• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထိုင်းမြောက်ပိုင်း လေထုညစ်ညမ်းမှု တရားခံဘယ်သူတွေလဲ

by Gary Boyle
31 March 2023
in ဆောင်းပါး
A A
ဒွိုင်ဆူထက်တောင်ပေါ်မှနေ၍ ချင်းမိုင်မြို့ကို မတ်လ ၅ ရက်နေ့ (PM 2.5 အဆင့် ၇၀ ဒသမ ၉) နှင့် မတ်လ ၁၀ ရက်နေ့ (PM 2.5 အဆင့် ၁၁၄ ဒသမ ၄) တို့က မြင်ရပုံကို နှိုင်းယှဉ်ပြထားစဉ် / Gary Boyle

ဒွိုင်ဆူထက်တောင်ပေါ်မှနေ၍ ချင်းမိုင်မြို့ကို မတ်လ ၅ ရက်နေ့ (PM 2.5 အဆင့် ၇၀ ဒသမ ၉) နှင့် မတ်လ ၁၀ ရက်နေ့ (PM 2.5 အဆင့် ၁၁၄ ဒသမ ၄) တို့က မြင်ရပုံကို နှိုင်းယှဉ်ပြထားစဉ် / Gary Boyle

10.1k
VIEWS
Share on FacebookShare on Twitter

ယခုလအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် လေထုတွင်းအမှုန်ပါဝင်မှု PM 2.5 အဆင့် ၁ ကုဗမီတာတွင် ၃၀၀ မိုက်ခရိုဂရမ် အထိရောက်လာပြီး လေထုအညစ်ညမ်းဆုံး ကမ္ဘာ့မြို့များစာရင်းတွင် ရက်ပေါင်းများစွာ ပါဝင်နေသည်။ လေထုညစ်ညမ်းမှု နှစ်စဉ်မြင့်မားလာခြင်းကို ကြိုတင်သိနိုင်ခြင်းနှင့် ထိရောက်သော တားဆီးမှု မရှိခြင်းတို့ကြောင့် ဒေသခံများကို ဒေါသထွက်စေပြီး လူထုအခြေပြု အဖွဲ့အစည်းများကို ပူပန်စေသည်။

ပုံမှန်အားဖြင့် မတ်လနှင့် ဧပြီလတွင် ကျရောက်သော တောင်ယာ မီးရှို့ရာသီနှင့် တောမီးများ လောင်ကျွမ်းချိန်အတွင်း လေထုတွင် အမှုန်များ ပြည့်နေပြီး မီခိုးမြူများဖြစ်စေသောကြောင့် ချင်းမိုင်မြို့အနောက်ဘက် အစွန်းရှိ ဒွိုင်ဆူထက်တောင်ကို မှုန်ဝါးဝါးသာ မြင်နိုင်တော့သည်။

RelatedPosts

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
64
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
527
အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
339

ထိုပြဿနာသည် ရှုပ်ထွေးပြီး ကန်ထရိုက်လယ်ယာ အကြီးအကျယ် လုပ်ကိုင်ခြင်း၊ သစ်တောပြုန်းတီးခြင်း၊ သစ်တောမြေများကို ကျူးကျော်ခြင်းနှင့် လူမှုစီးပွား အချက်အလက်များစွာတို့ ပါဝင်သည်။ သို့သော် ထိုပြဿနာ ပြင်းထန်မှုနှင့် လူထုနိုးကြားမှု တိုးလာသောကြောင့် မီးခိုးမြူများ၏ အကြောင်းရင်းများ၊ ရင်းမြစ်များနှင့် ပတ်သက်သည့် အချက်အလက်များ ပိုမိုရရှိလာသဖြင့် အဖြေရှာရန် ဖြစ်လာနိုင်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ဝန်းကျင်တွင် မတ်လ ၁၉ ရက်နေ့က မီးခိုးမြူ ထုတ်လွှတ်သည့်နေရာများကို ဂြိုဟ်တုပုံရိပ်က ပြသစဉ်

ကျန်းမာရေး အန္တရာယ်

Greenpeace အဖွဲ့က ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ်က ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် လူပေါင်း ၁၄,၀၀၀ သေဆုံးကြောင်း သိရပြီး ထိုအချက်သည် ဒေါက်တာ ရန်စရစ် ကန်ဂျန်နာဗန်နစ်ကို မအံ့သြစေပေ။ ချင်းမိုင်တက္ကသိုလ်တွင် နှလုံးသွေးကြောအထူးကု ဆရာဝန်တဦးအဖြစ် လေထုညစ်ညမ်းမှု ပြင်းထန်ခြင်းနှင့် ပတ်သက်ပြီး သူ နှိုးဆော်နေသည်မှာ ဆယ်စုနှစ်ချီကြာပြီ ဖြစ်သည်။

“PM 2.5 က သေးငယ်လွန်းလို့ သွေးထဲကို ဝင်ရောက်နိုင်ပြီး ဆေးလိပ်သောက်သလိုပဲ ကျန်းမာရေးကို ထိခိုက်စေတယ်” ဟု ဒေါက်တာ ရန်စရစ်ကပြောပြီး ၁ ကုဗမီတာလျှင် ၂၂ မိုက်ခရိုဂရမ် ရှိသော PM 2.5 များသည် မွေးကင်းစ ကလေးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် လူတိုင်းအတွက် စီးကရက် တလိပ်သောက်ခြင်းနှင့် တူညီကြောင်း ပြောသည်။

“PM 2.5 က သေးငယ်လွန်းလို့ သွေးထဲကို ဝင်ရောက်နိုင်ပြီး ဆေးလိပ်သောက်သလိုပဲ ကျန်းမာရေးကို ထိခိုက်စေတယ်” ဟု ဒေါက်တာ ရန်စရစ်ကပြောပြီး ၁ ကုဗမီတာလျှင် ၂၂ မိုက်ခရိုဂရမ် ရှိသော PM 2.5 များသည် မွေးကင်းစ ကလေးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် လူတိုင်းအတွက် စီးကရက် တလိပ်သောက်ခြင်းနှင့် တူညီကြောင်း ပြောသည်။

၁ ကုဗမီတာလျှင် ၁၀ မိုက်ခရိုဂရမ် နှစ်စဉ်ပျှမ်းမျှ တိုးလာခြင်းသည် လူသေဆုံးမှုနှုန်းကို ၆ ရာခိုင်နှုန်းတိုးစေပြီး လူ့သက်တမ်းကို ၁ ဒသမ ၀၃ နှစ် တိုစေကြောင်းတွေ့ရှိသည့် ၂၀၁၃ ခုနှစ်က လေ့လာမှုကို ၎င်းက ကိုးကားပြောဆိုသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် IQAir က ထုတ်ပြန်သည့် ကမ္ဘာ့ လေထုအညစ်ညမ်းဆုံး မြို့များစာရင်း၌ ချင်းမိုင်မြို့က အမြင့်ဆုံးရောက်ခဲ့သည်

မြောက်ပိုင်း မီးခိုးမြူများ၏ အဓိကအကြောင်းရင်းမှာ တောင်ယာများကို အကြီးအကျယ် မီးရှို့ခြင်းဖြစ်ပြီး ပြောင်းကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးခြင်းသည် မြောက်ပိုင်းအတွက် လွန်စွာ စိုးရိမ်စရာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနမှ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက ပြောသည်။ အမေရိကန် ပြည်ထောင်စု အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာနက ၂၀၂၀-၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ပြောင်းတန်ချိန် ၅ သန်း ထုတ်လုပ်သည်ဟုဆိုသည်။

အင်ဥ (ခေါ်) မှိုလုံး ခူးသူများသည် ခူးရလွယ်ကူစေရန် သစ်တောအောက်ခြေကို မီးရှို့သောကြောင့် ထိုမှိုခူးခြင်းသည်လည်း အခြားအကြောင်းရင်းတခု ဖြစ်သည်။ ပြည်တွင်း မှိုဈေးကွက်ရှိသော်လည်း ပြည်ပပို့သည့် ဈေးကွက်ကလည်း ကြီးမားပြီး ၂၀၁၉ ခုနှစ်က တန် ၂,၁၂၀ ပြည်ပသို့တင်ပို့ပြီး အထူးသဖြင့် တရုတ်သို့ တင်ပို့ခြင်းဖြစ်သည်။

“ထိုင်းနိုင်ငံက တနှစ်ကို ပြောင်းဆံ တန်ချိန် ၅ ဒသမ ၅ သန်း ထုတ်လုပ်ပြီး ၄၀ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းကြား သို့မဟုတ် တန်ချိန် ၂ ဒသမ ၂ သန်းနဲ့ ၂ ဒသမ ၇၅ သန်းကို မြောက်ပိုင်းမှာ ထုတ်လုပ်တယ်” ဟု ဒေသခံ Warm Heart ဖောင်ဒေးရှင်းမှ ဒေါက်တာ မိုက်ကယ် ရှက်ဖာက ပြောသည်။

“ပြောင်းဖူးမှာ ပြောင်းဆံက ၂၂ ဒသမ ၂ ရာခိုင်နှုန်းပဲပါတော့ ပြောင်းဆံတန်ချိန် ၂၂ ဒသမ ၂ သန်းကနေ ၂ ဒသမ ၇၅ သန်း ရာခိုင်နှုန်းဆိုတာ ပြောင်းဖူးတန်ချိန် ၉ ဒသမ ၉ သန်းကနေ ၁၂ ဒသမ ၄ သန်းအထိရှိတယ်” ဟု ၎င်းကပြောသည်။

“မဟီဒေါတက္ကသိုလ်က ၂၀၁၈ ခုနှစ်မှာ ပြုလုပ်တဲ့ စစ်တမ်းအရ အဲဒီပြောင်းဖူးရိုးတွေရဲ့ ၄၁ ရာခိုင်နှုန်းကို မီးရှို့ကြောင်း သိရတယ်။ ကျန်တာတွေကတော့ ကွင်းထဲမှာပဲ ဆွေးမြေ့သွားပြီး အခွံတွေကို တိရစ္ဆာန်အစားအစာနဲ့ အောက်ခင်းအတွက် သုံးလာကြတယ်”

ထိုပြောင်းဖူးရိုး မည်မျှကို မီးရှို့နေသည်နှင့် ပတ်သက်၍ ရှင်းပြရာတွင် ဒေါက်တာ ရှက်ဖာက “မဟီဒေါတက္ကသိုလ်က ၂၀၁၈ ခုနှစ်မှာ ပြုလုပ်တဲ့ စစ်တမ်းအရ အဲဒီပြောင်းဖူးရိုးတွေရဲ့ ၄၁ ရာခိုင်နှုန်းကို မီးရှို့ကြောင်း သိရတယ်။ ကျန်တာတွေကတော့ ကွင်းထဲမှာပဲ ဆွေးမြေ့သွားပြီး အခွံတွေကို တိရစ္ဆာန်အစားအစာနဲ့ အောက်ခင်းအတွက် သုံးလာကြတယ်” ဟု ပြောသည်။

စီးပွားရေးလုပ်ငန်းများ ပါဝင်ပတ်သက်မှု

Charoen Pokphand Group (CP) သည် ထိုင်းနိုင်ငံတွင် အကြီးမားဆုံး စိုက်ပျိုးစီးပွားကော်ပိုရေးရှင်းဖြစ်ပြီး ၎င်း၏ တိရစ္ဆာန်အစားအစာလုပ်ငန်းအတွက် ပြောင်းဖူးတွင် ရင်းနှီးမြှုပ်နှံသည်။

ထိုကုမ္ပဏီ၏ ပြောင်းစိုက်ပျိုးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကုမ္ပဏီက မည်သို့ထိန်းချုပ်သည်၊ သဘာဝပတ်ဝန်းကျင် တိုးတက်အောင် မည်သို့လုပ်ကိုင်သည်နှင့်ပတ်သက်၍ ဘန်ကောက်ပို့စ်က မေးမြန်းသည့် မေးခွန်းများကို တုံ့ပြန်ရာတွင် CP ၏ ဆက်သွယ်ရေးနှင့် အများပြည်သူယုံကြည်မှု ထိန်းသိမ်းရေးဌာနက “Maize Factsheet 2021” အမည်ရှိ စာတမ်းတစောင်ကို ပေးပို့ခဲ့သည်။

ထိုစာတမ်းအရ “၂၀၁၅ ခုနှစ်တွင် မီးခိုးမြူ အကျပ်အတည်း ဆိုးဆိုးရွားရွာဖြစ်ပြီးနောက်ပိုင်း CP သည် ပေါ်ပေါက်လာသော ပြဿနာများကို ဖြေရှင်းရန် လူမှုအသိုက်အဝန်းနှင့် ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်ပြီး လူမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိမှုများ၏ အရေးပါမှုကိုလည်း သဘောပေါက်သည်” ဟု ထိုစာတမ်းတွင် ဖော်ပြထားသည်။

ထိုစာတမ်းတွင် CP ၏ ထုတ်လုပ်ရေးကွင်းဆက် တခုလုံးအတွက် ကုန်ကြမ်းများရယူခြင်းကို ခြေရာခံလိုက်သည့် ရည်မှန်းချက်ကို ဖော်ပြထားသည်။

“တောင်ပေါ်ဒေသများနှင့် သစ်တောထိန်းသိမ်းထားသော နေရာများတွင် စိုက်ပျိုးခြင်းကို အားမပေးသည့်” မူဝါဒ ကိုလည်း ထိုစာတမ်းတွင် ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင်း CP သည် မြေပိုင်ဆိုင်မှု အထောက်အထားမရှိသော သို့မဟုတ် အစိုးရဌာနက အသိအမှတ်မပြုသော၊ သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေးဒေသတွင် နေထိုင်သော လယ်သမားများထံမှ သီးနှံဝယ်ယူခြင်းကို ရပ်ဆိုင်းလိုက်သည်။

ထိုစာတမ်းတွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း CP က လုပ်ဆောင်နေသည့် အစီအစဉ် ၂၀ ကျော်ကို ဖော်ပြထားသည်။ သို့သော် ထိုအစီအစဉ်များ၏ ကြာမြင့်ချိန်နှင့် ရလဒ်များကို ဖော်ပြထားခြင်း မရှိပေ။

အစိုးရ၏ အခန်းကဏ္ဍ

နှစ်စဉ်ဖြစ်ပွားသည့် မြောက်ပိုင်းမီးခိုးမြူများကို ကြိုတင်ခန့်မှန်းနိုင်သောကြောင့် အစိုးရသည် ထိုကိစ္စကို လုံလုံလောက်လောက် အရေးယူဆောင်ရွက်ခြင်း မရှိဟု လူအများအပြားက ယူဆသည်။ ချင်းမိုင်မှ ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ ရက်တာပို နာရာဒစ်ဆွန်က ထိုကိစ္စကို ငြင်းသည်။

“လတ်တလော ဖြေရှင်းဖို့အတွက် မီးတွေကို ကျနော်တို့ လိုက်လံငြှိမ်းသတ်တယ်။ ရေရှည်အတွက် အဲဒီ ပြောင်းဖူးကထွက်တဲ့ ဇီဝအစုအဝေးတွေကို စီးပွားရေးတန်ဖိုးရှိတဲ့ တစုံတခုအဖြစ်၊ ဥပမာပြောရရင် စက်နဲ့လုပ်ထားတဲ့ မီးသွေးလို လောင်စာအဖြစ် ပြောင်းလဲပစ်ဖို့ နည်းလမ်းရှာနေတယ်”

“လတ်တလော ဖြေရှင်းဖို့အတွက် မီးတွေကို ကျနော်တို့ လိုက်လံငြှိမ်းသတ်တယ်။ ရေရှည်အတွက် အဲဒီ ပြောင်းဖူးကထွက်တဲ့ ဇီဝအစုအဝေးတွေကို စီးပွားရေးတန်ဖိုးရှိတဲ့ တစုံတခုအဖြစ်၊ ဥပမာပြောရရင် စက်နဲ့လုပ်ထားတဲ့ မီးသွေးလို လောင်စာအဖြစ် ပြောင်းလဲပစ်ဖို့ နည်းလမ်းရှာနေတယ်” ဟု ၎င်းကပြောသည်။

ပြောင်းစိုက်ပျိုးရေး အစိုးရ အစီအစဉ်ကြောင့် ထိုင်းနိုင်ငံ၊ နန်ပြည်နယ်တွင် တောပြုန်းသွားသည့် တောင်ကြောတခုကို ၂၀၁၆ ခုနှစ် မေလက တွေ့ရစဉ်။

အာဏာပိုင်များက မီးရှို့ခြင်းအား နှစ်စဉ် နှစ်လတားမြစ်ခြင်းကို ယခုနှစ်တွင် ဝေဖန်နေကြသည်။ ချင်းမိုင်တွင် မီးရှို့မှုစတင်တားမြစ်သည့် မတ်လ ၁ ရက်နေ့သည် PM 2.5 သိသိသာသာ တိုးလာသည့် ကာလနှင့် တိုက်ဆိုင်နေသည်။

ချင်းမိုင် တက္ကသိုလ် သဘာဝပတ်ဝန်းကျင် သိပ္ပံသုတေသနဌာန (ESRC) အကြီးအကဲ ဒေါက်တာ ဆွမ်ပွန် ချန်တရာက ပြုလုပ်သည့် သုတေသနအရ နှစ်စဉ် PM 2.5 မြင့်တက်မှု ကျဆင်းလာသော်လည်း မီးခိုးမြူဖုံးလွှမ်းသည့် ကာလသည် ယခင် နှစ်လသာရှိရာမှ ယခု သုံးလအထိရှိလာကြောင်း သိရသည်။

“မနှစ်ကတုန်းက အစိုးရက မီးရှို့တာအားလုံးကို ပိတ်ပင်တားမြစ်ခဲ့တယ်” ဟု မစ္စတာ ရက်တာပိုက ပြောသည်။ “ဒါပေမယ့် လူတိုင်းကို မီးရှို့တာ တားမြစ်လိုက်တဲ့အတွက် စီမံခန့်ခွဲလို့ မရတော့ဘူး ဖြစ်လာတယ်။ ဒါကြောင့် မီးရှို့တဲ့နေရာကို ကန့်သတ်လိုက်ပြီး အခုနှစ်အတွက် ရည်ရွယ်ချက်က မီးရှို့တာကို ၂၅ ရာခိုင်နှုန်း လျှော့ချဖို့ ဖြစ်တယ်” ဟု ၎င်းကပြောသည်။

နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု

ဒေါက်တာ ဆွမ်ပွန်နှင့် ချင်းမိုင်တက္ကသိုလ် သုတေသနအဖွဲ့သည် မီးခိုးမြူများ၏ အကြောင်းရင်းနှင့် ရင်းမြစ်များကိုလည်း လေ့လာသည်။ မိုးလေဝသဆိုင်ရာ အကြောင်းများကြောင့် ရရှိသော အချက်အလက်များသည် နေ့စဉ်ပြောင်းလဲနေသည်။ သီးနှံအထွက်နှုန်းနှင့် ဈေးကွက်ဝယ်လိုအားကြောင့် အချက်အလက်များသည် နှစ်စဉ်ပြောင်းလဲနေသည်။ သို့သော် ESRC ၏ စာတမ်းအရ နယ်စပ်ဖြတ်ကျော် မီးခိုးမြူများသည်လည်း ထိုင်းနိုင်ငံ၏ ပတ်ဝန်းကျင်ညစ်ညမ်းမှု အဆင့်များကို အကြီးအကျယ် သြဇာသက်ရောက်ကြောင်း တွေ့ရသည်။

“၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်အတွင်း ချင်းမိုင်မှာဖြစ်တဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ၈၀ ရာခိုင်နှုန်းက မြန်မာကလာတာ ဖြစ်တယ်လို့ ပြောလို့ရတယ်။ အထူးသဖြင့် မတ်လနဲ့ ဧပြီလမှာ” ဟု ဒေါက်တာ ဆွမ်ပွန်က ပြောသည်။

ထိုသို့သောလေ့လာမှုမျိုးကို ယခုအချိန်တွင် ဆက်လက် မလုပ်ဆောင်နိုင်သော်လည်း ESRC သည် Thai Geo-informatic and Space Technology Development Agency က ထုတ်ပြန်သည့် ပတ်ဝန်းကျင် အညစ်ညမ်းဆုံးနေရာများ နေ့စဉ်အစီရင်ခံစာကို လေ့လာသည်။

“ဥပမာအားဖြင့် ပြောရရင် မတ်လ ၁၁ ရက်နေ့တုန်းက ထိုင်းနိုင်ငံမှာ မီးခိုးမြူ ၅၀ ရာခိုင်နှုန်းဟာ နိုင်ငံတွင်းက ထွက်တာဖြစ်တယ်” ဟု ဒေါက်တာ ဆွမ်ပွန်က ပြောသည်။ မတ်လ ၁၁ ရက်နေ့က ချင်းမိုင်တွင် PM 2.5 ပမာဏမှာ ၁ ကုဗမီတာလျှင် ၁၂၃ ဒသမ ၄ မိုက်ခရို ဂရမ် ရှိသည်။

Greenpeace အဖွဲ့သည်လည်း ချင်းမိုင်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဌာနေ ဒါရိုက်တာ မစ္စတာ တာရာ ဘော်ကန်ဆရီက ဘန်ကောက်ပို့စ်သို့ ပြောသည်။

“ကျနော်တို့က မီးခိုးမြူညစ်ညမ်းမှုနဲ့ ပြောင်းထုတ်လုပ်မှုအကြား ဆက်စပ်မှုကို သိရအောင် ဂြိုဟ်တု အချက်အလက်တွေကို သုံးပြီး တက္ကသိုလ်တွေ အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ မဟာမဲခေါင်ဒေသခွဲအတွင်း မီးခိုးမြူညစ်ညမ်းမှု ၃ ပုံ ၁ ပုံဟာ ပြောင်းဖူး ထုတ်လုပ်ရာက လာတာဖြစ်တယ်” ဟု မစ္စတာ တာရာက ပြောသည်။

“မီးခိုးမြူ အထူထပ်ဆုံးနေရာတွေဟာ ရှမ်းပြည်နယ်က နေရာတွေဖြစ်ပေမယ့် PM 2.5 ပါဝင်မှုက ရှမ်းပြည်နယ်မှာ ထိုင်းမြောက်ပိုင်းနဲ့ လာအိုမြောက်ပိုင်းထက် နိမ့်နေတယ်” ဟုလည်း ၎င်းကပြောသည်။

“မီးခိုးမြူ အထူထပ်ဆုံးနေရာတွေဟာ ရှမ်းပြည်နယ်က နေရာတွေဖြစ်ပေမယ့် PM 2.5 ပါဝင်မှုက ရှမ်းပြည်နယ်မှာ ထိုင်းမြောက်ပိုင်းနဲ့ လာအိုမြောက်ပိုင်းထက် နိမ့်နေတယ်” ဟုလည်း ၎င်းကပြောသည်။

သူက ထိုင်းရှိ အဓိကကျသည့် လယ်ယာလုပ်ငန်းကြီးများ အနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ၏ မူလဒေသ ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံခြင်းကို အပြစ်တင်သည်။

မီးခိုးမြူအက်ဥပဒေ

ASEAN ကုန်သွယ်ရေး သဘောတူညီချက်သည် ထိုင်းပြောင်းဖူးဆံလုပ်ငန်းကို နယ်စပ်များကို ဖြတ်ကျော်ခွင့် ပေးသော်လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းရန် ပျက်ကွက်နေကြသည်။ သို့သော် ထိုဒေသတွင် အကောင်အထည်ဖော်နိုင်သည့် ဥပဒေစံပုံစံတခုရှိကြောင်း မစ္စတာ တာရာက ပြောသည်။

“စင်ကာပူက နယ်စပ်ဖြတ်ကျော် တောမီးလောင်မှုနဲ့ မီးခိုးမြူညစ်ညမ်းမှုကို ဖြစ်စေတဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီများနဲ့ ပတ်သက်တဲ့ နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု အက်ဥပဒေကို ထုတ်ပြန်လိုက်တယ်” ဟု ၎င်းကပြောသည်။ “သူတို့က ဘယ်သူက အဲဒီလုပ်ငန်းလုပ်ခွင့်ကို ပိုင်တယ်ဆိုတာ ဖော်ထုတ်နိုင်တယ်။ အဲဒီ လုပ်ပိုင်ခွင့်ဒေသမှာ မီးရှို့မှု အကြီးအကျယ်ဖြစ်စေတဲ့ နေရာကို ဖော်ထုတ်နိုင်တယ်” ဟု သူကပြောသည်။

“ကျနော်တို့က ရှမ်းပြည်နယ်က မီးခိုးမြူ အပြင်းအထန် ထုတ်လုပ်နေတဲ့နေရာတွေကို ဖော်ထုတ်ဖို့၊ အဲဒီမြေကို ဘယ်သူပိုင်တယ်ဆိုတာ သိဖို့၊ သူ့ရဲ့ ကုန်စည်ဖြန့်ချိရေး ကွင်းဆက်ကို သိဖို့၊ အဲဒီဒေသမှာ ပြောင်းဖူး ထုတ်လုပ်နိုင်အောင် ပံ့ပိုးနေတယ်ဆိုတာ သိဖို့နဲ့ သူတို့ တာဝန်သိသိလုပ်ဖို့ စနစ်တွေဖော်ထုတ်ဖို့ အဲဒီလိုဥပဒေမျိုးကို မဟာမဲခေါင်ဒေသခွဲမှာ အကောင်အထည်ဖော်ချင်တယ်။

ပါဝင်ပတ်သက်သူများအတွက် အဖြေမှာ အချက်တချက်မှ လာသည်။ ယင်းမှာ နိုင်ငံရေးအရ ပိုင်းဖြတ်မှုဖြစ်သည်။ “အစိုးရက သန့်ရှင်းသောလေ အခြေခံအခွင့်အရေးကို ကာကွယ်ပေးဖို့လိုတယ်။ အဲဒါကသေချာတယ်” ဟု ဒေါက်တာ ရန်စရစ်က ပြောသည်။

(Bangkok Post မှ Gary Boyle ၏ Holding those behind the haze to account ကို ဘာသာပြန်သည်။)

You may also like these stories:

လေထုအရည်အသွေး ကျဆင်းမှုကြောင့် ထိုင်းနိုင်ငံမှာ ကျောင်းပေါင်း ၄၅၀ နီးပါး ပိတ်ထား

သတိပြုစရာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ပြဿနာ

မီးခိုးများထူထပ်နေခြင်း အပေါ် ထိုင်းဘုရင် စိုးရိမ်မကင်းဖြစ်

တာချီလိတ် လေထုညစ်ညမ်းမှု အညွှန်းကိန်း ကျဆင်းသော်လည်း စိုးရိမ်မှုများရှိနေဆဲ

ထိုင်းနိုင်ငံမြောက်ဘက်ပိုင်း ချင်းမိုင်မှာ ကမ္ဘာ့အဆိုးဆုံး လေထုညစ်ညမ်းမှုအဆင့်ဖြစ်ပေါ်နေ

မီးခိုးမှိုင်းများ အန္တရာယ် သတိရှိရန် လို

Your Thoughts …
Tags: AseanCPGreenpeaceကျန်းမာရေးချင်းမိုင်ချင်းမိုင်တက္ကသိုလ်စိုက်ပျိုးရေးစီးပွားရေးတောင်ယာမီးရှို့မှုထိုင်းနိုင်ငံထိုင်းမြောက်ပိုင်းနယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု အက်ဥပဒေပြောင်းစိုက်ပျိုးရေးမဲခေါင်ဒေသရှမ်းပြည်နယ်လယ်ယာစိုက်ပျိုးရေးလေထုညစ်ညမ်းမှုသစ်တောပြုန်းတီးခြင်းသဘာဝပတ်ဝန်းကျင်
Gary Boyle

Gary Boyle

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

Next Post
၂၀၂၃၊ မတ်လအတွင်း ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ/KNDF

စစ်ကောင်စီက ကရင်နီကို ဘာကြောင့် ဒုတိယအကြိမ် စစ်ဆင်လာသလဲ

မြဝတီကုန်သွယ်ရေးဇုန်အနီးတဝိုက် မတ်လ ၂၅ ရက်နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှု မြင်ကွင်း / CJ

မြဝတီ- ကော့ကရိတ် အာရှလမ်းမ ပြန်ပွင့်နေပြီဟုဆို

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.6k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate