• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

လေထုအရည်အသွေး ကျဆင်းမှုကြောင့် ထိုင်းနိုင်ငံမှာ ကျောင်းပေါင်း ၄၅၀ နီးပါး ပိတ်ထား

by ညီညီသူ
23 January 2020
in Trend
A A
ထိုင်းနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လေထု ညစ်ညမ်းမှု

ထိုင်းနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လေထု ညစ်ညမ်းမှု

4.4k
VIEWS
Share on FacebookShare on Twitter

သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်ကို ဒီကနေ့ လူသားတွေ ခံစားနေရပါတယ်။ ဒါကြောင့်လည်း လေထုညစ်ညမ်းမှုတွေ ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း လေထုအရည်အသွေး ကျဆင်းမှုကြောင့် ကျောင်းပေါင်း ၄၅၀ နီးပါး ပိတ်ထားရပါတယ်။ ထိုင်းအစိုးရကတော့ အခုဖြစ်ပေါ်နေတဲ့ လေထုအရည်အသွေး ကျဆင်းမှု အခြေအနေဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။

လေထုအရည်အသွေး ကျဆင်းနေတဲ့ လေကို ရှူမိသူအနေနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း ကျောင်းတွေကို ပိတ်ထားတာ ကလေးတွေအတွက် ကောင်းတယ် ဆိုပေမယ့် အချိန်အကြာကြီးပိတ်ထားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ အချိန်အကြာကြီး ကျောင်းပိတ်ထားမယ်ဆိုရင် ကျောင်းသားတွေရဲ့သင်ခန်းစာတွေ နောက်ကျသွားမယ်လို့ ကျောင်းသားတယောက်က ပြောပါတယ်။

ကျောင်းသားမိဘတွေ အနေနဲ့ကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုနေပါတယ်။ အခုဖြစ်ပေါ်နေတဲ့ အခြေအနေမှာတော့ လေထုထဲ ဖုန်မှုန့်၊ အမှုန် နဲ့ မီးခိုးငွေ့တွေ ပါဝင်ပါတယ်။ ဒါကြောင့်လည်း ဒီလေကို ရှူရှိုက်မိသူတွေရဲ့အဆုတ်ထဲ ဖုန်မှုန့်၊ အမှုန်နဲ့ မီးခိုးငွေ့တွေ ဝင်ရောက်သွားနိုင်တဲ့အတွက် အခုလို စာသင်ကျောင်းတွေကို ပိတ်ထားရခြင်းပဲ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ဟာ နိုင်ငံတကာခရီးသွား အများဆုံး လာရောက် လည်ပတ်လေ့ရှိတဲ့ မြို့တမြို့ဖြစ်တဲ့ အတွက် သယ်ယူပို့ဆောင်ရေးယာဉ်တွေက ထွက်လာတဲ့မီးခိုးငွေ့တွေဟာ ဘန်ကောက်လေထုထဲ အများဆုံး ရှိနေသလို ဆောက်လုပ်ရေးလုပ်ငန်းတွေက ထွက်လာတဲ့ ဖုန်မှုန့် နဲ့ အမှုန်တွေကလည်း လေထုထဲ ရှိနေပါတယ်။

ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေရဲ့ လယ်ကွင်းပြင်တွေမှာလည်း အမှိုက်တွေက စုပုံနေတတ်ပါတယ်။ ဒီလို အမှိုက်တွေ စုပုံနေတာကြောင့်လည်း ခြောက်သွေ့တဲ့ ဆောင်းရာသီလို အချိန်မျိုးမှာ လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

AirVisual ရဲ့ အညွှန်းကိန်းတွေအရ ဘန်ကောက်လေထုရဲ့ အရည်အသွေးက ၁၆၃ မှာ ရှိနေတယ်လို့ သိရပါတယ်။ လေထုအရည်အသွေး ၁၅၀ ထက်ကျော်သွားရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဘန်ကောက်မြို့မှာ နေထိုင်သူတွေအနေနဲ့ အပြင်ထွက်တဲ့ အချိန်မျိုးမှာ Mask အုပ်ထားကြတာကို တွေ့ရပါတယ်။

ထိုင်းအစိုးရအနေနဲ့လည်း လေထုညစ်ညမ်းမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတဲ့ဒေသတွေမှာ ကိုယ်ပိုင် ကားအသုံးပြုမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

Ref: independent, chiangraitimes

You may also like these stories:

တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် လူပေါင်း ရာနဲ့ချီပြီး ဆက်လက် ကူးစက်နေ

ကူးစက်မှု မြန်ဆန်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားတွေကို အထူးကြပ်မတ်ဖို့လို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားများကို ကမ္ဘောဒီးယားအစိုးရ အထူး စောင့်ကြည့်မည်

Your Thoughts …
Tags: ဘန်ကောက်မြို့လေထုအရည်အသွေး
ညီညီသူ

ညီညီသူ

Similar Picks:

နာမည်ကြီး Damnoen Saduak ရေပေါ်ဈေး

ဘန်ကောက်မြို့မှာ ထင်ရှားတဲ့ ရေပေါ်ဈေးများ

by ညီညီသူ
8 December 2019
8.2k

ကုန်ပစ္စည်းတွေကို ဈေးနှုန်း ချိုချိုသာသာနဲ့ ရရှိနိုင်တဲ့ Taling Chan ရေပေါ်ဈေးကလည်း ဘန်ကောက်မြို့ အနီးမှာရှိတဲ့အတွက် နိုင်ငံတကာ ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ ရေပေါ်ဈေး တဈေးပါ။

ဘန်ကောက်မြို့မှာ ရှိတဲ့ Pak Klong Talad ပန်းဈေး

ဘန်ကောက်မြို့က အကြီးဆုံး ပန်းဈေးတန်း Pak Klong Talad ပန်းဈေး

by ညီညီသူ
11 March 2019
12.4k

ဒီဈေးကို ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားပြီး သန်းခေါင်ကျော်လာတာနဲ့ ပိုပြီး စည်ကားလာတတ်ပါတယ်။ အသက်ဝင်ဆုံးအချိန်ကတော့ အရုဏ်တက်လာချိန်ဖြစ်တဲ့ မနက် ၃ နာရီနဲ့ ၄ နာရီကြားပဲ ဖြစ်ပါတယ်။

၂၀၂၀ နှစ်ဦးပိုင်း ရန်ကုန်မြို့ပြင်ရှိ ရိုးပြတ်တနေရာ မီးရှို့နေစဉ် / ထက်ဝေ / ဧရာဝတီ

မီးမရှို့နဲ့ မြေဆွေးလုပ်ပါ

by ဇော်ဇော်ထွေး
27 December 2020
8.9k

အသက်ရှူရန် ခက်ခဲစေသည့် မီးခိုးများကြောင့် အမှိုက်မီးရှို့မှုများကို တားဆီးအရေးယူပေးရန် တောင်းဆိုလျက် ရှိနေသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့

ကမ္ဘာ့ခရီးသွားများ လည်ပတ်ရာ ဒုတိယ အများဆုံးမြို့ ဖြစ်လာတဲ့ ဘန်ကောက်မြို့

by ညီညီသူ
25 March 2019
7.9k

ဒီကုမ္ပဏီဟာ နိုင်ငံပေါင်း ၁၀၀ ကို သုတေသန ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ၂၀၁၈ ခုနှစ်ရဲ့ ခရီးသွားတွေ လာရောက် လည်ပတ်မှု ဒုတိယ အများဆုံးမြို့အဖြစ် ဘန်ကောက်မြို့ကို သတ်မှတ်ပေးခဲ့တာပါ။

ကမ္ဘာလှည့် ခရီးသွားအများဆုံး လည်ပတ်ရာနေရာအဖြစ် ရပ်တည်နေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့

ကမ္ဘာလှည့်ခရီးသွား အများဆုံး လည်ပတ်ရာနေရာအဖြစ် ဘန်ကောက်မြို့ ထိပ်ဆုံးမှာ ရပ်တည်

by Aurora
27 September 2018
15.8k

ဒီဝင်ငွေပမာဏအတိုင်းဆို ၂၀၁၈ ခုနှစ်မှာ ခရီးသွားအရေအတွက် ၁၃ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့

ခရီးသွား အများဆုံး လည်ပတ်တဲ့ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဘန်ကောက်မြို့

by ညီညီသူ
9 September 2019
11k

ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို အဓိကထား ဆောင်ရွက်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီး ခရီးသွားလုပ်ငန်းကနေ ရတဲ့ ဝင်ငွေက တိုင်းပြည် GDP (စုစုပေါင်း အမျိုးသားထုတ်လုပ်မှု) ရဲ့ ပဉ္စမနေရာမှာ ရှိနေပါတယ်။

Next Post
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော အပစ်ရပ် ခေါင်းဆောင်များ၏ အစည်းအဝေး  / EAOs

အပစ်ရပ်အဖွဲ့တိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်လို

အာကာသယာဉ်မှူးတွေ ကိုယ်တိုင် ကလေးတွေကို အိပ်ရာဝင်ပုံပြင်တွေ ဖတ်ပြပေးသွားမှာပါ။

ကလေးတွေအတွက် အိပ်ရာဝင်ပုံပြင်တွေကို အာကာသထဲကနေ ဖတ်ပြမယ့် အစီအစဉ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved