• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ထိုင်းနိုင်ငံမြောက်ဘက်ပိုင်း ချင်းမိုင်မှာ ကမ္ဘာ့အဆိုးဆုံး လေထုညစ်ညမ်းမှုအဆင့်ဖြစ်ပေါ်နေ

by Aurora
13 March 2019
in Trend
A A
လေထုညစ်ညမ်းမှုဖြစ်ပေါ်နေတဲ့ ချင်းမိုင်

လေထုညစ်ညမ်းမှုဖြစ်ပေါ်နေတဲ့ ချင်းမိုင်

10.3k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာ မီးခိုမြူပြဿနာကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ မြောက်ဘက်ပိုင်း ချင်းမိုင်ပြည်နယ်ရဲ့ ဒေသအချို့မှာ ကမ္ဘာ့အဆိုးဆုံး လေထုညစ်ညမ်းမှုအခြေအနေ ဖြစ်ပေါ်နေ ပြန်ပါတယ်။ တောမီးကြောင့် လေထုထဲမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ မီးခိုးငွေ့တွေနဲ့အုံ့မှိုင်းနေတာကြောင့် စီရင် စု ၉ မြို့နယ်က ပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်နေရပါတယ်။

ချင်းမိုင်ပြည်နယ်ထဲက လေကိုစစ်ဆေးခဲ့ရာ လေထုအရည်အသွေးစစ်အညွှန်းကိန်း (AQI) အရ ၂၃၀ ထိရှိနေပြီး ကမ္ဘာ့လေထုညစ်ညမ်းမှုစာရင်းဝင်အဖြစ် သတ်မှတ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမှာ ၁၇၀၊ အာဖန်ဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးမှာ ၁၆၄ နဲ့နှိုင်းယှဉ်ရင် မြင့်မားလွန်းနေတာကြောင့် ချင်းမိုင်လေထုဟာ အဆိုး ဆုံးအခြေအနေအဖြစ် သတ်မှတ်ရတာပါ။

ညဘက်မှာတော့ အပူချိန်အနည်းငယ်ကျဆင်းသွားလို့ AQI ၂၀၀ ပဲရှိပေမယ့် လေထုညစ်ညမ်းမှုအဆိုးဆုံး အဖြစ်ကတော့ တည်ရှိနေဆဲပါ။ လေထုအရည်အသွေးစစ်အညွှန်းကိန်း (AQI) ၂၀၀ အောက်ကျဆင်းသွားရင် တောင်မှ ချင်းမိုင် ပြည်သူတွေအတွက် ကျန်းမာရေးပြဿနာတွေ ရှိနေဦးမယ်လို့ သတိပေးထားပါတယ်။

 

မတ်လ ၁၃ ရက်တိုင်းတာချက်အရ AQI ပမာဏ ၂၉၆ ထိ မြင့်တက်သွားလို့ ချင်းမိုင်ပြည်နယ်တွင်းရှိ နိုင်ငံတကာ ကျောင်းကို ပိတ်ထားလိုက်ပါပြီ။ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန PCD ရဲ့ထုတ်ပြန်ချက်တွေအရ မြောက်ပိုင်းပြည်နယ် တွေဟာ အဆိုးရွားဆုံးအခြေအနေကို ရောက်နေပြီလို့ သတ်မှတ်ထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
69
သဇင်ပန်း

သဇင်ပန်း

10 January 2026
118
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
307

PCD ရဲ့တိုင်းတာချက်အရ ကျန်းမာရေးကို အဆိုဆုံးထိခိုက်နေတဲ့ပြည်နယ်ကတော့ ချင်းရိုင်ထဲက မယ်ဆိုင် ဒေသဖြစ်ပြီး သူ့နောက်မှာတော့ ချင်းမိုင်၊ ဖရေး၊ လန်ပန်းနဲ့ နန်းမြို့တွေ အသီးသီးရှိနေပါတယ်။ လေထုညစ် ညမ်းမှုဟာ အလေးထား ဖြေရှင်းရမယ့် ပြဿနာဖြစ်လာတာကြောင့် ရွေးကောက်ပွဲမတိုင်ခင် ၈ ရက်အလို စနေ နေ့က ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင် ချင်းရိုင်ကို လာရောက်စုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။

ချင်းမိုင်ဆေးတက္ကသိုလ် ကထိက ဒေါက်တာရန်ကတော့ အစိုးရတာဝန်ရှိသူတွေ ရွေးကောက်ပွဲကာလာမှာ တောမီးနဲ့ တောင်ယာရှို့မီးတွေရဲ့ ပြဿနာအရင်းအမြစ်ကို အလေးထားဖြေရှင်းသွားနိုင်မယ်လို့မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ဒီလိုတောမီး၊ တောင်ယာမီးရှို့တဲ့ လယ်သမားတွေကို အရေးယူတာထက် ပိုကျယ် ပြန့်တဲ့အကြောင်းအရာတွေနဲ့ အဖြေရှာသင့်တယ်လို့ ဆိုပါတယ်။

မီခိုးမြူပြဿနာဟာ ထိုင်းနိုင်ငံတခုတည်းရဲ့ အဓိကပြဿနာအရင်းအမြစ်မဟုတ်ဘဲ အိမ်နီးချင်း မြန်မာနဲ့ လာအို နယ်စပ်တွေမှာလည်း ရှိနေတာမို့ အစိုးရချင်းချင်း အတူပူးပေါင်းဖြေရှင်းရမယ့်ကိစ္စလို့လည်း ဆိုပါတယ်။

မီးခိုမြူ ပြဿနာဟာ ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်တွေမှာ တွေ့ကြုံလာတာ ဆယ်စုနှစ်တခုရှိနေပါပြီ။ ပုံမှန်အားဖြင့် မီးခိုးမြူတွေဟာ နှစ်တနှစ်ရဲ့ ဇန်နဝါရီလကနေ ဧပြီလထိရှိတတ်ပြီး မတ်လမှာတော့ အဆိုးဆုံးအခြေအနေဖြစ် ပေါ်တတ်ပါတယ်။

Ref: Bangkok Post

Your Thoughts …
Tags: ချင်းမိုင်လေထုညစ်ညမ်း
Aurora

Aurora

Contributor

Similar Picks:

ရှမ်းပဲ နာမည်ပျက်တာ မဟုတ်ဘူး၊ မြန်မာပြည်သားတွေအားလုံးကို ဂယက်ရိုက်တယ်

ရှမ်းပဲ နာမည်ပျက်တာ မဟုတ်ဘူး၊ မြန်မာပြည်သားတွေအားလုံးကို ဂယက်ရိုက်တယ်

by ဧရာဝတီ
7 October 2025
6k

ရှမ်းလူငယ်ဂိုဏ်းများနှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းနှင့် ရှမ်းတိုင်းရင်းသားများ၏ သဘောထားအမြင်များကို ဧရာဝတီက မေးမြန်းထားသည်။

မြန်မာ အိမ်ခြံမြေဝယ်သူများ ဘန်ကောက်ကို ကျော်ကြည့်လာ

မြန်မာ အိမ်ခြံမြေဝယ်သူများ ဘန်ကောက်ကို ကျော်ကြည့်လာ

by ဧရာဝတီ
10 February 2024
2.4k

"မကြာသေးမီက တက်လာတဲ့ အဝယ်လှိုင်းကတော့ ချင်းမိုင်မှာ အငြိမ်းစားနေထိုင်ဖို့နဲ့ ဖူးခက်မှာ အပမ်းဖြေ နေထိုင်ဖို့ပဲ" ဟု ဘန်ကောက်ပို့စ်သတင်းတပုဒ်က ရေးသည်။

ပြိုင်ဆိုင်မှု ပြင်းသည့် စနစ်မှ လွတ်မြောက်ရေး တရုတ်ကလေးငယ်များ ထိုင်းတွင် ပညာလာသင်

ပြိုင်ဆိုင်မှု ပြင်းသည့် စနစ်မှ လွတ်မြောက်ရေး တရုတ်ကလေးငယ်များ ထိုင်းတွင် ပညာလာသင်

by Huizhong Wu
19 September 2024
2.2k

၈ တန်း စတင်တက်ရောက်တော့မည့် ရော့ဒ်နီသည် ထိုင်းတွင် ဂစ်တာနှင့် စန္ဒယားတီးပြီး အင်္ဂလိပ်စကားလုံးသစ်များ လေ့လာရန် မှတ်စုစာအုပ်တအုပ် ဆောင်ထားသည်။

ဇင်းမယ် “ရွှေ” အမျိုးများဆီ အလည်အပတ် ခရီး

ဇင်းမယ် “ရွှေ” အမျိုးများဆီ အလည်အပတ် ခရီး

by ကြာဖက်နှင်း
6 October 2024
1.3k

တကယ်တော့ ဘုရင့်နောင် နယ်ချဲ့ခဲ့ဖူးသည့် ဇင်းမယ်သည် ရေချင်း မြေချင်း စပ်နေသည့် အပြင် ဘာသာ ယဉ်ကျေးမှု ကလည်း ဆက်စပ်နေတော့ ကိုယ့်မြေ ကိုယ့်ရေလိုပါပဲ…

ချင်းမိုင်မှာ မြန်မာတွေ ကွန်ဒိုဝယ်ယူမှု ဘာကြောင့်များလာလဲ

ချင်းမိုင်မှာ မြန်မာတွေ ကွန်ဒိုဝယ်ယူမှု ဘာကြောင့်များလာလဲ

by ဧရာဝတီ
25 September 2025
1.2k

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တရုတ်နိုင်ငံသားများ ကွန်ဒိုဝယ်ယူနှုန်း သိသိသာသာကျ ဆင်း လာပြီး မြန်မာနှင့် အမေရိကန်နိုင်ငံသားတို့၏ ဝယ်လိုအားတိုးလာကြောင်း ထိုင်းအိမ်ခြံမြေဈေးကွက်ကို ကိုးကားပြီး The Nation သတင်းက ဆိုသည်။

မီးခိုးကြောင့် ပြောင်းတင်သွင်းမှု ပိတ်ရန် ထိုင်းအစိုးရ စီစဉ်

မီးခိုးကြောင့် ပြောင်းတင်သွင်းမှု ပိတ်ရန် ထိုင်းအစိုးရ စီစဉ်

by ဧရာဝတီ
22 March 2024
1.2k

ယင်းမီးရှို့မှုများကို သက်သေပြရန်အတွက် ထိုင်းအစိုးရ တာဝန်ရှိသူများက ပြောင်းစိုက်ခင်းဧရိယာများကို ဂြိုဟ်တု ဓာတ်ပုံများအသုံးပြု၍ မြေပုံများနှင့် နှိုင်းယှည် ဆုံးဖြတ်မည် ဖြစ်ကြောင်းလည်း ပြောသည်။

Next Post
Thai Lion Air အတွက် ဘိုးအင်း 737 MAX 9 ဂျက်လေယာဉ်ကို အမေရိကန် နိုင်ငံ ဆီယက်တဲလ်တွင် ၂၀၁၈ မတ်လ ၂၁ ရက်က လွှဲပြောင်းရယူစဉ် / AP

ထိုင်း၊ အိန္ဒိယ၊ ဟောင်ကောင် ဘိုးအင်း 737 Max လေယာဉ်ပျံသန်းခွင့် တားမြစ်

နိုင်ငံသားပြုခွင့် ရသူများအဖြစ် သတ်မှတ်ထားသော အစိမ်းရောက်ကတ် ၁၀၀ ကျော် ထုတ်ပေးခဲ့ခြင်းအပေါ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များကလည်း သဘောတူလက်ခံခဲ့သည်

ရိုဟင်ဂျာအမည်ကို နိုင်ငံသားအခွင့်အရေးနှင့် လဲခြင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved