• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အငြိမ်းစားဗိုလ်ချုပ်များကို စစ်ကောင်စီခေါင်းဆောင် အမှုတွဲ

by ဧရာဝတီ
31 March 2023
in ဆောင်းပါး
A A
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် အငြိမ်းစားစစ်ဗိုလ်ချုပ်များအား ဂါရဝပြုကန်တော့ပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတဟောင်း ဦးသိန်းစိန်ကို အလေးပြု နုတ်ဆက်စဉ်

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် အငြိမ်းစားစစ်ဗိုလ်ချုပ်များအား ဂါရဝပြုကန်တော့ပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတဟောင်း ဦးသိန်းစိန်ကို အလေးပြု နုတ်ဆက်စဉ်

18.1k
VIEWS
Share on FacebookShare on Twitter

မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် လက်အောက်ငယ်သားများက အငြိမ်းစားယူသွားသည့် ၎င်းတို့အထက်အရာရှိများကို ဒုတိယမြောက်နှစ်အဖြစ် ကန်တော့ပွဲ ကျင်းပသည်။ သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ဗိုလ်ချုပ်ဟောင်း ၁၉ ဦး တက်ရောက်ပြီး မင်းအောင်လှိုင်ကို ထောက်ခံကြောင်း၊ သွေးစည်းချစ်ကြည်ကြောင်း ပြသသည်ဟု လေ့လာသူများက ပြောသည်။

သို့သော် ထိုအခမ်းအနားမှ ပျက်ကွက်သူများတွင် နိုင်ငံကို ဆယ်စုနှစ် နှစ်ခုကြာအုပ်ချုပ်ပြီး စစ်တပ်ကရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိက ဗိသုကာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သူ၏ နံပါတ် ၂ ခေါင်းဆောင် အမာခံ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ပါဝင်သည်။ ယခုအခါ အသက် ၈၀ နှောင်းပိုင်း ရောက်နေကြသော်လည်း ၎င်းတို့သည် မင်းအောင်လှိုင်ကို စစ်တပ်အကြီးအကဲခန့်ရန် ရွေးချယ်ခဲ့သူများဖြစ်သည်။ စစ်တပ်၏ကျင့်ထုံးအရ မင်းအောင်လှိုင်သည် သူ၏ကျေးဇူးရှင်များကို နေအိမ်တွင် သွားရောက်ကန်တော့ရမည် ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အရာရှိများက အငြိမ်းစား စစ်အရာရှိများကို ကန်တော့စဉ်

ထိုအခမ်းအနားတွင် ပျက်ကွက်နေသည့် အခြားသူများမှာ အမည်ဆိုးကျော်ကြားသည့် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် အယ်လ်ဇိုင်းမာရောဂါ ခံစားနေသူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၊ ဦးသိန်းစိန်ခေတ်တွင် ဒုသမ္မတ အဖြစ် ခေတ္တတာဝန်ထမ်းဆောင်သူ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးတို့ ဖြစ်သည်။

မင်းအောင်လှိုင်၏ရန်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းလည်း ထိုအခမ်းအနား မတက်ရောက်ပေ။ ယခုအခါ ဖြုတ်ချခံလိုက်ရပြီဖြစ်သော အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တခါက မဟာမိတ်ဖွဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။

အငြိမ်းစား စစ်ဗိုလ်ချုပ်များအား ကန်တော့ပွဲတွင် သမ္မတဟောင်း ဦးသိန်းစိန်က စကားပြောဆိုစဉ်

ထိုအခမ်းအနားတွင် မင်းအောင်လှိုင်နှင့် သူ၏ဗိုလ်ချုပ်များက ထိုင်ကန်တော့ပြီးနောက် ၂၀၁၁-၁၂ က မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဂငယ်ကွေ့ ကွေ့စဉ် မြန်မာဂေါ်ဘာချက်အဖြစ် ဂုဏ်ပြုခံရသူ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားသည်။

အကွဲအပြဲတွင် ထောက်ခံမှုရှာခြင်းဖြစ်နိုင်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဗိုလ်ချုပ်ဟောင်းများ၏ ထောက်ခံမှု ရနေသေးသည်ဆိုသည့် သဘောပြသရန် ထိုအခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။ ထို့ထက် ပိုမိုအရေးကြီးသောအချက်မှာ သူ၏တပ်များသည် စစ်ပမ်းနေပြီး တနိုင်ငံလုံးတွင် ခုခံတော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်ခံနေရချိန်တွင် ထိုဗိုလ်ချုပ်ဟောင်းများထံမှ ထောက်ခံမှု အပြည့်အဝရရှိနေကြောင်း မကျေမနပ်ဖြစ်နေသည့် စစ်အရာရှိများနှင့် စစ်သားများကို ပြသရန် မင်းအောင်လှိုင် ကြိုးစားခြင်းဖြစ်ကြောင်း အတွင်းလူများက ပြောခြင်းဖြစ်သည်။

အငြိမ်းစား စစ်ဗိုလ်ချုပ်များအား ကန်တော့ပွဲ

စစ်ကောင်စီခြေလျင်တပ်များသည် တော်လှန်ရေးနေ့မတိုင်မီ ရက်အနည်းငယ်အလိုက ကယားပြည်နယ်တွင် အကြီးအကျယ် ထိခိုက်သေဆုံးကြသည်။ ထိုသို့ ထိခိုက်သေဆုံးမှုများကြောင့် စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်း မကျေမနပ်ဖြစ်နေသည်ဟု ဆိုသည်။

နေပြည်တော်နှင့် ရန်ကုန် စီးပွားရေးအသိုက်အဝန်းတွင် ပျံ့နှံ့နေသော ကောလာဟလများအရ မင်းအောင်လှိုင်နှင့် သူ၏စစ်တပ်အကြီးအကဲ စိုးဝင်းအကြား သဘောထားကွဲလွဲမှု ကြီးထွားနေသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49
နေပြည်တော်တွင် ကျင်းပသည့် ကန်တော့ပွဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အရာရှိများက အငြိမ်းစားစစ်ဗိုလ်ချုပ်များအား ဂါရဝပြုစဉ်

ဖေဖော်ဝါရီလက အစိုးရအဖွဲ့အတွင်း အပြောင်းအလဲလုပ်သောအခါ ဒုဝန်ကြီးချုပ်အများအပြား ခန့်အပ်ခြင်းသည် အာဏာသိမ်းခေါင်းဆောင်က စိုးဝင်း၏ အခန်းကဏ္ဍကို လျှော့ချချင်သည့် လက္ခဏာဖြစ်သည်ဟု မြင်ကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရေးပေါ်အခြေအနေ တိုးချဲ့ခြင်းကို ဗိုလ်ချုပ်ကြီး စိုးဝင်းက မကျေနပ်ဟု ဆိုသည်။ ယခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဟုလည်း သူနားလည်သည်။ သူသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အတိုက်အခံ အင်အားစုများနှင့် လမ်းမများမှ ဆန္ဒပြပွဲများကို နှိမ်နင်းရန် အမိန့်ပေးခဲ့သူ တဦးဖြစ်သည်။ မင်းအောင်လှိုင်ကလည်း မီးစိမ်းပြခဲ့သည်။

သို့သော် စိုးဝင်းသည် မကြာသေးမီလများအတွင်း ခြေလျင်တပ်သားများ အကြီးအကျယ် ထိခိုက်သေဆုံးသည်ကို တွေ့ရပြီး ထိုဆုံးရှုံးမှုများအတွက် မကျေမနပ်ဖြစ်နေသည်ဟု ဆိုသည်။

အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်ကို အလေးပြုနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်

အခြားတဘက်တွင်လည်း မင်းအောင်လှိုင်က စစ်ဘက်လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို အားကိုးခြင်းသည် ထိပ်တန်းတပ်မှူးများအကြားတွင် တင်းမာမှုများဖြစ်စေသည်။ ရဲဝင်းဦး၏ အာဏာပြလိုသော သဘောထားနှင့် မင်းအောင်လှိုင်က သူ့ကိုထောက်ခံနေခြင်းကြောင့် တပ်မှူးများ စိတ်ပျက်ကြသည်။

တချိန်တည်းတွင် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဘေးဖယ်ထားခံရသော စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် အကြီးအကျယ် သဘောထားကွဲလွဲနေသည်။

၁၉၈၈ ခုနှစ်က မန္တလေးတွင် စစ်တိုင်းမှူးဖြစ်ပြီးနောက် စစ်အုပ်စု ကုန်သွယ်ရေးဝန်ကြီးဖြစ်လာသည့် ၁၉၉၀ ပြည့်နှစ်များက သဘောထားတင်းမာသူ ဒုဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည် ကဲ့သို့သော ဗိုလ်ချုပ်များက စစ်ကောင်စီအတွင်း တင်းမာမှုများကို လျှော့ချပေးရန် ကြိုးစားနေသည်ဟု သိရသည်။ ဦးထွန်းကြည်သည် တော်လှန်ရေးနေ့ အခမ်းအနား တက်ရောက်ပြီး မင်အောင်လှိုင်ကလည်း သူ့ကိုနေပြည်တော်တွင် သွားရောက်ဂါရဝပြုသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Retired Top Brass Wheeled Out For Embattled Myanmar Junta Chief ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီဥက္ကဋ္ဌ မိန့်ခွန်းကြောင့် လူထုအပေါ် တိုက်ခိုက်မှု ပိုများလာနိုင်

စစ်တပ်ခရိုနီများ နေပြည်တော်စစ်ရေးပြပွဲအတွက် ငွေလှူ

မြန်မာစစ်တပ် ပြိုလဲပျက်စီးသွားနိုင်သည်

Standard Army ဆိုသော်လည်း မြန်မာစစ်တပ် စိတ်ဓာတ်ပိုင်း ပိုမိုနိမ့်ကျလာ

စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်

Your Thoughts …
Tags: ကန်တော့ပွဲခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်အာဏာသိမ်းမှုစိုးဝင်းတော်လှန်ရေးနေ့နဝတမင်းအောင်လှိုင်ရဲဝင်းဦးရွေးကောက်ပွဲသဘောထားကွဲလွဲမှုအရေးပေါ်အခြေအနေ ကြေညာခြင်းအောင်လင်းဒွေးဦးခင်ညွန့်ဦးထွန်းကြည်ဦးမောင်အေးဦးရွှေမန်းဦးသန်းရွှေဦးသိန်းစိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၈ ခုနှစ် ဖက်ဆစ်တော်လှန်ရေးနေ့ စစ်ရေးပြပွဲတွင် ပါဝင်ချီတက်ကြသော အမျိုးသမီးစစ်သည်များ / Xinhua

ငါ့သားများ စစ်ထဲဝင်ရင်လေ (၂)

ဒွိုင်ဆူထက်တောင်ပေါ်မှနေ၍ ချင်းမိုင်မြို့ကို မတ်လ ၅ ရက်နေ့ (PM 2.5 အဆင့် ၇၀ ဒသမ ၉) နှင့် မတ်လ ၁၀ ရက်နေ့ (PM 2.5 အဆင့် ၁၁၄ ဒသမ ၄) တို့က မြင်ရပုံကို နှိုင်းယှဉ်ပြထားစဉ် / Gary Boyle

ထိုင်းမြောက်ပိုင်း လေထုညစ်ညမ်းမှု တရားခံဘယ်သူတွေလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

2 hours ago
1.4k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved