နေကြတယ်။ စွမ်းရည်ကျနေပေမယ့် လက်နက်ကောင်းတွေရှိတဲ့ စစ်တပ်က ခုခံတော်လှန်ရေး တပ်ဖွဲ့တွေကို နိုင်အောင် တိုက်နိုင်လိမ့်မယ်လို့ တော့မထင်ဘူး” ဟု ဆိုသည်။

စစ်တပ်သည် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော်လည်း စစ်တပ်အတွက် အောင်ပွဲရရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။

“တနေရာနဲ့ တနေရာထောက်ပံ့ပို့ဆောင်ရေး အကြောင်းအရင်းတွေကြောင့် စစ်ကိုင်းတိုင်းထဲက အင်အားစုတွေဟာ အလွယ်တကူ အတိုက်ခံရနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ ယေဘုယျ သုံးသပ်ရရင်တော့ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဟာ တောင်တန်းတွေ ပေါများပြီး စစ်တပ်အတွက် ထောက်ပံ့ရေးလမ်းကြောင်း ရှည်လျားတဲ့အတွက် ထိုးစစ်ဆင်ဖို့ ပိုခက်ပါတယ်။ တပ်မတော်အတွက် အရင်းအမြစ်တွေက ပြန့်ကြဲလာနေပြီး နည်းပါးလာနေတယ်။ အဲဒါကြောင့် စစ်တပ်အတွက် စစ်ရေးအောင်မြင်မှုဆိုတာက မဖြစ်နိုင်သလောက်ပါပဲ” ဟု ဘာတေးလ်လစ်တနာက မှတ်ချက်ပေးသည်။

You may also like these stories:

၁၉၈၈ ကလို ၂၀၂၁ က စစ်ဗိုလ်ချုပ်များ ကံကောင်းမည် မဟုတ်

ထောင်ချီသော တပ်ကူများကို နိုင်ငံအထက်ပိုင်းသို့ စစ်ကောင်စီပို့နေ

တနေရာတည်းမှာ ဖိတိုက်တာမျိုး မဖြစ်အောင် အားလုံးမှာ တာဝန်ရှိတယ်

နမခ တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့် တပ်ကို စွန့်ခွာရန် ပြင်သဖြင့် ထိန်းသိမ်းခံရဟုဆို

မြန်မာ့တပ်မတော်တွင် စွမ်းရည်သုံးရပ် ကင်းမဲ့သွားပြီ

Your Thoughts …
Tags: စိတ်ဓာတ်ကျတပ်သားသစ် စုဆောင်းရေးတိုက်ခိုက်ရေးစွမ်းရည်မြန်မာစစ်တပ်အာဏာသိမ်းစစ်ကောင်စီ
စောရယ်

စောရယ်

Similar Picks:

မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ်

မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ်

by ဧရာဝတီ
21 September 2024
10.9k

အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် အင်တာဗျူး တတိယပိုင်းဖြစ်ပါတယ်။

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂

by အေးချမ်းဆု
30 May 2024
9.9k

အခြေအနေအား ကုစားနိုင်ရန် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး တပ်သားသစ် စုဆောင်းရေးကို အတင်းအဓမ္မ ပြုလုပ်နေသည်ကို တွေ့ရသည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

by ဧရာဝတီ
24 August 2023
8.3k

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင် လေယာဉ်ဆီ တင်ပို့ရောင်းချသောလုပ်ငန်း လုပ်ကိုင်နေသူများကို အရေးယူပိတ်ဆို့များ တိုးချဲ့ချမှတ်နေပြီး ယခုလုပ်ဆောင်ချက်သည် စစ်ကောင်စီကို ပိုမို ဖိအားပေးရာရောက်မည်ဖြစ်ကာ မြန်မာပြည်သူများကိုလည်း ကူညီရာရောက်ကြောင်း

ကချင်စစ်ပွဲ ပြင်းထန်ပြီး တရုတ်ပြည်ထဲ ဗုံးကျ

ကချင်စစ်ပွဲ ပြင်းထန်ပြီး တရုတ်ပြည်ထဲ ဗုံးကျ

by ဧရာဝတီ
9 March 2024
4.5k

မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျှောက်ရှိ စစ်တပ်စခန်းပေါင်း ၁၀ ခုကျော် ဆုံးရှုံးပြီးနောက် စစ်ကောင်စီတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကြီးကျည်နှင့် ဗုံးဆန်များ တရုတ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း လိုင်ဇာဒေသခံများက ပြောသည်။

ARSA အဖွဲ့ခေါင်းဆောင်အပါ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

ARSA အဖွဲ့ခေါင်းဆောင်အပါ ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

by ဧရာဝတီ
19 March 2025
3k

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်၊ မောင်တောဒေသတွင် လှုပ်ရှားနေသည့် အာရကန်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော်(ARSA) ခေါင်းဆောင် အာတာအူလာ အပါအဝင် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုနှင့်ရာဇဝတ်မှုတိုက် ဖျက်ရေးအဖွဲ့(RAB)က မတ် ၁၇ ရက်၌ ကော့ဘဇားခရိုင်အတွင်း ဖမ်းမိခဲ့ကြောင်း Dhakatribune...

Next Post
ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားခဲ့သည့် တချိန်က ပုဂံ / ဧရာဝတီ

ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်စရန် အခက်ကြုံ

Kempinski ဟိုတယ် နေပြည်တော်  /  Kempinski Website

နေပြည်တော် က Kempinski ဟိုတယ် ပိတ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

21 hours ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate