၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၁ ရက်နေ့တွင် သတင်းထောက် ကိုဇင်လင်းထက်ထံ ရန်ကုန်မြို့ရှိ သတင်းအရင်းအမြစ်တဦးက အလန့်တကြား ဖုန်းခေါ်လာခဲ့သည်။ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်းနှင့် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီနေပြီဟု ပြောဆိုပြီး ဖုန်းချသွားသည်။ “အဲဒါပြီးတော့ ကျနော့်ဖုန်းကို ကြည့်လိုက်တော့ အင်တာနက် မရတော့ဘူး။ ဘာမှပေါ်မလာတော့ဘူး” ဟု ဖုန်းပြောပြီးပြီးချင်း သူချက်ချင်း ကောက်လုပ်ခဲ့သည့်အရာကို သတိတရ ပြောသည်။
မော်တော်ဆိုင်ကယ်ကို စက်နှိုးပြီး လွှတ်တော်ဘက်သို့ သူမောင်းထွက်လာခဲ့သည်။ လွှတ်တော်အဆောက်အဦးကို စောင့်ကြပ်သူများသည် ရဲများ မဟုတ်တော့။ စစ်သားများ ဖြစ်နေသည်ကို သူတွေ့ခဲ့သည်။ စစ်တပ်က အာဏာသိမ်းလိုက်ပြီဟု ကိုဇင်လင်းထက် ချက်ချင်း သဘောပေါက်သွားသည်။ အင်တာနက်များ ဖြတ်တောက်လိုက်ခြင်းဖြင့် စစ်အစိုးအရသစ်သည် တိုင်းပြည်ကို အင်တာနက်မပေါ်ခင် ခေတ်ဆီသို့ ပြန်လည် ဆွဲခေါ်သွားတော့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရခဲ့သော ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်အပေါ် စစ်တပ်က မေးခွန်းမျိုးစုံထုတ်ပြီး လွှတ်တော်သက်တမ်းအသစ် ကျမ်းသစ္စာကျိန်ဆိုရမည့်နေ့တွင် အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။
အာဏာသိမ်းသည့် နံနက်ခင်းတွင် စစ်တပ်သည် အင်တာနက် ဝန်ဆောင်မှုပေးသူများထံ စစ်သားများစေလွှတ်၍ အင်ဂျင်နီယာများကို ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ရန် အင်တာနက်ချိတ်ဆက်မှုကို အတင်းအကြပ် ပိတ်ခိုင်းခဲ့သည်။ အင်တာနက်မြန်နှုန်းကို လျှော့ချလိုက်ခြင်း၊ မဟာဗျူဟာကျကျ အကွက်ချ ပိတ်ခြင်းစသည်ဖြင့် ဆောင်ရွက်ခြင်းအားဖြင့် ဆက်သွယ်မှုများကို ပိုမိုထိန်းချုပ်လိုသည့် ဒစ်ဂျစ်တယ်အာဏာသိမ်းမှု၏ ပထမအဆင့်ဖြစ်သည်။
အာဏာသိမ်းသည့် နံနက်ခင်းတွင် စစ်တပ်သည် အင်တာနက် ဝန်ဆောင်မှုပေးသူများထံ စစ်သားများစေလွှတ်၍ အင်ဂျင်နီယာများကို ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ရန် အင်တာနက်ချိတ်ဆက်မှုကို အတင်းအကြပ် ပိတ်ခိုင်းခဲ့သည်။ အင်တာနက်မြန်နှုန်းကို လျှော့ချလိုက်ခြင်း၊ မဟာဗျူဟာကျကျ အကွက်ချ ပိတ်ခြင်းစသည်ဖြင့် ဆောင်ရွက်ခြင်းအားဖြင့် ဆက်သွယ်မှုများကို ပိုမိုထိန်းချုပ်လိုသည့် ဒစ်ဂျစ်တယ်အာဏာသိမ်းမှု၏ ပထမအဆင့်ဖြစ်သည်။

နောက်ထပ် ဂျာနယ်လစ်တဦးဖြစ်သူ ကိုနေသန်မောင်ကလည်း စစ်တပ်အာဏာသိမ်းသည့်နေ့က သူကိုယ်တိုင် ဇဝေဇဝါ၊ မယုံတဝက်ဖြစ်ခဲ့သည့် အဖြစ်ကို ပြန်ပြောင်းပြောပြသည်။ “အင်တာနက်က မရတော့ဘူး။” နောက်ဆုံးပို့ထားတဲ့ မက်ဆေ့ချ်ကို သူရှာဖတ်ကြည့်သည့်အခါ သူ့မိတ်ဆွေထံက နောက်ဆုံးပို့ထားသည့် မက်ဆေ့ချ်ကို တွေ့သည်။ “သောက်တလွဲတွေ ဖြစ်ကုန်ပြီ” ဟု မက်ဆေ့ချ် ပို့ထားသည်ကို သူဖတ်လိုက်ရသည်။ “ဒါပေမယ့် အဲဒီသောက်တလွဲဆိုတာ ဘာမှန်း ကျနော်မသိဘူး။”
တနိုင်ငံလုံး သတင်းအမှောင်တွင်းထဲသို့ လဲပြိုကြသွားတော့သည်။
အမှောင်လွှမ်းသောကမ္ဘာ
ယူကရိန်းမှသည် မြန်မာနိုင်ငံအထိ အစိုးရပိုင် အင်တာနက်ပြတ်တောက်မှုက ကမ္ဘာတဝှမ်း အရှိန်အဟုန်နှင့် မြင့်တက်လာနေသည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံပေါင်း ၃၄ နိုင်ငံအတွင်း အင်တာနက် ပိတ်သိမ်းမှု ၁၈၂ ခုရှိခဲ့သည်ဟု ကမ္ဘာတဝှမ်းရှိ ဆက်သွယ်မှုများကို ခြေရာခံသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း Access Now ၏ အဆိုအရ သိရသည်။ အာဖရိကတိုက်နှင့် အာရှတိုက်တဝှမ်းရှိ နိုင်ငံများက အင်တာနက်အသုံးပြုသူများ၏ အမူအကျင့်ကို ထိန်းချုပ်ရန် ကြိုးစားသည့်အနေဖြင့် အင်တာနက်ဆက်သွယ်မှုများ ဖြတ်တောက်ကြသလို အိန္ဒိယနိုင်ငံသည် များသောအားဖြင့် ပဋိပက္ခဖြစ်ပွားရာ ဂျမူးနှင့် ကက်ရှ်မီးယားဒေသကို ယခင်နှစ်များထက် ပို၍ ဒစ်ဂျစ်တယ် အမှောင်ထုထဲသို့ အကြိမ်များစွာ ဆွဲသွင်းခဲ့သည်။
အင်တာနက် ဖြတ်တောက်ခြင်းကြောင့် အရေးပေါ်လုပ်သားများနှင့် ဆေးရုံများ ချိတ်ဆက်မှု ပြတ်တောက်ခြင်း၊ ငွေကြေးစနစ်ကို ချိနဲ့စေခြင်းများ ဖြစ်ပေါ်သည့်တိုင် အစိုးရများက ထင်သလို မကြာခဏ အသုံးပြုကြသည်။ Access Now အဖွဲ့၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် ဖြတ်တောက်မှုများသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာအဝှမ်း ၁၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။
အင်တာနက် ဖြတ်တောက်ပစ်ခြင်းကို ပို၍ အသုံးပြုလာမှုသည် ဒစ်ဂျစ်တယ် အာဏာရှင်စနစ်ဆီသို့ ဦးတည်နေသော ကမ္ဘာလုံးဆိုင်ရာ လားရာတခုအဖြစ် ပိုမြင်တွေ့လာရသည်။ အစိုးရများကလည်း အင်တာနက်အသုံးပြုမှုကို လက်နက်သဖွယ် ၎င်းတို့ ပြည်သူလူထုအပေါ် အသုံးချလာကြသည်။ အင်တာနက် ပိတ်ဆို့မှုများသည် ယနေ့ခောတ်ကာလ ကျဆုံးမှုများ၏ ရှေ့ပြေးနိမိတ်သဖွယ်ဖြစ်လာသည်။
“နိုင်ငံတော်တော်များများမှာ အင်တာနက် ပိတ်သွားပြီဆိုတဲ့သဘောက မကောင်းတာတခုခု ဖြစ်တော့မယ်လို့ ပြတဲ့လက္ခဏာ သို့မဟုတ် အချက်ပြမှုတခု ဖြစ်တယ်” ဟု သြစတြေးလျနိုင်ငံ၊ မိုနက်ရှ်တက္ကသိုလ်မှ ဘောဂဗေဒပညာရှင် ဆိုင်မွန်အန်းဂက်စ်က ပြောသည်။ ဆိုင်မွန်၏ တက္ကသိုလ်မှ မိုးနက်ရှ်အင်တာနက် လေ့လာမှုဌာနသည် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ချိတ်ဆက်မှုကို အချိန်နှင့်တပြေးညီ ခြေရာခံလေ့လာသည့် ဌာနဖြစ်သည်။ “ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အလွန်နီးစပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ့်ကို အမှောင်လွှမ်းသွားတဲ့ အရာတခုပါ”။
အင်တာနက် ဖြတ်တောက်ခြင်းကြောင့် အရေးပေါ်လုပ်သားများနှင့် ဆေးရုံများ ချိတ်ဆက်မှု ပြတ်တောက်ခြင်း၊ ငွေကြေးစနစ်ကို ချိနဲ့စေခြင်းများ ဖြစ်ပေါ်သည့်တိုင် အစိုးရများက ထင်သလို မကြာခဏ အသုံးပြုကြသည်။ Access Now အဖွဲ့၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် ဖြတ်တောက်မှုများသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာအဝှမ်း ၁၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။
ထိုသို့ ဖြတ်တောက်မှုများကြောင့် စီးပွားရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေသည်။ ယမန်နှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ ဆုံးရှုံးခဲ့သည်။ သို့သော် ပြင်ပကမ္ဘာက တော်တော်များများ သိရှိခဲ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဆုံးရှုံးခဲ့သည့် တိုင်းပြည်များ၏ သတင်းအချက်အလက် အဝင်အထွက်သည် အလွန်ဆိုးဝါးသောကြောင့် ဖြစ်သည်။
ဇွန်လတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးမင်းကြီး မစ်ရှယ် ဘက်ချလက်က အင်တာနက်ဖြတ်တောက်မှုနှင့် ပတ်သက်၍ ရှုတ်ချခဲ့သည်။ “အင်တာနက်များ ပိတ်ဆို့မှုကြောင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ လူ့အခွင့်အရေး အရသော်လည်းကောင်း နှစ်မျိုးစလုံးအတွက် မရေတွက်နိုင်လောက်သည့် ထိခိုက်မှုများ ဖြစ်စေသည်” ဟု သူမက ဆိုသည်။
လွတ်လပ်ခွင့်ဆိုသည်မှာ နိထ္ထိ
ဖေဖော်ဝါရီတွင် ရုရှားတို့ ယူကရိန်းကို မကျူးကျော်မီ တနာရီအလိုတွင် အဓိက ဂြိုလ်တုအင်တာနက် ကွန်ရက်များကို အစိုးရကျောထောက်နောက်ခံ ဆိုက်ဘာတိုက်ခိုက်မှုကြီးကြောင့် ယူကရိန်း မိုဒမ်ထောင်ပေါင်းများစွာ လိုင်းပြတ်သွားခဲ့သည်။ ဆူဒန်နိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အင်တာနက်ကို ဖြတ်တောက်ခဲ့သည်။ အီသီယိုးပီးယားနှင့် ကာဇက်စတန်နိုင်ငံများတွင်လည်း နိုင်ငံရေးလှုပ်ရှားမှုများကို ဟန့်တားရန်နှင့် စစ်တပ်ဖိနှိပ်မှုသတင်းများ ထွက်ပေါ်လာခြင်းမှ တားမြစ်ရန်အတွက် အင်တာနက်ကို ပိတ်ပစ်ခဲ့သည်။
သို့သော် မြန်မာနိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့်အပေါ် ကန့်သတ်ပိတ်ပင်မှုသည် မှတ်တမ်းတင်လောက်သည့် အပြင်းထန်ဆုံး ကန့်သတ်မှု ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောဆိုသည်။

“ဖြတ်တောက်မှု ပုံစံအစုံကို (အာဏာသိမ်းမှု၏) အစောဆုံး ရက်သတ္တပတ်များမှာပင် မြင်တွေ့နိုင်ပါတယ်” ဟု ကန်တစ် အင်တာနက်စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဒေါ့ဂျ် မာဒိုရီက ပြောသည်။
ဖေဖော်ဝါရီလလယ်တွင် နေ့စဉ် ကြိုကြားကြိုကြား ပိတ်ထားပြီးနောက် စစ်အစိုးရသည် ညစဉ် အင်တာနက်ပိတ်ခြင်းကို စခဲ့သည်။ ၃ လ ကြာသည်အထိ ပုံမှန်ပိတ်သွားခဲ့သည်။ ဒစ်ဂျစ်တယ် အမှောင်ဖုံးလွှမ်းမှုအောက်တွင် စစ်တပ်သည် ထင်ရှားသော နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ထင်ရှားသော အနုပညာရှင်များကို အိမ်တံခါးဖြိုဖျက်၍ ဆွဲခေါ်သွားကြသည့် ညစဉ်ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းဝင်ရောက်စီးနင်းမှုများကြောင့် အလွန်ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားခဲ့ကြရသည်။
ပြည်တွင်းမငြိမ်မသက်မှုများ ရင်ဆိုင်နေရသည့် အစိုးရများသည်သာ အင်တာနက် ပိတ်သည့် နည်းလမ်းကို အသုံးပြုခြင်း မဟုတ်ပေ။ နှစ်စဉ်နှစ်တိုင်း ဆူဒန်မှ ဆီးရီးယား၊ ဂျော်ဒန်မှ အိန္ဒိယအထိ အင်တာနက်အသုံးပြုသူ သန်းပေါင်းများစွာသည် စာမေးပွဲရာသီတွင် အင်တာနက် အသုံးပြုခွင့် ဆုံးရှုံးကြသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရများက အဆင့်မြင့်နည်းပညာဖြင့် စာခိုးချသည့် အလေ့အထကို ရှောင်ရှားရန် စာမေးပွဲရာသီတွင် အင်တာနက်ကို ပိတ်ထားလေ့ရှိသောကြောင့် ဖြစ်သည်။
“ကျမက ညဘက်ကို သူငယ်ချင်းတွေနဲ့ လိုင်းပေါ်မှာ စကားပြောလေ့ရှိတယ်” ရန်ကုန်သူ အမျိုးသမီးတဦးက ပြောသည်။ “ညတိုင်း မနက် ၁ နာရီလောက်ဆိုတာနဲ့ စိတ်ပျက်မှုတွေက စလာပြီ။ သူတို့တွေက အရာအားလုံးကို ထိန်းချုပ်နေတယ်ဆိုတာ ခံစားရတယ်။ ဘာလွတ်လပ်ခွင့်မှ မရှိပါဘူး။”
ညစဉ် အင်တာနက်ဖြတ်တောက်မှုက “အကြမ်းဖက်မှုပုံစံတခု” ဖြစ်လာသည်ဟု အန်းဂက်စ်က ဆိုသည်။ “ဒါဟာ လူထုက အံကြိတ်ခံရမယ့် စိတ်ပိုင်းဆိုင်ရာ စည်းချက်တခု၊ အချက်ပြတခု ဖြစ်လာတယ်။ ဒါဟာ အချက်ပြလိုက်တာလည်း ဖြစ်တယ်။ သဘောက “ငါတို့ ထိန်းထားနေတုန်း” ဆိုတဲ့ သဘောပါပဲ။”
ညစဉ်ဖြတ်တောက်မှုကနေ ၇၃ ရက်ကြာ နိုင်ငံအဝှမ်း လုံးဝဖြတ်တောက်မှုအထိ ဖြစ်ခဲ့သည်။
ဖြတ်တောက်မှုများ၏ သက်ရောက်မှုများ
ပြည်တွင်းမငြိမ်မသက်မှုများ ရင်ဆိုင်နေရသည့် အစိုးရများသည်သာ အင်တာနက် ပိတ်သည့် နည်းလမ်းကို အသုံးပြုခြင်း မဟုတ်ပေ။ နှစ်စဉ်နှစ်တိုင်း ဆူဒန်မှ ဆီးရီးယား၊ ဂျော်ဒန်မှ အိန္ဒိယအထိ အင်တာနက်အသုံးပြုသူ သန်းပေါင်းများစွာသည် စာမေးပွဲရာသီတွင် အင်တာနက် အသုံးပြုခွင့် ဆုံးရှုံးကြသည်။ အဘယ်ကြောင့်ဆိုသော် အစိုးရများက အဆင့်မြင့်နည်းပညာဖြင့် စာခိုးချသည့် အလေ့အထကို ရှောင်ရှားရန် စာမေးပွဲရာသီတွင် အင်တာနက်ကို ပိတ်ထားလေ့ရှိသောကြောင့် ဖြစ်သည်။
လွန်ခဲ့သည့်ငါးနှစ်အတွင်း အယ်လ်ဂျီးရီးယားနိုင်ငံတွင် အသက် ၂၁ နှစ်အရွယ် အလုပ်သင်ဆရာဝန် အာရာ ဟစ်ချ် သည် အင်တာနက်အသုံးပြုခွင့်မရှိဘဲ ဆေးပညာစာမေးပွဲများကို အတင်းအကျပ် ဖြေဆိုခိုင်းခဲ့သဖြင့် ဖြေဆိုခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အထက်တန်းကျောင်းသားများကို ၎င်းတို့၏ အတန်းတင် စာမေးပွဲများတွင် စာခိုးမချရန် အစိုးရက အင်တာနက်ကို ငါးရက်ကြာ ဖြတ်တောက်ထားသောကြောင့် ဖြစ်သည်။
“တနှစ်ပြီး တနှစ် ပြင်ပကမ္ဘာကြီးနှင့် အဆက်ဖြတ်ခံထားရတော့ အမြဲ စိတ်ပျက်မိတယ်” ဟု ဟစ်ချ်က ပြောသည်။
စီးပွားရေး ကုန်ကျစရိတ်များနှင့် အခြား မထင်ရှားသော သက်ရောက်မှုများသည် စက်မှုလုပ်ငန်းများ အနှံ့အပြားတွင် ပျံ့နှံ့နေသည်။ ၂၀၂၁ ခုနှစ်တွင် စစ်အစိုးရသစ်က အင်တာနက်ကို ပိတ်လိုက်ခြင်းကြောင့် အွန်လိုင်းဘဏ်လုပ်ငန်းမရှိဘဲ တလတာ ရှင်သန်နေရသည့် အခက်အခဲများကို ဆူဒန်နိုင်ငံမှ ဗိသုကာပညာရှင် တက်ဂရီး အာဒင်က ပြန်အမှတ်ရသည်။ “ကျမတို့ ကလေးတွေရဲ့ ပိုက်ဆံအိတ်တွေ အတင်းယူပြီး ရှိသမျှ သိမ်းထားရတယ်” ဟု သူမကဆိုသည်။ သို့သော် အကြီးမားဆုံး ပြဿနာတခုမှာ လျှပ်စစ်ရောင်းချသည့် အက်ပ်များ အလုပ်မလုပ်တော့သောကြောင့် ၄၀ ဒီဂရီ အပူတွင် ကျောကော့အောင် နေခဲ့ရခြင်းဖြစ်သည်။
အိန္ဒိယသည် တကမ္ဘာလုံးတွင် အလုံးစုံပိတ်သည့်နေရာတွင် ဦးဆောင်သည်။ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံသည် အင်တာနက် ၁၀၆ ကြိမ် ပိတ်ခဲ့သဖြင့် ကျန်ကမ္ဘာ့နိုင်ငံ စုစုပေါင်းထက် ပိုမိုများခဲ့သည်။ ခွဲထွက်ရေး အကြမ်းဖက်သမားများ၊ အကြမ်းဖက်မှုများ ထိန်းချုပ်ရန်ဟူသော မျက်နှာဖုံးအောက်တွင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသသည် အခံရဆုံး ဒေသများဖြစ်ခဲ့သည်။ ၈၅ ကြိမ် ဖြတ်တောက်ခံခဲ့ရသည်။
“လျှပ်စစ် ဝယ်လို့ မရတော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်က ကျမတို့ ပထမဆုံး ခံစားလိုက်ရတဲ့ ထိတ်လန့်စရာ အခိုက်အတန့်တခုပဲ” ဟု သူမက ဆိုသည်။ “ကလေးတွေက လေအေးပေးစက်ပေးဖို့ ပြောကြတော့ ကျမတို့ အိမ်ထဲရှိသမျှ အကုန် ပိတ်ထားရတယ်။ အရမ်းပူတယ်”။
အိန္ဒိယသည် တကမ္ဘာလုံးတွင် အလုံးစုံပိတ်သည့်နေရာတွင် ဦးဆောင်သည်။ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံသည် အင်တာနက် ၁၀၆ ကြိမ် ပိတ်ခဲ့သဖြင့် ကျန်ကမ္ဘာ့နိုင်ငံ စုစုပေါင်းထက် ပိုမိုများခဲ့သည်။ ခွဲထွက်ရေး အကြမ်းဖက်သမားများ၊ အကြမ်းဖက်မှုများ ထိန်းချုပ်ရန်ဟူသော မျက်နှာဖုံးအောက်တွင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသသည် အခံရဆုံး ဒေသများဖြစ်ခဲ့သည်။ ၈၅ ကြိမ် ဖြတ်တောက်ခံခဲ့ရသည်။
မီးပျက်မှုများကြောင့် ကျောင်းသားများအတွက် Zoom အတန်းများကို ပိတ်ရခြင်း၊ ဆရာဝန်များသည် အလှမ်းဝေးသော ၎င်းတို့လူနာများနှင့် ဆက်သွယ်ခြင်းမှ ရပ်တန့်ရခြင်းနှင့် ဘဏ်စနစ်အား ချိနဲ့စေခြင်းကြောင့် ချေးငွေဖြင့် အိမ်ယာဝယ်ထားသူများ ငွေသွင်းရန် ပျက်ကွက်ခဲ့သည်။ ပန်းသီးများ မရောင်းရမီ ပုပ်သွားသည်။ စီးပွားရေးလုပ်ငန်းများ သွတ်ချာပါဒ ဖြစ်ကုန်ကြသည်။
“ကျနော်တို့ လုပ်စရာ ဘာမှ မရှိတော့ဘူး။ ရုပ်မြင်သံကြားတောင် ကြည့်လို့မရတော့ဘူး” ဟု ရာဇဝတ်မှုရှေ့နေမှ မီဒီယာလုပ်ငန်းရှင်ဖြစ်လာသူ ဆာဂျစ် ယူဆက် ရှားက ပြောသည်။ “အဲဒီအချိန်တုန်းက ကျနော် စိတ်ဓာတ်အရမ်းကျသွားတယ်။ အကူအညီမဲ့သလို၊ အထီးကျန်သွားတယ်။ ဘာမှမလုပ်နိုင်တော့တဲ့သူလို့ ခံစားခဲ့ရတယ်။”
အိန္ဒိယနိုင်ငံ၏ အဆင့်မြင့် ဖြတ်တောက်မှုများသည့် စိုးရိမ်စရာ အခြေအနေတခုအဖြစ် မီးမောင်းထိုးပြနေသည်ဟု ကာလီဖိုးနီးယားတက္ကသိုလ်မှ ဥပဒေပါမောက္ခနှင့် ကုလသမဂ္ဂ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်အရာရှိဟောင်း ဒေးဗစ် ကေးက ပြောဆိုသည်။
“တရားဥပဒေစိုးမိုးမှု အတော်လေး မကောင်းတဲ့ တာဂျစ်ကစ္စတန် ဒါမှမဟုတ် တိုဂို ဒါမှမဟုတ် ကင်မရွန်းတောင်ပိုင်းလိုမျိုး နေရာတွေကနေ အိန္ဒိယလိုနေရာမျိုးတွေအထိ ဘယ်လောက်အထိ ဆိုးရွားနေသလဲဆိုတာကို တွေးကြည့်ဖို့ နည်းလမ်းတခုပါပဲ။”
“တရားဥပဒေစိုးမိုးမှု တကယ်ရှိတဲ့ အစိုးရတွေတောင် သူတို့ အသုံးပြုမည့် နည်းလမ်းတွေထဲ ဒီနည်းလမ်းကိုပါ ထည့်သွင်းထားကြတယ်” ဟု ၎င်းက ဆိုသည်။
(The Guardian မှ Julia Bergin, Louisa Lim, Nyein Nyein နှင့် Andrew Nachemson တို့၏ Flicking the kill switch: governments embrace internet shutdowns as a form of control ကို ဘာသာပြန် ဖော်ပြသည်။ ဤဆောင်းပါးကို Judith Neilson Institute မှ ငွေကြေးထောက်ပံ့သည်။)
You may also like these stories:
ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ
အူရီဒူးမြန်မာ ပိုင်ရှင်အသစ်၏ နောက်ကွယ်မှ လက်များ
အင်တာနက် ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက တရုတ်ကို အားကိုးနိုင်မလား
စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ IMEI